အမျိုးအစားလိုက် ရွေးရန်

အမေးများသောမေးခွန်းများ

Kyite Yar Khaw Pack

၁။ ကြိုက်ရာခေါ် အစီအစဉ် ဆိုတာ ဘာလဲ?

ကြိုက်ရာခေါ် ဆို သည်မှာ MPT မှ ကိုယ်ချစ်ခင်ရတဲ့ မိသားစု၊မိတ်ဆွေ၊သူငယ်ချင်းများနဲ့ ပိုမိုဆက်သွယ်နိုင်ရန် သက်သာသော နှုန်းထားဖြင့် ပြည်တွင်း ဖုန်းအားလုံးကို စိတ်ကြိုက်ခေါ်ဆိုနိုင်အောင် စီစဉ်ပေးထားတဲ့ အစီအစဉ်လေး ဖြစ်ပါသည်။ special / premium / call center / VAS related numbers မပါဝင်ပါ။

အမည်စျေးနှုန်း

(ကုန်သွယ်ခွန် ပါဝင်ပြီး)

မိနစ်များသက်တမ်း အကျိုးကျေးဇူးဝယ်ယူရန်
၇ရက်သုံး ကြိုက်ရာခေါ် ပက်ကေ့ချ်၄၉၇ ကျပ်၃၈မိနစ်၇ ရက် Carry over function
[သက်တမ်းကုန်ဆုံးပြီး ၇ရက်အတွင်း လက်ကျန် Voice မိနစ်များ သယ်ဆောင် ခွင့်ရှိသည်]
 *997# (or) MPT4U App (or) MPT Pay
၁၅ရက်သုံး ကြိုက်ရာခေါ် ပက်ကေ့ချ်၉၉၇ ကျပ်၇၇ မိနစ်၁၅ ရက်
၃၀ရက်သုံး ကြိုက်ရာခေါ် ပက်ကေ့ချ်၁၉၉၇ ကျပ်၁၅၅ မိနစ်၃၀ ရက်

၂။ အစီအစဉ်ကို မည်သူတွေ ဝယ်ယူအသုံးပြုနိုင်ပါသလဲ?

MPT GSM/WCDMA prepaid and postpaid [ဆွေသဟာ နှင့် Base Tariff အစီအစဉ်] အသုံးပြုနေသူများအားလုံး ၀ယ်ယူ အသုံးပြုနိုင်ပါသည်။ Special / premium / call center / VAS related numbers မပါဝင်ပါ။

၃။ အစီအစဉ်ကို ရယူရန် မည်သို့လုပ်ဆောင်ရမည်နည်း?

*997# သို့ဖုန်းခေါ် ဆို၍လည်းကောင်း၊ MPT4U App (သို့) MPT Money မှ လည်းကောင်း၊ နီးစပ်ရာ MPT အရောင်းဆိုင်များမှတဆင့် ဝယ်ယူနိုင်ပါသည်။

၄။ ပက်ကေ့ချ်ဈေးနှုန်းများမှာ အခွန်ပါဝင်ပြီးဖြစ်ပါသလား?

ပက်ကေ့ချ်ဈေးနှုန်းများမှာ အခွန် ၅% ပါဝင်ပြီးဖြစ်ပါတယ်။

၅။ လက်ကျန်ပမာဏကို ဘယ်လိုစစ်ဆေးနိုင်မှာလဲ?

*224# သို့ဖုန်းခေါ်ဆို၍လည်းကောင်း(သို့) MPT4U App မှတဆင့် လည်းကောင်း စစ်ဆေးကြည့်နိုင်ပါသည်။

၆။ ကြိုက်ရာခေါ် ပက်ကေ့ချ် ကို အကြိမ်အရေအတွက် ဘယ်လောက်ထိ ဝယ်ယူနိုင်မှာလဲ?

အကြိမ်အရေအတွက်အကန့်အသတ်မရှိ ဝယ်ယူနိုင်ပြီး မိနစ်သယ်ဆောင်ခွင့် ကာလအတွင်း ပက်ကေ့ချ်အသစ် ထပ်မံဝယ်ယူပါက ပက်ကေ့ချ်၏ မူလမိနစ်များ ကို ပေါင်းစည်းအသုံးပြုနိုင်သည့်အပြင် အရှည်ဆုံး ပက်ကေ့ချ်၏ သက်တမ်းအတိုင်းအသုံးပြုနိုင်ပါသည်။

၇။ ကြိုက်ရာခေါ် ပက်ကေ့ချ်များ၏ Voice minutes သယ်ယူနိုင်သောကာလမှာ ဘယ်လောက်ပါလဲ။

ပက်ကေ့ချ်များ ၏ Voice minutes သယ်ယူနိုင်သောကာလမှာ ပက်ကေ့ချ် ၏ သက်တမ်းကုန်ဆုံးပြီး (၇)ရက် အတွင်း ဖြစ်ပါတယ်။

၈။ မိနစ်သယ်ဆောင်နေသော ကာလအတွင်းမှာ အသုံးမပြုရသေးတဲ့ မိနစ်တွေက ဘယ်လို ဖြစ်သွားမှာလဲ?

Voice minutes သယ်ဆောင်နေသော ကာလ (Package ၏ သက်တမ်း ကုန်ဆုံးပြီး (၇) ရက်) အတွင်းမှာ ကျန်ရှိနေသော ပက်ကေ့ချ်မိနစ်များကို အသုံးပြုနိုင်မည်မဟုတ်ပါ။ ထိုကာလအတွင်း Package အသစ်တစ်ခု ထပ်မံ ဝယ်ပါက ယခင်အသုံးပြုရန်ကျန်ရှိနေသော ပက်ကေ့ချ်မိနစ်များ ကို ပေါင်းစည်း အသုံးပြုနိုင် မှာ ဖြစ်ပါတယ်။

၉။ ကြိုက်ရာခေါ် ပက်ကေ့ချ် များကို ဝယ်ယူပြီး ထိပေါက်အစီအစဉ်တွင် ပါဝင်ကံစမ်း နိုင်ပါသလား?

ဟုတ်ကဲ့ ရပါတယ်။ မည်သည့် channel မှ မဆို ဝယ်ယူနိုင်ပြီး ထိပေါက် chance ၁ခု ရရှိကာ MPT4U တွင် ကံစမ်းနိုင်ပါသည်။

၁၀။ ကြိုက်ရာခေါ် ပက်ကေ့ချ် ကို တခြားသူများသို့ လက်ဆောင်ပေးလို့ ရပါသလား?

ရပါတယ်။ ကြိုက်ရာခေါ် ပက်ကေ့ချ် များကို တခြားသူများသို့ လက်ဆောင်ပေးလိုပါက MPT4U App မှတစ်ဆင့် (သို့) *997# မှတစ်ဆင့် အမှတ်စဉ် “2. Gift (သို့) 2. လက်ဆောင်ပေးမည်” ကို ရွေးချယ်ပြီး လက်ဆောင်ပေးမည့် ဖုန်းနံပါတ်ကိုရိုက်နှိပ်ပြီး လက်ဆောင်ပေးနိုင်ပါတယ်။

A Kyite Pyaw Plus Pack

၁။ အကြိုက်ပြော + Voice Pack ဆိုတာ ဘာလဲ?

အကြိုက်ပြော+ Voice Pack ဆိုတာ MPT မှ သုံးစွဲသူတွေအတွက် ပေးထားတဲ့ အစီအစဉ်သစ်တစ်ခုပါ။ *600# ကို ခေါ်ဆိုခြင်းဖြင့် ဝယ်ယူရရှိနိုင်ပါတယ်။

အမည်နှုန်းထားမိနစ်အသုံးပြုနိုင်ပုံသက်တမ်းဝယ်ယူရန်တိုက်ရိုက်

ဝယ်ယူရန်

၇ရက်သုံး အကြိုက်ပြော

Voice Pack

၈၅၀ ကျပ်၁၃၂ မိနစ် MPT အချင်းချင်း ဖုန်းခေါ်ဆိုခြင်း

(ကြိုးဖုန်းအပါအဝင်)

၇ ရက်*600#

 

*600*3#
၃၀ရက်သုံး အကြိုက်ပြော

Voice Pack

၁၅၀၀ ကျပ်၂၃၄

မိနစ်

MPT အချင်းချင်း ဖုန်းခေါ်ဆိုခြင်း

(ကြိုးဖုန်းအပါအဝင်)

၃၀ ရက်*600#

 

*600*2#
၉၀ ရက်သုံး အကြိုက်ပြော

Voice Pack

၃၉ ၀၀ ကျပ်၆၁၀ မိနစ် MPT အချင်းချင်း ဖုန်းခေါ်ဆိုခြင်း

(ကြိုးဖုန်းအပါအဝင်)

၉၀ ရက်*600#

 

*600*1#

၂။ အကြိုက်ပြော+ Voice Pack ကို ဘယ်သူတွေ ဝယ်ယူသုံးစွဲနိုင်မှာလဲ?

MPT GSM/WCDMA အသုံးပြုသူအားလုံး ဝယ်ယူသုံးစွဲနိုင်ပါသည်။

၃။ ဒီ pack နဲ့ အခြားအော်ပရေတာတွေကို ဖုန်းခေါ်လို့ရနိုင်မှာလား?

မရနိုင်ပါဘူး။ MPT ဖုန်းနံပါတ်အချင်းချင်း ခေါ်ဆိုခြင်းသာ ပြုလုပ်နိုင်ပါသည်။

၄။ အကြိုက်ပြော+ Voice Pack ကို ဘယ်လောက်ကြာ အသုံးပြုနိုင်မှာလဲ?

အကြိုက်ပြော+ Voice Pack ကို ၇ ရက်၊ ၃၀ရက် နှင့် ၉၀ ရက် ကြာ အသုံးပြုနိုင်ပါသည်။

၅။ အကြိုက်ပြော+ Voice Pack အပြင် ၃၉၉ ကျပ် Voice Pack ကိုလည်း ဝယ်ယူထားပါတယ်။ ဘယ် package ထဲက အရင်ဖြတ်မှာပါလဲ?

၃၉၉ ကျပ် Voice Pack ၏ အသုံးပြုနိုင်သောသက်တမ်းမှာ ပိုနည်းသောကြောင့် ၃၉၉ ကျပ် Voice Pack
ထဲက အရင်ဖြတ်မှာဖြစ်ပါသည်။ ပြီးမှ အကြိုက်ပြော+ Voice Pack ထဲမှ ဖြတ်သွားမှာဖြစ်ပါသည်။

၆။ အကြိုက်ပြော+ Voice Pack ကို အကြိမ်ရေ မည်မျှ ဝယ်ယူနိုင်မည်နည်း။

အကြိုက်ပြော+ Voice Pack ကို စိတ်ကြိုက် ဝယ်ယူနိုင်ပါတယ်။

၇။ ယခင်အကြိုက်ပြော+ Voice Pack ရဲ့ မိနစ်နဲ့သက်တမ်းကျန်ရှိနေချိန်မှာ နောက်ထပ် အကြိုက်ပြော+ Voice Pack ကို ဝယ်ယူပါက မည်သို့ဖြစ်မည်နည်း။

မိနစ်နဲ့သက်တမ်းသည် ပေါင်းစည်းသွားမှာမဟုတ်ပါ။ ဝယ်ယူထားသော အကြိုက်ပြော+ Voice Pack တစ်ခုချင်းစီသည် ယင်းတို့၏ သတ်မှတ်သက်တမ်းကုန်ဆုံးချိန်တွင် အသီးသီး ကုန်ဆုံးပါမည်။

၈။ နိုဝင်ဘာ ၃ရက်နေ့မှာ ၇ရက်သုံး အကြိုက်ပြော + ပက်ကေ့ချ် ဝယ်ယူထားပါတယ်။ နိုဝင်ဘာ ၄ရက်နေ့မှာ ၃၀ရက်သုံးအကြိုက်ပြော + ထပ်မံဝယ်ယူလိုက်ပါတယ်။ ဘယ်ပက်ကေ့ချ်မှ အရင်ကျသင့်ကောက်ခံမှာလဲ။

ပက်ကေ့ချ်အသစ် ၃၀ရက်သုံး မှအရင်ကျသင့်စေမှာဖြစ်သည်။ ပြီးမှ ပက်ကေ့ချ် အဟောင်းမှ ကျသင့်စေမှာဖြစ်ပါသည်။

best operator in Myanmar