Dance with MPT, Growth with MPT TikTok Challenge အစီအစဉ်!

TikTok မှာ Dance Video တွေတင်ရတာ ဝါသနာပါတဲ့ TikToker တွေအတွက် ငွေသားဆုကြီးတွေအပြင် Data ဆုလက်ဆောင်များစွာ ရယူနိုင်မယ့် “ Dance with MPT, Growth with MPT” TikTok Challenge အစီအစဉ်ကြီး လာပါပြီ!

MPT TikTok Music နဲ့အတူ မိမိရဲ့ အကစွမ်းရည်၊ Creativity နဲ့ Talent တွေကို ထုတ်ဖော်ပြသရင်း ပထမဆု ၁၅ သိန်းကျပ် အပါအဝင် ဆုကြီးတွေကို ဆွတ်ခူးနိုင်မယ့် အခွင့်အရေးကို လက်မလွတ်လိုက်ပါနဲ့။ ဒါတင်မကသေးပါဘူး…
Challenge မှာ ကိုယ်တိုင်မပါဝင်ဖြစ်ရင်တောင် MPT TikTok Page ကို Follow လုပ်ပြီး Campaign Video တွေကို Love & Repost ပြုလုပ်ရုံနဲ့ Data ဆုလက်ဆောင်တွေ ကံထူးနိုင်ဦးမှာပါ။

Dance with MPT(1400x430)

“ Dance with MPT” TikTok Challenge မှာ ဘယ်လိုပါဝင်ရမလဲ?

(၁) MPT Official TikTok Account ကို Follow လုပ်ထားရပါမည်။
(၂) MPT မှ သတ်မှတ်ထားသော Music ကို အသုံးပြုပြီး Official Dance အတိုင်းဖြစ်စေ၊ မိမိစိတ်ကြိုက် ဖန်တီးထားသော Dance Style ဖြင့်ဖြစ်စေ TikTok Video ဖန်တီးရပါမည်။
(၃) Video ကို Public ဖြင့် TikTok တွင် တင်ပြီး အောက်ပါ Hashtag များနှင့် @MPTOfficialPage ကို Mention ခေါ်ဆိုပေးရပါမည်။
#DanceWithMPT #WeLoveMPT #FYP @MPTOfficialPage
(၄) TikTok တွင် တင်ပြီးပါက Video Screenshot ကို MPT Official TikTok Account Inbox သို့ ပေးပို့ရပါမည်။
(၅) ပါဝင်သူများအနေဖြင့် Dance Video တစ်ခုထက်ပို၍ တင်နိုင်ပါသည်။ သို့သော် TikTok Account တစ်ခုလျှင် Engagement (Likes, Shares, Comments, Bookmarks နှင့် Video Views) အများဆုံးရရှိထားသော Dance Video တစ်ခုတည်းကိုသာ ဆုရွေးချယ်ရာတွင် ထည့်သွင်းစဉ်းစားမည်ဖြစ်ပါသည်။

Top Performer
ပထမဆု (၂ ဦး) တစ်ဦးလျှင် ငွေသား ၁၅ သိန်းကျပ်
ဒုတိယဆု (၂ ဦး) တစ်ဦးလျှင် ငွေသား ၅ သိန်းကျပ်

ဆုရွေးချယ်မည့်လအရေအတွက်
စက်တင်ဘာလ(၂) ဦး
အောက်တိုဘာလ(၂) ဦး

Best Dance Contributor Award
(၄၀) ဦး တစ်ဦးလျှင် 10GB MPT Data

ဆုရွေးချယ်မည့်လအရေအတွက်
စက်တင်ဘာလ(၂၀) ဦး
အောက်တိုဘာလ(၂၀) ဦး
@mptofficialpage MPT ရဲ့ တူတူကပါ TikTok မှာ နှစ်သစ်မင်္ဂလာသိန်းထောင့်ငါးရာ အစီအစဉ်မှာ အတူတူပါဝင်ရင်း ငါးသိန်းဆုကြီးအပြင် ဆုများစွာကို အတူတူရယူလိုက်ကြရအောင်! ဘယ်လိုပါဝင်ရမလဲ? ✅ ပထမဆုံးအနေနဲ့ MPT Official TikTok Page ကို Follow လုပ်လိုက်ပါ။ ✅ "တူတူကပါ TikTok မှာ နှစ်သစ်မင်္ဂလာသိန်းထောင့်ငါးရာ" TikTok Effect ကို အသုံးပြုပြီး ကိုယ်ပိုင်အလန်းစားကကွက်တွေ (ဒါမှမဟုတ်) ဖော်ပြထားတဲ့ ဗီဒီယိုမှာပါဝင်တဲ့ ကကွက်တွေကို ဖန်တီးပါ။ (Effect - MPT NewYear 1500 Dance ဆိုတဲ့ TikTok Effect ကိုနှိပ်ကာ ရယူနိုင်ပါတယ်) ✅ဗီဒီယိုတင်တဲ့အခါ #MPT1500dance နဲ့#fyp ကို ထည့်သွင်းပြီး @mptofficialpage ကို mention ခေါ်ပေးဖို့ မမေ့နဲ့နော်။ ✅စာသားအနေနဲ့ “MPT ရဲ့ တူတူကပါ TikTok မှာ နှစ်သစ်မင်္ဂလာသိန်းထောင့်ငါးရာ အစီအစဉ်မှာ အတူတူပါဝင်ရင်း ငါးသိန်းဆုကြီးအပြင် ဆုများစွာကို အတူတူရယူလိုက်ကြရအောင်!" လို့ ရေးသားပြီ ကိုယ့်ရဲ့ TikTok မှာ တင်လိုက်ပါ။ စာသားကို comment မှာလဲ ရေးထားပေးပါတယ်။ ✅ဗီဒီယိုကို TikTok မှာ တင်ပြီးတာနဲ့ Screenshot ကို MPT Official TikTok Page ရဲ့ Inbox ကို ပို့ပေးထားလိုက်ရုံပါပဲ။ MPT Official TikTok ကို Follow လုပ်ရုံနဲ့လည်း ဖုန်းဘေလ်တွေ ထပ်ဆောင်းကံထူးခွင့်လဲ ရယူနိုင်ဦးမှာမို့ အခုပဲ Follow, Repost လုပ်ရင်း ဒီအစီအစဉ်ကြီးမှာ ပါဝင်လိုက်ရအောင်။ #mpt1500dance #fyp #MPTLuckydraw #mpttiktok @maythell ♬ MPT New Year 1500 Dance Original Sound - MPT Myanmar
Dance with MPT(1400x430)

Growth with MPT TikTok Reward ဆိုတာက ဘာလဲ၊ ဘယ်လို ပါဝင်ရမှာလဲ?

Dance Challenge မှာ မပါဝင်ဖြစ်ဘူးဆိုရင်လည်း MPT Fan တွေအတွက် Growth with MPT TikTok Reward အစီအစဉ် ရှိပါသေးတယ်။
ပါဝင်နည်း
(၁) MPT Official TikTok Account ကို Follow လုပ်ပါ။
(၂) Campaign Video တစ်ခုကို Love နှင့် Repost ပြုလုပ်ပါ။
(၃) Repost ပြုလုပ်ရာတွင်
#WeLoveMPT #GrowthWithMPT #FYP
Hashtag များ အသုံးပြုပေးရပါမည်။
(၄) Screenshot ကို MPT Official TikTok Inbox သို့ ပို့ပေးရပါမည်။

Growth with MPT TikTok Reward (Follower Supporting) ကနေ ရရှိနိုင်မယ့် reward တွေက အပတ်စဉ် (၂၀)ဉီးတိတိကို ကျပန်းရွေးချယ်ပြီး တစ်ဦးလျှင် 2GB MPT Data စီ ပေးအပ်သွားမှာဖြစ်ပါတယ်

ကဲ…. အလန်းစား ကကွက်တွေနဲ့ သိန်းဆုကြီးတွေအပြင် အခြားဆုများစွာပါ ရရှိနိုင်တဲ့ MPT ရဲ့ Dance with MPT, Growth with MPT TikTok အစီအစဉ်တွေမှာအခုပဲ ပါဝင်ရင်း ဆုကြီးတွေ ရယူလိုက်ကြပါစို့!.

အမေးများသောမေးခွန်းများ

မေးခွန်း(၁) Dance with MPT ဆိုတာ ဘာလဲ?

Dance with MPT, Growth with MPT ဆိုတာ MPT က ကျင်းပတဲ့ TikTok Dance Challenge အစီအစဉ်ဖြစ်ပါတယ်။ ပါဝင်သူများအနေဖြင့် MPT သတ်မှတ်ထားသည့် TikTok Music ကို အသုံးပြုပြီး Dance Video ဖန်တီးကာ TikTok တွင် တင်၍ ပါဝင်ယှဉ်ပြိုင်နိုင်ပါသည်။

မေးခွန်း(၂) Growth with MPT TikTok Reward ဆိုတာ ဘာလဲ?

Growth with MPT TikTok Reward ဆိုတာ MPT ၏ Official TikTok Account ကို Follow လုပ်ပြီး Campaign Video များကို Love & Repost ပြုလုပ်ကာ ပါဝင်နိုင်သည့် Follower Supporting Reward အစီအစဉ်ဖြစ်ပါသည်။

မေးခွန်း (၃) Dance with MPT မှာ ဘယ်လိုပါဝင်ရမလဲ?

ပါဝင်ရန် အောက်ပါအဆင့်များကို လုပ်ဆောင်ရပါမည်။
• ✅ MPT Official TikTok Account (@mptofficialpage) ကို Follow လုပ်ပါ။
• ✅ Official TikTok Music ကို အသုံးပြုပြီး Dance Video ဖန်တီးပါ။
• ✅ Video ကို Public ဖြင့် Post တင်ပါ။
• ✅ @MPTOfficialPage ကို Mention ခေါ်ပြီး #DanceWithMPT #WeLoveMPT #FYP Hashtag များ ထည့်သွင်းပါ။
• ✅ Post တင်ထားသော Screenshot ကို MPT Official TikTok Inbox သို့ ပေးပို့ပါ။

မေးခွန်း (၄) Growth with MPT TikTok Reward မှာ ဘယ်လိုပါဝင်ရမလဲ?

• ✅ MPT Official TikTok Account ကို Follow လုပ်ပါ။
• ✅ Campaign Video တစ်ခုကို Love နှင့် Repost ပြုလုပ်ပါ။
• ✅ Repost ပြုလုပ်ရာတွင် #WeLoveMPT #GrowthWithMPT #FYP Hashtag များ ထည့်သွင်းပါ။
• ✅ Screenshot ကို MPT Official TikTok Inbox သို့ ပေးပို့ပါ။

မေးခွန်း (၅) သီချင်းနဲ့ အကကွက်တွေကို ဘယ်မှာ ရယူရမလဲ?

MPT Official TikTok Account (@mptofficialpage) တွင် Campaign အတွက် သတ်မှတ်ထားသော Official Music နှင့် Video များကို ကြည့်ရှုနိုင်ပြီး Official Dance အတိုင်း ဖြစ်စေ၊ မိမိကိုယ်တိုင် ဖန်တီးထားသော Dance Style ဖြင့် ဖြစ်စေ ပါဝင်နိုင်ပါသည်။

မေးခွန်း (၆) အစီအစဉ် သက်တမ်းကာလက ဘယ်အချိန်ထိလဲ?

Dance with MPT, Growth with MPT အစီအစဉ်ကို ၂၀၂၆ ခုနှစ် ဇူလိုင်လ ၂၃ ရက်နေ့မှ စက်တင်ဘာလ ၂၃ ရက်နေ့အထိ ပါဝင်နိုင်ပါသည်။

မေးခွန်း (၇) ဘယ်သူတွေ ပါဝင်နိုင်ပါသလဲ?

MPT ဝန်ထမ်းများမှအပ မြန်မာနိုင်ငံအတွင်း နေထိုင်သူ MPT SIM Card (MPT eSIM အပါအဝင်) အသုံးပြုသူ မည်သူမဆို ပါဝင်နိုင်ပါသည်။

မေးခွန်း(၈) ဆုရရှိကြောင်း ဘယ်လိုသိနိုင်မလဲ?

ကံထူးရှင်များကို MPT Official Facebook Page နှင့် TikTok Page တွင် ကြေညာပေးမည်ဖြစ်ပြီး TikTok Inbox မှတစ်ဆင့်လည်း တိုက်ရိုက် အသိပေးဆက်သွယ်သွားမည်ဖြစ်ပါသည်။

မေးခွန်း(၉) ဘာဆုတွေ ပေးမှာလဲ?

Dance with MPT
• 🏆 ပထမဆု (၂ ဦး) – တစ်ဦးလျှင် ငွေသား ၁၅ သိန်းကျပ်
• 🥈 ဒုတိယဆု (၂ ဦး) – တစ်ဦးလျှင် ငွေသား ၅ သိန်းကျပ်
• 🎁 Best Dance Contributor (၄၀ ဦး) – တစ်ဦးလျှင် MPT Data 10GB

• Growth with MPT
• ကံထူးရှင် (၁၆၀ ဦး) – တစ်ဦးလျှင် MPT Data 2GB
TikTok Account ကို Private ထားပြီး ပါဝင်လို့ရပါသလား?
• မရပါ။ ယှဉ်ပြိုင်မည့် Video များကို Public ဖြင့် တင်ထားရမည်ဖြစ်ပြီး TikTok Account သည် အစစ်အမှန် (Real/Authentic Account) ဖြစ်ရမည်။

မေးခွန်း(၁၀) TikTok Account ကို Private ထားပြီး ပါဝင်လို့ရပါသလား?

မရပါ။ ယှဉ်ပြိုင်မည့် Video များကို Public ဖြင့် တင်ထားရမည်ဖြစ်ပြီး TikTok Account သည် အစစ်အမှန် (Real/Authentic Account) ဖြစ်ရမည်။

မှတ်ချက်။ ဤအမေးများသောမေးခွန်းများနှင့် စည်းကမ်းချက်များအကြား ကွဲလွဲမှုများရှိခဲ့ပါက စည်းကမ်း ချက်များပါ ပြဌာန်းချက်များက လွှမ်းမိုးအတည်ဖြစ်စေရမည်။ ဤအမေးများသောမေးခွန်းများ၏ အင်္ဂလိပ် ဘာသာနှင့် မြန်မာဘာသာစာသားများအကြား ကွဲလွဲမှုများရှိခဲ့ပါက မြန်မာဘာသာပါစာသားများကသာ လွှမ်းမိုး အတည်ဖြစ်စေရမည်။

best operator in Myanmar