MPT Ringtune ဝန်ဆောင်မှုသည် သင့်စိတ်ကြိုက်သီချင်းများကို ရွေးချယ်ပြီး သင့်ထံခေါ်ဆိုသူများအား နားဆင်နိုင်စေမည့် ခေါ်သူနားဆင် ဝန်ဆောင်မှုဖြစ်သည်။
MPT Ringtune ဝန်ဆောင်မှုကို GSM ဆင်းမ်ကဒ် အသုံးပြုသူများသာလျှင် ရယူအသုံးပြုနိုင်ပါသည်။
MPT Ringtune ဝန်ဆောင်မှုသည် သင့်စိတ်ကြိုက်သီချင်းများကို ရွေးချယ်ပြီး သင့်ထံခေါ်ဆိုသူများအား နားဆင်နိုင်စေမည့် ခေါ်သူနားဆင် ဝန်ဆောင်မှုဖြစ်သည်။
MPT Ringtune ဝန်ဆောင်မှုကို GSM ဆင်းမ်ကဒ် အသုံးပြုသူများသာလျှင် ရယူအသုံးပြုနိုင်ပါသည်။
MPT Ringtune App ဖြင့် တေးသွားများကို အလွယ်တကူ ရှာဖွေဝယ်ယူလိုက်ပါ။ MPT သုံးစွဲသူများ အတွက်သာဖြစ်ပြီး Ringtune ဝန်ဆောင်မှုကို App မှတစ်ဆင့် စိတ်ကြိုက်စီမံနိုင်ပါသည်။ MPT Myanmar Ringtune app သည် သင်နှစ်သက်သော နောက်ဆုံးပေါ်နှင့် အကောင်းဆုံးသော တေးဂီတပေါင်း ၂၀၀,၀၀၀ ကျော်ကို ယူဆောင်လာပေးပါသည်။ ဤ Application အသုံးပြုသူများအနေဖြင့် ခေါ်သူနားဆင်ဝန်ဆောင်မှု နှင့် မိမိနာမည် ထည့်သွင်းထားနိုင်သည့် Name Tune ဝန်ဆောင်မှု တို့အား ရယူနိုင်ပါသည်။ သင့်ထံဖုန်းခေါ်ဆိုသူများအတွက် သင့်စိတ်ကြိုက် သံစဉ်များနှင့် အခြားနာမည်ကြီး သံစဉ် များကို လွယ်လွယ်ကူကူ ရွေးချယ်နိုင်ပါပြီ ။ မိမိနှစ်သက်ရာသံစဉ်များအား မရွေးချယ်ခင် အစမ်းနားဆင်ရန် များလှစွာသော တေးသီချင်းမျိုးစုံကို ဤ Application မှာရရှိနိုင်ပါသည်။ နှစ်သက်ရာ သံစဉ်များကို စက္ကန့် ၃၀ မျှ အစမ်းနားဆင်၍ ရွေးချယ်ဝယ်ယူနိုင်ပါသည်။ အသုံးပြုသူများသည် မိမိတို့၏ အကောင့်ကို အလွယ်တကူ ဝင်ရောက်ကြည့်ရှုပြီး စီမံနိုင်ပါသည်။ အသုံးပြုသူများသည် မိမိတို့ ဆန္ဒရှိသည့်အလျောက် သံစဉ်များအား ဝယ်ယူခြင်း၊ လက်ဆောင်ပေးခြင်း၊ Wishlist ထည့်သွင်းခြင်းများလည်း ပြုလုပ်နိုင်ပါသည်။ မြန်မာ နှင့် အင်္ဂလိပ်ဘာသာစကား နှစ်မျိုးလုံးဖြင့် ရွေးချယ် အသုံးပြုနိုင်ပါသည်။ သံစဉ်များအားလုံးကို သင့် Click တစ်ချက် နှိပ်ရုံဖြင့် ရယူရွေးချယ်လိုက်ပါ။ ဤ Application သည် Android ဖုန်းများအားလုံး နီးပါးတွင် ဒေါင်းလုတ်ရယူနိုင်ပါသည်။
စျေးနှုန်း : ၁၅၀ ကျပ်
သက်တမ်း : ၁ရက်
Direct USSD : *7979#
စျေးနှုန်း : ၉၉ ကျပ်
သက်တမ်း : ၁ရက်
Direct USSD : *7979#
စျေးနှုန်း : ၄၉၉ ကျပ်
သက်တမ်း : ၇ရက်
Direct USSD : *7979#
စျေးနှုန်း : ၁၃၉၉ ကျပ်
သက်တမ်း : ရက် ၃၀
Direct USSD : *7979#
အထက်ပါနှုန်းထားများမှာ အခွန်ပါဝင်ပြီးစျေးနှုန်းများဖြစ်ပါသည်။
MPT Ring Tune အသုံးပြုထားတာကြောင့် ကျွန်တော်ဖုန်းကိုခေါ်လိုက်တိုင်း ကျွန်တော်ကြိုက်တဲ့ သီချင်းတွေကို ကျွန်တော့်သူငယ်ချင်းတွေနဲ့ မိသားစုဝင်တွေက နားထောင်လို့ရတယ်လေ။
Ring Tune ဝန်ဆောင်မှုဆိုသည်မှာ လူကြီးမင်း၏ ပုံမှန် ဖုန်းမြည်သံအစား လူကြီးမင်း ရွေးချယ်လိုက်သော သီချင်းကို တေးသွား အဖြစ်သို့ အစားထိုးလိုက်သော ဝန်ဆောင်မှု ဖြစ်ပါသည်။လူကြီးမင်းထံသို့ ဖုန်းခေါ်ဆိုသောအခါ လူကြီးမင်းဖုန်းမှ ရွေးချယ်ထားသော တေးသီချင်းများကို ဖုန်း Ring Tuneအဖြစ် ကြားရပါမည် ။ လူကြီးမင်း ကြိုက်နှစ်သက်သော တေးသွားများအား လတ်တလော ရေပန်းအစားဆုံး တေးသီချင်းများစွာ ထဲမှ ရွေးချယ်နိုင်ပါသည်။
အောက်တွင် ဖော်ပြထားသော အချက်များအတိုင်း လုပ်ဆောင်ပြီး Ring Tune service ကို ရယူနိုင်ပါသည်။
• MPT သို့ 7979 ဟု ဖုန်းခေါ်ဆိုပြီး လမ်းညွှန်ချက်များအတိုင်းလုပ်ဆောင်၍ Ring Tune service ကို ရယူနိုင်ပါသည်။
• SMS ပေးပို့၍ရယူရန် – လစဥ်ပေး ဝန်ဆောင်မှု ရယူရန်အတွက် 7979 သို့ REG M ၊ အပတ်စဥ်ပေး ဝန်ဆောင်မှု ရယူရန်အတွက် 7979 သို့ REG W ၊ နေ့စဥ်ပေး ဝန်ဆောင်မှု ရယူရန်အတွက် 7979 သို့ REG D ဟု SMS ပေးပို့၍ ရယူနိုင်ပါသည် (သို့မဟုတ်) နေ့စဉ်ပေး ဝန်ဆောင်မှု နဲ့ သီချင်း ဝန်ဆောင်မှုအတွက် 7979 သို့ REG S ဟု ပေးပို့နိုင်ပါတယ်။
• လူကြီးမင်း ဝယ်ယူလိုသော သီချင်းကုဒ် နံပါတ်အား buy ဟု SMS ပေးပို့၍ ရယူနိုင်ပါသည်။ Example: buy 0001110010
• *7979# သို့ ဖုန်းခေါ်ဆို၍ ကြိုက်နှစ်သက်သော တေးသီချင်း များအားလည်း ရွေးချယ်နိုင်ပါသည်။
• လစဥ်ပေး ဝန်ဆောင်မှု – တစ်လ (ရက် ၃၀)စာအတွက် (အခွန်ပါဝင်ပြီးစျေးနှုန်း) ၁၃၉၉ ကျပ် ကျသင့်ပါမည်။
• အပတ်စဥ်ပေး ဝန်ဆောင်မှု – တစ်ပတ် (၇ ရက်)စာအတွက် (အခွန်ပါဝင်ပြီးစျေးနှုန်း) ၄၉၉ ကျပ် ကျသင့်ပါမည်။
• နေ့စဥ်ပေး ဝန်ဆောင်မှု – ၁ ရက်စာအတွက် (အခွန်ပါဝင်ပြီးစျေးနှုန်း) ၉၉ ကျပ် ကျသင့်ပါမည်။
• သံစဉ်ဘူဖေး ဝန်ဆောင်မှု – ၁ ရက်စာအတွက် (အခွန်ပါဝင်ပြီးစျေးနှုန်း) ၁၅၀ ကျပ် ကျသင့်ပါမည်။
• RingNote Combo ဝန်ဆောင်မှု – ၁ ရက်စာအတွက် (အခွန်ပါဝင်ပြီးစျေးနှုန်း) ၁၉၉ ကျပ် ကျသင့်ပါမည်။
• သီချင်း တစ်ပုဒ်လျှင် ရက်(၃၀)စာ အတွက် (အခွန်ပါဝင်ပြီးစျေးနှုန်း) ၃၁၅ ကျပ် ကျသင့်ပါမည်။
• နေ့စဥ်ပေး ဝန်ဆောင်မှု အတွက် တစ်ရက်လျှင် ၉၉ ကျပ် ကျသင့်ပြီး သီချင်း တစ်ပုဒ်လျှင် ၁၃ ကျပ် ကျသင့်ပါမည်။
ဤဝန်ဆောင်မှုသည် အလိုအလျှောက် သက်တမ်း တိုးပေးသော ဝန်ဆောင်မှု ဖြစ်ပါသည်။ လူကြီးမင်း၏ ဝန်ဆောင်မှု ရက် သက်တမ်းအား အခြေခံ ၍ Ring Tune ဝန်ဆောင်မှု သက်တမ်းနှင့် သီချင်း ဝန်ဆောင်မှု သက်တမ်း ပြည့်လျှင် လူကြီးမင်း၏ ဖုန်းလက်ကျန်ငွေမှ ဝန်ဆောင်မှု အတွက် ကျသင့်ငွေအား နှုတ်ယူပါမည်။
• 7979 သို့ အခမဲ့ ခေါ်ဆို၍ အကူအညီပေးရန်သို့ သွားရောက်ပြီး ဝန်ဆောင်မှုအား ပယ်ဖျက်ရန်ကို နှိပ်ပါ။ (သို့မဟုတ်)
• 7979 သို့ UNR ဟု SMS ပေးပို့ပါ။ (သို့မဟုတ်)
• MPT4U APP ပေါ်မှ CRBT ပယ်ဖျက်ရန် ကို ရွေးချယ်ပါ။ (သို့မဟုတ်)
• *7979# သို့ဖုန်းခေါ်ဆို၍ ဝန်ဆောင်မှုဖျက်သိမ်းမည်အား ရွေးချယ်ပြီး ပယ်ဖျက်နိုင်ပါသည်။ (သို့မဟုတ်)
• 106 customer care IVR သို့ ဖုန်းခေါ်ဆိုပြီး ဝန်ဆောင်မှုအား ပယ်ဖျက်နိုင်ပါသည်။
GSM ဆင်းမ်ကဒ် အသုံးပြုသူများသာလျှင် Ringtune ဝန်ဆောင်မှုကို ရယူနိုင်ပါသည်။
ရန်ကုန် CDMA 450 Mhz၊ ရန်ကုန် CDMA 800 Mhz နှင့် မန္တလေး CDMA 450 Mhz အသုံးပြုသူများ ဝန်ဆောင်မှုကို မရရှိနိုင်ပါ။
ဟုတ်ကဲ့ အောက်တွင် ဖော်ပြထားသော အချက်အလက်များအား လုပ်ဆောင်၍ လူကြီးမင်း သူငယ်ချင်း၏ MPT ring Tune ဝန်ဆောင်မှုမှ သီချင်းကို လူကြီးမင်း၏ ဖုန်းတေးသီချင်း အဖြစ် ကူးယူနိုင်ပါသည်။
• 7979 သို့ အခမဲ့ ဖုန်းခေါ်ဆို၍ လမ်းညွှန်ချက်များ အတိုင်း လုပ်ဆောင်၍ ရယူနိုင်ပါသည်။ (သို့မဟုတ်)
• *7979# ဟု ရိုက်နှိပ်ပြီး လည်း ဝန်ဆောင်မှုကို ရယူနိုင်ပါသည်
• Ringtune ကို လက်ရှိအသုံးပြုထားသူထံသို့ ဖုန်းခေါ်နေစဥ် နားဆင်ခဲ့သော Ringtune ကို ရယူလိုပါက * ကို နှိပ်ပါ။
• 7979 ကို ဖုန်းခေါ်ဆို၍ အကူအညီပေးရန် သို့ သွားရောက်ပြီး ကိုယ်ပိုင်အကောင့်ကို စစ်ဆေးရန် သို့ ဝင်ရောက်၍ သီချင်း ကို ပယ်ဖျက်ရန် ကို ရွေးပါ။ (သို့မဟုတ်)
• Del ဟု ရိုက်နှိပ်၍ 7979 သို့ SMS ပေးပို့ပါ။ Example: Del 0001110010 (သို့မဟုတ်)
• 106 customer care IVR သို့ ဖုန်းခေါ်ဆို ၍ သီချင်းအား ပယ်ဖျက်နိုင်ပါသည်။
ဤအခြေအနေတွင် လူကြီးမင်းထံသို့ ဖုန်းခေါ်ဆိုသူမှာ ပုံမှန် ဖုန်းမြည်သံကိုသာ ကြားရမည် ဖြစ်ပါသည်။
7979 သို့ (အခမဲ့) ဖုန်းခေါ်ဆို၍ လမ်းညွှန်ချက်များ အတိုင်း လုပ်ဆောင်၍ ရယူနိုင်ပါသည်။
• အကယ်၍ လူကြီးမင်းလက်ဆောင် ပေးလိုသောသူမှာ Ring Tune ဝန်ဆောင်မှုအား ရယူထားပြီးသူ ဖြစ်ပါက သီချင်း အတွက် ပထမ တစ်လစာ ဝန်ဆောင်မှု ၃၁၅ ကျပ်အား လူကြီးမင်းထံမှ ကျသင့်ပြီး နောက်လများမှ စ၍ သီချင်းလက်ဆောင် လက်ခံရရှိသောသူထံမှ ပေးဆောင်ရမည် ဖြစ်ပါသည်။
• အကယ်၍ သီချင်း လက်ဆောင်ပေးလိုသောသူမှာ Ring Tune ဝန်ဆောင်မှု အား ရယူထားခြင်း မရှိပါက Ring Tune ဝန်ဆောင်မှု ပထမ ရက်(၃၀)စာ အတွက် ၁၃၉၉ ကျပ် နှင့် သီချင်းအတွက် ရက် ၃၀ စာ ဝန်ဆောင်ခ ၃၁၅ ကျပ် အား လူကြီးမင်းထံမှ ကျသင့်ပါမည်။ နောက်လများမှ စ၍ Ring Tune ဝန်ဆောင်ခ ၁၃၉၉ ကျပ်နှင့် သီချင်း အတွက် ဝန်ဆောင်ခ ၃၁၅ ကျပ်အား လက်ဆောင်လက်ခံရရှိသူထံမှ ပေးဆောင်ရမည် ဖြစ်ပါသည်။
Name Tune ဝန်ဆောင်မှု ဆိုသည်မှာ လူကြီးမင်းထံ သို့ ဖုန်းခေါ်သူများကို လူကြီးမင်း၏နာမည်ဖြင့် နှုတ်ဆက်ခြင်း ပုံစံဖြင့် MPT မှ ရရှိနိုင်သော ဝန်ဆောင်မှုဖြစ်ပါသည်။
အောက်တွင် ဖော်ပြ ထားသော နည်းလမ်းများထဲမှ တစ်ခု ကို အသုံးပြု၍ MPT Name Tune ဝန်ဆောင်မှုကို ရယူနိုင်ပါသည်။
• SMS ပေးပို့ရန် – လစဥ်ပေး ဝန်ဆောင်မှု ရယူရန် REG M ဟု SMS ပေးပို့ခြင်း၊ အပတ်စဥ်ပေး ဝန်ဆောင်မှု ရယူရန် REG W ဟု SMS ပေးပို့ခြင်း၊ နေ့စဥ်ပေး ဝန်ဆောင်မှု ရယူရန် REG D ဟု 7979 သို့ SMS ပေးပို့၍ ဝန်ဆောင်မှုကို ရယူနိုင်ပါသည်။ (သို့မဟုတ်)
• ပိုမိုသိရှိရန် 106 ကို ဖုန်းခေါ်ဆို၍ Name Tune ဝန်ဆောင်မှုအား ရယူနိုင်ပါသည်။
• လစဥ်ပေး ဝန်ဆောင်မှု – တစ်လ ရက်၃၀စာ အတွက် (အခွန်ပါဝင်ပြီးစျေးနှုန်း) ၁၃၉၉ ကျပ် ကျသင့်ပါမည်။
• Name Tune တစ်ပုဒ် အတွက် ရက်၃၀ စာ (အခွန်ပါဝင်ပြီးစျေးနှုန်း )၃၁၅ ကျပ် ကျသင့်ပါမည်။
အောက်တွင် ဖော်ပြထားသော အချက်များအတိုင်း လုပ်ဆောင်ပြီး ဝန်ဆောင်မှုကို ကို ရယူနိုင်ပါသည်။
• IVR: 7979 သို့ ဖုန်းခေါ်ဆိုပါ၊ ထို့နောက်နေ့စဉ်ပေး ဝန်ဆောင်မှုကိုရွေးချယ်ပါ
SMS: 7979 သို့ REG S ဟု စာတိုပေးပို့ပါ
USSD – * 7979 # ကိုခေါ်ဆိုပြီး နေ့စဉ် ပေး ဝန်ဆောင်မှုကို ရွေးချယ်ပါ။
• သီချင်း အသစ် တစ်ပုဒ် ရယူတိုင်း သီချင်းဝန်ဆောင်ခ တစ်ရက်အတွက် ၁၃ ကျပ်ကျသင့်မှာဖြစ်ပါတယ်။
• IVR၊ SMS၊ USSD၊ ၁၀၆ များမှ သီချင်းများကို ရယူနိုင်ပြီး သီချင်းဝန်ဆောင်ခ တစ်ရက်အတွက် ၁၃ ကျပ်ကျသင့်မှာဖြစ်ပါတယ်။
CRBT ဝန်ဆောင်မှုကို လက်ရှိအသုံးပြုထားသူထံသို့ CRBT ဝန်ဆောင်မှု အသုံးမပြုထားသူမှ ဖုန်းခေါ်ဆိုသောအခါ * ကို နှိပ်ခြင်းဖြင့် CRBT Ring Tune ဝန်ဆောင်မှုကို အလွယ်တကူရယူနိုင်သည့် လုပ်ဆောင်ချက်ဖြစ်သည်။
• သံစဉ်ဘူဖေး (အကန့်အသတ်မရှိတေးသီချင်း) ဝန်ဆောင်မှုကိုရရှိမည်ဖြစ်ပြီး တစ်ရက်လျှင် ၁၅၀ကျပ် (အခွန်ပါပြီးသား) ကျသင့်ပါမည်။
အသုံးပြုသူရယူထားသည့် အစီအစဉ်ပေါ်မူတည်ပါသည်၊
အသုံးပြုသူများသည် သံစဉ်ဘူဖေး (အကန့်အသတ်မရှိတေးသီချင်းများ) အစီအစဉ်အတွက် ဝန်ဆောင်ခ ၁ ရက်လျှင် ၁၅၀ ကျပ်ကျသင့်မည်ဖြစ်သည်။
အသုံးပြုသူမှ ဝန်ဆောင်မှုကို မပယ်ဖျက်ခင်အထိ နေ့စဉ် အလိုအလျောက် သက်တမ်းတိုးသွားမည်ဖြစ်ပါသည်။
SMS (စာတို) – 7979 သို့ UL ဟုပေးပို့ပါ။(အသုံးပြုသူအသစ်များအတွက်)
USSD – *7979*1# သို့ ခေါ်ဆိုပါ။
IVR – 7979 သို့ ခေါ်ဆို၍ ညွှန်ကြားချက်များအတိုင်း လုပ်ဆောင်ပါ။
Website – https://ringtune.mpt.com.mm/crbt-web-portal/ သို့ဝင်ရောက်လေ့လာပါ။
Customer Care – MPT customer care 106 သို့ ဖုန်းခေါ်ဆိုပါ။
SMS (စာတို) – 7979 သို့ UNR ဟုပေးပို့ပါ။
USSD – *7979*6# သို့ ခေါ်ဆိုပါ။
IVR – 7979 သို့ ခေါ်ဆို၍ ညွှန်ကြားချက်များအတိုင်း လုပ်ဆောင်ပါ။
Website – https://ringtune.mpt.com.mm/crbt-web-portal/သို့ဝင်ရောက်၍ ကျွန်ုပ်၏ အကောင့် အောက်တွင် စစ်ဆေးပါ။
Customer Care – MPT customer care 106 သို့ ဖုန်းခေါ်ဆိုပါ။
အသုံးပြုသူများသည် တေးသီချင်းအရေအတွက် အကန့်အသတ်မရှိ အခမဲ့ download လုပ်နိုင်ပါသည်။
တစ်ကြိမ်လျှင် တေးသီချင်းအရေအတွက် အများဆုံး ၂၀ အထိ သိမ်းဆည်းထားနိုင်ပါသည်။
အကယ်၍ ringtune ဝန်ဆောင်မှုကို လက်ရှိရယူထားသူဖြစ်ပါက သံစဉ်ဘူဖေး (အကန့်အသတ်မရှိတေးသီချင်းများ) အစီအစဉ်ကိုအောက်ပါအတိုင်းနည်းလမ်းများအတိုင်းရယူနိုင်ပါသည်။
SMS (စာတို) – 7979 သို့ UP ဟုပေးပို့ပါ။
USSD – *7979*1# သို့ ခေါ်ဆိုပါ။
IVR – 7979 သို့ ခေါ်ဆို၍ ညွှန်ကြားချက်များအတိုင်း လုပ်ဆောင်ပါ။
Website – https://ringtune.mpt.com.mm/crbt-web-portal/ သို့ဝင်ရောက်လေ့လာပါ။
Customer Care – MPT customer care 106 သို့ ဖုန်းခေါ်ဆိုပါ။
တေးသီချင်းစာရင်းထဲရှိတေးသီချင်းများကို ပယ်ဖျက်မည်မဟုတ်ပဲ အသစ် download လုပ်မည့် တေးသီချင်းများနှင့်အတူ ဆက်လက်ရှိနေမည်ဖြစ်သည်။
GSM ဆင်းမ်ကဒ် အသုံးပြုသူများသာလျှင် Ringtune ဝန်ဆောင်မှုကို ရယူနိုင်ပါသည်။
ရန်ကုန် CDMA 450 Mhz၊ ရန်ကုန် CDMA 800 Mhz နှင့် မန္တလေး CDMA 450 Mhz အသုံးပြုသူများ ဝန်ဆောင်မှုကို မရရှိနိုင်ပါ။