MPT Ring Tune ဆိုတာဘာလဲ?

MPT Ringtune ဝန်ဆောင်မှုသည် သင့်စိတ်ကြိုက်သီချင်းများကို ရွေးချယ်ပြီး သင့်ထံခေါ်ဆိုသူများအား နားဆင်နိုင်စေမည့် ခေါ်သူနားဆင် ဝန်ဆောင်မှုဖြစ်သည်။

MPT Ringtune ဝန်ဆောင်မှုကို GSM ဆင်းမ်ကဒ် အသုံးပြုသူများသာလျှင်  ရယူအသုံးပြုနိုင်ပါသည်။ 

MPT_Ringtune_01

MPT Ringtune – Application ဆိုတာ ဘာလဲ?

MPT Ringtune App ဖြင့် တေးသွားများကို အလွယ်တကူ ရှာဖွေဝယ်ယူလိုက်ပါ။ MPT သုံးစွဲသူများ အတွက်သာဖြစ်ပြီး Ringtune ဝန်ဆောင်မှုကို App မှတစ်ဆင့် စိတ်ကြိုက်စီမံနိုင်ပါသည်။ MPT Myanmar Ringtune app သည် သင်နှစ်သက်သော နောက်ဆုံးပေါ်နှင့် အကောင်းဆုံးသော တေးဂီတပေါင်း ၂၀၀,၀၀၀ ကျော်ကို ယူဆောင်လာပေးပါသည်။ ဤ Application အသုံးပြုသူများအနေဖြင့် ခေါ်သူနားဆင်ဝန်ဆောင်မှု နှင့် မိမိနာမည် ထည့်သွင်းထားနိုင်သည့် Name Tune ဝန်ဆောင်မှု တို့အား ရယူနိုင်ပါသည်။ သင့်ထံဖုန်းခေါ်ဆိုသူများအတွက် သင့်စိတ်ကြိုက် သံစဉ်များနှင့် အခြားနာမည်ကြီး သံစဉ် များကို  လွယ်လွယ်ကူကူ ရွေးချယ်နိုင်ပါပြီ ။ မိမိနှစ်သက်ရာသံစဉ်များအား မရွေးချယ်ခင် အစမ်းနားဆင်ရန် များလှစွာသော တေးသီချင်းမျိုးစုံကို ဤ Application မှာရရှိနိုင်ပါသည်။ နှစ်သက်ရာ သံစဉ်များကို စက္ကန့် ၃၀ မျှ အစမ်းနားဆင်၍ ရွေးချယ်ဝယ်ယူနိုင်ပါသည်။ အသုံးပြုသူများသည် မိမိတို့၏ အကောင့်ကို အလွယ်တကူ ဝင်ရောက်ကြည့်ရှုပြီး စီမံနိုင်ပါသည်။ အသုံးပြုသူများသည် မိမိတို့ ဆန္ဒရှိသည့်အလျောက် သံစဉ်များအား ဝယ်ယူခြင်း၊ လက်ဆောင်ပေးခြင်း၊ Wishlist ထည့်သွင်းခြင်းများလည်း ပြုလုပ်နိုင်ပါသည်။ မြန်မာ နှင့် အင်္ဂလိပ်ဘာသာစကား နှစ်မျိုးလုံးဖြင့် ရွေးချယ် အသုံးပြုနိုင်ပါသည်။ သံစဉ်များအားလုံးကို သင့် Click တစ်ချက် နှိပ်ရုံဖြင့် ရယူရွေးချယ်လိုက်ပါ။ ဤ Application သည် Android ဖုန်းများအားလုံး နီးပါးတွင် ဒေါင်းလုတ်ရယူနိုင်ပါသည်။

သံစဉ်ဘူဖေး (အကန့်အသတ်မရှိတေးသီချင်း)

Ringtune-Buffet Desktop

သံစဉ်ဘူဖေး (အကန့်အသတ်မရှိတေးသီချင်း)

Ring Tune Service

သံစဉ်ဘူဖေး (အကန့်အသတ်မရှိတေးသီချင်း)

စျေးနှုန်း : ၁၅၀ ကျပ်

သက်တမ်း : ၁ရက်

Direct USSD : *7979#

ဘယ်လိုအသုံးပြုရမလဲ?

နေ့စဉ်ပေး ဝန်ဆောင်မှုအတွက်

Ring Tune Service

အပတ်စဉ်ပေးဝန်ဆောင်မှုအတွက်

Ring Tune Service

လစဉ်ပေး ဝန်ဆောင်မှုအတွက်

Ring Tune Service

ဝန်ဆောင်မှု ပယ်ဖျက်ရန်

Ring Tune Service

ဝန်ဆောင်မှုနှုန်းထားများ

  • နေ့စဉ်ပေး ဝန်ဆောင်မှု

    စျေးနှုန်း : ၉၉ ကျပ်

    သက်တမ်း : ၁ရက်

    Direct USSD : *7979#

  • အပတ်စဉ်ပေး ဝန်ဆောင်မှု

    စျေးနှုန်း : ၄၉၉ ကျပ်

    သက်တမ်း : ၇ရက်

    Direct USSD : *7979#

  • လစဉ်ပေး ဝန်ဆောင်မှု

    စျေးနှုန်း : ၁၃၉၉ ကျပ်

    သက်တမ်း : ရက် ၃၀

    Direct USSD : *7979#

အထက်ပါနှုန်းထားများမှာ အခွန်ပါဝင်ပြီးစျေးနှုန်းများဖြစ်ပါသည်။

vas

MPT Ring Tune အသုံးပြုထားတာကြောင့် ကျွန်တော်ဖုန်းကိုခေါ်လိုက်တိုင်း ကျွန်တော်ကြိုက်တဲ့ သီချင်းတွေကို ကျွန်တော့်သူငယ်ချင်းတွေနဲ့ မိသားစုဝင်တွေက နားထောင်လို့ရတယ်လေ။

MPT Ringtune Festival Campaign
Ringtune နဲ့အတူ 1GBယူ
Campaign ကာလ: ၂၀၂၆ ခုနှစ် အောက်တိုဘာလ ၁ ရက်မှ ဒီဇင်ဘာလ ၃၁ ရက်အထိ

Q. “Ringtune နဲ့အတူ 1GBယူ” Campaign ဆိုတာ ဘာလဲ?

A.MPT Ringtune Festival Campaign သည် Ringtune ဝန်ဆောင်မှုကို အသစ်စတင်အသုံးပြုသူများအတွက် အထူးပရိုမိုးရှင်းအစီအစဉ်တစ်ခု ဖြစ်ပါသည်။ Campaign ကာလအတွင်း Ringtune ဝန်ဆောင်မှုကို အသစ်စာရင်းသွင်းပြီး၊ သတ်မှတ်ထားသော ဝန်ဆောင်ခကို ပေးဆောင်ပြီးသော သတ်မှတ်ချက်နှင့်ကိုက်ညီသည့် သုံးစွဲသူများသည် Campaign စည်းမျဉ်းစည်းကမ်းများနှင့်အညီ အပိုဆောင်းကုန်ကျစရိတ်မရှိဘဲ 1GB Data လက်ဆောင်ကို ရရှိမည်ဖြစ်ပါသည်။

Q.“Ringtune နဲ့အတူ 1GBယူ” Campaign တွင် ဘယ်သူတွေ ပါဝင်ခွင့်ရှိသလဲ?

အောက်ပါသတ်မှတ်ချက်များနှင့် ကိုက်ညီသော သုံးစွဲသူများ ပါဝင်နိုင်ပါသည် –

  • MPT Ringtune ဝန်ဆောင်မှုကို လက်ရှိအသုံးမပြုနေသူများ။
  • Campaign ကာလအတွင်း သတ်မှတ်ထားသော Ringtune ဝန်ဆောင်မှုကို အသစ်ဝယ်ယူသူများ။
  • သတ်မှတ်ထားသော Ringtune ဝန်ဆောင်ခကို အောင်မြင်စွာ ပေးချေနိုင်သူများ။
  • လွန်ခဲ့သော ရက် ၉၀ အတွင်း Ringtune ဝန်ဆောင်မှုကို ဝယ်ယူခဲ့ဖူးခြင်းမရှိသူများ။

လက်ရှိ Ringtune ဝန်ဆောင်မှုအသုံးပြုနေသူများသည် ဤ Campaign တွင် ပါဝင်ခွင့်မရှိသည့်အပြင် 1GB Data Bonus ကိုလည်း ရရှိမည်မဟုတ်ပါ။

Q.1GB Data Campaign တွင် ဘယ်လိုပါဝင်ရမလဲ?

A. Campaign ကာလအတွင်း ရရှိနိုင်သော MPT Subscription Channel တစ်ခုခုမှတစ်ဆင့် MPT Ringtune ဝန်ဆောင်မှုကို စာရင်းသွင်းလိုက်ရုံသာ ဖြစ်ပါသည်။ သတ်မှတ်ချက်နှင့်ကိုက်ညီသော အသစ်စာရင်းသွင်းသူများအနေဖြင့် သတ်မှတ်ထားသော ဝန်ဆောင်ခကို အောင်မြင်စွာ ပေးချေပြီးပါက Campaign တွင် အလိုအလျောက် ပါဝင်မည်ဖြစ်ပြီး Campaign စည်းမျဉ်းစည်းကမ်းများနှင့်အညီ 1GB Data Bonus ကို ရရှိမည်ဖြစ်ပါသည်။

Q4. Campaign ကို ဘယ်အချိန်မှာ ပြုလုပ်မှာလဲ?

A. Campaign ကို ၃ လကြာ ပြုလုပ်မည်ဖြစ်ပြီး ၂၀၂၆ ခုနှစ် အောက်တိုဘာလ ၁ ရက်မှ ဒီဇင်ဘာလ ၃၁ ရက်အထိ (ရက်စွဲများအပါအဝင်) ဖြစ်ပါသည်။

Q5. လက်ရှိ MPT Ringtune အသုံးပြုသူတွေ Campaign မှာ ပါဝင်နိုင်ပါသလား?

A.မပါဝင်နိုင်ပါ။ ဤ Campaign သည် သတ်မှတ်ချက်နှင့်ကိုက်ညီသော Ringtune ဝန်ဆောင်မှု အသစ်စာရင်းသွင်းသူများအတွက်သာ ဖြစ်ပါသည်။ လက်ရှိ Ringtune အသုံးပြုသူများသည် 1GB Data လက်ဆောင်ရရှိခွင့် မရှိပါ။

Q6. Ringtune ကို Unsubscribe လုပ်ပြီး ပြန်လည် Subscribe လုပ်ပါက 1GB Data Bonus ကို ထပ်မံရရှိနိုင်ပါသလား?

A.မရရှိနိုင်ပါ။ သတ်မှတ်ချက်နှင့်ကိုက်ညီသော သုံးစွဲသူတစ်ဦးလျှင် Campaign ကာလအတွင်း 1GB Data Bonus ကို တစ်ကြိမ်သာ ရရှိနိုင်ပါသည်။ 1 GB data ရပြီးသောသုံးစွဲသူသည် Ringtune ကို Unsubscribe လုပ်ပြီး ပြန်လည် Subscribe လုပ်ပါက 1GB Data Bonus ကို ထပ်မံရရှိခွင့် မရှိပါ။

Q7. 1GB Data Bonus ကို ဘယ်လိုရရှိမလဲ?

A.သတ်မှတ်ထားသော Ringtune ဝန်ဆောင်မှုကို အောင်မြင်စွာ ဝယ်ယူပြီး သတ်မှတ်ထားသော ဝန်ဆောင်ခကို ဖြတ်တောက်ပြီးနောက် 1GB Data Bonus ကို ဝန်ဆောင်မှု ရယူရာတွင်အသုံးပြုထားသော MPT မိုဘိုင်းနံပါတ်သို့ ၇၂ နာရီအတွင်း ထည့်သွင်းပေးမည်ဖြစ်ပါသည်။

Q8. 1GB Data Bonus ရဲ့ သက်တမ်းက ဘယ်လောက်လဲ?

A.1GB Data Bonus သည် သင့် MPT မိုဘိုင်းနံပါတ်သို့ Bonus ထည့်သွင်းပေးသည့်နေ့မှစ၍ ရက်ပေါင်း ၃၀ သက်တမ်းရှိပါသည်။ သက်တမ်းကုန်ဆုံးချိန်တွင် အသုံးမပြုရသေးသော Data များသည် သက်တမ်းကုန်ဆုံးမည်ဖြစ်ပါသည်။

Q9. 1GB Data Bonus အတွက် အခကြေးငွေ ပေးရပါသလား?

A.မပေးရပါ။ Campaign စည်းမျဉ်းစည်းကမ်းများနှင့်ကိုက်ညီသည့် သုံးစွဲသူများအတွက် 1GB Data Bonus အတွက် သီးခြားအခကြေးငွေ ကောက်ခံမည်မဟုတ်ပါ။

Q10. 1GB Data Bonus ရရှိပြီး/မရရှိသေးကို ဘယ်လိုစစ်ဆေးနိုင်မလဲ?

A.1 GB Data Bonus ကို ထည့်သွင်းပေးပြီးနောက် MPT မှ အတည်ပြုအသိပေးချက်ကိုလည်း ပေးပို့မည်ဖြစ်ပါသည်။ ထို့အပြင် MPT Self-Care Channel များမှတစ်ဆင့် Data လက်ကျန်ကို စစ်ဆေးနိုင်ပါသည်။ ဥပမာအားဖြင့် MPT4U Application မှတစ်ဆင့် စစ်ဆေးနိုင်ပါသည်။

Q11. ၇၂ နာရီအတွင်း 1GB Data Bonus မရရှိပါက ဘာလုပ်ရမလဲ?

A.သတ်မှတ်ထားသော Ringtune ဝန်ဆောင်ခကို အောင်မြင်စွာ ပေးချေပြီး Ringtune ကို Subscribe လုပ်ပြီးနောက် ၇၂ နာရီအတွင်း 1GB Data Bonus မရရှိပါက ရရှိနိုင်သော Support Channel များမှတစ်ဆင့် MPT Customer Care သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ အကူအညီရရှိရန် သင်၏ MPT မိုဘိုင်းနံပါတ်နှင့် Subscription အသေးစိတ်အချက်အလက်များကို ပေးအပ်ရန် လိုအပ်ပါသည်။

မေးလေ့ရှိသောမေးခွန်းများ

1။ Ring Tune ဝန်ဆောင်မှု ဆိုတာ ဘာလဲ။

Ring Tune ဝန်ဆောင်မှုဆိုသည်မှာ လူကြီးမင်း၏ ပုံမှန် ဖုန်းမြည်သံအစား လူကြီးမင်း ရွေးချယ်လိုက်သော သီချင်းကို တေးသွား အဖြစ်သို့ အစားထိုးလိုက်သော ဝန်ဆောင်မှု ဖြစ်ပါသည်။လူကြီးမင်းထံသို့ ဖုန်းခေါ်ဆိုသောအခါ လူကြီးမင်းဖုန်းမှ ရွေးချယ်ထားသော တေးသီချင်းများကို ဖုန်း Ring Tuneအဖြစ် ကြားရပါမည် ။ လူကြီးမင်း ကြိုက်နှစ်သက်သော တေးသွားများအား လတ်တလော ရေပန်းအစားဆုံး တေးသီချင်းများစွာ ထဲမှ ရွေးချယ်နိုင်ပါသည်။

2။ Ring Tune service ကို ဘယ်လို ရယူနိုင်ပါလဲ?

အောက်တွင် ဖော်ပြထားသော အချက်များအတိုင်း လုပ်ဆောင်ပြီး Ring Tune service ကို ရယူနိုင်ပါသည်။
• MPT သို့ 7979 ဟု ဖုန်းခေါ်ဆိုပြီး လမ်းညွှန်ချက်များအတိုင်းလုပ်ဆောင်၍ Ring Tune service ကို ရယူနိုင်ပါသည်။
• SMS ပေးပို့၍ရယူရန် – လစဥ်ပေး ဝန်ဆောင်မှု ရယူရန်အတွက် 7979 သို့ REG M ၊ အပတ်စဥ်ပေး ဝန်ဆောင်မှု ရယူရန်အတွက် 7979 သို့ REG W ၊ နေ့စဥ်ပေး ဝန်ဆောင်မှု ရယူရန်အတွက် 7979 သို့ REG D ဟု SMS ပေးပို့၍ ရယူနိုင်ပါသည် (သို့မဟုတ်) နေ့စဉ်ပေး ဝန်ဆောင်မှု နဲ့ သီချင်း ဝန်ဆောင်မှုအတွက် 7979 သို့ REG S ဟု ပေးပို့နိုင်ပါတယ်။
• လူကြီးမင်း ဝယ်ယူလိုသော သီချင်းကုဒ် နံပါတ်အား buy ဟု SMS ပေးပို့၍ ရယူနိုင်ပါသည်။ Example: buy 0001110010
• *7979# သို့ ဖုန်းခေါ်ဆို၍ ကြိုက်နှစ်သက်သော တေးသီချင်း များအားလည်း ရွေးချယ်နိုင်ပါသည်။

3။ Ring Tune ဝန်ဆောင်မှု အတွက် မည်မျှ ကျသင့်မည့် နည်း။

• လစဥ်ပေး ဝန်ဆောင်မှု – တစ်လ (ရက် ၃၀)စာအတွက် (အခွန်ပါဝင်ပြီးစျေးနှုန်း) ၁၃၉၉ ကျပ် ကျသင့်ပါမည်။
• အပတ်စဥ်ပေး ဝန်ဆောင်မှု – တစ်ပတ် (၇ ရက်)စာအတွက် (အခွန်ပါဝင်ပြီးစျေးနှုန်း) ၄၉၉ ကျပ် ကျသင့်ပါမည်။
• နေ့စဥ်ပေး ဝန်ဆောင်မှု – ၁ ရက်စာအတွက် (အခွန်ပါဝင်ပြီးစျေးနှုန်း) ၉၉ ကျပ် ကျသင့်ပါမည်။
• သံစဉ်ဘူဖေး ဝန်ဆောင်မှု – ၁ ရက်စာအတွက် (အခွန်ပါဝင်ပြီးစျေးနှုန်း) ၁၅၀ ကျပ် ကျသင့်ပါမည်။
• RingNote Combo ဝန်ဆောင်မှု – ၁ ရက်စာအတွက် (အခွန်ပါဝင်ပြီးစျေးနှုန်း) ၁၉၉ ကျပ် ကျသင့်ပါမည်။
• သီချင်း တစ်ပုဒ်လျှင် ရက်(၃၀)စာ အတွက် (အခွန်ပါဝင်ပြီးစျေးနှုန်း) ၃၁၅ ကျပ် ကျသင့်ပါမည်။
• နေ့စဥ်ပေး ဝန်ဆောင်မှု အတွက် တစ်ရက်လျှင် ၉၉ ကျပ် ကျသင့်ပြီး သီချင်း တစ်ပုဒ်လျှင် ၁၃ ကျပ် ကျသင့်ပါမည်။

4။ Ring Tune ဝန်ဆောင်မှုအား သတ်တမ်း တိုးရန် မည်သို့ လုပ်ဆောင်ရမည်နည်း။

ဤဝန်ဆောင်မှုသည် အလိုအလျှောက် သက်တမ်း တိုးပေးသော ဝန်ဆောင်မှု ဖြစ်ပါသည်။ လူကြီးမင်း၏ ဝန်ဆောင်မှု ရက် သက်တမ်းအား အခြေခံ ၍ Ring Tune ဝန်ဆောင်မှု သက်တမ်းနှင့် သီချင်း ဝန်ဆောင်မှု သက်တမ်း ပြည့်လျှင် လူကြီးမင်း၏ ဖုန်းလက်ကျန်ငွေမှ ဝန်ဆောင်မှု အတွက် ကျသင့်ငွေအား နှုတ်ယူပါမည်။

5။ Ring Tune ဝန်ဆောင်မှုအား မည်သို့ ပယ်ဖျက်ရမည်နည်း။

• 7979 သို့ အခမဲ့ ခေါ်ဆို၍ အကူအညီပေးရန်သို့ သွားရောက်ပြီး ဝန်ဆောင်မှုအား ပယ်ဖျက်ရန်ကို နှိပ်ပါ။ (သို့မဟုတ်)
• 7979 သို့ UNR ဟု SMS ပေးပို့ပါ။ (သို့မဟုတ်)
• MPT4U APP ပေါ်မှ CRBT ပယ်ဖျက်ရန် ကို ရွေးချယ်ပါ။ (သို့မဟုတ်)
• *7979# သို့ဖုန်းခေါ်ဆို၍ ဝန်ဆောင်မှုဖျက်သိမ်းမည်အား ရွေးချယ်ပြီး ပယ်ဖျက်နိုင်ပါသည်။ (သို့မဟုတ်)
• 106 customer care IVR သို့ ဖုန်းခေါ်ဆိုပြီး ဝန်ဆောင်မှုအား ပယ်ဖျက်နိုင်ပါသည်။

6။ Ringtune ဝန်ဆောင်မှုကို မည်သူတွေ ရယူနိုင်ပါသလဲ။

GSM ဆင်းမ်ကဒ် အသုံးပြုသူများသာလျှင် Ringtune ဝန်ဆောင်မှုကို ရယူနိုင်ပါသည်။
ရန်ကုန် CDMA 450 Mhz၊ ရန်ကုန် CDMA 800 Mhz နှင့် မန္တလေး CDMA 450 Mhz အသုံးပြုသူများ ဝန်ဆောင်မှုကို မရရှိနိုင်ပါ။

7။ မိမိ ကြိုက်နှစ်သက်သော တေးသီချင်း အား သူငယ်ချင်းထံမှ ကူးယူ လို့ ရနိုင်ပါသလား။

ဟုတ်ကဲ့ အောက်တွင် ဖော်ပြထားသော အချက်အလက်များအား လုပ်ဆောင်၍ လူကြီးမင်း သူငယ်ချင်း၏ MPT ring Tune ဝန်ဆောင်မှုမှ သီချင်းကို လူကြီးမင်း၏ ဖုန်းတေးသီချင်း အဖြစ် ကူးယူနိုင်ပါသည်။
• 7979 သို့ အခမဲ့ ဖုန်းခေါ်ဆို၍ လမ်းညွှန်ချက်များ အတိုင်း လုပ်ဆောင်၍ ရယူနိုင်ပါသည်။ (သို့မဟုတ်)
• *7979# ဟု ရိုက်နှိပ်ပြီး လည်း ဝန်ဆောင်မှုကို ရယူနိုင်ပါသည်
• Ringtune ကို လက်ရှိအသုံးပြုထားသူထံသို့ ဖုန်းခေါ်နေစဥ် နားဆင်ခဲ့သော Ringtune ကို ရယူလိုပါက * ကို နှိပ်ပါ။

8။ ဝယ်ယူထားသော သီချင်းကို မည်သို့ ပယ်ဖျက်နိုင်ပါ သလဲ။

• 7979 ကို ဖုန်းခေါ်ဆို၍ အကူအညီပေးရန် သို့ သွားရောက်ပြီး ကိုယ်ပိုင်အကောင့်ကို စစ်ဆေးရန် သို့ ဝင်ရောက်၍ သီချင်း ကို ပယ်ဖျက်ရန် ကို ရွေးပါ။ (သို့မဟုတ်)
• Del ဟု ရိုက်နှိပ်၍ 7979 သို့ SMS ပေးပို့ပါ။ Example: Del 0001110010 (သို့မဟုတ်)
• 106 customer care IVR သို့ ဖုန်းခေါ်ဆို ၍ သီချင်းအား ပယ်ဖျက်နိုင်ပါသည်။

9။ အကယ်၍ ဖုန်းပြောနေစဥ်အတွင်း တခြားတစ်ယောက်မှ မိမိထံ ဖုန်းခေါ်နေသောအခါ မိမိRing Tune ဝန်ဆောင်မှု မည်သို့ လုပ်ဆောင်မည်နည်း။

ဤအခြေအနေတွင် လူကြီးမင်းထံသို့ ဖုန်းခေါ်ဆိုသူမှာ ပုံမှန် ဖုန်းမြည်သံကိုသာ ကြားရမည် ဖြစ်ပါသည်။

10။ သူငယ်ချင်း နဲ့ မိသားစုဝင် များထံသို့ Ring Tune သီချင်း ဝန်ဆောင်မှု လက်ဆောင် ဘယ်လိုပေးမလဲ။

7979 သို့ (အခမဲ့) ဖုန်းခေါ်ဆို၍ လမ်းညွှန်ချက်များ အတိုင်း လုပ်ဆောင်၍ ရယူနိုင်ပါသည်။

11။ Ring Tune ဝန်ဆောင်မှု လက်ဆောင် ပေးရန်အတွက် မည်သို့ ကျသင့်ပါမည်နည်း။

• အကယ်၍ လူကြီးမင်းလက်ဆောင် ပေးလိုသောသူမှာ Ring Tune ဝန်ဆောင်မှုအား ရယူထားပြီးသူ ဖြစ်ပါက သီချင်း အတွက် ပထမ တစ်လစာ ဝန်ဆောင်မှု ၃၁၅ ကျပ်အား လူကြီးမင်းထံမှ ကျသင့်ပြီး နောက်လများမှ စ၍ သီချင်းလက်ဆောင် လက်ခံရရှိသောသူထံမှ ပေးဆောင်ရမည် ဖြစ်ပါသည်။
• အကယ်၍ သီချင်း လက်ဆောင်ပေးလိုသောသူမှာ Ring Tune ဝန်ဆောင်မှု အား ရယူထားခြင်း မရှိပါက Ring Tune ဝန်ဆောင်မှု ပထမ ရက်(၃၀)စာ အတွက် ၁၃၉၉ ကျပ် နှင့် သီချင်းအတွက် ရက် ၃၀ စာ ဝန်ဆောင်ခ ၃၁၅ ကျပ် အား လူကြီးမင်းထံမှ ကျသင့်ပါမည်။ နောက်လများမှ စ၍ Ring Tune ဝန်ဆောင်ခ ၁၃၉၉ ကျပ်နှင့် သီချင်း အတွက် ဝန်ဆောင်ခ ၃၁၅ ကျပ်အား လက်ဆောင်လက်ခံရရှိသူထံမှ ပေးဆောင်ရမည် ဖြစ်ပါသည်။

12။ Name Tune ဝန်ဆောင်မှု ဆိုတာ ဘာလဲ။

Name Tune ဝန်ဆောင်မှု ဆိုသည်မှာ လူကြီးမင်းထံ သို့ ဖုန်းခေါ်သူများကို လူကြီးမင်း၏နာမည်ဖြင့် နှုတ်ဆက်ခြင်း ပုံစံဖြင့် MPT မှ ရရှိနိုင်သော ဝန်ဆောင်မှုဖြစ်ပါသည်။

13။ Name Tune ဝန်ဆောင်မှာ အား မည်သို့ ရယူနိုင်ပါ မည်နည်း။

အောက်တွင် ဖော်ပြ ထားသော နည်းလမ်းများထဲမှ တစ်ခု ကို အသုံးပြု၍ MPT Name Tune ဝန်ဆောင်မှုကို ရယူနိုင်ပါသည်။
• SMS ပေးပို့ရန် – လစဥ်ပေး ဝန်ဆောင်မှု ရယူရန် REG M ဟု SMS ပေးပို့ခြင်း၊ အပတ်စဥ်ပေး ဝန်ဆောင်မှု ရယူရန် REG W ဟု SMS ပေးပို့ခြင်း၊ နေ့စဥ်ပေး ဝန်ဆောင်မှု ရယူရန် REG D ဟု 7979 သို့ SMS ပေးပို့၍ ဝန်ဆောင်မှုကို ရယူနိုင်ပါသည်။ (သို့မဟုတ်)
• ပိုမိုသိရှိရန် 106 ကို ဖုန်းခေါ်ဆို၍ Name Tune ဝန်ဆောင်မှုအား ရယူနိုင်ပါသည်။

14။ Name Tune ဝန်ဆောင်မှု အတွက် မည်သို့ကျသင့်ပါမည်နည်း။

• လစဥ်ပေး ဝန်ဆောင်မှု – တစ်လ ရက်၃၀စာ အတွက် (အခွန်ပါဝင်ပြီးစျေးနှုန်း) ၁၃၉၉ ကျပ် ကျသင့်ပါမည်။
• Name Tune တစ်ပုဒ် အတွက် ရက်၃၀ စာ (အခွန်ပါဝင်ပြီးစျေးနှုန်း )၃၁၅ ကျပ် ကျသင့်ပါမည်။

15။ နေ့စဉ်ပေး ဝန်ဆောင်မှုနှင့် သီချင်းကို ဘယ်လိုရယူနိုင်မှာလဲ။

အောက်တွင် ဖော်ပြထားသော အချက်များအတိုင်း လုပ်ဆောင်ပြီး ဝန်ဆောင်မှုကို ကို ရယူနိုင်ပါသည်။
• IVR: 7979 သို့ ဖုန်းခေါ်ဆိုပါ၊ ထို့နောက်နေ့စဉ်ပေး ဝန်ဆောင်မှုကိုရွေးချယ်ပါ
SMS: 7979 သို့ REG S ဟု စာတိုပေးပို့ပါ
USSD – * 7979 # ကိုခေါ်ဆိုပြီး နေ့စဉ် ပေး ဝန်ဆောင်မှုကို ရွေးချယ်ပါ။

16။ နေ့စဉ်ပေး ဝန်ဆောင်မှုနဲ့ သီချင်းဝန်ဆောင်မှု ကို ရယူပြီးနောက် သီချင်းအသစ် ကို ထပ်မံရယူပါက သီချင်းဝန်ဆောင်ခ ဘယ်လောက် ကျသင့်မှာလဲ။

• သီချင်း အသစ် တစ်ပုဒ် ရယူတိုင်း သီချင်းဝန်ဆောင်ခ တစ်ရက်အတွက် ၁၃ ကျပ်ကျသင့်မှာဖြစ်ပါတယ်။
• IVR၊ SMS၊ USSD၊ ၁၀၆ များမှ သီချင်းများကို ရယူနိုင်ပြီး သီချင်းဝန်ဆောင်ခ တစ်ရက်အတွက် ၁၃ ကျပ်ကျသင့်မှာဖြစ်ပါတယ်။

17. * Copy ဝန်ဆောင်မှုဆိုတာဘာလဲ။

CRBT ဝန်ဆောင်မှုကို လက်ရှိအသုံးပြုထားသူထံသို့ CRBT ဝန်ဆောင်မှု အသုံးမပြုထားသူမှ ဖုန်းခေါ်ဆိုသောအခါ * ကို နှိပ်ခြင်းဖြင့် CRBT Ring Tune ဝန်ဆောင်မှုကို အလွယ်တကူရယူနိုင်သည့် လုပ်ဆောင်ချက်ဖြစ်သည်။

18. CRBT ဝန်ဆောင်မှုကို *Copy ဖြင့် ဘယ်လိုရယူနိုင်ပါသလဲ။

  • ဖုန်းခေါ်ဆိုသူမှ CRBT ဝန်ဆောင်မှုကို ရယူထားသူထံသို့ ဖုန်းခေါ်ဆိုသောအခါ ၃ စက္ကန့်မှ ၄ စက္ကန့်ကြားတွင် တေးသွားကိုရယူရန် * ကိုနှိပ်ပါ၊ ဟု စတင်ကြားရမှာ ဖြစ်ပြီး ထို့နောက်တွင် CRBT တေးသွားကို စတင်ကြားရမည်ဖြစ်သည်။
  • ခေါ်ဆိုသူသည် CRBT ရယူထားသူထံသို့ ဖုန်းခေါ်ဆိုနေစဉ်အတွင်း * ကို နှိပ်၍ ထိုတေးသွားကိုရယူနိုင်သည်။
  • တေးသွားကိုကြားနေရသည့် အချိန်အတွင်းတွင်သာ * ကိုနှိပ်၍ တေးသွားကို ရယူနိုင်သည်။
  • CRBT ရယူထားသူ/ခေါ်ဆိုသူထံသို့ ဖုန်းဝင်သွားသောအခါ * ကိုနှိပ်သော်လည်း မည်သည့်လုပ်ဆောင်ချက်မှ လုပ်ဆောင်မည် မဟုတ်ပါ။

19. CRBT ဝန်ဆောင်မှုအား ရယူထားခြင်းမရှိသူများအတွက် * copy function မှတစ်ဆင့်ဝန်ဆောင်မှုရယူပါက ဝန်ဆောင်ခ ဘယ်လောက်ကျသင့်ပါသလဲ။

• သံစဉ်ဘူဖေး (အကန့်အသတ်မရှိတေးသီချင်း) ဝန်ဆောင်မှုကိုရရှိမည်ဖြစ်ပြီး တစ်ရက်လျှင် ၁၅၀ကျပ် (အခွန်ပါပြီးသား) ကျသင့်ပါမည်။

20. CRBT ဝန်ဆောင်မှုရယူထားသူများအတွက် တေးသွားတစ်ပုဒ် ဒေါင်းလော့ လုပ်ခြင်းအတွက် ဘယ်လောက်ကျသင့်ပါသလဲ။

အသုံးပြုသူရယူထားသည့် အစီအစဉ်ပေါ်မူတည်ပါသည်၊

  • အကယ်၍ အသုံးပြုသူသည် လစဉ်/အပတ်စဉ်/ နေ့စဉ် အစီအစဉ်ကို (တေးသီချင်း တစ်လစာဖြင့်) ရယူထားပါက တစ်လလျှင် ၃၁၅ ကျပ် ကျသင့်မည်ဖြစ်သည်။
  • အကယ်၍ အသုံးပြုသူသည် နေ့စဉ်အစီအစဉ်ကို (တေးသီချင်း တစ်နေ့စာဖြင့်) ရယူထားပါက တစ်နေ့လျှင် ၁၃ ကျပ် ကျသင့်မည်ဖြစ်သည်။

21. CRBT ဝန်ဆောင်မှုရယူထားသူထံသို့ ဖုန်းခေါ်ဆိုနေစဉ်အတွင်း * Copy ကို မကြားလိုလျှင် ဘယ်လိုလုပ်သင့်ပါသလဲ။

  • Customer Care သို့ ဆက်သွယ်၍ Blacklisting အတွက် တောင်းဆိုနိုင်ပါသည်။ ၄၈ နာရီအတွင်း လုပ်ဆောင်ပေးပါသည်။

22. ကျွနုပ်ထံသို့ ဖုန်းခေါ်သူများ ဖုန်းခေါ်ဆိုနေစဉ်အတွင်း * Copy ကို မကြားစေလိုလျှင် ဘယ်လိုလုပ်သင့်ပါသလဲ။

  • Customer Care သို့ ဆက်သွယ်၍ Blacklisting အတွက် တောင်းဆိုနိုင်ပါသည်။ ၄၈ နာရီအတွင်း လုပ်ဆောင်ပေးပါသည်။

23။ သံစဉ်ဘူဖေး (အကန့်အသတ်မရှိတေးသီချင်းများ) အစီအစဉ်ဆိုတာ ဘာလဲ။

  • သံစဉ်ဘူဖေး (အကန့်အသတ်မရှိတေးသီချင်းများ) အစီအစဉ်ဆိုသည်မှာ အသုံးပြုသူများသည် မိမိတို့ကြိုက်နှစ်သက်သော တေးသီချင်းများကို တစ်နေ့တာအတွင်း အကန့်အသတ်မရှိ ရယူနိုင်သော အစီအစဉ်ဖြစ်ပါသည်။
  • တေးသီချင်းအရေအတွက်ဘယ်လောက်များများ အပိုဝန်ဆောင်ခ ထပ်မံကောက်ခံမည်မဟုတ်ပါ။

24။ သံစဉ်ဘူဖေး (အကန့်အသတ်မရှိတေးသီချင်းများ) အစီအစဉ်၏ ဝန်ဆောင်ခမှာ ဘယ်လောက်ကျသင့်ပါသလဲ။

အသုံးပြုသူများသည် သံစဉ်ဘူဖေး (အကန့်အသတ်မရှိတေးသီချင်းများ) အစီအစဉ်အတွက် ဝန်ဆောင်ခ ၁ ရက်လျှင် ၁၅၀ ကျပ်ကျသင့်မည်ဖြစ်သည်။

25။ ဝန်ဆောင်မှုကို အလိုအလျောက်သက်တမ်းတိုးမည်လား။

အသုံးပြုသူမှ ဝန်ဆောင်မှုကို မပယ်ဖျက်ခင်အထိ နေ့စဉ် အလိုအလျောက် သက်တမ်းတိုးသွားမည်ဖြစ်ပါသည်။

26။ သံစဉ်ဘူဖေး (အကန့်အသတ်မရှိတေးသီချင်းများ) အစီအစဉ်အား မည်သည့်နည်းလမ်းများဖြင့် ရယူနိုင်ပါသလဲ။

SMS (စာတို) – 7979 သို့ UL ဟုပေးပို့ပါ။(အသုံးပြုသူအသစ်များအတွက်)
USSD – *7979*1# သို့ ခေါ်ဆိုပါ။
IVR – 7979 သို့ ခေါ်ဆို၍ ညွှန်ကြားချက်များအတိုင်း လုပ်ဆောင်ပါ။
Website – https://ringtune.mpt.com.mm/crbt-web-portal/ သို့ဝင်ရောက်လေ့လာပါ။
Customer Care – MPT customer care 106 သို့ ဖုန်းခေါ်ဆိုပါ။

27။ ဝန်ဆောင်မှုအား မည်သည့်နည်းလမ်းများဖြင့် ပယ်ဖျက်နိုင်ပါသလဲ။

SMS (စာတို) – 7979 သို့ UNR ဟုပေးပို့ပါ။
USSD – *7979*6# သို့ ခေါ်ဆိုပါ။
IVR – 7979 သို့ ခေါ်ဆို၍ ညွှန်ကြားချက်များအတိုင်း လုပ်ဆောင်ပါ။
Website – https://ringtune.mpt.com.mm/crbt-web-portal/သို့ဝင်ရောက်၍ ကျွန်ုပ်၏ အကောင့် အောက်တွင် စစ်ဆေးပါ။
Customer Care – MPT customer care 106 သို့ ဖုန်းခေါ်ဆိုပါ။

28။ တေးသီချင်း download လုပ်ခြင်းအတွက် ဝန်ဆောင်ခ ကျသင့်မည်လား။

  • တေးသီချင်း download လုပ်ခြင်းအတွက် သီခြားကျသင့်မည်မဟုတ်ပါ။
  • အသုံးပြုသူသည် ဝန်ဆောင်ခအတွက် ၁ ရက်လျှင် ၁ ကြိမ်သာပေးဆောင်ရမည်ဖြစ်ပြီး တေးသီချင်းများကို အကန့်အသတ်မရှိ download ရယူနိုင်ပါသည်။

29။ တေးသီချင်းအရေအတွက် မည်မျှ အခမဲ့ download လုပ်နိုင်ပါသလဲ။

အသုံးပြုသူများသည် တေးသီချင်းအရေအတွက် အကန့်အသတ်မရှိ အခမဲ့ download လုပ်နိုင်ပါသည်။

30။ ကျွန်ုပ်၏ တေးသီချင်းစာရင်းထဲတွင် တစ်ကြိမ်လျှင်တေးသီချင်းအရေအတွက် မည်မျှ သိမ်းဆည်းထားနိုင်ပါသလဲ။

တစ်ကြိမ်လျှင် တေးသီချင်းအရေအတွက် အများဆုံး ၂၀ အထိ သိမ်းဆည်းထားနိုင်ပါသည်။

31။ အကယ်၍ ကျွန်ုပ်၏တေးသီချင်းစာရင်းတွင် တေးသီချင်းအရေအတွက် အများဆုံးအထိ ရောက်ရှိသွားပါက မည်သို့ဖြစ်မည်နည်း။

  •  အကယ်၍ အသုံးပြုသူ၏ တေးသီချင်းစာရင်းတွင်အများဆုံးတေးသီချင်းအရေအတွက် ပြည့်သွားပါက တေးသီချင်းများကို ထပ်မံထည့်သွင်းနိုင်စေရန် လက်ရှိတေးသီချင်းကို ဖယ်ရှားရပါမည်။
  • လက်ရှိတေးသီချင်းများကို ပယ်ဖျက်နိုင်ရန် – https://ringtune.mpt.com.mm သို့ဝင်ရောက်နိုင်ပါသည် (သို့) 7979 သို့ ခေါ်ဆို၍ညွှန်ကြားချက်များအတိုင်းလုပ်ဆောင်ပါ။ (သို့) *7979# သို့ ခေါ်ဆိုပါ။

32။ အကယ်၍ ringtune ဝန်ဆောင်မှုကို လက်ရှိရယူထားသူဖြစ်ပါက သံစဉ်ဘူဖေး (အကန့်အသတ်မရှိတေးသီချင်းများ) အစီအစဉ်ကို မည်သို့ရယူနိုင်မည်နည်း။

အကယ်၍ ringtune ဝန်ဆောင်မှုကို လက်ရှိရယူထားသူဖြစ်ပါက သံစဉ်ဘူဖေး (အကန့်အသတ်မရှိတေးသီချင်းများ) အစီအစဉ်ကိုအောက်ပါအတိုင်းနည်းလမ်းများအတိုင်းရယူနိုင်ပါသည်။
SMS (စာတို) – 7979 သို့ UP ဟုပေးပို့ပါ။
USSD – *7979*1# သို့ ခေါ်ဆိုပါ။
IVR – 7979 သို့ ခေါ်ဆို၍ ညွှန်ကြားချက်များအတိုင်း လုပ်ဆောင်ပါ။
Website – https://ringtune.mpt.com.mm/crbt-web-portal/ သို့ဝင်ရောက်လေ့လာပါ။

Customer Care – MPT customer care 106 သို့ ဖုန်းခေါ်ဆိုပါ။

33။ အကယ်၍ ရယူထားသော ပုံမှန် ringtune အစီအစဉ်မှ သံစဉ်ဘူဖေး (အကန့်အသတ်မရှိတေးသီချင်းများ) အစီအစဉ်သို့ မြှင့်တင်ပြောင်းလဲလိုက်လျှင် တေးသီချင်းစာရင်းထဲရှိ တေးသီချင်းများမည်သို့ဖြစ်မည်နည်း။

တေးသီချင်းစာရင်းထဲရှိတေးသီချင်းများကို ပယ်ဖျက်မည်မဟုတ်ပဲ အသစ် download လုပ်မည့် တေးသီချင်းများနှင့်အတူ ဆက်လက်ရှိနေမည်ဖြစ်သည်။

34. Ringtune ဝန်ဆောင်မှုကို မည်သူတွေ ရယူနိုင်ပါသလဲ။

GSM ဆင်းမ်ကဒ် အသုံးပြုသူများသာလျှင် Ringtune ဝန်ဆောင်မှုကို ရယူနိုင်ပါသည်။
ရန်ကုန် CDMA 450 Mhz၊ ရန်ကုန် CDMA 800 Mhz နှင့် မန္တလေး CDMA 450 Mhz အသုံးပြုသူများ ဝန်ဆောင်မှုကို မရရှိနိုင်ပါ။

best operator in Myanmar