ယူထား ဒေတာ ၀န်ဆောင်မှု ဆိုတာဘာလဲ?

MPT သုံးစွဲသူများအနေဖြင့် လက်ကျန်ဒေတာ လျော့နည်းနေသည့်အချိန်တိုင်းတွင် ဆက်လက်အသုံးပြုနိုင်ရန်အတွက် “Yu Htar DATA” ဝန်ဆောင်မှုမှ ဒေတာပက်ကေ့ချ်ကိုချေးယူနိုင်ပါသည်။ “Yu Htar DATA” ဝန်ဆောင်မှုကို အရေးပေါ် အခြေအနေများနှင့် ဒေတာ၀ယ်ယူရန် လွယ်ကူခြင်းမရှိသည့် အခြေအနေများတွင် *900# ကိုခေါ်ဆို၍ ဒေတာချေးယူနိုင်ပါသည်။ သင်၏ဒေတာချေးငွေပမာဏ ကန့်သတ်ချက်အပေါ်မူတည်၍ 215 MB၊ 303 MB၊ 500 MB၊ 755 MB၊ 1024 MBနှင့် 2048 MB တို့ကိုချေးယူနိုင်ပါသည်။ ဒေတာပက်ကျသင့်ငွေ နှင့် ၀န်ဆောင်ခကို သင်၏ဖုန်းဘေလ်လက်ကျန်ပေါ်မူတည်၍ နောက်တစ်ကြိမ် ငွေဖြည့်သွင်းရာတွင် တစ်စိတ်တစ်ပိုင်း (သို့) အပြည့်အ၀ဖြတ်တောက်သွားပါမည်။

  • ယူထား ဒေတာ ဝန်ဆောင်မှု

    ဒေတာပက်ကျသင့်ငွေ: ၇၉၉ ကျပ်

    ဒေတာပမာဏ: ၂၁၅ MB

    ၀န်ဆောင်ခ: ၈၀ ကျပ်

    စုစုပေါင်းကျသင့်ငွေ: ၈၇၉ ကျပ်

    သက်တမ်း: ၃၀ ရက်

    Direct USSD : *900#

    ဝယ်ယူရန်
  • ယူထား ဒေတာ ဝန်ဆောင်မှု

    ဒေတာပက်ကျသင့်ငွေ: ၉၉၉ ကျပ်

    ဒေတာပမာဏ: ၃၀၃ MB

    ၀န်ဆောင်ခ : ၁၂၅ ကျပ်

    စုစုပေါင်းကျသင့်ငွေ: ၁၁၂၄ ကျပ်

    သက်တမ်း: ၃၀ ရက်

    Direct USSD : *900#

    ဝယ်ယူရန်
  • ယူထား ဒေတာ ဝန်ဆောင်မှု

    ဒေတာပက်ကျသင့်ငွေ: ၁၆၄၉ ကျပ်

    ဒေတာပမာဏ:၅၀၀ MB

    ၀န်ဆောင်ခ: ၂၄၇ ကျပ်

    စုစုပေါင်းကျသင့်ငွေ: ၁၈၉၆ ကျပ်

    သက်တမ်း: ၃၀ ရက်

    Direct USSD : *900#

    ဝယ်ယူရန်
  • ယူထား ဒေတာ ဝန်ဆောင်မှု

    ဒေတာပက်ကျသင့်ငွေ: ၂၄၉၉ ကျပ်

    ဒေတာပမာဏ: ၇၅၅ MB

    ၀န်ဆောင်ခ: ၃၇၅ ကျပ်

    စုစုပေါင်းကျသင့်ငွေ : ၂၈၇၄ ကျပ်

    သက်တမ်း: ၃၀ ရက်

    Direct USSD : *900#

    ဝယ်ယူရန်
  • ယူထား ဒေတာ ဝန်ဆောင်မှု

    ဒေတာပက်ကျသင့်ငွေ: ၃၃၇၉ ကျပ်

    ဒေတာပမာဏ:၁၀၂၄ MB

    ၀န်ဆောင်ခ: ၅၀၇ ကျပ်

    စုစုပေါင်းကျသင့်ငွေ : ၃၈၈၆ ကျပ်

    သက်တမ်း: ၃၀ ရက်

    Direct USSD : *900#

    ဝယ်ယူရန်
  • ယူထား ဒေတာ ဝန်ဆောင်မှု

    ဒေတာပက်ကျသင့်ငွေ: ၆၇၅၉ ကျပ်

    ဒေတာပမာဏ:၂၀၄၈ MB

    ၀န်ဆောင်ခ: ၁၀၁၄ ကျပ်

    စုစုပေါင်းကျသင့်ငွေ : ၇၇၇၃ ကျပ်

    သက်တမ်း: ၃၀ ရက်

    Direct USSD : *900#

    ဝယ်ယူရန်

ယူထား ဒေတာ ဝန်ဆောင်မှုကို ဘယ်လိုရယူမလဲ?

mpt

Yu Htar Data service

mpt

Yu Htar Data service

ယူထား ဒေတာ ဝန်ဆောင်မှုကို ဘယ်လိုရယူမလဲ?

စည်းကမ်းသတ်မှတ်ချက်များ

အောက်ဖော်ပြပါ စည်းကမ်းချက်များနှင့်ကိုက်ညီသူများသည် “Yu Htar Data” ဝန်ဆောင်မှုမှ ဒေတာ ပက်ကေ့ချ်ကို ချေးယူနိုင်ပါသည်။

၁။ ဤဝန်ဆောင်မှုသည် Prepaid သုံးစွဲသူများအတွက်သာ ဖြစ်ပါသည်။

၂။ သင်၏ဆင်းကတ်သည် Blacklist တွင် ရှိမနေရပါ။

၃။ သင်၏ဆင်းကတ်သည် MPT ကွန်ရက်တွင် အသုံးပြုသည့် ရက်သက်တမ်းမှာ ရက်(၃၀) အထက် ရှိရပါမည်။

၄။ သင်သည် လွန်ခဲ့သော ရက် (၉၀)အတွင်း ဖုန်းဘေလ် အနည်းဆုံး တစ်ကြိမ် ဖြည့်ထားရပါမည်။

၅။ သင်သည် လွန်ခဲ့သော ရက် (၉၀)အတွင်း ဖုန်းဘေလ် အနည်းဆုံး (၃၀၀၀)ကျပ် ဖြည့်သွင်းထားရပါမည်။

မေးလေ့မေးထရှိသော မေးခွန်းများ

၁။ “ယူထား ဒေတာ ၀န်ဆောင်မှု” ၀န်ဆောင်မှုဆိုတာဘာလဲ?

MPT သုံးစွဲသူများအနေဖြင့် လက်ကျန်ဒေတာ လျော့နည်းနေသည့်အချိန်တွင် MPT ၏ “ယူထား ဒေတာ ၀န်ဆောင်မှု” ဝန်ဆောင်မှုမှ ဒေတာပက်ကေ့ချ်ကို ချေးယူ၍ ဆက်လက် အသုံးပြုနိုင်ပါသည်။ “ယူထား ဒေတာ ၀န်ဆောင်မှု” ဝန်ဆောင်မှုကို အရေးပေါ် အခြေအနေများနှင့် ဒေတာ၀ယ်ယူရန် လွယ်ကူခြင်းမရှိသည့် အခြေအနေများတွင် *900# ကိုခေါ်ဆို၍ ဒေတာ ချေးယူနိုင်ပါသည်။

၂။ “Yu Htar DATA” ၀န်ဆောင်မှုမှ ဒေတာပက်ကေ့ချ် ဘယ်လိုချေးယူရမလဲ?

“Yu Htar DATA” ၀န်ဆောင်မှုမှ ဒေတာပက်ကေ့ချ် ချေးယူရန် အောက်တွင်ဖော်ပြပါအတိုင်း လုပ်ဆောင်နိုင်ပါသည်။

  • *900# ကိုခေါ်ဆိုပြီး ဒေတာပက်ကေ့ချ်ချေးယူခြင်း
  • 9000 သို့ သင်ချေးယူလိုသော ဒေတာပမာဏ (215, 303, 500, 755, 1024, 2048) ကို စာတို (SMS) ပေးပို့၍ ဒေတာပက်ကေ့ချ်ချေးယူခြင်း
  • MPT4U application မှတဆင့် ဒေတာပက်ကေ့ချ်ချေးယူခြင်း

၃။ “ယူထား ဒေတာ ၀န်ဆောင်မှု” ၀န်ဆောင်မှုမှ ဒေတာပက်ကေ့ချ် ချေးယူရန် ဘယ်လိုအခြေအနေမျိုးတွေ လိုအပ်ပါသလဲ?

“ယူထား ဒေတာ ၀န်ဆောင်မှု” ၀န်ဆောင်မှုမှ ဒေတာပက်ကေ့ချ် ချေးယူရန် အောက်တွင် ဖော်ပြပါအခြေအနေများ လိုအပ်ပါသည်။

  • သင်သည် Pre-Paid အသုံးပြုသူ ဖြစ်ရပါမည်။
  • သင်၏ ဆင်းကတ်သည် Blacklist တွင် ရှိမနေရပါ။
  • သင်၏ ဆင်းကတ်သည် MPT ကွန်ရက်တွင် အသုံးပြုသည့်ရက်သက်တမ်းမှာ ရက်(၃၀) အထက်ရှိရပါမည်။
  • သင်သည် လွန်ခဲ့သော ရက်(၉၀)အတွင်း ဖုန်းဘေလ် အနည်းဆုံး (၁) ကြိမ် ဖြည့်ထားရပါမည်။
  • သင်သည် လွန်ခဲ့သော ရက်(၉၀)အတွင်း ဖုန်းဘေလ် အနည်းဆုံး (၃၀၀၀) ကျပ် ဖြည့်သွင်းထားရပါမည်။
  • သင် ဒေတာ ချေးယူနိုင်သော ပမာဏကို MPT ဖုန်းဘေလ်ဖြည့်သွင်းသော ပမာဏနှင့် ဖြည့်သွင်းသည့်အကြိမ်ပေါ်မူတည်၍ ကန့်သတ်တွက်ချက်ပါမည်။

၄။ “ယူထား ဒေတာ ၀န်ဆောင်မှု” ၀န်ဆောင်မှုမှ ဒေတာဘယ်လောက်ထိချေးယူနိုင်သလဲ?

သတ်မှတ်ထားသော သင်၏ ဒေတာပက်ကေ့ချ်  ချေးငွေပမာဏပေါ်မူတည်၍ အောက်တွင် ဖော်ပြပါဇယားအတိုင်း ပမာဏများကို ချေးယူနိုင်ပါသည်။

ချေးယူနိုင်သောဒေတာပမာဏ သက်တမ်း ဒေတာပက်ကျသင့်ငွေ ၀န်ဆောင်ခ စုစုပေါင်းကျသင့်ငွေ
၂၁၅ MB ၃၀ ရက် ၇၉၉ ကျပ် ၈၀ ကျပ် ၈၇၉ ကျပ်
၃၀၃ MB ၃၀ ရက် ၉၉၉ ကျပ် ၁၂၅ ကျပ် ၁၁၂၄ ကျပ်
၅၀၀ MB ၃၀ ရက် ၁၆၄၉ ကျပ် ၂၄၇ ကျပ် ၁၈၉၆ ကျပ်
၇၅၅ MB ၃၀ ရက် ၁၄၉၉ ကျပ် ၃၇၅ ကျပ် ၂၈၇၄ ကျပ်
၁၀၂၄ MB ၃၀ ရက် ၃၃၇၉ ကျပ် ၅၀၇ ကျပ် ၃၈၈၆ ကျပ်
၂၀၄၈ MB ၃၀ ရက် ၆၇၅၉ ကျပ် ၁၀၁၄ ကျပ် ၇၇၇၃ ကျပ်

ဒေတာပက် ကျသင့်ငွေ နှင့် ၀န်ဆောင်ခကို သင်၏ဖုန်းဘေလ်လက်ကျန်ပေါ်မူတည်၍ နောက်တစ်ကြိမ် ငွေဖြည့်သွင်းရာတွင် တစ်စိတ်တစ်ပိုင်း (သို့) အပြည့်အ၀ ဖြတ်တောက်သွားပါမည်။

၅။ ချေးယူထားသော ဒေတာပက်ကေ့ချ်ကိုဘာတွေအသုံးပြုနိုင်သလဲ?

ချေးယူထားသော ဒေတာပက်ကေ့ချ်သည် ဒေတာ၀န်ဆောင်မှု အားလုံးတွင် အသုံးပြုနိုင်ပါသည်။

၆။ ချေးယူထားသော ဒေတာပက်ကေ့ချ် အသုံးပြုနိုင်သောသက်တမ်းကဘယ်လောက်လဲ?

ချေးယူထားသော ဒေတာပက်ကေ့ချ် အသုံးပြုနိုင်သော သက်တမ်းမှာ ရက် (၃၀) ဖြစ်ပါသည်။

၇။ “ယူထား ဒေတာ ၀န်ဆောင်မှု” ၀န်ဆောင်မှုမှာ ကျန်ရှိနေတဲ့ ကြွေးကျန်ကိုဘယ်လိုစစ်ဆေးနိုင်ပါသလဲ?

  • *900*7# ကိုခေါ်ဆိုပါ။
  • Dial *900# ကိုခေါ်ဆိုပါ   >   အသေးစိတ်   >   ပေးရန်ကျန်ငွေ
  • 9000 သို့ “Eligible” or “Debt” ဟု SMS ပေးပို့၍စစ်ဆေးခြင်း
  • MPT4U Application မှတစ်ဆင့်စစ်ဆေးခြင်း

၈။ “ယူထား ဒေတာ ၀န်ဆောင်မှု” ၀န်ဆောင်မှုမှ သင်၏ဒေတာပက်ကေ့ချ်ချေးငွေရယူနိုင်သောပမာဏကို ဘယ်လိုစစ်ဆေးနိုင်ပါသလဲ?

  • *900*9# ကိုခေါ်ဆိုပါ။
  • Dial *900# ကိုခေါ်ဆိုပါ   >  အသေးစိတ်   >  ချေးငွေရယူရန် စစ်ဆေး
  • 9000 သို့ “Eligible” (သို့မဟုတ်) “Data” ဟု SMS ပေးပို့၍စစ်ဆေးခြင်း
  • MPT4U Application မှတစ်ဆင့်စစ်ဆေးခြင်း

၉။ “ယူထား ဒေတာ ၀န်ဆောင်မှု” ၀န်ဆောင်မှုမှ သင်၏ ဒေတာပက်ကေ့ချ် ချေးငွေမှတ်တမ်းကို ဘယ်လိုစစ်ဆေးနိုင်ပါသလဲ?

  • *900*5# ကိုခေါ်ဆိုပါ။
  • Dial *900# ကိုခေါ်ဆိုပါ  >  အသေးစိတ်  >  ချေးငွေမှတ်တမ်း
  • 9000သို့ History ဟု SMS ပေးပို့၍စစ်ဆေးခြင်း

၁၀။ MPT မှ ဒေတာပက်ကေ့ချ် ချေးငွေပမာဏ ကန့်သတ်ချက်ကို ဘယ်လိုသတ်မှတ်ထားပါသလဲ?

ဒေတာပက်ကေ့ချ် ချေးငွေပမာဏ ကန့်သတ်ချက်ကို အောက်တွင် ဖော်ပြပါအချက်များကို အခြေခံ၍ သတ်မှတ်ထားပါသည်။

  • ဖုန်းဘေလ် ဖြည့်သွင်းသည့် အကြိမ်အရေအတွက်
  • ဖုန်းဘေလ် ဖြည့်သွင်းသောပမာဏ
  • MPT ကွန်ရက်တွင် အသုံးပြုသော ရက် အရေအတွက်

၁၁။ မိမိမှာ ဒေတာပက်ကေ့ချ်ချေးငွေ 303 MB ဘဲချေးယူနိုင်ပြီး အခြား MPT အသုံးပြုသူမှာ 2048 MB အထိချေးယူနိုင်တာဘာကြောင့်ပါလဲ?

သင်၏ ဒေတာပက်ကေ့ချ် ချေးငွေပမာဏကို အောက်တွင် ဖော်ပြပါအချက်များကို အခြေခံ၍ ကန့်သတ်ချက်များကို စနစ် (System) မှ သတ်မှတ်ပါသည်။

  • ဖုန်းဘေလ် ဖြည့်သွင်းသည့် အကြိမ်အရေအတွက်
  • ဖုန်းဘေလ် ဖြည့်သွင်းသောပမာဏ
  • MPT ကွန်ရက်တွင် အသုံးပြုသော ရက် အရေအတွက်

သင်၏ ဒေတာ ပက်ကေ့ချ် ချေးငွေပမာဏကို တိုးမြှင့်ပြီး ပမာဏများများ ရရှိနိုင်ရန် MPT ကွန်ရက်ကို အမြဲအသုံးပြုနေပြီး ဖုန်းဘေလ် မကြာခဏ ဖြည့်သွင်းမှု ပြုလုပ်သင့်ပါသည်။

၁၂။ လက်ရှိ ချေးငွေပမာဏကို ပြန်မဆပ်ဘဲ ချေးငွေ ဘယ်လောက်အထိ ချေးယူနိုင်ပါလဲ။

သင်ရယူနိုင်သည့်ချေးငွေပမာဏပေါ်မူတည်၍ အများဆုံးဒေတာပမာဏအထိလက်ရှိချေးငွေကိုပြန်လည်မ‌ပေးဆပ်ပဲချေးယူနိုင်ပါသည်။ ဖုန်းငွေပြန်လည်ဖြည့်သွင်းခြင်းဖြင့်တစ်စိတ်တစ်ပိုင်း(သို့မဟုတ်)အပြည့်အဝပြန်လည်ပေးချေးနိုင်ပါသည်။ဒေတာချေးယူသူများသည် 2048 MB ထက်ပိုသော ဒေတာပမာဏကိုချေးယူခွင့်မရှိပါ။

၎င်းတို့ရယူနိုင်သည့် ဒေတာပမာဏသည် ချေးယူခွင့်ရမှတ်ပေါ်မူတည်၍ အများဆုံးဒေတာ ချေးယူခွင့် ကန့်သတ်ချက်မှာအောက်ဖော်ပြပါအချက်များအပေါ်မူတည်၍ကွဲပြားနိုင်ပါသည်။

  • ဖုန်းဘေလ်ဖြည့်သွင်းသည့် အကြိမ်အရေအတွက်
  • ဖုန်းဘေလ်ဖြည့်သွင်းသောပမာဏ
  • MPT ကွန်ရက်တွင် အသုံးပြုသော ရက် အရေအတွက်
best operator in Myanmar