အမေးများသောမေးခွန်းများ
1."ရှဲပြီးယူ" ဆိုတာဘာလဲ?
“ ရှဲပြီးယူ” အစီအစဉ် ဆိုတာကတော့ ကိုယ့်ရဲ့ မိသားစုဝင်တွေ၊ သူငယ်ချင်:တွေ နဲ့ အသိမိတ်ဆွေ တွေထဲက MPT4U Application တစ်ခါမှ မသုံးဖူးသေးတဲ့ သူတွေကို MPT4U အသုံးပြုရန် ဖိတ်ခေါ်လိုက်ရုံလေးနဲ့ မိမိကိုယ်တိုင်ရော ဖိတ်ခေါ်ခံလိုက်ရတဲ့သူရော လက်ဆောင် 2000 Kyats ရှိမယ့်အစီအစဉ်လေးပဲ ဖြစ်ပါတယ် ။
2.ပရိုမိုးရှင်းကာလက ဘယ်ချိန်ထိလဲ?
ပရိုမိုးရှင်းကာလမှာ အောက်တိုဘာလ(၁၂)ရက်မှ ထပ်မံမကြေညာခင်အထိ ဖြစ်ပါသည်။
3. "ရှဲပြီးယူ"အစီအစဥ်မှာ ဘယ်လိုပါဝင်ရမလဲ?
MPT4UအသုံးပြုသူကMPT4U app ရဲ့” ရှဲပြီးယူ” Banner နှင့် “ ရှဲပြီးယူ” Icon တို့မှတစ်ဆင့်ဖိတ်ခေါ်စာကို မိမိရဲ့သူငယ်ချင်းများထံMPT4Uကို ဒေါင်းလုတ်ဆွဲအသုံးပြုရန် အလွယ်တကူပေးပို့ဖိတ်ခေါ်ပြီးပါဝင်နိုင်ပါသည်။
4. ဘယ်သူတွေပါဝင်လို့ရပါသလဲ?
MPT4U အသုံးပြုသူအားလုံး “ ရှဲပြီးယူ” အစီအစဥ်မှာပါဝင်လို့ရပါတယ်။
5. "ရှဲပြီးယူ" အစီအစဥ်မှ ဘယ်လိုဆုတွေရရှိနိုင်မှာလဲ?
ဖိတ်ခေါ်စာပေးပို့သူမိမိကိုယ်တိုင်ရော ဖိတ်ခေါ်ခံလိုက်ရတဲ့သူရော နှစ်ဦးစလုံးအတွက်၂၀၀၀ကျပ် စီရရှိမှာဖြစ်ပါသည်။
6. ဆု သက်တမ်းကုန်ဆုံးရက်က ဘယ်လောက်လဲ?
ဆုလက်ဆောင်သက်တမ်းက(၅)ရက်ဖြစ်ပါတယ်။
7. ရလာတဲ့ဆုကိုဘယ်လိုအသုံးပြုလို့ရနိုင်မလဲ?
MPTဖုန်းများသို့ ဖုန်းခေါ်ဆိုရန်/စာတိုပေးပို့ရန်အတွက် သုံးသလောက်ပေးနှုန်းထားဖြင့် အသုံးပြုနိုင်ပါသည်။ပက်ကေ့ချ်ဝယ်ယူ၍မရပါ။လွှဲပြောင်းပေးလို့မရပါ။
8. ဘယ်လိုလူတွေကိုဖိတ်ခေါ်လို့ရမလဲ?
MPTဆင်းကဒ်အသုံးပြုသူဖြစ်ပြီး MPT4Uကို တစ်ခါမှ login ဝင်မထားဖူးသူကိုသာလျှင် ဖိတ်ခေါ်စာပေးပို့နိုင်ပါမည်။
9. ပေးပို့ဖိတ်ခေါ်သူသည် မိမိသူငယ်ချင်းက MPT4U အသုံးပြုထားသူဟုတ်မဟုတ်ဘယ်လိုသိနိုင်မလဲ?
ဖိတ်ခေါ်လိုသည့်သူငယ်ချင်းသည် MPT4U ကိုloginဝင်ထားဖူးသူဖြစ်ပါက ပေးပို့ဖိတ်ခေါ်၍မရပါ။Error မက်စေ့ဖြင့်ဖော်ပြပါမည်။
10. ဘယ်လိုအခြေနေမှာ ဆုလက်ဆောင်၂၀၀၀ကျပ် ရရှိမလဲ?
ဖိတ်ခေါ်ခံရသူသည် ပေးပို့လာသောဖိတ်ခေါ်စာမှအောင်မြင်စွာဒေါင်းလုတ်ဆွဲပြီးapp ကိုloginဝင်ပြီးလျှင် ပေးပို့ဖိတ်ခေါ်သူရဲ့ဖုန်းနံပါတ်ကိုရိုက်ထည့်လိုက်တာနဲ့ ဖိတ်ခေါ်သူနှင့်ဖိတ်ခေါ်ခံရသူ ၂ ဦးစလုံးအတွက် ၂၀၀၀ကျပ် ဆုလက်ဆောင်ရရှိပါမည်။
11. ပေးပို့သူ Invitor အတွက်အရေတွက်ကန့်သတ်ချက်ရှိပါသလား?
ဖိတ်ခေါ်သူအတွက် ပေးပို့ဖိတ်ခေါ်ခြင်းအရေအတွက် ကန့်သတ်ထားခြင်းမရှိပါ။
12. လက်ခံသူ Receiver အတွက် လက်ခံမှုသည်အရေတွက်ကန့်သတ်ထားသလား?
ဖိတ်ခေါ်ခံရသူသည်ကမ်းလှမ်းချက်ကိုတစ်ကြိမ်သာ အောင်မြင်စွာလုပ်ဆောင်ခွင့်ရှိပြီး သူကိုယ်တိုင်လည်းတစ်ခြားသူငယ်ချင်းများကို ပြန်လည်ဖိတ်ခေါ်ပြီးဆုတွေထပ်မံရယူနိုင်ပါသည်။
13. ပေးပို့ဖိတ်ခေါ်သူနှင့်လက်ခံသူ သည်ရရှိမယ့်ဆုတွေတူပါသလား?
ပေးပို့ဖိတ်ခေါ်သူနှင့်လက်ခံသူသည် ရရှိမယ့်ဆုတွေတူညီပါသည်။
14. တစ်ခြားoperator နံပါတ်ရောပေးပို့လို့ရပါသလား?
မရပါ။MPTနံပါတ်များသာလျှင်ပေးပို့နိုင်ပါသည်။
15. ဖုန်းနံပါတ် တစ်ခုကတစ်နေ့လျှင်အကြိမ်ရေဘယ်လောက်ပေးပို့နိုင်သလဲ?
အရေတွက်ကန့်သတ်ချက်မရှိပါ။
16. ဆု တစ်ကြိမ်ထပ်ပိုရခဲ့လျှင်ဆုရဲ့သက်တမ်းက နောက်ဆုံးရရှိတဲ့ဆု သက်တမ်းအတိုင်းတိုးမှာလား?
မတိုးပါ။ရရှိလာသောဆုရဲ့သက်တမ်းများပေါင်းစည်းမည်မဟုတ်ပါ။