အကြိုက်ပို့ ပက်ကေ့ချ်

MPTမှ တန်ဖိုးထားလေးစားရပါသော သုံးစွဲသူများအားလုံးအတွက် ကိုယ်ချစ်ခင်ရတဲ့ မိသားစု၊ မိတ်ဆွေ၊ သူငယ်ချင်းများနှင့် ပိုမိုဆက်သွယ်နိုင်ရန် MPT အချင်းချင်း SMS များ စိတ်ကြိုက်ပေးပို့နိုင်သော အကြိုက်ပို့ ပက်ကေ့ချ်ကို မိတ်ဆက်ပေးလိုက်ပါပြီ။
ဒီပက်ကေ့ချ်လေးမှာ မတူညီသော သုံးစွဲခွင့်သက်တမ်းများနှင့် မိမိကြိုက်နှစ်သက်ရာ SMS အရေအတွက်အလိုက် အောက်ပါ ပက်ကေ့ချ် (၂) မျိုးကို ရွေးချယ်ဝယ်ယူနိုင်ပါတယ်။

အကြိုက်ပို့ ပက်ကေ့ချ်

အကြိုက်ပို့ ပက်ကေ့ချ်ကို *2427# သို့ခေါ်ဆိုပြီးဖြစ်စေ၊ MPT4U Appမှဖြစ်စေ အခြားသော မိမိကြိုက်နှစ်သက်ရာနည်းလမ်းများဖြင့် ဝယ်ယူအသုံးပြုနိုင်ပါသည်။
ပရိုမိုးရှင်းကာလ ၂၀၂၃ခုနှစ် ဇွန်လ(၁) ရက်နေ့မှ  ထပ်မံမကြေညာခင်အချိန်အထိ

အလိုအလျောက်သက်တမ်းတိုး အကြိုက်ပို့ ပက်ကေ့ချ်

စာတိုပေးပို့ခြင်းကို ကြိုက်နှစ်သက်သော သုံးစွဲသူများအတွက် အဆိုပြု၀ယ်ယူထားရုံဖြင့် အလိုအလျောက် သက်တမ်းတိုး ၀ယ်ယူသွားပေးမည့် (၇) ရက်သုံး SMS အကြိုက်ပို့ ပက်ကေ့ချ်ဖြစ်ပါသည်။

  • a kyite poh mpt

    အလိုအလျောက်သက်တမ်းတိုး
    အကြိုက်ပို့ ၇ ရက် ပက်ကေ့ချ်

    စျေးနှုန်း : ၈၈၇ကျပ်

    SMS: ၅,၀၀၀ SMS (MPT-MPT)

    သက်တမ်း: ၇ ရက်

    ဝယ်ယူရန်: MPT4U, *2427*2*3#

    ပယ်ဖျက်ရန် : MPT4U, *2427*2*4#

    MPT4U မှဝယ်ယူရန် USSD ဖြင့် ဝယ်ယူရန်

သင်စိတ်ဝင်စားနိုင်သော ပရိုမိုးရှင်းများ

A Kyite Poh Auto Renewal

စျေးနှုန်း : ၈၈၇ကျပ်
SMS : ၅,၀၀၀ SMS (MPT-MPT)
သက်တမ်း: ၇ ရက်
ဝယ်ယူရန်: MPT4U, *2427*2*3#
ပယ်ဖျက်ရန် : MPT4U, *2427*2*4#

ပိုမို ကြည့်ရှု့ရန် ဝယ်ယူရန်

A Kyite Pyaw Pack

စျေးနှုန်:  ၉၈၇ ကျပ်
မိနစ် : ၇၅ မိနစ် (MPT-MPT)
သက်တမ်: : ၇ ရက်
ဝယ်ယူရန် : MPT4U, *600*3#

ပိုမို ကြည့်ရှု့ရန် ဝယ်ယူရန်

Data Carry Plus Auto Renew

ဈေးနှုန်း : ၉၉၇ ကျပ်
Data ပမာဏ : ၃၀၃ MB
သက်တမ်း : ၃၀ ရက်
၀ယ်ယူရန် : MPT4U, *777*3*3#

ပိုမို ကြည့်ရှု့ရန် ဝယ်ယူရန်

Data Carry Plus

ဈေးနှုန်း : ၇၉၉ ကျပ်
ဒေတာပမာဏ : ၂၁၅ MB
သက်တမ်း : ၃၀ ရက်
ဝယ်ယူရန် : MPT4U, *777*2#

ပိုမို ကြည့်ရှု့ရန် ဝယ်ယူရန်

A Kyite Poh

ဈေးနှုန်း : ၁၉၈ ကျပ်
SMS : ၁,၀၀၀ SMS (MPT-MPT)
သက်တမ်း : ၂၄ နာရီ
ဝယ်ယူရန် : MPT4U, *2427*1#

ပိုမို ကြည့်ရှု့ရန် ဝယ်ယူရန်

Kyite Yar Khaw Pack

စျေးနှုန်း : ၄၉၇ ကျပ်
မိနစ်များ : ၂၀ မိနစ် (Anycall)
သက်တမ်း : ၇ ရက်
ဝယ်ယူရန် : MPT4U, *997*3#

ပိုမို ကြည့်ရှု့ရန် ဝယ်ယူရန်

ထောဘီ ၅ ဆ

စျေးနှုန်: : ၁၀၀၀ ကျပ်
ထောဘီဖုန်းဘေလ် : ၅၀၀၀ ကျပ်(ထောဘီ ၅ဆ)
သက်တမ်း : ၁၅ ရက်
၀ယ်ယူရန် : MPT4U, *5001#

ပိုမို ကြည့်ရှု့ရန် ဝယ်ယူရန်

စည်းကမ်းသတ်မှတ်ချက်များ

အမေးများသောမေးခွန်းများ

၁။ အကြိုက်ပို့ အစီအစဉ်ဆိုတာဘာလဲ။

အကြိုက်ပို့ပက်ကေ့ချ် ဆိုသည်မှာ ပိုမိုသက်သာသောနှုန်းထားဖြင့် MPT ဖုန်းအချင်းချင်း SMS များ ပေးပို့ရန် အသုံးပြုနိုင်သော SMS ပက်ကေ့ချ်များဖြစ်ပါသည်။

၂။ ဘယ်လိုအကျိုးကျေးဇူးတွေရနိုင်လဲ?

အမည် ဈေးနှုန်း (ကုန်သွယ်ခွန် ပါဝင်ပြီး) သက်တမ်း SMS အရေအတွက်
(On-net)
ဝယ်ယူရန်
အကြိုက်ပို့
၂၄ နာရီ ပက်ကေ့ချ်
၁၉၈ ကျပ် ၂၄ နာရီ ၁,၀၀၀ *2427*1#
အကြိုက်ပို့
၇ ရက်
ပက်ကေ့ချ်
၈၉၈ ကျပ် ၇ ရက် ၅,၀၀၀ *2427*2#

၃။ ပက်ကေ့ချ်ကို မည်သူတွေဝယ်ယူအသုံးပြုနိုင်ပါသလဲ?

MPT GSM/WCDMA prepaid (ဆွေသဟာ) အသုံးပြုနေသူများအားလုံး ဝယ်ယူအသုံးပြုနိုင်ပါသည်။ CDMA, Postpaid, Base Tariff နှင့် လက်ရှိအသုံးပြုခြင်းမရှိသူများ ဝယ်ယူနိုင်မည်မဟုတ်ပါ။

၄။ ပက်ကေ့ချ်ကို မည်သို့ဝယ်ယူနိုင်ပါသလဲ?

*2427# သို့ ဖုန်းခေါ်ဆိုခြင်း (သို့မဟုတ်) MPT4U App မှတဆင့် ဝယ်ယူနိုင်ပါသည်။

၅။ ပက်ကေ့ချ်ဈေးနှုန်းများမှာအခွန်ပါဝင်ပြီးဖြစ်ပါသလား?

ပက်ကေ့ချ်ဈေးနှုန်းများမှာ အခွန် ၅% ပါဝင်ပြီးဖြစ်ပါသည်။

၆။ လက်ကျန်ပမာဏ နှင့် သက်တမ်းကိုဘယ်လိုစစ်ဆေးနိုင်မှာလဲ?

*224# သို့ ဖုန်းခေါ်ဆိုခြင်း (သို့မဟုတ်) MPT4U App မှတဆင့် စစ်ဆေး ကြည့်နိုင်ပါသည်။

၇။ ပက်ကေ့ချ်ကို အကြိမ်ရေ ဘယ်လောက်ထိ ဝယ်ယူနိုင်မှာလဲ?

အကြိုက်ပို့ ပက်ကေ့ချ်ကို အကြိမ်အရေအတွက် အကန့်အသတ်မရှိ ဝယ်ယူနိုင်ပါသည်။

၈။ ပက်ကေ့ချ် သက်တမ်းက မည်သို့ဖြစ်မှာလဲ?

  • အကြိုက်ပို့ ၂၄ နာရီ ပက်ကေ့ချ် ကိုဝယ်ယူသူသည် ၂၄ နာရီအပြည့်အဝ အသုံးပြုနိုင်မည်ဖြစ်ပါသည်။ လက်ရှိ အကြိုက်ပို့ ၂၄ နာရီ ပက်ကေ့ချ်သက်တမ်းမကုန်ခင် တူညီသော ပက်ကေ့ချ်အား ထပ်မံဝယ်ယူခြင်းဖြင့် ပက်ကေ့ချ်အချင်းချင်း ပေါင်းစည်း၍ သက်တမ်းတိုးနိုင်မည်မဟုတ်ပါ။ အကြိုက်ပို့ ၂၄ နာရီ ပက်ကေ့နှစ်ခုအား သီးခြားပက်ကေ့ချ်များအဖြစ် ၎င်းတို့၏ သက်တမ်းအတိုင်း အသုံးပြုနိုင်မည် ဖြစ်ပါသည်။
  • အကြိုက်ပို့ ၇ ရက် ပက်ကေ့ချ် ကိုဝယ်ယူသူသည် လက်ရှိ ပက်ကေ့ချ်သက်တမ်းမကုန်မီ အကြိုက်ပို့ ၇ ရက် ပက်ကေ့ချ်ကို ထပ်မံဝယ်ယူပါက SMS အရေအတွက်များ ပေါင်းစည်းသွားမည်ဖြစ်ပြီး နောက်ဆုံးဝယ်ယူသည့် ပက်ကေ့ချ်၏ သက်တမ်းအတိုင်း အသုံးပြုနိုင်မည်ဖြစ်ပါသည်။

၉။ ပက်ကေ့ချ် ရဲ့ expire date ကို ဘယ်လိုသတ်မှတ်မှာလဲ?

  • ၂၄နာရီ ပက်ကေ့ချ် ရဲ့ သက်တမ်း ကို real time date ဖြင့် သတ်မှတ်မှာ ဖြစ်ပါသည်။ ပက်ကေ့ချ် သက်တမ်းကို ၂၄ နာရီ အပြည့်အဝ အသုံးပြုနိုင်မည်ဖြစ်ပါသည်။ ဥပမာ-ဇွန်လ (၁)ရက်နေ့ရဲ့ မနက်၁၀နာရီမှာ ဝယ်ရင် ဇွန်လ (၂)ရက်နေ့ မနက် ၁၀နာရီမှာ သက်တမ်းကုန်ဆုံးမှာဖြစ်ပါသည်။
  • ၇ ရက် ပက်ကေ့ချ် ရဲ့ သက်တမ်း ကို calendar date ဖြင့် သတ်မှတ်မှာ ဖြစ်ပါသည်။ ဥပမာ-ဇွန်လ (၁)ရက်နေ့ရဲ့ မနက်၁၀နာရီမှာ ဝယ်ရင် ဇွန်လ (၇) ရက်နေ့ ည ၁၂ နာရီ မှာ သက်တမ်း ကုန်ဆုံးမှာ ဖြစ်ပါသည်။

၁၀။ အကြိုက်ပို့ ပက်ကေ့ချ်များကို ဝယ်ယူပြီး ထိပေါက် အစီအစဉ်တွင် ပါဝင်ကံစမ်းနိုင်ပါသလား?

ဟုတ်ကဲ့ ရပါတယ်။ မည်သည့် channel မှမဆို အကြိုက်ပို့ ပက်ကေ့ချ်များကိုဝယ်ယူပြီး ထိပေါက် ကစားခွင့် (၁) ကြိမ်ရရှိကာ MPT4U တွင် ထိပေါက်ကစားပြီး ကံစမ်းနိုင်ပါသည်။

၁၁။ အကြိုက်ပို့ ပက်ကေ့ချ်ကို တခြားသူများသို့ လက်ဆောင်ပေးလို့ရပါသလား။

ဟုတ်ကဲ့ ရပါတယ်။ အကြိုက်ပို့ ပက်ကေ့ချ်များကို တခြားသူများသို့ လက်ဆောင်ပေးလိုပါက MPT4U App မှတစ်ဆင့် (သို့) *2427# မှတစ်ဆင့် အမှတ်စဉ် “2. Gift (သို့) 2. လက်ဆောင်ပေးမည်” ကို ရွေးချယ်ကာ လက်ဆောင်ပေးမည့် ဖုန်းနံပါတ်ကိုရိုက်နှိပ်ပြီး လက်ဆောင်ပေးနိုင်ပါတယ်။

၁၂။ အကြိုက်ပို့ ပက်ကေ့ချ်ဖြင့် တစ်ရက်လျှင် SMS အများဆုံး ဘယ်နှစ်စောင် ပို့နိုင်ပါသလဲ?

မျှတသော အသုံးပြုမှုဆိုင်ရာ မူဝါဒ (FUP) အရ၊ “အကြိုက်ပို့” ပက်ကေ့ချ်ဖြင့် တစ်ရက်ကို SMS စောင်ရေ အများဆုံး (၁,၀၀၀) အထိ ပေးပို့ အသုံးပြုနိုင်ပါတယ်။ လက်ကျန်စာတိုများကို နောက်ရက်များတွင် သတ်မှတ် FUP (တစ်ရက်တာ စာတိုပေးပို့မှုစောင်ရေ ၁,၀၀၀) နှင့်အညီ စာတိုပမာဏ ကုန်ဆုံးသည်အထိ (သို့မဟုတ်) ပက်ကေ့ချ် သက်တမ်းကုန်ဆုံးသည့် အချိန်အထိ ဆက်လက် အသုံးပြုနိုင်ပါတယ်။

best operator in Myanmar