
သင်ဟာ မိုဘိုင်းဒေတာအသုံးပြုတစ်ယောက်ဆိုရင် ဒေတာပက်ကေ့ချ်တွေဝယ်သုံးရတဲ့အခါ ဒီလိုအခြေအနေမျိုးတွေ ကြုံဖူးပါလိမ့်မယ်။
- ကျွန်တော်က ကျွန်တော်နှစ်သက်တဲ့ဒေတာပက်ကေ့ချ်တစ်ခုကိုပဲ ကုန်သွားတိုင်း မကြာခဏပြန်ဝယ်ရလေ့ရှိပါတယ်။
- ကျွန်မက အရမ်းအလုပ်များတဲ့သူတစ်ယောက်ပါ။ Mobile Data ကိုလည်းအချိန်တိုင်းဖွင့်ထားပြီး အသုံးပြုလေ့ရှိပါတယ်။ ဒါပေမယ့် ဝယ်ထားတဲ့ ဒေတာပက်ကေ့ချ်တွေက မကြာခဏကုန်သွားတတ်တော့ ဒေတာပက်ကေ့ချ်တွေကို တစ်ပတ်/တစ်လအတွင်း ခဏခဏဝယ်သုံးနေရတာ အဆင်မပြေပါဘူး။
- ကျွန်တော်က မိုဘိုင်းဒေတာကို 24/7 ဖွင့်ထားလေ့ရှိပါတယ်။ ဒေတာပက်ကေ့ချ်က ဒေတာတွေကုန်သွားတဲ့အခါ ကျွန်တော်သတိမထားမိလိုက်ဘဲ သုံးသလောက်ပေးနှုန်းထားနဲ့ ဒေတာတွေခဏခဏသုံးမိနေတတ်ပါတယ်။

တကယ်လို့အပေါ်မှာပြောပြထားတဲ့အခြေအနေတွေထဲက တစ်ခုခုက သင်နဲ့ ကိုက်ညီနေပြီဆိုရင်တော့ MPT မှာအဖြေရှိပါတယ်။

သတ်မှတ်ထားသော Data Carry Plus packages များကို အလိုအလျောက်ဝယ်ယူရန် အဆိုပြုထားပြီး လက်ကျန်ပမာဏ 50 MB အောက်လျော့နည်းသောအချိန်တွင်နောက်တစ်ကြိမ်ထပ်မံရွေးချယ်ဝယ်ယူရန်မလိုအပ်ဘဲ အလိုအလျောက်ဝယ်ယူသက်တမ်းတိုးပေးသွားမည့် ပက်ကေ့ချ်များဖြစ်ပါတယ်။
အလိုအလျောက်သက်တမ်းတိုးနိုင်ခြင်းက သင့်အခက်အခဲများကိုအကောင်းဆုံးဖြေရှင်းပေးပါလိမ့်မယ်။ ဒါတွေအပြင် ထိပေါက်ကံစမ်းခွင့်ရရှိနိုင်ခြင်း၊ သုံးမကုန်တဲ့ဒေတာတွေကို သယ်ယူသွားနိုင်ခြင်းနှင့် Lucky Data 1000GB အထိကံစမ်းရယူနိုင်ခြင်းတို့ကလည်း အသုံးပြုသူတွေအတွက်အလွန်အဆင်ပြေလွယ်ကူစေမှာပါ။
အလိုအလျောက် သက်တမ်းတိုးချိန်တိုင်းအတွက်
ထိပေါက်ကံစမ်းခွင့် (၃) ကြိမ် ရရှိနိုင်ခြင်း
(ထပ်မံ မကြေညာခင်အထိ)
ပုံမှန် Data Carry Plus ပက်ကေ့ချ်များကဲ့သို့
1000 GB အထိ lucky data များ ကံထူးနိုင်မည့် ထူးနိုင်ခြင်း
ဒေတာလက်ကျန်များကို သက်တမ်းကုန်ဆုံးပြီး
(၇) ရက်အတွင်း သယ်ဆောင်နိုင်ခြင်း
‘Data Carry Plus Auto Renewal’ကိုဝယ်ယူပြီးနောက် ဘယ်လိုအကျိုးကျေးဇူးမျိုးတွေရရှိနိုင်မှာပါလဲ?
- ဝယ်ယူထားတဲ့ဒေတာပက်ကေ့ချ်တွေကို အားလုံးအသုံးပြုပြီးသွားတဲ့အခါ သင်ကြိုက်နှစ်သက်တဲ့ ဒေတာပက်ကေ့ချ်ကို အကြိမ်များစွာရွေးချယ်ဝယ်ယူဖို့အတွက် အလုပ်ရှုပ်စရာမလိုတော့ပါဘူး။
- Data Carry Plus Auto Renewal’ packကို ဝယ်ယူပြီးတဲ့နောက် သုံးသလောက်ပေးအင်တာနက်နဲ့အသုံးပြုမိလို့ သင့်လက်ကျန်ဖုန်းဘေလ်တွေအမြန်ကုန်သွားမှာကို စိတ်ပူစရာမလိုတော့ပါဘူး။
- အလုပ်များတဲ့သူတွေအနေနဲ့လည်း 24/7 ဒေတာအမြဲဖွင့်ထားရင်တောင် ဒေတာပက်ကေ့ချ်ခဏခဏပြန်ဝယ်ဖို့မလိုအပ်ဘဲ အလိုအလျောက်သက်တမ်းတိုးပေးသွားမှာဆိုတော့ အရမ်းအဆင်ပြေစေမှာပါ။

Data Carry Plus Auto Renewal Pack
အောက်မှာဖော်ပြထားတဲ့ပက်ကေ့ချ်တွေထဲက မိမိနှစ်သက်ရာတစ်ခုကိုရွေးချယ်ကာ USSD နံပါတ်ကို ခေါ်ဆို၍ (သို့) MPT4U (သို့) MPT Pay မှတစ်ဆင့် အလွယ်တကူဝယ်ယူနိုင်ပြီး ဒေတာပက်ကေ့ချ်များကို အဆင်ပြေပြေအသုံးပြုနိုင်ပါပြီ။
-
Data Carry Plus Auto Renewal
ဈေးနှုန်း : ၉၉၇ ကျပ်
Data ပမာဏ : ၃၀၃ MB
အပို ခံစားခွင့်များ : 1000 GB အထိ Lucky Data
200 GB အထိ ကံထူးနိုင်သော ထိပေါက် ကစားခွင့်
သက်တမ်း : (၃၀) ရက်
၀ယ်ယူရန် : MPT4U, *777*3*3#
ပယ်ဖျက်ရန် : MPT4U, *777*3*4#
MPT4U မှ ဝယ်ယူရန် USSD ဖြင့် ဝယ်ယူရန် -
Data Carry Plus Auto Renewal
ဈေးနှုန်း : ၁,၆၄၇ ကျပ်
Data ပမာဏ : ၅၀၀ MB
အပို ခံစားခွင့်များ : 1000 GB အထိ Lucky Data
200 GB အထိ ကံထူးနိုင်သော ထိပေါက် ကစားခွင့်
သက်တမ်း : (၃၀) ရက်
ဝယ်ယူရန် : MPT4U, *777*4*3#
ပယ်ဖျက်ရန် : MPT4U, *777*4*4#
MPT4U မှ ဝယ်ယူရန် USSD ဖြင့် ဝယ်ယူရန် -
Data Carry Plus Auto Renewal
ဈေးနှုန်း : ၃,၃၇၇ ကျပ်
Data ပမာဏ : ၁ GB
အပို ခံစားခွင့်များ : 1000 GB အထိ Lucky Data
200 GB အထိ ကံထူးနိုင်သော ထိပေါက် ကစားခွင့်
သက်တမ်း : (၃၀) ရက်
ဝယ်ယူရန် : MPT4U, *777*6*3#
ပယ်ဖျက်ရန် : MPT4U, *777*6*4#
MPT4U မှ ဝယ်ယူရန် USSD ဖြင့် ဝယ်ယူရန် -
Data Carry Plus Auto Renewal
ဈေးနှုန်း : ၆,၇၄၇ ကျပ်
Data ပမာဏ : ၂ GB
အပို ခံစားခွင့်များ : 1000 GB အထိ Lucky Data
200 GB အထိ ကံထူးနိုင်သော ထိပေါက် ကစားခွင့်
သက်တမ်း : (၃၀) ရက်
ဝယ်ယူရန်: MPT4U, *777*7*3#
ပယ်ဖျက်ရန် : MPT4U, *777*7*4#
MPT4U မှ ဝယ်ယူရန် USSD ဖြင့် ဝယ်ယူရန် -
Data Carry Plus Auto Renewal
ဈေးနှုန်း : ၁၆,၈၆၇ ကျပ်
Data ပမာဏ : ၅ GB
အပို ခံစားခွင့်များ : 1000 GB အထိ Lucky Data
200 GB အထိ ကံထူးနိုင်သော ထိပေါက် ကစားခွင့်
သက်တမ်း : (၃၀) ရက်
အစီအစဉ်ကို ရယူရန် : MPT4U, *777*8*3#
ပယ်ဖျက်ရန် : MPT4U, *777*8*4#
MPT4U မှ ဝယ်ယူရန် USSD ဖြင့် ဝယ်ယူရန်
မှတ်ချက် ။ Auto Renewal ပက်ကေ့ချ်များကို USSD (သို့) MPT4U (သို့) MPT Pay မှတစ်ဆင့် ဝယ်ယူခြင်းဖြင့် ထိပေါက် ကံစမ်းခွင့်ကို ပထမအကြိမ် ဝယ်ယူခြင်းနှင့် အလိုအလျောက် သက်တမ်းတိုးသည့် အကြိမ်တိုင်းတွင် ရရှိနိုင်ပါသည်။
အလိုအလျောက် သက်တမ်းတိုးပက်ကေ့ချ်များ ၏ လုပ်ဆောင်ချက်အသစ်များ
- လက်ရှိ၀ယ်ယူထားသော အလိုအလျောက်သက်တမ်းတိုးပက်ကေ့ချ်များအား စာရင်းသွင်းခြင်းမှ ပြန်လည်ပယ်ဖျက်ရန် မလိုအပ်ပဲအခြားသော နှုန်းထားပိုမြင့်သည့် အလိုအလျောက်သက်တမ်းတိုးပက်ကေ့ချ်များကို ထပ်မံဝယ်ယူနိုင်ခြင်း။
- မိမိ ၀ယ်ယူထားပြီးသော အလိုအလျောက် သက်တမ်းတိုးပက်ကေ့ချ်များအားလုံးကို တစ်နေရာတည်းတွင် စစ်ဆေးကြည့်ရှုနိုင်ခြင်း နှင့် စာရင်းသွင်း ခြင်းမှ လွယ်ကူစွာပြန်လည်ပယ်ဖျက်နိုင်ခြင်း။
- အထက်ပါလုပ်ဆောင်ချက်များကို အသုံးပြုနိုင်ရန်အတွက် “MPT4U ဗားရှင်းအသစ်” ကို အသုံးပြုရန်လိုအပ်ပါသည်။
- Android 4.5.6
- iOS 1.4.19
အဆိုပြု၀ယ်ယူထားသော အလိုအလျောက် သက်တမ်းတိုးပက်ကေ့ချ်များကို MPT4U မှာ အောက်ပါအတိုင်း ပြန်လည်ပယ်ဖျက်နိုင်ပါသည်။



Data Carry Plus Auto Renewal ပက်ကေ့ချ်အတွက် ဘာတွေသိဖို့လိုအပ်ပါသလဲ?
၁။ အလိုအလျောက်သက်တမ်းတိုးData Carry Plus Pack ကို အကြိမ်အရေအတွက် ဘယ်လောက်ထိ ဝယ်ယူနိုင်မှာလဲ?
အကြိမ်အရေအတွက်အကန့်အသတ်မရှိ ဝယ်ယူနိုင်မည်ဖြစ်ပြီး ဒေတာပမာဏများ ပေါင်းစည်းသွားမည့်အပြင် အရှည်ဆုံး ပက်ကေချ့် သက်တမ်းအတိုင်း အသုံးပြုနိုင်မည်ဖြစ်ပါသည်။
Quota အမျိုးအစားတူသော Auto renewal packs များကို အကြိမ်အရေအတွက်အကန့်အသတ်မရှိ ဝယ်ယူနိုင်မည်ဖြစ် ပြီးျား ပေါင်းစည်းသွားမည့်အပြင် ပက်ကေချ့်သက်တမ်းကို အရှည်ဆုံးပက်ကေ့ချ်၏ သက်တမ်းအတိုင်း အသုံးပြုနိုင်မည်ဖြစ်ပါသည်။ ပက်ကေ့ချ်၏လက်ကျန် ဒေတာပမာဏ 50MB အောက်ရောက်ရှိသွားချိန်တိုင်း အလိုအလျောက် သက်တမ်းတိုး ဝယ်ယူပါမည်။
Regular Data Carry Plus ပက်ကေ့ချ် ဝယ်ယူပြီး Auto renewal Data Carry Plus ပက်ကေ့ချ် ထပ်မံ ဝယ်ယူသည်ဖြစ်စေ၊ Auto renewal Data Carry ပက်ကေ့ချ် ဝယ်ယူပြီး Regular Data Carry ပက်ကေ့ချ် ထပ်မံဝယ်ယူသည်ဖြစ်စေ ပက်ကေ့ချ်များကို အကြိမ်အရေအတွက်အကန့်အသတ်မရှိဝယ်ယူနိုင်ပြီး ဒေတာပမာဏများ ပေါင်းစည်းသွားမည့်အပြင် အရှည်ဆုံးပက်ကေ့ချ်၏ သက်တမ်းအတိုင်း အသုံးပြုနိုင်မည်။ ပက်ကေ့ချ်၏ လက်ကျန် ဒေတာပမာဏ 50MB အောက်ရောက်ရှိသွားချိန်တိုင်း အလိုအလျောက် သက်တမ်းတိုး ဝယ်ယူပါမည်။
၂။ ဒေတာသယ်ဆောင်နေသော ကာလအတွင်းမှာ အသုံးမပြုရသေးတဲ့ ဒေတာတွေက ဘယ်လို ဖြစ်သွားမှာလဲ?
ဒေတာသယ်ဆောင်နေသော ကာလ (Package ၏ သက်တမ်း ကုန်ဆုံးပြီး (၇) ရက်)အတွင်းမှာ ကျန်ရှိနေသော ပက်ကေ့ချ်ဒေတာများကို အသုံးပြုနိုင်မည် မဟုတ်ပါ။ ထိုကာလအတွင်း Package အသစ်တစ်ခုဝယ်ပါက ယခင်အသုံးပြုရန်ကျန်ရှိနေသော ပက်ကေ့ချ်ဒေတာပမာဏကို ပေါင်းစည်း အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ကံထူးထားသည့်ဒေတာသက်တမ်းနှင့် ဒေတာလက်ကျန်ကို လည်း ပေါင်းစည်းအသုံးပြုနိုင်မှာပါ။
၃။ ဘယ်အချိန်မှာ Auto Renew Function လုံးဝရပ်တန့်သွားမှာလဲ?
သုံးစွဲသူမှ ပက်ကေ့ချ် သက်တမ်းကုန်ဆုံးပြီး ဒေတာသယ်ဆောင်နေသောကာလ(၇ရက်အတွင်း) တိုင်အောင် ငွေထပ်မံဖြည့်သွင်းခြင်း မရှိပါက Auto Renew Function ကို ဆက်လက်အသုံးမပြုနိုင်ပါ။ အသုံးပြုသူမှ service ကို ပြန်လည်အသုံးပြုလိုပါက ထပ်မံဝယ်ယူပြီးမှ အသုံးပြုနိုင်ပါသည်။
၄။ အလိုအလျောက်ပက်ကေ့ချ်သက်တမ်းတိုးရာ၌ လက်ကျန်ငွေမလုံလောက်ပါက ဘယ်လိုဖြစ်သွားမှာလဲ?
အလိုအလျောက်ပက်ကေ့ချ်သက်တမ်းတိုးဖို့ ငွေလက်ကျန်မလုံလောက်ပါက Auto renewal service သည် ခေတ္တရပ်တန့်သွားမှာဖြစ်ပြီး သုံးစွဲသူမှ ဖုန်းငွေဖြည့်ခြင်း/ ချေးငွေအသုံးပြုခြင်း/ ငွေလွှဲခြင်း နည်းလမ်းများဖြင့် ငွေထပ်မံဖြည့်သွင်းနိုင်သည်။ အဆိုပါ သတ်မှတ်ထားသော နည်းလမ်းများအတိုင်း ပက်ကေ့ချ်သက်တမ်းကုန်ဆုံးပြီး ဒေတာသယ်ဆောင်နေသောကာလ(၇ရက်)အတွင်း နောက်ဆုံးထား၍ ဖုန်းငွေထပ်မံဖြည့်သွင်းမှသာ ပက်ကေ့ချ်ကို ဆက်လက်အသုံးပြုနိုင်မည်။
၅။ လက်ကျန်ပမာဏကို ဘယ်လိုစစ်ဆေးနိုင်မှာလဲ?
*224# ကို ခေါ်ဆိုပြီး ပက်ကေ့ချ်ဒေတာ၊ ကံထူးထားသောဒေတာလက်ကျန်ပမာဏနှင့် သက်တမ်း ကို စစ်ဆေးနိုင်ပါတယ်။
အမေးများသောမေးခွန်းများ
၁။ Auto Renewal Data Carry Plus Package ဆိုတာ ဘာလဲ?
Auto Renewal Data Carry Plus ပက်ကေ့ခ်ျဆိုတာ 1000 GB အထိ အပိုလက်ဆောင်ဒေတာများ ကံထူးရယူနိုင်မည့်အပြင် သုံးရန်ကျန်ရှိနေသည့် လက်ကျန်ဒေတာများကို သယ်ဆောင်သွားနိုင်မည့် Carry Over Function ပါဝင်တဲ့ ရက်(၃၀)သုံးပက်ကေ့ချ်များဖြစ်ပါတယ်။ ပက်ကေ့ချ်ဝယ်ယူရာတွင် အလိုအလျောက်သက်တမ်းတိုးစနစ် ပါဝင်သည့် Auto Renewal Data Carry Plus ပက်ကေ့ခ်ျ ကို အဆိုပြုဝယ်ယူထားသည့် အတွက် ခဏခဏ ပက်ကေ့ချ်ကို ဝယ်ယူနေစရာမလိုဘဲ ပက်ကေ့ချ်၏ လက်ကျန် ဒေတာပမာဏ 50MB အောက် ရောက်ရှိသွားချိန်တိုင်း (သို့မဟုတ်) ပက်ကေ့ချ်သက်တမ်းကုန်ဆုံးချိန်တွင် အလိုအလျောက် သက်တမ်းတိုး ဝယ်ယူမည်ဖြစ်ပါသည်။
အသစ်ပြင်ဆင်ပြောင်းလဲမည့် ဒေတာ(MB) နှင့် ပက်ကေ့ချ်ဈေးနှုန်းများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
Sr.No | လက်ရှိနှုန်းထား (ကုန်သွယ်ခွန်ပါပြီး) | လက်ရှိ ဒေတာပမာဏ | ပြောင်းလဲမည့်နှုန်းထား (ကုန်သွယ်ခွန်ပါပြီး) | ပြောင်းလဲမည့် ဒေတာပမာဏ | Main Data သက်တမ်း | Lucky Data/ Cash Back Offer | Subscription Method | UN_Subscription Direct USSD | Subscription on Channel | Remarks | |||
---|---|---|---|---|---|---|---|---|---|---|---|---|---|
(MB) | (MB) | Direct USSD | SMS | Common USSD | |||||||||
1 | 979Ks | 470 | 997Ks | 303 | (30) Days | အခြားရက်တွေမှာ ဝယ်ယူပါက 1000GB အထိ Lucky Data (၇ ရက်)
သောကြာနေ့တွင် ၉၉၇ ကျပ် နဲ့အထက်ပက်ကေ့ချ် ဝယ်ယူပါက Friday 555Ks Cash Back ပြန်အမ်းငွေသက်တမ်းမှာ (၅) ရက်ဖြစ်ပြီး Data၊ MPT အချင်းချင်းဖုန်းပြောမိနစ်/SMS တို့အတွက် သုံးသလောက်ပေးနှုန်းထားဖြင့်အသုံးပြုနိုင်ပါသည်။ |
*777*3*3# | AR DC1 | *777# or *106# | *777*3*4# | DMS (*501#) (or) Alternative Channel (or) Chatbot (or) MPT4U App (or) MPT Pay (or) CRM Portal (or) DMS App |
Auto-renew when data balance reaches less than 50MB (or) 30 days pack validity expiry |
|
2 | 1279Ks | 615 | 1,647Ks | 500 | *777*4*3# | AR DC2 | *777*4*4# | ||||||
3 | 2,669Ks | 1290 | 3,377Ks | 1024 | *777*6*3# | AR DC4 | *777*6*4# | ||||||
4 | 4,469Ks | 2160 | 6,747Ks | 2048 | *777*7*3# | AR DC5 | *777*7*4# | ||||||
5 | 8,959Ks | 4330 | 16,867Ks | 5120 | *777*8*3# | AR DC6 | *777*8*4# |
ရပ်ဆိုင်းလိုက်သည့် အလိုအလျောက်သက်တမ်းတိုး ပက်ကေ့ချ်
ရပ်ဆိုင်းလိုက်သည့် အလိုအလျောက်သက်တမ်းတိုးပက်ကေ့ချ်၏ ပုံမှန်ဝယ်နေကျ Direct USSD codes (သို့) SMS channel မှတဆင့် ဝယ်ယူလျှင် အောက်ဖော်ပြပါ ပက်ကေ့ချ်အား ပြောင်းရွှေ့ဝယ်ယူပေးမည်ဖြစ်ပါသည်။
၂။ ပက်ကေ့ချ်ဈေးနှုန်းများမှာ အခွန်ပါဝင်ပြီးဖြစ်ပါသလား?
ပက်ကေ့ချ်ဈေးနှုန်းများမှာ အင်တာနက်ဒေတာအတွက် အခွန် ၁၅%ပါဝင်ပြီးဖြစ်ပါတယ်။
၃။ အလိုအလျောက်သက်တမ်းတိုး Data Carry Plus Pack ကို ဘယ်သူတွေ ဝယ်ယူနိုင်မှာလဲ?
MPT မှ ဆွေသဟာ အစီအစဉ် ရယူထားသော GSM/WCDMA prepaid and postpaid အသုံးပြုသူများ နှင့် လက်ရှိ အသုံးပြုနေသူများ ဝယ်ယူနိုင်ပါသည်။ CDMA, Base Tariff နှင့် လက်ရှိအသုံးပြုခြင်းမရှိသူများ ဝယ်ယူနိုင်မည်မဟုတ်ပါ။
၄။ အလိုအလျောက် သက်တမ်းတိုးပက်ကေ့ချ်ကို MPT4U ကတဆင့် ဝယ်ယူလို့ရပါသလား။
အလိုအလျောက် သက်တမ်းတိုးပက်ကေ့ချ် ကို MPT4U Application တွင်ဝယ်ယူနိုင်ပါသည်။ MPT4U Application အတွင်းရှိ “အလိုအလျောက်သက်တမ်းတိုးပက်ကေ့ချ်” page မှတဆင့်ဝယ်ယူနိုင်သလို “ပက်ကေ့ချ်ဝယ်ယူခြင်း” page မှတဆင့် ဝင်ရောက်ကာ မိမိကြိုက်နှစ်သက်ရာ ပက်ကေ့ချ်အား ရွေးချယ်ဝယ်ယူနိုင်ပါသည်။ အလိုအလျောက်သက်တမ်းတိုး ပက်ကေ့ချ် ကို MPT4U တွင် ဝယ်ယူအသုံးပြုရန် iOS Version 1.4.10 နှင့် Android Version 4.4.1 ရှိရန်လိုအပ်ပါသည်။
၅။ Auto renewal Data Carry Plus ပက်ကေ့ချ် များကို ဝယ်ယူပြီး Lucky Data ပါဝင်ကံစမ်း နိုင်ပါသလား?
ဟုတ်ကဲ့ ရပါတယ်။ မည်သည့် Auto renewal Data Carry Plus ပက်ကေ့ချ်များကိုမဆို ဝယ်ယူပြီး Lucky Data 1000GB အထိ အပိုလက်ဆောင်ဒေတာကို ကံစမ်းရရှိနိုင်ပါတယ်။
၆။ သောကြာနေ့တွင် Auto Renewal Data Carry Plus Pack ဝယ်ယူပါက ဘယ်လိုခံစားခွင့်တွေရှိမှာပါလဲ?
သောကြာနေ့မှာ ၉၇၉ ကျပ်နဲ့အထက် Data Carry Plus ပက်ကေ့ချ် များကို ဝယ်ယူပါက up to 1000 GB lucky data အစား အလန်းစား Friday Cash Back 555 ကျပ် ကို ရရှိမှာဖြစ်ပါတယ်။
၇။ ကံထူးထားတဲ့ဒေတာကို ဘာတွေသုံးလို့ရမှာလဲ?
ကံထူးထားတဲ့ဒေတာကို အင်တာနက်အသုံးပြုမှုအားလုံးအတွက် (၇) ရက်အတွင်း အသုံးပြုနိုင်ပါသည်။
၈။ လက်ကျန်ပမာဏကို ဘယ်လိုစစ်ဆေးနိုင်မှာလဲ?
*224# ကို ခေါ်ဆိုပြီး ပက်ကေ့ချ်ဒေတာ၊ ကံထူးထားသောဒေတာလက်ကျန်ပမာဏနှင့် သက်တမ်းကို စစ်ဆေးနိုင်ပါတယ်။
၉။ အလိုအလျောက်သက်တမ်းတိုးData Carry Plus Pack ကို အကြိမ်အရေအတွက် ဘယ်လောက်ထိ ဝယ်ယူနိုင်မှာလဲ?
အကြိမ်အရေအတွက်အကန့်အသတ်မရှိ ဝယ်ယူနိုင်မည်ဖြစ်ပြီး ဒေတာပမာဏများ ပေါင်းစည်းသွားမည့်အပြင် အရှည်ဆုံး ပက်ကေချ့်သက်တမ်းအတိုင်း အသုံးပြုနိုင်မည်ဖြစ်ပါသည်။
ဒေတာပမာဏတူညီသော Auto renewal packs များကို အကြိမ်အရေအတွက်အကန့်အသတ်မရှိ ဝယ်ယူနိုင်မည်ဖြစ်ပြီး ဒေတာပမာဏများ ပေါင်းစည်းသွားမည့်အပြင် ပက်ကေချ့်သက်တမ်းကို အရှည်ဆုံးပက်ကေ့ချ်၏ သက်တမ်းအတိုင်း အသုံးပြုနိုင်မည်ဖြစ်ပါသည်။ ပက်ကေ့ချ်၏လက်ကျန် ဒေတာပမာဏ 50 MB အောက်ရောက်ရှိသွားချိန် (သို့မဟုတ်) ပက်ကေ့ချ်သက်တမ်းကုန်ဆုံးချိန်တွင် အလိုအလျောက် သက်တမ်းတိုး ဝယ်ယူပါမည်။
Regular Data Carry Plus ပက်ကေ့ချ် ဝယ်ယူပြီး Auto renewal Data Carry Plus ပက်ကေ့ချ်ထပ်မံ ဝယ်ယူသည်ဖြစ်စေ၊ Auto renewal Data Carry Plus ပက်ကေ့ချ် ဝယ်ယူပြီး Regular Data Carry Plus ပက်ကေ့ချ် ထပ်မံဝယ်ယူသည်ဖြစ်စေ ပက်ကေ့ချ်များကို အကြိမ်အရေအတွက်အကန့်အသတ်မရှိ ဝယ်ယူနိုင်ပြီး ဒေတာပမာဏများ ပေါင်းစည်းသွားမည့်အပြင် အရှည်ဆုံးပက်ကေ့ချ်၏ သက်တမ်းအတိုင်း အသုံးပြုနိုင်မည်။ ပက်ကေ့ချ်၏ လက်ကျန် ဒေတာပမာဏ 50MB အောက်ရောက်ရှိသွားချိန်တိုင်း (သို့မဟုတ်) ပက်ကေ့ချ်သက်တမ်းကုန်ဆုံးချိန်တွင် အလိုအလျောက် သက်တမ်းတိုး ဝယ်ယူပါမည်။
၁၀။ ၉၉၇ကျပ်တန် အလိုအလျောက်သက်တမ်းတိုး ပက်ကေ့ချ် ဝယ်ယူထားပါတယ်။ ၁၆၄၇ကျပ်တန် Regular Data Carry ပက်ကေ့ချ် ကို ထပ်မံဝယ်ယူလို့ရပါသလား?
ရပါတယ်။ Auto renewal Data Carry Plus ပက်ကေ့ချ်ဝယ်ယူပြီး Regular Data Carry Plus ပက်ကေ့ချ်များကို အကြိမ်အရေအတွက်အကန့်အသတ်မရှိထပ်မံဝယ်ယူနိုင်ပါတယ်။ ဝယ်ယူထားသောဒေတာပမာဏများ ပေါင်းစည်း သွားမည့်အပြင်အရှည်ဆုံးပက်ကေ့ချ်၏ သက်တမ်းအတိုင်း အသုံးပြုနိုင်မည်ဖြစ်ပါသည်။ လက်ကျန် ဒေတာပမာဏ 50MB အောက်ရောက်ရှိသွားချိန်တိုင်း (သို့မဟုတ်) ပက်ကေ့ချ်သက်တမ်းကုန်ဆုံးချိန်တွင် အလိုအလျောက် သက်တမ်းတိုး ဝယ်ယူပါမည်။
၁၁။ ၉၉၇ကျပ်တန် အလိုအလျောက်သက်တမ်းတိုး ပက်ကေ့ချ် ဝယ်ယူထားပါတယ်။ ၉၉၇ကျပ်တန် အလိုအလျောက်သက်တမ်းတိုး ပက်ကေ့ချ် ကို ထပ်မံဝယ်ယူလို့ရပါသလား?
ရပါတယ်။ ဒေတာပမာဏတူညီသော Auto renewal packs များကို အကြိမ်အရေအတွက်အကန့်အသတ်မရှိ ဝယ်ယူနိုင်မည်ဖြစ်ပြီး ဒေတာပမာဏများ ပေါင်းစည်းသွားမည့်အပြင် ပက်ကေချ့်သက်တမ်း ကို အရှည်ဆုံး ပက်ကေ့ချ်၏ သက်တမ်းအတိုင်း အသုံးပြုနိုင်မည်ဖြစ်ပါသည်။ လက်ကျန် ဒေတာပမာဏ 50MB အောက်ရောက်ရှိသွားချိန်တိုင်း (သို့မဟုတ်) ပက်ကေ့ချ်သက်တမ်းကုန်ဆုံးချိန်တွင် အလိုအလျောက် သက်တမ်းတိုး ဝယ်ယူပါမည်။
၁၂။ မတူညီသော အလိုအလျောက်သက်တမ်းတိုး ပက်ကေ့ချ်ကို ထပ်မံဝယ်ယူလို့ရပါသလား?
လက်ရှိ၀ယ်ယူထားသော အလိုအလျောက်သက်တမ်းတိုးပက်ကေ့ချ်များအား UNSUBSCRIBE ပြုလုပ်ရန် မလိုအပ်ပဲအခြားသော နှုန်းထားပိုမြင့်သည့် အလိုအလျောက်သက်တမ်းတိုး ပက်ကေ့ချ်များကို ထပ်မံဝယ်ယူနိုင်ပြီး နှုန်းထားပိုနည်းသော အလိုအလျောက်သက်တမ်းတိုးပက်ကေ့ချ်များအား ထပ်မံဝယ်ယူရန် လက်ရှိ၀ယ်ယူထားသော အလိုအလျောက်သက်တမ်းတိုးပက်ကေ့ချ်ကို UNSUBSCRIBE လုပ်ပေးရန်လိုအပ်ပါသည်။
Auto Renew Data Carry Packs | 997 Ks | 1647 Ks | 3377 Ks | 6747 Ks | 16867 Ks |
997 Ks | Y | Y | Y | Y | Y |
1647 Ks | N | Y | Y | Y | Y |
3377 Ks | N | N | Y | Y | Y |
6747 Ks | N | N | N | Y | Y |
16867 Ks | N | N | N | N | Y |
Y: လက်ရှိ၀ယ်ယူထားသော အလိုအလျောက်သက်တမ်းတိုးပက်ကေ့ချ်များအား UNSUBSCRIBE ပြုလုပ်ရန် မလိုအပ်ပဲ ထပ်မံဝယ်ယူနိုင်ပါသည်။
N: ထပ်မံဝယ်ယူရန် လက်ရှိ၀ယ်ယူထားသော အလိုအလျောက်သက်တမ်းတိုးပက်ကေ့ချ်ကို UNSUBSCRIBE လုပ်ပေးရန်လိုအပ်ပါသည်။
၁၃။ အလိုအလျောက်သက်တမ်းတိုး Data Carry Plus Pack ရဲ့ သက်တမ်းက ဘယ်လောက်လဲ?
Package တစ်ခု၏ သက်တမ်းက (၃၀)ရက်ဖြစ်ပြီး ဒေတာသယ်ယူနိုင်သောကာလမှာ (၇)ရက် ဖြစ်ပါတယ်။ ဒေတာသယ်ယူနိုင်သောကာလအတွင်း Pack အသစ်ဝယ်ယူပါက ပက်ကေ့ချ်ဒေတာပမာဏကို ပေါင်းစည်းအသုံးပြုနိုင်မှာဖြစ်ပါတယ်။ ကံထူးထားသည့်ဒေတာကို (၇)ရက် အသုံးပြုနိုင်မှာဖြစ်ပြီး သက်တမ်းနှင့် ဒေတာလက်ကျန်ကိုလည်း ပေါင်းစည်းအသုံးပြုနိုင်မှာပါ။
၁၄။ လက်ကျန် Data 50MB ထိမရောက်ရှိသေးသော်လည်း ပက်ကေ့ချ်သက်တမ်းကုန်ဆုံးသွားပါက ဘယ်လိုဖြစ်သွားမှာလဲ?
လက်ကျန် Data 50MB ထိမရောက်ရှိသေးသော်လည်း ပက်ကေ့ချ် သက်တမ်းကုန်ဆုံးသွားပါက အလိုအလျောက် သက်တမ်းတိုး ဝယ်ယူမည်ဖြစ်ပါသည်။
၁၅။ ဒေတာသယ်ဆောင်နေသော ကာလအတွင်းမှာ အသုံးမပြုရသေးတဲ့ ဒေတာတွေက ဘယ်လို ဖြစ်သွားမှာလဲ?
ဒေတာသယ်ဆောင်နေသော ကာလ (Package ၏ သက်တမ်း ကုန်ဆုံးပြီး (၇) ရက်)အတွင်းမှာ ကျန်ရှိနေသော ပက်ကေ့ချ်ဒေတာများကို အသုံးပြုနိုင်မည် မဟုတ်ပါ။ ထိုကာလအတွင်း Package အသစ်တစ်ခုဝယ်ပါက ယခင်အသုံးပြုရန်ကျန်ရှိနေသော ပက်ကေ့ချ်ဒေတာပမာဏကို ပေါင်းစည်း အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ကံထူးထားသည့်ဒေတာသက်တမ်းနှင့် ဒေတာလက်ကျန်ကိုလည်း ပေါင်းစည်းအသုံးပြုနိုင်မှာပါ။
၁၆။ Auto Renewal Data Carry Plus ပက်ကေ့ချ် များကို ဝယ်ယူပြီး ထိပေါက်အစီအစဉ်တွင် ပါဝင်ကံစမ်း နိုင်ပါသလား?
ရပါတယ်။ အလိုအလျောက်သက်တမ်းတိုး Data Carry ပက်ကေ့ချ်များကို ကြိုက်နှစ်သက်ရာ channels များမှ ဝယ်ယူခြင်းအတွက်ထိပေါက်ကစားဖို့ အခွင့်အရေး (၁)ကြိမ်စီ ရရှိမှာဖြစ်ပါတယ်။
- အလိုအလျောက်သက်တမ်းတိုး Data Carry ပက်ကေ့ချ်များကို မည်သည့် channel မှမဆို ဝယ်ယူပါက ထိပေါက်ကစားဖို့ အခွင့်အရေး (၁)ကြိမ် ရရှိမှာဖြစ်ပြီး “ပက်ကေ့ချ်ထိပေါက်” ဂိမ်းသွားရောက်ကစားကာ 200GB အထိ ကံစမ်းရယူနိုင်ပါသည်။
- Plus One Hti Pauk ပရိုမိုးရှင်းကာလအတွင်းမှာ MPT4U app မှ ဝယ်ယူခြင်းဖြင့် ထပ်ဆောင်းထိပေါက်ကစားခွင့် (၁)ကြိမ်ရရှိမှာဖြစ်ပြီး (သို့) အလိုအလျောက်သက်တမ်းတိုးသည့် အချိန်တိုင်း ထိပေါက်ကစားခွင့် (၂)ကြိမ်ရရှိနိုင်ပြီး 200 GB အထိ နှင့် MPT Club Points 1000 points အထိ ကံစမ်းရယူနိုင်ပါသည်။
၁၇။ Auto Renewal Data Carry Plus ကို တခြားသူများသို့ လက်ဆောင်ပေးလို့ ရပါသလား?
Autorenewal ပက်ကေ့ချ် များကို တခြားသူများသို့ လက်ဆောင်ပေး၍မရပါ။
၁၈။ အလိုအလျောက်ပက်ကေ့ချ်သက်တမ်းတိုးရာ၌ လက်ကျန်ငွေမလုံလောက်ပါက ဘယ်လိုဖြစ်သွားမှာလဲ?
အလိုအလျောက်ပက်ကေ့ချ်သက်တမ်းတိုးဖို့ ငွေလက်ကျန်မလုံလောက်ပါက Auto renewal service သည် ခေတ္တရပ်တန့်သွားမှာဖြစ်ပြီး သုံးစွဲသူမှ ဖုန်းငွေဖြည့်ခြင်း/ ချေးငွေအသုံးပြုခြင်း/ ငွေလွှဲခြင်း နည်းလမ်းများဖြင့် ငွေထပ်မံဖြည့်သွင်းနိုင်သည်။ အဆိုပါ သတ်မှတ်ထားသော နည်းလမ်းများအတိုင်း ပက်ကေ့ချ်သက်တမ်းကုန်ဆုံးပြီး ဒေတာသယ်ဆောင်နေသောကာလ(၇ရက်)အတွင်း နောက်ဆုံးထား၍ ဖုန်းငွေထပ်မံဖြည့်သွင်းမှသာ ပက်ကေ့ချ်ကို ဆက်လက်အသုံးပြုနိုင်ပါမည်။
၁၉။ ဘယ်အချိန်မှာ Auto Renew Function လုံးဝရပ်တန့်သွားမှာလဲ?
သုံးစွဲသူမှ ပက်ကေ့ချ် သက်တမ်းကုန်ဆုံးပြီး ဒေတာသယ်ဆောင်နေသောကာလ(၇ရက်အတွင်း) တိုင်အောင် ငွေထပ်မံဖြည့်သွင်းခြင်း မရှိပါက Auto Renew Function ကို ဆက်လက် အသုံးမပြုနိုင်ပါ။ အသုံးပြုသူမှ service ကို ပြန်လည်အသုံးပြုလိုပါက ထပ်မံဝယ်ယူပြီးမှ အသုံးပြုနိုင်ပါသည်။
၂၀။လက်ကျန် Data 50MBအောက် မရောက်ရှိခင် Autorenewal ပက်ကေ့ချ်ကို Unsubscribe လုပ်မိရင် လက်ကျန်ဒေတာများကို ဆက်လက်သုံးလို့ရမှာလား?
ရပါတယ်။ ပက်ကေ့ချ်သက်တမ်းမကုန်ခင် Auto –renewal ပက်ကေ့ချ်ကို UNSUBSCRIBE (ရပ်တန့်) လိုက်ပါက လက်ကျန် data ကျန်ရှိနေလျှင် ကျန်ရှိနေသော data ကို ပက်ကေ့ချ်သက်တမ်းကုန်ဆုံးသည်အထိအသုံးပြုနိုင်ပါသည်။ သို့သော် Unsubscribe ပြုလုပ်သည်နှင့် Auto renewal function ကို အသုံးမပြုနိုင်တော့ပါ။
၂၁။ စာရင်းသွင်းခြင်းကိုဘယ်လိုပယ်ဖျက်လို့ရပါသလဲ?
အသုံးပြုသူများသည် အောက်ဖော်ပြပါ USSD Codes များကိုခေါ်ဆို၍လည်းကောင်း (သို့) MPT4U App မှ တစ်ဆင့် အလိုအလျောက်သက်တမ်းတိုးပက်ကေ့ချ်အတွက် စာရင်းသွင်းမှုကိုပယ်ဖျက်နိုင်သည်။
AR Packs | ဝန်ဆောင်မှုကို ပယ်ဖျက်ရန် Common USSD code | ဝန်ဆောင်မှုကို ပယ်ဖျက်ရန် Direct USSD code | ဝန်ဆောင်မှုကို ပယ်ဖျက်ရန် |
997Ks@ 303MB | *7171# | *777*3*4# | MPT4U App |
1,647Ks@ 500MB | *777*4*4# | ||
3,377Ks@ 1024MB | *777*6*4# | ||
6,747Ks@ 2048MB | *777*7*4# | ||
16,867Ks@5120MB | *777*8*4# |
MPT4U App မှ တစ်ဆင့် ပယ်ဖျက်ခြင်း
၂၂။ USSD မှ ဝယ်ယူသည့်အခါ အလိုအလျောက်သက်တမ်းတိုးပက်ကေ့ချ်ဖြစ်ကြောင်း ဘယ်လိုသိနိုင်မှာလဲ?
လူကြီးမင်းဝယ်ယူလိုသော အလိုအလျောက်သက်တမ်းတိုးပက်ကေ့ချ်ကို အောက်ဖော်ပြပါ USSD code များမှတစ်ဆင့် “Auto Renew xxx ကျပ်” ကို ရွေးချယ်ဝယ်ယူနိုင်ပါသည်။