အမျိုးအစားလိုက် ရွေးရန်

အမေးများသောမေးခွန်းများ

Advance Payment Promotion - Dome Pyan

ဒုံးပျံအိမ်သုံးအင်တာနက် ကြိုတင်ငွေပေးဆောင်ခြင်း ပရိုမိုးရှင်း (၆လစာအတွက် ၅% လျော့ဈေး သို့ ၁၂လစာအတွက် ၁၀% လျော့ဈေး)

1. ကြိုတင်ငွေပေးဆောင်ခြင်း ပရိုမိုးရှင်း ဆိုတာဘာလဲ။ မည်သူများရယူနိုင်ပါသလဲ။

ယခု လက်ရှိ ဒုံးပျံအိမ်သုံးအင်တာနက် သုံးစွဲနေသူများ (1st MRC အားပေးဆောင်ပြီး၊ ပုံမှန် MRC ထွက်ရှိပြီးသော သုံးစွဲသူများ) အနေဖြင့် ၆လ (သို့မဟုတ်) ၁၂လ ကြိုတင်ငွေ ပေးဆောင်ထားခြင့်ဖြင့် ၅% (သို့မဟုတ်) ၁၀% သက်သာစေမည့် အကျိုးအမြတ် ဖြစ်ပါသည်။ ယခုအစီအစဥ်အား Class A 100Mbps, Class B 50Mbps, Class C 25Mbps and Class D 15Mbps အားအသုံးပြုလျက်ရှိသူများသာ ရယူနိုင်မည်ဖြစ်သည်။ အသေးစိတ်သိလိုပါက https://www.mpt.com.mm/mm/advance-payment-promotion-mm/ တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

2. ပရိုမိုးရှင်းအစီအစဉ်အား မည်သည့်နေရာတွင် ရယူနိုင်မည်နည်း။

FTTH ရရှိနိုင်သော မြို့နယ်များအားလုံးတွင် ရရှိနိုင်ပါသည်။

3. ကြိုတင်ငွေပေးဆောင်ခြင်းအား မည်သည့်နေရာများတွင် ပေးဆောင်နိုင်မည်နည်း။

ကြိုတင်ငွေပေးဆောင်ခြင်းအား လက်ရှိ MPT FTTH ဘေလ်များ ပေးဆောင်နိုင်သော TRA counter များ ၊ MEB online payment၊ CB၊ KBZ BANK, AYA Bank၊ MEB နှင့် ချိတ်ဆက်ထားသော CITY MART၊ JUNCTION၊ OCEAN၊ ABC CONVENIENCE STORE ၊ SUPERONE၊ MYANMA APEX BANK ၊ UNITED LIVING MALL စသည့် ဈေးဝယ်စင်တာများမှတဆင့်လည်း လွယ်ကူစွာ ငွေပေးချေနိုင်ပါသည်။

အသေးစိတ်ကြည့်ရှုရန် – https://mpt.com.mm/mm/payment-channels-mm/

4. ငွေပေးချေရန်အတွက် နောက်ဆုံးပေးဆောင်ရမည့် သတ်မှတ်ထားသော ရက်ရှိပါသလား။

ကြိုတင်ငွေပေးချေခြင်းလျှော့စျေးအား အောင်မြင်စွာ ရယူနိုင်ရန် လတစ်လ၏ နောက်ဆုံးအလုပ်ဖွင့်ရက် (၃)ရက် မတိုင်မီ နောက်ဆုံးထား၍ ပေးဆောင်ရပါမည်။

5. အသုံးပြုသူမှ (၆လ သို့မဟုတ် ၁၂လ) ကြိုတင်ငွေပေးဆောင်ထားသော ကာလအတွင်း လိုင်းအား အပြီးပိတ်သိမ်းလိုပါက ပြန်အမ်းငွေ ပြည်လည်ရရှိနိုင်မည်လား။

ပြန်အမ်းငွေ မရရှိနိုင်ပါ။ အသုံးပြုသူမှ ကြိုတင်ငွေပေးဆောင်ထားသော ကာလအတွင်း မည်သည့်ကြောင်းပြချက်ဖြင့်မဆို လိုင်းအပြီးပိတ်သိမ်းခြင်းအတွက် MPT မှ ပြန်အပ်ငွေ ပေးမည်မဟုတ်ပါ။

6. ကြိုတင်ငွေပေးချေခြင်း ပရိုမိုးရှင်းအား သက်တမ်းတိုးလိုပါက မည်သို့ဆောင်ရွက်ရမည်နည်း။

အသုံးပြုသူအနေဖြင့် ကြိုတင်ငွေပေးချေခြင်းရယူထားသော ပရိုမိုးရှင်းကာလ မကုန်မီနောက်ဆုံးလ၏ လမကုန်မှီ အလုပ်ဖွင့်ရက် (၃)ရက် ကြိုတင်၍ သက်တမ်းတိုးနိုင်ပါရန် အသိပေးအကြောင်းကြားအပ်ပါသည်။ ယင်းသက်တမ်းတိုးနိုင်ရန် နောက်တစ်လအတွက်ကြိုထွက်ထားသော ဘေ၏ ငွေစာရင်းနံပါတ်အား ကိုကား၍ ကြိုတင်ငွေပေးချေပြီး သက်တမ်းတိုးနိုင်ပါသည်။

7. Discount ကာလအတွင်း အသုံးပြုသူမှ Bandwidth အတိုးအလျှော့ပြုလုပ်ခြင်း၊ နေရာပြောင်းရွှေ့ခြင်း၊ လိုင်းယာယီပိတ်သိမ်းခြင်းများ ဆောင်ရွက်နိုင်ပါသလား။

Discount ကာလအတွင်း အသုံးပြုသူမှ Bandwidth တိုးမြှင့်ခြင်းပြုလုပ်နိုင်သော်လည်း လျှော့ချခြင်းမပြုလုပ်နိုင်ပါ။ သို့သော် Bandwidth တိုးမြှင့်ခြင်းအတွက် ထပ်ဆောင်းပေးဆောင်ရမည့် ငွေအား ပေးဆောင်ရမည်ဖြစ်ပြီး ယင်းပေးဆောင်မှုအတွက် လျှော့စျေးပရိုမိုးရှင်း ရရှိမည်မဟုတ်ပါ။ အသုံးပြုသူမှ လိုင်းယာယီပိတ်သိမ်းခြင်းအား FTTH သုံးစွဲသူများအတွက် လိုင်းယာယီပိတ်သိမ်းခြင်း စည်းမျည်းများအရ ပြုလုပ်နိုင်ပါသည်။ နေရာရွှေ့ပြောင်းခြင်းလျောက်ထားမှုများအတွက် အကယ်၍ သုံးစွဲသူ ပြောင်းရွှေ့လိုသော နေရာတွင် MPT FTTH အသုံးပြုနိုင်မှသာ ပြောင်းရွှေ့နိုင်မည်ဖြစ်သည်။

best operator in Myanmar