အမျိုးအစားလိုက် ရွေးရန်

အမေးများသောမေးခွန်းများ

Data Carry Plus Auto-Renewal Packs

၁။ Auto Renewal Data Carry Plus Package ဆိုတာ ဘာလဲ?

Auto Renewal Data Carry Plus ပက်ကေ့ခ်ျဆိုတာ 1000 GB အထိ အပိုလက်ဆောင်ဒေတာများ ကံထူးရယူနိုင်မည့်အပြင် သုံးရန်ကျန်ရှိနေသည့် လက်ကျန်ဒေတာများကို သယ်ဆောင်သွားနိုင်မည့် Carry Over Function ပါဝင်တဲ့ ရက်(၃၀)သုံးပက်ကေ့ချ်များဖြစ်ပါတယ်။ ပက်ကေ့ချ်များကို ဝယ်ယူတိုင်း ထိပေါက်ဂိမ်းမှ ဆုလက်ဆောင်များကံစမ်းရယူနိုင်ဖို့အခွင့်အရေးရရှိမှာဖြစ်ပါသည်။ အလိုအလျောက်သက်တမ်းတိုးစနစ် ပါဝင်သည့် အတွက် ခဏခဏ ပက်ကေ့ချ်ကို ဝယ်ယူနေစရာမလိုဘဲ ပက်ကေ့ချ်၏ လက်ကျန် ဒေတာပမာဏ 50MB အောက် ရောက်ရှိသွားချိန်တိုင်း (သို့မဟုတ်) ပက်ကေ့ချ်သက်တမ်းကုန်ဆုံးချိန်တွင် အလိုအလျောက် သက်တမ်းတိုး ဝယ်ယူမည်ဖြစ်ပါသည်။

နှုန်းထား
(ကုန်သွယ်ခွန်ပါပြီး)
ဒေတာပမာဏMain data
သက်တမ်း
Lucky DataLucky data
သက်တမ်း
Direct USSDSMS to 1331Common USSDSubscription ChannelRemark
979 Ks470 MB၃၀ ရက်
[သက်တမ်းကုန်ဆုံးပြီး (၇)ရက်အတွင်း ဒေတာ
သယ်ဆောင်ခွင့်
ရှိသည်
Can win
Up to 1000GB!
၇ ရက်SUB: *777*3*3#
UNSUB: *777*3*4#
AR DC1777#
(or)
*106#
DMS (*501#)
(or)
Alternative Channel
(or)
Chatbot
(or)
MPT4U App
(or)
MPT Pay
(or)
CRM Portal
(or)
DMS App
ပက်ကေ့ချ်၏ လက်ကျန်balance 50MB အောက်ရောက်ရှိသွားချိန် (သို့မဟုတ်) ပက်ကေ့ချ်သက်တမ်းကုန်ဆုံးချိန်တွင် အလိုအလျောက် သက်တမ်းတိုး ဝယ်ယူမည်
1,279 Ks615 MBSUB *777*4*3#
UNSUB: *777*4*4#
AR DC2
1,779 Ks860 MBSUB: *777*5*3# (or)
UNSUB: *777*5*4#
AR DC3
2,669 Ks1290 MBSUB: *777*6*3# (or)
UNSUB: *777*6*4#
AR DC4

၂။ ပက်ကေ့ချ်ဈေးနှုန်းများမှာ အခွန်ပါဝင်ပြီးဖြစ်ပါသလား?

ပက်ကေ့ချ်ဈေးနှုန်းများမှာ အင်တာနက်ဒေတာအတွက် အခွန် ၁၅%ပါဝင်ပြီးဖြစ်ပါတယ်။

၃။ အလိုအလျောက်သက်တမ်းတိုး Data Carry Plus Pack ကို ဘယ်သူတွေ ဝယ်ယူနိုင်မှာလဲ?

MPT မှ ဆွေသဟာအစီအစဉ် ရယူထားသော GSM/WCDMA prepaid and postpaid အသုံးပြုသူများ နှင့် လက်ရှိ အသုံးပြုနေသူများ ဝယ်ယူနိုင်ပါသည်။ CDMA, Base Tariff နှင့် လက်ရှိအသုံးပြုခြင်းမရှိသူများ ဝယ်ယူနိုင်မည်မဟုတ်ပါ။

၄။ အလိုအလျောက် သက်တမ်းတိုးပက်ကေ့ချ်ကို MPT4U ကတဆင့် ဝယ်ယူလို့ရပါသလား။

အလိုအလျောက် သက်တမ်းတိုးပက်ကေ့ချ် ကို MPT4U Application တွင်ဝယ်ယူနိုင်ပါသည်။ MPT4U Application အတွင်းရှိ “အလိုအလျောက်သက်တမ်းတိုးပက်ကေ့ချ်” page မှတဆင့်ဝယ်ယူနိုင်သလို “ပက်ကေ့ချ်ဝယ်ယူခြင်း” page မှတဆင့် ဝင်ရောက်ကာ မိမိကြိုက်နှစ်သက်ရာ ပက်ကေ့ချ်အားရွေးချယ်ဝယ်ယူနိုင်ပါသည်။

၅။ Auto renewal Data Carry Plus ပက်ကေ့ချ် များကို ဝယ်ယူပြီး Lucky Data ပါဝင်ကံစမ်း နိုင်ပါသလား?

ဟုတ်ကဲ့ ရပါတယ်။ မည်သည့် Auto renewal Data Carry Plus ပက်ကေ့ချ်များကိုမဆို ဝယ်ယူပြီး Lucky Data 1000GB အထိ အပိုလက်ဆောင်ဒေတာကို ကံစမ်းရရှိနိုင်ပါတယ်။

၆။ သောကြာနေ့တွင် Auto Renewal Data Carry Plus Pack ဝယ်ယူပါက ဘယ်လိုခံစားခွင့်တွေရှိမှာပါလဲ?

သောကြာနေ့တွင် Auto Renewal Data Carry Plus ဝယ်ယူပါက Happy Friday အပိုဆောင်း ဒေတာ အစား Lucky Data 1000GB အထိ အပိုလက်ဆောင်ဒေတာများ ကံထူး ရရှိမှာဖြစ်ပါတယ်။

၇။ ကံထူးထားတဲ့ဒေတာကို ဘာတွေသုံးလို့ရမှာလဲ?

ကံထူးထားတဲ့ဒေတာကို အင်တာနက်အသုံးပြုမှုအားလုံးအတွက် (၇) ရက်အတွင်း အသုံးပြုနိုင်ပါသည်။

၈။ လက်ကျန်ပမာဏကို ဘယ်လိုစစ်ဆေးနိုင်မှာလဲ?

*224# ကို ခေါ်ဆိုပြီး ပက်ကေ့ချ်ဒေတာ၊ ကံထူးထားသောဒေတာလက်ကျန်ပမာဏနှင့် သက်တမ်း ကို စစ်ဆေးနိုင်ပါတယ်။

၉။ အလိုအလျောက်သက်တမ်းတိုးData Carry Plus Pack ကို အကြိမ်အရေအတွက် ဘယ်လောက်ထိ ဝယ်ယူနိုင်မှာလဲ?

အကြိမ်အရေအတွက်အကန့်အသတ်မရှိ ဝယ်ယူနိုင်မည်ဖြစ်ပြီး ဒေတာပမာဏများ ပေါင်းစည်းသွားမည့်အပြင် အရှည်ဆုံး ပက်ကေချ့် သက်တမ်းအတိုင်း အသုံးပြုနိုင်မည်ဖြစ်ပါသည်။

ဒေတာပမာဏတူညီသော Auto renewal packs များကို အကြိမ်အရေအတွက်အကန့်အသတ်မရှိ ဝယ်ယူနိုင်မည်ဖြစ် ပြီး ဒေတာပမာဏများ ပေါင်းစည်းသွားမည့်အပြင် ပက်ကေချ့်သက်တမ်းကို အရှည်ဆုံးပက်ကေ့ချ်၏ သက်တမ်းအတိုင်း အသုံးပြုနိုင်မည်ဖြစ်ပါသည်။ ပက်ကေ့ချ်၏လက်ကျန် ဒေတာပမာဏ 50 MB အောက်ရောက်ရှိသွားချိန် (သို့မဟုတ်) ပက်ကေ့ချ်သက်တမ်းကုန်ဆုံးချိန်တွင် အလိုအလျောက် သက်တမ်းတိုး ဝယ်ယူပါမည်။

Regular Data Carry Plus ပက်ကေ့ချ် ဝယ်ယူပြီး Auto renewal Data Carry Plus  ပက်ကေ့ချ်ထပ်မံ ဝယ်ယူသည်ဖြစ်စေ၊ Auto renewal Data Carry Plus  ပက်ကေ့ချ် ဝယ်ယူပြီး Regular Data Carry Plus ပက်ကေ့ချ် ထပ်မံဝယ်ယူသည်ဖြစ်စေ  ပက်ကေ့ချ်များကို အကြိမ်အရေအတွက်အကန့်အသတ်မရှိ ဝယ်ယူနိုင်ပြီး ဒေတာပမာဏများ ပေါင်းစည်းသွားမည့်အပြင် အရှည်ဆုံးပက်ကေ့ချ်၏ သက်တမ်းအတိုင်း အသုံးပြုနိုင်မည်။ ပက်ကေ့ချ်၏ လက်ကျန် ဒေတာပမာဏ  50MB အောက်ရောက်ရှိသွားချိန်တိုင်း (သို့မဟုတ်) ပက်ကေ့ချ်သက်တမ်းကုန်ဆုံးချိန်တွင် အလိုအလျောက် သက်တမ်းတိုး ဝယ်ယူပါမည်။

၁၀။ ၉၇၉ကျပ်တန် အလိုအလျောက်သက်တမ်းတိုး ပက်ကေ့ချ် ဝယ်ယူထားပါတယ်။ ၁၂၇၉ ကျပ်တန် Regular Data Carry ပက်ကေ့ချ် ကို ထပ်မံဝယ်ယူလို့ရပါသလား?

ရပါတယ်။ Auto renewal Data Carry Plus ပက်ကေ့ချ်ဝယ်ယူပြီး Regular Data Carry Plus ပက်ကေ့ချ်များကို အကြိမ်အရေအတွက်အကန့်အသတ်မရှိထပ်မံဝယ်ယူနိုင်ပါတယ်။ ဝယ်ယူထားသောဒေတာပမာဏများ ပေါင်းစည်း သွားမည့်အပြင်အရှည်ဆုံးပက်ကေ့ချ်၏ သက်တမ်းအတိုင်း အသုံးပြုနိုင်မည်ဖြစ်ပါသည်။ လက်ကျန် ဒေတာပမာဏ 50MB အောက်ရောက်ရှိသွားချိန်တိုင်း (သို့မဟုတ်) ပက်ကေ့ချ်သက်တမ်းကုန်ဆုံးချိန်တွင် အလိုအလျောက် သက်တမ်းတိုး ဝယ်ယူပါမည်။

၁၁။ ၁၂၇၉ကျပ်တန် အလိုအလျောက်သက်တမ်းတိုး ပက်ကေ့ချ် ဝယ်ယူထားပါတယ်။ ၁၂၇၉ကျပ်တန် အလိုအလျောက်သက်တမ်းတိုး ပက်ကေ့ချ် ကို ထပ်မံဝယ်ယူလို့ရပါသလား?

ရပါတယ်။ ဒေတာပမာဏတူညီသော Auto renewal packs များကို အကြိမ်အရေအတွက်အကန့်အသတ်မရှိ ဝယ်ယူနိုင်မည်ဖြစ်ပြီး ဒေတာပမာဏများ ပေါင်းစည်းသွားမည့်အပြင် ပက်ကေချ့်သက်တမ်း ကို အရှည်ဆုံး ပက်ကေ့ချ်၏ သက်တမ်းအတိုင်း အသုံးပြုနိုင်မည်ဖြစ်ပါသည်။ လက်ကျန် ဒေတာပမာဏ 50MB အောက်ရောက်ရှိသွားချိန်တိုင်း (သို့မဟုတ်) ပက်ကေ့ချ်သက်တမ်းကုန်ဆုံးချိန်တွင် အလိုအလျောက် သက်တမ်းတိုး ဝယ်ယူပါမည်။

၁၂။ ၉၇၉ ကျပ်တန် အလိုအလျောက်သက်တမ်းတိုး ပက်ကေ့ချ် ဝယ်ယူထားပါတယ်။ ၁၂၇၉ကျပ်တန် အလိုအလျောက်သက်တမ်းတိုး ပက်ကေ့ချ် ကို ထပ်မံဝယ်ယူလို့ရပါသလား?

မရပါ။ ဒေတာ ပမာဏချင်းမတူသော Auto renewal packs များအကြိမ်အကန့်အသတ်မရှိ ဝယ်ယူခြင်းကို ခွင့်မပြုပါ။ ဒေတာပမာဏ မတူညီသော ပက်ကေ့ချ်အသစ်ကို ဝယ်ယူလိုပါက လက်ရှိပက်ကေ့ချ်ကို UNSUBSCRIBE (ပယ်ဖျက်ပေးရန်) လုပ်ပေးရန်လိုအပ်ပါသည်။

၁၃။ အလိုအလျောက်သက်တမ်းတိုး Data Carry Plus Pack ရဲ့ သက်တမ်းက ဘယ်လောက်လဲ?

Package တစ်ခု၏ သက်တမ်းက (၃၀)ရက်ဖြစ်ပြီး ဒေတာသယ်ယူနိုင်သောကာလမှာ (၇)ရက် ဖြစ်ပါတယ်။ ဒေတာသယ်ယူနိုင်သောကာလအတွင်း Pack အသစ်ဝယ်ယူပါက ပက်ကေ့ချ်ဒေတာ ပမာဏကို ပေါင်းစည်းအသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ကံထူးထားသည့်ဒေတာကို (၇)ရက် အသုံးပြုနိုင်မှာဖြစ်ပြီး သက်တမ်းနှင့် ဒေတာလက်ကျန်ကိုလည်း ပေါင်းစည်းအသုံးပြုနိုင်မှာပါ။

၁၄။ လက်ကျန် Data 50MB ထိမရောက်ရှိသေးသော်လည်း ပက်ကေ့ချ်သက်တမ်းကုန်ဆုံးသွားပါက ဘယ်လိုဖြစ်သွားမှာလဲ?

လက်ကျန် Data 50MB ထိမရောက်ရှိသေးသော်လည်း ပက်ကေ့ချ် သက်တမ်းကုန်ဆုံးသွားပါက အလိုအလျောက် သက်တမ်းတိုး ဝယ်ယူမည်ဖြစ်ပါသည်။

၁၅။ ဒေတာသယ်ဆောင်နေသော ကာလအတွင်းမှာ အသုံးမပြုရသေးတဲ့ ဒေတာတွေက ဘယ်လို ဖြစ်သွားမှာလဲ?

ဒေတာသယ်ဆောင်နေသော ကာလ (Package ၏ သက်တမ်း ကုန်ဆုံးပြီး (၇) ရက်)အတွင်းမှာ ကျန်ရှိနေသော ပက်ကေ့ချ်ဒေတာများကို အသုံးပြုနိုင်မည် မဟုတ်ပါ။ ထိုကာလအတွင်း Package အသစ်တစ်ခုဝယ်ပါက ယခင်အသုံးပြုရန်ကျန်ရှိနေသော ပက်ကေ့ချ်ဒေတာပမာဏကို ပေါင်းစည်း အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ကံထူးထားသည့်ဒေတာသက်တမ်းနှင့် ဒေတာလက်ကျန်ကို လည်း ပေါင်းစည်းအသုံးပြုနိုင်မှာပါ။

၁၆။ Auto Renewal Data Carry Plus ပက်ကေ့ချ် များကို ဝယ်ယူပြီး ထိပေါက်အစီအစဉ်တွင် ပါဝင်ကံစမ်း နိုင်ပါသလား?

ရပါတယ်။ အလိုအလျောက်သက်တမ်းတိုး Data Carry ပက်ကေ့ချ်များကို USSD, MPT4U, MPT Pay, CRM channels များမှ ပထမအကြိမ်ဝယ်ယူခြင်း (သို့) အလိုအလျောက်သက်တမ်းတိုးchannel မှတဆင့် ဒုတိယကြိမ်နှင့်အထက် ဝယ်ယူမှုတိုင်းအတွက် ထိပေါက်ကစားဖို့ အခွင့်အရေး (၁)ကြိမ် ရရှိမှာဖြစ်ပါတယ်။ Hti Pauk Chance ဖြင့် MPT4U တွင် ထောဘီထိပေါက်ဂိမ်းကိုဝင်ရောက်ကစား၍ Data ဆုကြီးများကို  ကံစမ်းရယူနိုင်ပါသည်။

၁၇။ Auto Renewal Data Carry Plus ကို တခြားသူများသို့ လက်ဆောင်ပေးလို့ ရပါသလား?

Autorenewal ပက်ကေ့ချ် များကို တခြားသူများသို့ လက်ဆောင်ပေး၍မရပါ

၁၈။ အလိုအလျောက်ပက်ကေ့ချ်သက်တမ်းတိုးရာ၌ လက်ကျန်ငွေမလုံလောက်ပါက ဘယ်လိုဖြစ်သွားမှာလဲ?

အလိုအလျောက်ပက်ကေ့ချ်သက်တမ်းတိုးဖို့ ငွေလက်ကျန်မလုံလောက်ပါက Auto renewal service သည် ခေတ္တရပ်တန့်သွားမှာဖြစ်ပြီး သုံးစွဲသူမှ ဖုန်းငွေဖြည့်ခြင်း/ ချေးငွေအသုံးပြုခြင်း/ ငွေလွှဲခြင်း နည်းလမ်းများဖြင့် ငွေထပ်မံဖြည့်သွင်းနိုင်သည်။ အဆိုပါ သတ်မှတ်ထားသော နည်းလမ်းများအတိုင်း ပက်ကေ့ချ်သက်တမ်းကုန်ဆုံးပြီး ဒေတာသယ်ဆောင်နေသောကာလ(၇ရက်)အတွင်း နောက်ဆုံးထား၍ ဖုန်းငွေထပ်မံဖြည့်သွင်းမှသာ ပက်ကေ့ချ်ကို ဆက်လက်အသုံးပြုနိုင်မည်။

၁၉။ ဘယ်အချိန်မှာ Auto Renew Function လုံးဝရပ်တန့်သွားမှာလဲ?

သုံးစွဲသူမှ ပက်ကေ့ချ် သက်တမ်းကုန်ဆုံးပြီး ဒေတာသယ်ဆောင်နေသောကာလ(၇ရက်အတွင်း) တိုင်အောင် ငွေထပ်မံဖြည့်သွင်းခြင်း မရှိပါက Auto Renew Function ကို ဆက်လက် အသုံးမပြုနိုင်ပါ။ အသုံးပြုသူမှ service ကို ပြန်လည်အသုံးပြုလိုပါက ထပ်မံဝယ်ယူပြီးမှ အသုံးပြုနိုင်ပါသည်။

၂၀။လက်ကျန် Data 50MBအောက် မရောက်ရှိခင် Autorenewal ပက်ကေ့ချ်ကို Unsubscribe လုပ်မိရင် လက်ကျန်ဒေတာများကို ဆက်လက်သုံးလို့ရမှာလား?

ရပါတယ်။ ပက်ကေ့ချ်သက်တမ်းမကုန်ခင် Auto –renewal ပက်ကေ့ချ်ကို UNSUBSCRIBE (ရပ်တန့်) လိုက်ပါက လက်ကျန် data ကျန်ရှိနေလျှင် ကျန်ရှိနေသော data ကို ပက်ကေ့ချ်သက်တမ်းကုန်ဆုံးသည်အထိအသုံးပြုနိုင်ပါသည်။ သို့သော် Unsubscribe ပြုလုပ်သည်နှင့် Auto renewal function ကို အသုံးမပြုနိုင်တော့ပါ။

၂၁။ စာရင်းသွင်းခြင်းကိုဘယ်လိုပယ်ဖျက်လို့ရပါသလဲ?

အသုံးပြုသူများသည် အောက်ဖော်ပြပါ USSD Codes များကိုခေါ်ဆို၍လည်းကောင်း (သို့) MPT4U App မှ တစ်ဆင့် အလိုအလျောက်သက်တမ်းတိုးပက်ကေ့ချ်အတွက် စာရင်းသွင်းမှုကိုပယ်ဖျက်နိုင်သည်။

AR PacksCommon USSD for un-subscriptionDirect USSD for un-subscriptionUn-subscription channel
[email protected]*7171#*777*3*4#MPT4U App
[email protected]*777*4*4#
[email protected] 860MB*777*5*4#
[email protected] 1290MB*777*6*4#

၂၂။ USSD မှ ဝယ်ယူသည့်အခါ အလိုအလျောက်သက်တမ်းတိုးပက်ကေ့ချ်ဖြစ်ကြောင်း ဘယ်လိုသိနိုင်မှာလဲ?

လူကြီးမင်းဝယ်ယူလိုသော အလိုအလျောက်သက်တမ်းတိုးပက်ကေ့ချ်ကို အောက်ဖော်ပြပါ USSD code များမှတစ်ဆင့် ရွေးချယ်ဝယ်ယူနိုင်ပါသည်။

Edit
Auto-renew Data Carry Plus [email protected]USSD CodeUSSD Display
*106#ရက် ၃၀ သုံး 470 MB
1.၀ယ်မည် (၉၉၉ကျပ်)
2.လက်ဆောင် (၉၉၉ကျပ်)
3. Auto Renew (၉၇၉ကျပ်)
*777#
*7777#
*106*2#
Edit
Auto-renew Data Carry Plus [email protected]USSD CodeUSSD display
*106#ရက် ၃၀ သုံး 615MB
1.၀ယ်မည် (၁၂၉၉ကျပ်)
2.လက်ဆောင် (၁၂၉၉ကျပ်)
3. Auto Renew (၁၂၇၉ကျပ်)
*777#
*7777#
*106*2#

အလိုအလျောက် သက်တမ်းတိုး All in one ထောဘီ ၁၀ ဆ

1. အလိုအလျောက် သက်တမ်းတိုး All in one ထောဘီ ၁၀ ဆဆိုတာဘာပါလဲ။

ပုံမှန်ဖုန်းဘေလ်ကို အဆပေါင်း ၁၀ ဆ ပွားကာ ထောဘီ ၁၀ ဆဖုန်းဘေလ်အဖြစ် ပြောင်းလဲ၍ ဒေတာသုံးစွဲခြင်း၊ မည့်သည့်ပြည်တွင်းမိုလ်ဘိုင်းဖုန်းမဆိုခေါ်ဆိုခြင်းနှင့် စာတိုပေးပို့ခြင်းကိုအထူးနှုန်းထားဖြင့်စိတ်တိုင်းကျအသုံးပြုနိုင်သလို MPT အချင်းချင်းအကန့်အသတ်မရှိအခမဲ့ စာတိုပေးပို့ခြင်းကိုလည်း ပက်ကေ့ချ်၏သက်တမ်းအတွင်းအသုံးပြုနိုင်မှာဖြစ်ပါသည်။ အလိုအလျောက်ဝယ်ယူရန် အဆိုပြုထားပါက ပက်ကေ့ချ်၏ လက်ကျန် ထောဘီ balance 1000Ks အောက်ရောက်ရှိသွားချိန် (or) ပက်ကေ့ချ်သက်တမ်းကုန်ဆုံးချိန်တွင် အလိုအလျောက်သက်တမ်းတိုး ဝယ်ယူမည်ဖြစ်ပါသည်။ပက်ကေ့ချ်များကို ဝယ်ယူတိုင်း ထိပေါက်ဂိမ်းမှ ဆုလက်ဆောင်များကံစမ်းရယူနိုင်ဖို့အခွင့်အရေးရရှိမှာဖြစ်ပါသည်။

Data1 MB လျှင် ၂၁.၉ ကျပ်
Any-net Voiceတစ်မိနစ်လျှင် ၁၃၂ ကျပ်
Any-net SMSSMS တစ်စောင်လျှင် ၆၆ ကျပ်
MPT-MPT SMS၀ ကျပ် (အကန့်အသတ်မရှိ)

အောက်ဖော်ပြပါအတိုင်း ပုံမှန်ဖုန်းဘေလ်ကို ထောဘီ ၁၀ဆ ဖုန်းဘေလ်အဖြစ်ပြောင်းလဲနိုင်မည်ဖြစ်ပါသည်။

အသေးစိတ်ထောဘီ ၁၀ဆ ဖုန်းဘေလ် သက်တမ်း
ပုံမှန်ဖုန်းဘေလ် ၂၉၀၀ ကျပ်ကို ထောဘီ ၁၀ဆ ဖုန်းဘေလ် ၃၀၀၀၀ ကျပ်နှင့်လဲလှယ်နိုင်သည်။၁၅ ရက်
ပုံမှန်ဖုန်းဘေလ် ၄၈၀၀ ကျပ်ကို ထောဘီ ၁၀ဆ ဖုန်းဘေလ် ၅၀၀၀၀ ကျပ်နှင့်လဲလှယ်နိုင်သည်။၃၀ ရက်
ပုံမှန်ဖုန်းဘေလ် ၉၆၀၀ ကျပ်ကို ထောဘီ ၁၀ဆ ဖုန်းဘေလ် ၁၀၀၀၀၀ ကျပ်နှင့်လဲလှယ်နိုင်သည်။၉၀ ရက်

2. ထောဘီ ၁၀ ဆ ဖုန်းဘေလ်ကို ဘယ်သူတွေ ရယူအသုံးပြုနိုင်ပါသလဲ။

MPT ဖုန်းများ၏ Prepaid စနစ် ဆွေသဟာ အစီအစဉ်အသုံးပြုသူများအားလုံး အသုံးပြုနိုင်ပါမည်။

3. ထောဘီ ၁၀ဆ ဖုန်းဘေလ်ကို ဘယ်လိုရယူအသုံးပြုနိုင်မှာပါလဲ။

ထောဘီ ၁၀ ဆ ဖုန်းဘေလ်ကိုအောက်ပါနည်းလမ်းများဖြင့် လဲလှယ်ရယူအသုံးပြုနိုင်ပါသည်။

Pack Names Autorenewal ထောဘီ ၁၀ဆ ဖုန်းဘေလ်ထောဘီ ၁၀ဆ ဖုန်းဘေလ်
သက်တမ်း
ရယူနိုင်သည့်နည်းလမ်းများပယ်ဖျက်နိုင်သည့်နည်းလမ်းများ
Direct USSDSMS to 1331Common USSDOther ChannelsDirect USSDCommon USSD
Auto Renew 10X Htaw B2,900Ks Main Balance = 30,000Ks 10X Htaw B Balance15Days*5010*1*3#AR 10XHB1106# (or) *5010#DMS (*501#)
(or)
Alternative Channel
(or)
Chatbot
(or)
MPT4U App
(or)
MPT Pay
(or)
CRM Portal
(or)
DMS App
*5010*1*4#*5151#
4,800Ks Main Balance = 50,000Ks 10X Htaw B Balance30Days*5010*2*3#*5010*2*4#
9,600Ks Main Balance = 100,000Ks 10X Htaw B Balance90Days*5010*3*3#*5010*3*4#

4. အလိုအလျောက် သက်တမ်းတိုးပက်ကေ့ချ်ကို MPT4U ကတဆင့် ဝယ်ယူလို့ရပါသလား။

အလိုအလျောက် သက်တမ်းတိုးပက်ကေ့ချ် ကို MPT4U Application တွင်ဝယ်ယူနိုင်ပါသည်။ MPT4U Application အတွင်းရှိ “အလိုအလျောက်သက်တမ်းတိုးပက်ကေ့ချ်” page မှတဆင့်ဝယ်ယူနိုင်သလို “ပက်ကေ့ချ်ဝယ်ယူခြင်း” page မှတဆင့် ဝင်ရောက်ကာ မိမိကြိုက်နှစ်သက်ရာ ပက်ကေ့ချ်အားရွေးချယ်ဝယ်ယူနိုင်ပါသည်။

5. ထောဘီ ၁၀ဆ ဖုန်းဘေလ်ကို ဘယ်လိုအသုံးပြုနိုင်မှာပါလဲ။

ထောဘီ ၁၀ဆ ဖုန်းဘေလ်ကို မည့်သည့်ပြည်တွင်းမိုလ်ဘိုင်းဖုန်းမဆိုခေါ်ဆိုခြင်းနှင့် စာတိုပေးပို့ခြင်း၊ ဒေတာ သုံးစွဲခြင်းတို့အတွက် သတ်မှတ် ထောဘီ ၁၀ဆ နှုန်းထားများဖြင့် အသုံးပြုနိုင်ပါသည်။ အကန့်သတ်မရှိ MPT အချင်းချင်း စာတိုပေးပို့ခြင်းကို အခမဲ့ အသုံးပြုနိုင်မှာဖြစ်ပါသည်။

6. ထောဘီ ၁၀ဆ ဖုန်းဘေလ်ကို အသုံးပြုပါကဘယ်လိုနှုန်းထားနဲ့ကျသင့်စေမှာပါလဲ။

ထောဘီ ၁၀ဆ ဖုန်းဘေလ်ကို အောက်ပါနှုန်းထားများဖြင့် ကျသင့်ကောက်ခံသွားမည်ဖြစ်ပါသည်။

  • ဒေတာ – 21.9Ks/MB (အင်တာနက်အသုံးပြုမှုကို 1MB နှုန်းဖြင့်ကောက်ခံပါမည်)
  • မည့်သည့်ပြည်တွင်းမိုလ်ဘိုင်းဖုန်းကိုမဆိုခေါ်ဆိုခြင်း- 132Ks/min (ဖုန်းခေါ်ဆိုမှုကို ၃၀ စက္ကန့်နှုန်းဖြင့်ကောက်ခံပါမည်)
  • အခြား ဖုန်းများသို့စာတိုပေးပို့ခြင်း – 66Ks/SMS
  • MPT ဖုန်းများသို့စာတိုပေးပို့ခြင်း – အခမဲ့ အကန့်သတ်မရှိ SMS

(နှုန်းထားအားလုံးတွင် ကုန်သွယ်လုပ်ငန်းခွန်ပါဝင်ပြီးဖြစ်ပါသည်။)

7. ထောဘီ ၁၀ဆ ဖုန်းဘေလ်ကို လဲလိုက်ပါတယ်။ ဖုန်းဘေလ်တွေပဲတိုးလာမယ်လို့ထင်ခဲ့ပေမယ့် တကယ်လဲလိုက်ချိန်မှာတော့ ပုံမှန်ဖုန်းဘေလ် (Main Balance) ထဲက ပိုက်ဆံတွေဖြတ်သွားပါတယ်။ ဘာဖြစ်လို့ပါလဲ။

လူကြီးမင်း၏ ပုံမှန်ဖုန်းဘေလ်ကို ထောဘီ ၁၀ဆ ဖုန်းဘေလ်အဖြစ် လဲလှယ်ရယူအသုံးပြုခြင်းဖြစ်ပါသည်။ မည့်သည့်ပြည်တွင်းမိုလ်ဘိုင်းဖုန်းမဆိုခေါ်ဆိုခြင်းနှင့် စာတိုပေးပို့ခြင်း၊ ဒေတာ သုံးစွဲခြင်းတို့အတွက် ထောဘီ ၁၀ဆ ဖုန်းဘေလ်မှ ဦးစွာကောက်ခံပါမည်။ ပက်ကေ့ချ်များဝယ်ယူခြင်း၊ VAS ဝန်ဆောင်မှုရယူခြင်းများ ပြုလုပ်ပါက ပုံမှန်ဖုန်းဘေလ်လက်ကျန်ငွေမှ ဖြတ်တောက်မည်ဖြစ်ပြီး သုံးစွဲသူရယူထားသောအစီအစဉ်၏နှုန်းထားများ [ဆွေသဟာ(သို့) ရှယ်ပြော(သို့)ရွှေစကား]အတိုင်း ကျသင့်စေမည်ဖြစ်သည်။

8. ထောဘီ ၁၀ဆ ဖုန်းဘေလ်ကုန်သွားချိန်မှာ ဝန်ဆောင်မှုတစ်ခုခုအသုံးပြုပါက ဘယ်လိုကျသင့်မှာပါလဲ။

ပုံမှန်ဖုန်းဘေလ်လက်ကျန်ငွေမှ ဖြတ်တောက်မည်ဖြစ်ပြီး သုံးစွဲသူရယူထားသောအစီအစဉ်၏နှုန်းထားများ ဆွေသဟာအတိုင်း (သို့) ဝယ်ယူထားသော ပက်ကေ့ချ်ရှိပါက ပက်ကေ့ချ်မှ ကောက်ခံကျသင့်စေမည်ဖြစ်ပါသည်။ ထောဘီ ၁၀ဆ ဖုန်းဘေလ်များကို စဉ်ဆက်မပြတ်လဲလှယ်ရယူအသုံးပြုပြီး အလွန်သက်သာသောနှုန်းထားဖြင့် ဆက်လက် အသုံးပြုနိုင်ပါသည်။

9. ထောဘီ ဖုန်းဘေလ် (၅ဆ)၊ ထောဘီ (၇ဆ) နှင့် ထောဘီ (၁၀ဆ) ဖုန်းဘေလ် ၃ခုလုံးရှိနေပါတယ်။ Data နှင့် MPT အချင်းချင်းဖုန်းခေါ်ဆိုခြင်း အသုံးပြုမှုအတွက် မည်သည့် pack မှ အရင် ကျသင့်ပါမလဲ။

ထောဘီ ၅ဆ ဖုန်းဘေလ်မှ အရင်ကျသင့်မည်ဖြစ်ပါသည်။ ပြီးနောက် ထောဘီ၇ဆ မှ ကျသင့်မှာဖြစ်ပြီး နောက်ဆုံးမှာ ထောဘီ၁၀ဆမှကျသင့်မှာဖြစ်ပါသည်။

10. ထောဘီ ၁၀ဆ ဖုန်းဘေလ်နဲ့ ဘယ်လောက်များများ ဖုန်းပြောနိုင်ပါသလဲ။ စာတိုပေးပို့နိုင်ပါသလဲ။ ဒေတာသုံးနိုင်ပါသလဲ။

ထောဘီ ၁၀ဆ ဖုန်းဘေလ် ၃၀၀၀၀ကျပ်သည်

  • ဒေတာတစ်မျိုးတည်းအသုံးပြုပါက 1369 MB အထိ အသုံးပြုနိုင်ပါသည်။

(သို့မဟုတ်)

  • မည့်သည့်ပြည်တွင်းမိုလ်ဘိုင်းဖုန်းကိုမဆိုခေါ်ဆိုရန်တစ်မျိုးတည်းအသုံးပြုပါက 227 မိနစ် အထိ ဖုန်းပြောနိုင်ပါသည်။

(သို့မဟုတ်)

  • အခြား ဖုန်းများသို့စာတိုပေးပို့ရန်တစ်မျိုးတည်းအသုံးပြုပါက 454 စောင် အထိ ပေးပို့နိုင်ပါသည်။
  • MPT ဖုန်းများသို့စာတိုပေးပို့ခြင်းကို အကန့်အသတ်မရှိ အသုံးပြုနိုင်ပါသည်။

ထောဘီ ၁၀ဆ ဖုန်းဘေလ်ကို သတ်မှတ်ဝန်ဆောင်မှုများအတွက် စိတ်တိုင်းကျ အသုံးပြုနိုင်ပါသည်။ ဥပမာ- ၃၀၀၀၀ကျပ်ဖြင့် ဒေတာ 1GB + မည့်သည့်ပြည်တွင်းမိုလ်ဘိုင်းဖုန်းကိုမဆိုခေါ်ဆိုရန် 45 မိနစ် + မည်သည့်ဖုန်းကိုမဆိုစာတိုပို့ ရန် 24 စောင် + အကန့်သတ်မရှိ  MPT ဖုန်းများသို့စာတိုပေးပို့နိုင်ခြင်း အစရှိသဖြင့်လည်း တွဲဖက်အသုံးပြုနိုင်ပါသည်။

11. အလိုအလျောက်သက်တမ်းတိုး Auto renewal 10X Htaw B Pack ကို အကြိမ်အရေအတွက် ဘယ်လောက်ထိ ဝယ်ယူနိုင်မှာလဲ?

•အကြိမ်အရေအတွက်အကန့်အသတ်မရှိ ဝယ်ယူနိုင်မည်ဖြစ်ပြီး ထောဘီ ဖုန်းဘေလ်ပမာဏများ ပေါင်းစည်းသွားမည့်အပြင် အရှည်ဆုံး ပက်ကေချ့် သက်တမ်းအတိုင်း အသုံးပြုနိုင်မည်ဖြစ်ပါသည်။
• ထောဘီ ဖုန်းဘေလ်ပမာဏတူညီသော Auto renewal packs များကို အကြိမ်အရေအတွက်အကန့်အသတ်မရှိ ဝယ်ယူနိုင်မည်ဖြစ် ပြီး ဒေတာပမာဏများ ပေါင်းစည်းသွားမည့်အပြင် ပက်ကေချ့်သက်တမ်းကို အရှည်ဆုံးပက်ကေ့ချ် ၏ သက်တမ်းအတိုင်း အသုံးပြုနိုင်မည်ဖြစ်ပါသည်။ ပက်ကေ့ချ်၏ ထောဘီ လက်ကျန်ပမာဏ 1000Ks အောက် ရောက်ရှိသွားချိန် (သို့မဟုတ်) ပက်ကေ့ချ်သက်တမ်းကုန်ဆုံးချိန်တွင် အလိုအလျောက် သက်တမ်းတိုး ဝယ်ယူပါမည်။
•Regular ထောဘီ ၁၀ဆ ပက်ကေ့ချ် ဝယ်ယူပြီး Auto renewal 10X Htaw B ပက်ကေ့ချ်ထပ်မံ ဝယ်ယူသည်ဖြစ်စေ၊ Auto renewal 10X Htaw B ပက်ကေ့ချ် ဝယ်ယူပြီး Regular 10X Htaw B ပက်ကေ့ချ် ထပ်မံဝယ်ယူသည်ဖြစ်စေ ပက်ကေ့ချ်များကို အကြိမ်အရေအတွက်အကန့်အသတ်မရှိ ဝယ်ယူနိုင်ပြီး ထောဘီ ဖုန်းဘေလ်ပမာဏများ ပေါင်းစည်းသွားမည့် အပြင် အရှည်ဆုံးပက်ကေ့ချ်၏ သက်တမ်းအတိုင်း အသုံးပြုနိုင်မည်။ ပက်ကေ့ချ်၏ ထောဘီ လက်ကျန်ပမာဏ 1000Ks အောက်ရောက်ရှိသွားချိန် (သို့မဟုတ်) ပက်ကေ့ချ်သက်တမ်းကုန်ဆုံးချိန်တွင် အလိုအလျောက် သက်တမ်းတိုး ဝယ်ယူပါမည်။

12. 2900 ကျပ်တန် အလိုအလျောက်သက်တမ်းတိုး ပက်ကေ့ချ် ဝယ်ယူထားပါတယ်။ 5000 ကျပ်တန် Regular Data Carry ပက်ကေ့ချ် ကို ထပ်မံဝယ်ယူလို့ရပါသလား?

ရပါတယ်။ Auto renewal Data Carry Plus ပက်ကေ့ချ်ဝယ်ယူပြီး Regular ထောဘီ ၁၀ဆ ပက်ကေ့ချ်များကို အကြိမ်အရေအတွက်အကန့်အသတ်မရှိထပ်မံဝယ်ယူနိုင်ပါတယ်။ ဝယ်ယူထားသောထောဘီ ဖုန်းဘေလ် ပမာဏများ ပေါင်းစည်း သွားမည့်အပြင်အရှည်ဆုံးပက်ကေ့ချ်၏ သက်တမ်းအတိုင်း အသုံးပြုနိုင်မည်ဖြစ်ပါသည်။ ပက်ကေ့ချ်၏ ထောဘီ လက်ကျန်ပမာဏ 1000Ks အောက်ရောက်ရှိသွားချိန် (သို့မဟုတ်) ပက်ကေ့ချ်သက်တမ်းကုန်ဆုံးချိန်တွင် အလိုအလျောက် သက်တမ်းတိုး ဝယ်ယူပါမည်။

13. 2900 ကျပ်တန် အလိုအလျောက်သက်တမ်းတိုး ပက်ကေ့ချ် ဝယ်ယူထားပါတယ်။ 2900 ကျပ်တန် အလိုအလျောက်သက်တမ်းတိုး ပက်ကေ့ချ် ကို ထပ်မံဝယ်ယူလို့ရပါသလား?

ရပါတယ်။ ထောဘီ ဖုန်းဘေလ်ပမာဏ တူညီသော Auto renewal packs များကို အကြိမ်အရေအတွက်အကန့်အသတ်မရှိ ဝယ်ယူနိုင်မည်ဖြစ်ပြီး ထောဘီ ဖုန်းဘေလ်ပမာဏများ ပေါင်းစည်းသွားမည့်အပြင် ပက်ကေချ့်သက်တမ်း ကို အရှည်ဆုံး ပက်ကေ့ချ်၏ သက်တမ်းအတိုင်း အသုံးပြုနိုင်မည်ဖြစ်ပါသည်။ ပက်ကေ့ချ်၏ ထောဘီ လက်ကျန် ပမာဏ 1000Ks အောက်ရောက်ရှိသွားချိန် (သို့မဟုတ်) ပက်ကေ့ချ်သက်တမ်းကုန်ဆုံးချိန်တွင် အလိုအလျောက် သက်တမ်းတိုး ဝယ်ယူပါမည်။

14. 9600 ကျပ်တန် အလိုအလျောက်သက်တမ်းတိုး ပက်ကေ့ချ် ဝယ်ယူထားပါတယ်။ 2900 ကျပ်တန် အလိုအလျောက်သက်တမ်းတိုး ပက်ကေ့ချ် ကို ထပ်မံဝယ်ယူလို့ရပါသလား?

မရပါ။ ထောဘီ ဖုန်းဘေလ်ပမာဏချင်းမတူသော Auto renewal packs များအကြိမ်အကန့်အသတ်မရှိ ဝယ်ယူခြင်းကို ခွင့်မပြုပါ။ ထောဘီ ဖုန်းဘေလ်ပမာဏ မတူညီသော ပက်ကေ့ချ်အသစ်ကို ဝယ်ယူလိုပါက လက်ရှိပက်ကေ့ချ်ကို UNSUBSCRIBE (ပယ်ဖျက်ပေးရန်) လုပ်ပေးရန်လိုအပ်ပါသည်။ E.g. 2900 ကျပ်တန် Auto renewal ပက်ကေ့ချ်အသစ်ကို ဝယ်ယူလိုပါက လက်ရှိ 9600 ကျပ်တန် Auto-renewal ပက်ကေ့ချ်ကို UNSUBSCRIBEလုပ်ပေးရန်လိုအပ်ပါသည်။

15. လက်ကျန် balance 1000Ks ထိမရောက်ရှိသေးသော်လည်း ပက်ကေ့ချ်သက်တမ်းကုန်ဆုံးသွားပါက ဘယ်လိုဖြစ်သွားမှာလဲ?

လက်ကျန် balance 1000Ks ထိမရောက်ရှိသေးသော်လည်း ပက်ကေ့ချ် သက်တမ်းကုန်ဆုံးသွားပါက အလိုအလျောက် သက်တမ်းတိုး ဝယ်ယူမည်ဖြစ်ပါသည်။

16.အလိုအလျောက်ပက်ကေ့ချ်သက်တမ်းတိုးရာ၌ လက်ကျန်ငွေမလုံလောက်ပါက ဘယ်လိုဖြစ်သွားမှာလဲ?

အလိုအလျောက်ပက်ကေ့ချ်သက်တမ်းတိုးဖို့ ငွေလက်ကျန်မလုံလောက်ပါက Auto renewal service သည် ခေတ္တရပ်တန့်သွားမှာဖြစ်ပြီး သုံးစွဲသူမှ ဖုန်းငွေဖြည့်ခြင်း/ ချေးငွေအသုံးပြုခြင်း/ ငွေလွှဲခြင်း နည်းလမ်းများဖြင့် ငွေထပ်မံဖြည့်သွင်းနိုင်သည်။ အဆိုပါ သတ်မှတ်ထားသော နည်းလမ်းများအတိုင်း ပက်ကေ့ချ်သက်တမ်းကုန်ဆုံးပြီး (၇ရက်)အတွင်း နောက်ဆုံးထား၍ ဖုန်းငွေထပ်မံဖြည့်သွင်းမှသာ ပက်ကေ့ချ်ကို ဆက်လက်အသုံးပြုနိုင်မည်။

17. ဘယ်အချိန်မှာ Auto Renew Function လုံးဝရပ်တန့်သွားမှာလဲ?

သုံးစွဲသူမှ ပက်ကေ့ချ် သက်တမ်းကုန်ဆုံးပြီးနောက် (၇) ရက်အတွင်း တိုင်အောင် ငွေထပ်မံဖြည့်သွင်းခြင်း မရှိပါက Auto Renew Function ကို ဆက်လက် အသုံးမပြုနိုင်ပါ။ အသုံးပြုသူမှ service ကို ပြန်လည်အသုံးပြုလိုပါကပက်ကေ့ချ်ကို ထပ်မံဝယ်ယူပြီးမှ အသုံးပြုနိုင်ပါသည်။

18. လက်ကျန် balance 1000Ks အောက် မရောက်ရှိခင် Autorenewal ပက်ကေ့ချ်ကို Unsubscribe လုပ်မိရင် လက်ကျန်ဒေတာများကို ဆက်လက်သုံးလို့ရမှာလား?

ရပါတယ်။ ပက်ကေ့ချ်သက်တမ်းမကုန်ခင် Auto –renewal ပက်ကေ့ချ်ကို UNSUBSCRIBE (ရပ်တန့်) လိုက်ပါက လက်ကျန် 10X Htaw B Balance ကျန်ရှိနေလျှင် ကျန်ရှိနေသော balance ကို ပက်ကေ့ချ်သက်တမ်းကုန်ဆုံးသည်အထိအသုံးပြုနိုင်ပါသည်။ သို့သော် Unsubscribe ပြုလုပ်သည်နှင့် Auto renewal function ကို အသုံးမပြုနိုင်တော့ပါ။

19. ထောဘီ ၁၀ဆ ဖုန်းဘေလ်ကိုသုံးပြီး packs တွေဝယ်ယူနိုင်မှာပါလား။

ထောဘီ ၁၀ဆ ဖုန်းဘေလ်ဖြင့် ပက်ကေ့ချ်များမဝယ်ယူနိုင်ပါ။ ထောဘီ ၁၀ဆ ဖုန်းဘေလ်ဖြင့် သတ်မှတ်ဝန်ဆောင်မှုများကို သုံးစွဲသူစိတ်တိုင်းကျ အသုံးပြုနိုင်မည်ဖြစ်ပါသည်။

20.ထောဘီ ၁၀ဆ ဖုန်းဘေလ်ကို အခြားသုံးစွဲသူများထံလွှဲပြောင်းပေးလို့ရပါသလား။

ထောဘီ ၁၀ဆ ဖုန်းဘေလ်ကို လွှဲပြောင်းမှုမပြုလုပ်နိုင်ပါ။ ပုံမှန်ဖုန်းဘေလ်နှင့် ပြန်လည်လဲလှယ်ခြင်းမပြုလုပ်နိုင်ပါ။

21.အလိုအလျောက် သက်တမ်းတိုး ထောဘီ ၁၀ဆ pack ဝယ်ယူပါက ထောဘီထိပေါက် ကံစမ်းခွင့်ရရှိမှာပါလား။

  • ရပါတယ်။ အလိုအလျောက်သက်တမ်းတိုး Htaw B 10 X ပက်ကေ့ချ်များကို USSD, MPT4U, MPT Pay, CRM channels များမှ ပထမအကြိမ်ဝယ်ယူခြင်း (သို့) ဒုတိယကြိမ်နှင့်အထက် အလိုအလျောက်သက်တမ်းတိုးသည့် အကြိမ်တိုင်းအတွက် ထိပေါက်ကစားဖို့ အခွင့်အရေး (၁)ကြိမ်စီ ရရှိမှာဖြစ်ပါတယ်။
  • Hti Pauk Chance ဖြင့် MPT4U တွင် ထောဘီထိပေါက်ဂိမ်းကိုဝင်ရောက်ကစား၍ထောဘီဖုန်းဘေလ် အဆပေါင်း ၁၀၀ ထိ ကံစမ်းရယူနိုင်ပါသည်။ (ကံထူးထားသည့် ထောဘီဖုန်းဘေလ်များကို ရရှိထားသည့်သက်တမ်းအလိုက် ဒေတာ 10.7Ks/MB၊ MPT ဖုန်းများသို့ဖုန်းခေါ်ဆိုရန် 32.5Ks/min နှင့် MPT ဖုန်းများသို့စာတိုပေးပို့ရန် 20Ks ဖြင့် အသုံးပြုနိုင်ပါသည်။)

22. အလိုအလျောက် သက်တမ်းတိုး ၁၀ဆ ဖုန်းဘေလ်ကို တခြားသူများသို့ လက်ဆောင်ပေးလို့ရပါသလား။

Autorenewal ပက်ကေ့ချ် များကို တခြားသူများသို့ လက်ဆောင်ပေး၍မရပါ။

23. အလိုအလျောက် သက်တမ်းတိုးထောဘီ ၁၀ဆ ပက်ကေ့ချ်တွင် Carry Over Function ပါဝင်သလား?

Carry Over Function မပါရှိပါ။ ပက်ကေ့ချ်သက်တမ်းကုန်ဆုံးပြီး အလိုအလျောက်သက်တမ်းတိုးချိန်တွင် လက်ကျန်ထောဘီ balance များ ကျန်ရှိနေပါက လက်ကျန်ထောဘီ balance များသည် ပက်ကေ့ချ်အသစ်၏ထောဘီ balance နှင့် ပေါင်းစည်းသယ်ဆောင်အသုံးမပြုနိုင်ပါ။

24. အလိုအလျောက် သက်တမ်းတိုး ပက်ကေ့ချ် နှစ်ခု Data Carry Plus နှင့် All in one Htaw B 10X ကို ဝယ်ယူထားပါတယ်။ ဘယ်ပက်ကေ့ချ်က အရင်သက်တမ်းတိုးမှာလဲ?

အလိုအလျောက် သက်တမ်းတိုး Data Carry Plus နှင့် All in one Htaw B 10X ဝယ်ယူထားပြီး တူညီသောနေ့ရက်တွင် အလိုအလျောက်သက်တမ်းတိုးရမည်ဖြစ်ပါက လက်ကျန်ဖုန်းဘေလ် လုံလောက်စွာရှိနေမယ်ဆိုရင် ပက်ကေ့ချ် နှစ်ခုလုံးသည် တပြိုင်နက်တည်း သက်တမ်းတိုးမှာဖြစ်ပါသည်။ လက်ကျန် ဖုန်းဘေလ်သည် ပက်ကေ့ချ်တစ်ခုစာသာကျန်ရှိပါက ကျပန်းစနစ်ဖြင့်သာ သက်တမ်းတိုးမှာဖြစ်ပါသည်။ ဥပမာ။ ။ သုံးစွဲသူက ငွေ ၃၀၀၀ကျပ် ဖြည့်မယ်ဆိုလျှင် ပက်ကေ့ချ်တစ်ခုကိုသာ သက်တမ်းတိုးနိုင်မှာဖြစ်သောကြောင့် ကျပန်းစနစ်အရ ၂၉၀၀ကျပ်တန် အလိုအလျောက်ထောဘီ ဆယ်ဆပက်ကေ့ချ် (သို့မဟုတ်) ၉၇၉ကျပ်တန် အလိုအလျောက်သက်တမ်းတိုး Data Carry Plus ပက်ကေ့ချ်တစ်ခုသာ အရင်သက်တမ်းတိုးမည်ဖြစ်သည်။

ကြင်ကြင်နာနာ ပက်ကေ့ချ်

1. ကြင်ကြင်နာနာ ပက်ကေ့ချ် ဆိုတာဘာလဲ?

ကြင်ကြင်နာနာ ပက်ကေ့ချ် ဆိုသည်မှာ ဝန်ဆောင်မှုအသစ်များကို ထည့်သွင်းမိတ်ဆက် ပေးလိုက်သည့် အထူးပေါင်းစုပက်ကေ့ချ်များဖြစ်ပါသည်။ ကြင်ကြင်နာနာ ပက်ကေ့ချ်ကို ဝယ်ယူထားသော သုံးစွဲသူသည် တခြား MPT သုံးစွဲသူများအား အဖွဲ့ဝင်အဖြစ် သတ်မှတ်ပြီးနောက် မိမိပိုင်ဆိုင်သော ကြင်ကြင်နာနာပက်ကေ့ချ်၊ Data Carry Plusပက်ကေ့ချ် နှင့် ကြိုက်ရာခေါ်ပက်ကေ့ချ်များမှ ဒေတာများ၊ အသံမိနစ်များနှင့် စာတိုများအား ခွဲဝေပေးပို့နိုင်ပါသည်။

2. ကြင်ကြင်နာနာ ပက်ကေ့ချ်မှာ ဘာတွပါဝင်ပါလဲ?

အမည်နှုန်းထား (ကုန်သွယ်ခွန်ပါဝင်ပြီး)ဒေတာသက်တမ်းကြင်ကြင်နာနာ အဖြစ်သတ်မှတ်နိုင်သောဦးရေစုစုပေါင်းဒေတာ (GB)အဖွဲ့ဝင်ရနိုင်သောဒေတာ
(MB)
ပေးပို့နိုင်မှုပိုင်ရှင်ရရှိနိုင်သော အသံမိနစ်နှင့် စာတိုပမာဏပိုင်ရှင်ရရှိနိုင်သာ MPT club point ပမာဏ
ကြင်ကြင်နာနာ 2998 Pack၂၉၉၈ ကျပ်၃၀ ရက်၂ (၁+၁)1 GB500 MBကြင်ကြင်နာနာ/ Data Carry + ပက်ကေ့ချ်ဒေတာ
ကြင်ကြင်နာနာ/ ကြိုက်ရာခေါ် ပက်ကေ့ချ်အသံ
ကြင်ကြင်နာနာ ပက်ကေ့ချ်စာတို
130 Onnet min & 130 Onnet SMSMPT Club – 400 Points
ကြင်ကြင်နာနာ 5498 Pack၅၄၉၈ ကျပ်၃၀ ရက်၄ (၁+၃)2 GBအဖွဲ့ဝင်တိုင်းအတွက် 500 MBကြင်ကြင်နာနာ/ Data Carry + ပက်ကေ့ချ်ဒေတာ
ကြင်ကြင်နာနာ/ ကြိုက်ရာခေါ် ပက်ကေ့ချ်အသံ
ကြင်ကြင်နာနာ ပက်ကေ့ချ်စာတို
190 Onnet min & 190 Onnet SMSMPT Club – 600 Points
ကြင်ကြင်နာနာ 9998 Pack၉၉၉၈ ကျပ်၃၀ ရက်၆ (၁+၅)4 GBအဖွဲ့ဝင်တိုင်းအတွက် 500 MBကြင်ကြင်နာနာ/ Data Carry + ပက်ကေ့ချ်ဒေတာ
ကြင်ကြင်နာနာ/ ကြိုက်ရာခေါ်
240 Onnet min & 240 Onnet SMSMPT Club – 1000 Points

3. ဘယ်သူတွေက ကြင်ကြင်နာနာ ပက်ကေ့ချ်ကို ဝယ်ယူနိုင်မှာလဲ?

MPT GSM/WCDMA prepaid ဆွေသဟာ လက်ရှိအသုံးပြုနေသူများ ပါဝင်နိုင်ပါတယ်။Postpaid, CDMA, Base Tariff သုံးစွဲသူများနှင့်လက်ရှိအသုံးမပြုနေသူများ  ပါဝင်နိုင်မည်မဟုတ်ပါ။

4. ကြင်ကြင်နာနာ ပက်ကေ့ချ်ကို ဘယ်လိုဝယ်ယူနိုင်မှာလဲ?

ကြင်ကြင်နာနာ ပက်ကေ့ချ်ကို MPT4U Application တွင်ဝယ်ယူနိုင်ပါသည်။ MPT4U Application အတွင်းရှိ ကြင်ကြင်နာနာ Icon နှင့် ပက်ကေ့ချ်ဝယ်ယူခြင်း Icon အတွင်း ဝင်ရောက်ကာ မိမိကြိုက်နှစ်သက်ရာ ကြင်ကြင်နာနာ ပက်ကေ့ချ်အားရွေးချယ်ဝယ်ယူနိုင်ပါသည်။

5. ပက်ကေ့ချ်စျေးနှုန်းများမှာ အခွန်ပါဝင်ပြီးဖြစ်ပါသလား?

ပက်ကေ့ချ်စျေးနှုန်းများမှာ အခွန်ပါဝင်ပြီးဖြစ်ပါသည်။

6. ကြင်ကြင်နာနာ ပက်ကေ့ချ်၏ လက်ကျန်ပမာဏကို ဘယ်လိုစစ်ဆေးနိုင်မှာလဲ?

*224# ကိုခေါ်ဆိုပြီး ပက်ကေ့ချ်ဒေတာနှင့် သက်တမ်းကို စစ်ဆေးနိုင်ပါသည်။

7. ကြင်ကြင်နာနာ ပက်ကေ့ချ်ကို အကြိမ်ရေမည်မျှ ဝယ်ယူနိုင်မှာလဲ?

တူညီသော ကြင်ကြင်နာနာ ပက်ကေ့ချ်များကို အကြိမ်ရေအကန့်အသတ်မရှိ ဝယ်ယူနိုင်ပါသည်။ မတူညီသော ကြင်ကြင်နာနာ ပက်ကေ့ချ်များကိုမူ ထပ်မံဝယ်ယူနိုင်မည် မဟုတ်ပါ။ ( ကြင်ကြင်နာနာ 5498 Pack ကို ဝယ်ယူထားပြီးသော သူံးစွဲသူသည် ကြင်ကြင်နာနာ 5498 Pack ကိုသာ ထပ်မံဝယ်ယူနိုင်မည်ဖြစ်ပါသည်။) ပက်ကေ့ချ်ဒတာပမာဏနှင့် သက်တမ်းကို ပေါင်းစည်းအသုံးပြုနိုင်မည် ဖြစ်ပါသည်။

8. ပက်ကေ့ချ်ရဲ့ သက်တမ်းက ဘယ်လောက်လဲ?

ကြင်ကြင်နာနာ ပက်ကေ့ချ်၏ သက်တမ်းသည် (၃၀) ရက်ဖြစ်ပါသည်။ (၃၀) ရက်ပြည့်သော နေ့၏ ၂၃:၅၉:၅၉ တွင်သက်တမ်းကုန်ဆုံးမည်ဖြစ်ပါသည်။

9. ကြင်ကြင်နာနာ ပက်ကေ့ချ်ကို ဝယ်ယူပါက ထိပေါက်ကံစမ်းခွင့်ရရှိနိုင်ပါသလား?

ကြင်ကြင်နာနာ ပက်ကေ့ချ်ကို ဝယ်ယူပါက MPT4U Application တွင် ထိပေါက်ကံစမ်းခွင့် (၁) ကြိမ်ရရှိမည်ဖြစ်ပါသည်။

10. ကြင်ကြင်နာနာ ပက်ကေ့ချ်တွင် သတ်မှတ်ထားသော ပိုင်ရှင် (Owner) နှင့် အဖွဲ့ဝင် (Member) ဆိုတာဘာလဲ?

ပိုင်ရှင်ဆိုသည်မှာ ကြင်ကြင်နာနာ ပက်ကေ့ချ်ကိုဝယ်ယူပြီး ကြင်ကြင်နာနာပက်ကေ့ချ် ဒေတာများနှင့် အဖွဲ့ဝင်များကို စီမံပိုင်ခွင့်ရှိသူဖြစ်ပါသည်။ အဖွဲ့ဝင်ဆိုသည်မှာ ပိုင်ရှင်မှ ကြင်ကြင်နာနာ ပက်ကေ့ချ်၏ အဖွဲ့ဝင်အဖြစ်သတ်မှတ်ပြီး ပိုင်ရှင်မှလွှဲပြောင်းပေးသော ဒေတာများကို လက်ခံရယူနိုင်သူဖြစ်ပါသည်။

11. ကြင်ကြင်နာနာ ပက်ကေ့ချ်တွင် အဖွဲ့ဝင်မည်မျှ ပါဝင်နိုင်ပါသလဲ?

ကြင်ကြင်နာနာ ပက်ကေ့ချ်တွင် ကြင်ကြင်နာနာ 2998 Pack အတွက် အဖွဲ့ဝင် (၁)ဦး၊ ကြင်ကြင်နာနာ 5498 Pack အတွက် အဖွဲ့ဝင် (၃)ဦး နှင့် ကြင်ကြင်နာနာ 9998 Pack အတွက် အဖွဲ့ဝင် (၅)ဦး ပါဝင်နိုင်ပါသည်။

12. အဖွဲ့ဝင်အနေဖြင့် မည်သည့်အရာကို ရရှိနိုင်ပါသလဲ?

အဖွဲ့ဝင်အဖြစ်အောင်မြင်စွာပေါင်းထည့်ပြီးနောက်တွင် ကြင်ကြင်နာနာ ဒေတာ 500 MB အား လက်ခံရရှိနိုင်ပါသည်။

13. ကြင်ကြင်နာနာ ပက်ကေ့ချ်ကို အဖွဲ့ဝင်ပေါင်းထည့်ခြင်းမပြုဘဲ အသုံးပြုနိုင်ပါသလား?

ကြင်ကြင်နာနာ ပက်ကေ့ချ်ကို အဖွဲ့ဝင်ပေါင်းထည့်ခြင်းမပြုဘဲ အသုံးပြုနိုင်ပါသည်။

14. ကြင်ကြင်နာနာ ပက်ကေ့ချ်ပိုင်ရှင်သည် အဖွဲ့ဝင်များကို မည်သည့်အချိန်တွင် ပေါင်းထည့်နိုင်ပါသလဲ?

ကြင်ကြင်နာနာ ပက်ကေ့ချ်ပိုင်ရှင်သည် အဖွဲ့ဝင်များကို ကြင်ကြင်နာနာပက်ကေ့ချ်အား ဝယ်ယူသည့်အချိန်တွင်လည်းကောင်း၊ Member Management Section တွင်လည်းကောင်း (MPT4U အတွင်းရှိ ကြင်ကြင်နာနာ ပက်ကေ့ချ်အား ရွေးချယ်ပြီး နောက် Member Management Section အတွင်းဝင်ရာက်ကာ) အဖွဲ့ဝင်များကို ပေါင်းထည့်နိုင်ပါသည်။

15. ကြင်ကြင်နာနာ ပက်ကေ့ချ်ပိုင်ရှင်ဟာ ကြင်ကြင်နာနာ ဒေတာအားလုံးကို ကိုယ်တိုင်အသုံးပြုနိုင်ပါသလား?

ကြင်ကြင်နာနာ ပက်ကေ့ချ်ပိုင်ရှင်ဟာ ကြင်ကြင်နာနာ ဒေတာအားလုံးကို ကိုယ်တိုင် အသုံးပြုနိုင်ပါတယ်။

16. အဖွဲ့ဝင်အသစ်တစ်ဦးပေါင်းထည့်ရန်အတွက် သတ်မှတ်ချက်ရှိပါသလား?

အဖွဲ့ဝင်အသစ်တစ်ဦးပေါင်းထည့်ရန်အတွက် ကြင်ကြင်နာနာ ပက်ကေ့ချ်ပိုင်ရှင်တွင် ကြင်ကြင်နာနာ ပက်ကေ့ချ်ဒေတာ အနည်းဆုံး 500 MB ရှိရမည်ဖြစ်ပြီး ပေါင်းထည့်နိုင်သည့် အဖွဲ့ဝင် အရေအတွက် လက်ကျန်ရှိရမည်ဖြစ်ပါသည်။

17. ကြင်ကြင်နာနာ ပက်ကေ့ချ်ပိုင်ရှင်သည် တခြား ကြင်ကြင်နာနာ ပက်ကေ့ချ်၏ အဖွဲ့ဝင်ဖြစ်နိုင်ပါသလား?

ကြင်ကြင်နာနာ ပက်ကေ့ချ်ပိုင်ရှင်သည် တခြား ကြင်ကြင်နာနာ ပက်ကေ့ချ်၏ အဖွဲ့ဝင်ဖြစ်နိုင်ပါသည်။

18. အဖွဲ့ဝင်များကိုပြောင်းလဲနိုင်ပါသလား?

ကြင်ကြင်နာနာ ပက်ကေ့ချ်ပိုင်ရှင်သည် ကြင်ကြင်နာနာပက်ကေ့ချ် ကို တစ်ကြိမ်သာဝယ်ယူပါက ထည့်သွင်းပြီးသော အဖွဲ့ဝင်များကို ပက်ကေ့ချ်သက်တမ်းကုန်ချိန်အထိ မပြောင်းလဲနိုင်ပါ။ တူညီသော ကြင်ကြင်နာနာ ပက်ကေ့ချ်အမျိုးအစားအား အကြိမ်ရေများစွာထပ်မံဝယ်ယူပါက ပက်ကေ့ချ်ဝယ်ယူချိန်တွင် အဖွဲ့ဝင်များအား ပြောင်းလဲထည့်သွင်းနိုင်ပါသည်။

19. အဖွဲ့ဝင်တစ်ဦးအနေဖြင့်မိမိအားအဖွဲ့ဝင်အဖြစ်သတ်မှတ်ကြောင်းမည်သို့သိနိုင်သလဲ?

အဖွဲ့ဝင်တစ်ဦးအနေဖြင့် မိမိအားအဖွဲ့ဝင်အဖြစ်သတ်မှတ်ကြောင်းကို စာတိုတစ်စောင်နှင့်တူ ကြင်ကြင်နာနာဒေတာ 500 MB ကိုရရှိခြင်းဖြင့်သိရှိနိုင်ပါသည်။ ကြင်ကြင်နာနာ ပက်ကေ့ချ်ဒေတာ လက်ခံရရှိခြင်းကို *224# သို့ ခေါ်ဆိုခြင်းဖြင့်လည်းကောင်း၊ MPT4U Application တွင် ဝင်ရောက်ကြည့်ရှုခြင်းဖြင့်လည်းကောင်း စစ်ဆေးနိုင်ပါသည်။

20. ဒေတာ အသံမိနစ်များနှင့် စာတိုများ ပေးပို့မှုအတွက် ဝန်ဆောင်ခကောက်ခံပါသလား?

ဒေတာ၊ အသံမိနစ်များနှင့် စာတိုများပေးပို့မှုအတွက် ဝန်ဆောင်ခကောက်ခံခြင်းမရှိပါ။

21. ဒေတာ အသံမိနစ်များနှင့် စာတိုများ ပေးပို့မှုအတွက် သတ်မှတ်ချက်ရှိပါသလား?

ကြင်ကြင်နာနာ ပက်ကေ့ချ်ပိုင်ရှင်သည် တစ်ကြိမ်လျှင် 500 MB အထိဒေတာ (သို့မဟုတ်) 75 မိနစ်အထိ အသံမိနစ်များ (သို့မဟုတ်) 75 စောင်အထိသော စာတိုများကို ပေးပို့နိုင်ပြီး တစ်ရက်အတွင်း အများဆုံး (၅) ကြိမ်ပေးပို့နိုင်ပါသည်။ တစ်လအတွင်း အများဆုံး အကြိမ် (၅၀) ပေးပို့နိုင်မည်ဖြစ်ပြီး လတစ်လ၏ပထမဆုံးရက်တွင် ပေးပို့နိုင်မှု အကြိမ် (၅၀) အခွင့်အရေးကို ရရှိနိုင်မည်ဖြစ်ပါသည်။

22. ဒေတာ၊အသံမိနစ်များနှင့် စာတိုများ ပေးပို့မှုအောင်မြင်ကြောင်းမည်သို့သိရှိနိုင်ပါသလဲ?

ဒေတာ၊ အသံမိနစ်များ နှင့် စာတိုများပေးပို့မှုအောင်မြင်ကြောင်းကို လွှဲပြောင်းမှုအောင်မြင်ကြောင်း အသိပေးသော စာမျက်နှာ MPT4U တွင်ပေါ်လာမှုအားကြည့်ရှုခြင်းဖြင့် သိရှိနိုင်ပါသည်။

23. ကြင်ကြင်နာနာ ပက်ကေ့ချ်ကို တခြားသူများသို့လက်ဆောင်ပေးလို့ရပါလား?

ကြင်ကြင်နာနာ ပက်ကေ့ချ်ကို တခြားသူများသို့လက်ဆောင်ပေးလို့ရနိုင်ပါတယ်။ မိမိလက်ဆောင် ပေးပို့လိုသောသူတွင် လက်ရှိအသုံးပြုနေသော ကြင်ကြင်နာနာ ပက်ကေ့ချ်မရှိပါက ကြိုက်နှစ်သက်ရာ ကြင်ကြင်နာနာပက်ကေ့ချ်အားပေးပို့နိုင်ပါသည်။ မိမိလက်ဆောင်ပေးပို့လိုသောသူတွင် လက်ရှိအသုံးပြုနေသော ကြင်ကြင်နာနာ ပက်ကေ့ချ်ရှိပါက တူညီသော ကြင်ကြင်နာနာ ပက်ကေ့ချ်အားပေးပို့နိုင်ပါသည်။ MPT4U Application အတွင်းရှိ ကြင်ကြင်နာနာ ပက်ကေ့ချ်အား ရွေးချယ်ကာ မိမိလက်ဆောင်ပေးမည့် ဖုန်းနံပါတ်ကိုရိုက်နှိပ်ပြီး လက်ဆောင်ပေးပို့နိုင်ပါသည်။

24. ကြင်ကြင်နာနာ ပက်ကေ့ချ်အား လက်ဆောင်အဖြစ်လက်ခံရရှိသူတွင် လက်ရှိအသုံးပြုနေသော ကြင်ကြင်နာနာပက်ကေ့ချ်နှင့် အဖွဲ့ဝင်များရှိနေပါက ဘယ်လိုဖြစ်မှာလဲ။

ကြင်ကြင်နာနာ ပက်ကေ့ချ်အား လက်ဆောင်အဖြစ်လက်ခံရရှိသူတွင် လက်ရှိအသုံးပြုနေသော ကြင်ကြင်နာနာပက်ကေ့ချ်နှင့် အဖွဲ့ဝင်များရှိနေပါက ပက်ကေ့ချ်အားလက်ဆောင်ရရှိပြီးချိန်တွင် လက်ရှိအဖွဲ့ဝင်များသည် ကြင်ကြင်နာနာ ပက်ကေ့ချ်ဒေတာ 500MB ကိုလက်ခံရရှိမည်ဖြစ်သည်။

25. အဖွဲ့ဝင်များကို မည်သို့စစ်ဆေးနိုင်ပါသလဲ?

MPT4U အတွင်းရှိ ကြင်ကြင်နာနာ ပက်ကေ့ချ်အားရွေးချယ်ကာ Member Management Section အတွင်းဝင်ရောက်၍ အဖွဲ့ဝင်များအား စစ်ဆေးခြင်း/ပေါင်းထည့်ခြင်းများ ဆောင်ရွက်နိုင်ပါသည်။

26. အဖွဲ့ဝင်တွင်လက်ခံရရှိသော ကြင်ကြင်နာနာ ပက်ကေ့ချ်ဒေတာ၏သက်တမ်းကဘယ်လိုလဲ?

အဖွဲ့ဝင်တွင်လက်ခံရရှိသော ကြင်ကြင်နာနာ ပက်ကေ့ချ်ဒေတာ၏သက်တမ်းသည် ပိုင်ရှင်တွင်ရှိသော ကြင်ကြင်နာနာ ပက်ကေ့ချ်ဒေတာ၏ သက်တမ်းနှင့် အတူတူပင် ဖြစ်ပါသည်။ ပိုင်ရှင်သည် တူညီသော ကြင်ကြင်နာနာ ပက်ကေ့ချ်အား အကြိမ်ရေများစွာ ဝယ်ယူပြီးနောက် တူညီသောအဖွဲ့ဝင်များကိုဆက်လက်ထည့်သွင်းထားပါက အဖွဲ့ဝင်တွင် လက်ခံရရှိသော ကြင်ကြင်နာနာ ပက်ကေ့ချ်ဒေတာများသည် တစ်စုတည်းအဖြစ် ပေါင်းစည်းကာ အမြင့်ဆုံးသက်တမ်းကို ရရှိမည်ဖြစ်ပါသည်။ အကယ်၍ပိုင်ရှင်သည် တခြားအဖွဲ့ဝင်များကို ပြောင်းလဲထည့်သွင်းပါက ပယ်ဖျက်ခြင်းခံရသောအဖွဲ့ဝင်သည် ဒေတာထပ်မံရရှိမည်မဟုတ်ဘဲ နဂိုဒေတာအား၎င်း၏မူလသက်တမ်းအတိုင်း အသုံးပြုနိုင်မည် ဖြစ်ပါသည်။

27. ကြင်ကြင်နာနာ ပက်ကေ့ချ်ပိုင်ရှင်သည် ဒေတာအပြင် တခြား အသံမိနစ်နှင့် စာတို ပမာဏများကို အဖွဲ့ဝင်များသို့ ပေးပို့နိုင်ပါသလား?

ပေးပို့နိုင်ပါသည်။ ကြင်ကြင်နာနာ ပက်ကေ့ချ်ပိုင်ရှင်သည် ကြင်ကြင်နာနာ ပက်ကေ့ချ်ဒေတာ(သို့မဟုတ်)Data Carry Plus ပက်ကေ့ချ်ဒေတာ၊ ကြင်ကြင်နာနာပက်ကေ့ချ်အသံမိနစ် (သို့မဟုတ်) ကြိုက်ရာခေါ်ပက်ကေ့ချ်အသံမိနစ် နှင့် ကြင်ကြင်နာနာပက်ကေ့ချ်စာတိုများကို အဖွဲ့ဝင်များသို့ ပေးပို့နိုင်ပါသည်။

28. ကြင်ကြင်နာနာ ပက်ကေ့ချ်ပိုင်ရှင်သည် ကံထူးထားသည့် ဒေတာများကို ပေးပို့နိုင်ပါသလား?

မပေးပို့နိုင်ပါ။ ကြင်ကြင်နာနာ ပက်ကေ့ချ်ပိုင်ရှင်သည် ကြင်ကြင်နာနာ ပက်ကေ့ချ်ဒေတာ နှင့် Data Carry Plus ပက်ကေ့ချ်ဒေတာများကိုသာ အဖွဲ့ဝင်များသို့ ပေးပို့နိုင်၍ ကံထူးထားသည့်ဒေတာများကို အဖွဲ့ဝင်များထံသို့ ပေးပို့၍ မရနိုင်ပါ။

29. ကြင်ကြင်နာနာပက်ကေ့ချ်ပိုင်ရှင်သည် တခြားပက်ကေ့ချ်များ၏ ဒေတာများ အသံမိနစ်များနှင့် စာတိုများ ကို အဖွဲ့ဝင်များထံသို့ ပေးပို့နိုင်ပါသလား?

ပေးပို့နိုင်ပါသည်။ ကြင်ကြင်နာနာပက်ကေချ်ပိုင်ရှင်သည် Data Carry Plus ပက်ကေ့ချ် နှင့် ကြိုက်ရာခေါ်ပက်ကေ့ချ်၏ ဒေတာ/အသံမိနစ်များကို အဖွဲ့ဝင်များထံသို့ပေးပို့နိုင်ပါသည်။ ထိုသို့ပေးပို့ရာတွင် တစ်ကြိမ်လျှင် ပက်ကေ့ချ်တစ်ခုချင်းစီ၏ ဒေတာ/အသံများကို သီးသန့်သာပေးပို့နိုင်ပါသည်။ (ဥပမာ- အဖွဲ့ဝင်ထံသို့ 500MB ဒေတာပမာဏပေးပို့လိုပါက ကြင်ကြင်နာနာပက်ကေ့ချ်မှ ဒေတာ 200MB နှင့် Data Carry Plus ပက်ကေ့ချ်မှ ဒေတာ 300MB စသည်ဖြင့် ပေါင်းစပ် ပေးပို့နိုင်မည်မဟုတ်ဘဲ 200MB ကြင်ကြင်နာနာဒေတာ, 300MB Data Carry Plus ဒေတာ စသည်ဖြင့် နှစ်ကြိမ်ပေးပို့ရမည်ဖြစ်ပါသည်။) အသံမိနစ်များနှင့် စာတိုပေးပို့မှုများတွင်လည်း တစ်ကြိမ်ပေးပို့မှုအတွက် ပက်ကေ့ချ်တစ်ခုကိုသာ ရွေးချယ်ပေးပို့နိုင်မည်ဖြစ်ပါသည်။

30. အဖွဲ့ဝင်တစ်ဦးတည်းထံသို့ ဒေတာပမာဏအများကြီးဘယ်လိုပေးပို့နိုင်မလဲ?

ဒေတာပေးပို့လိုသောအဖွဲ့ဝင်အားပေါင်းထည့်ပြီးနောက်တွင် တစ်ကြိမ်လျှင်အများဆုံး 500 MB ဒေတာပမာဏဖြင့် တစ်ရက်အတွင်း (၅) ကြိမ်ပေးပို့နိုင်ပါသည်။ MPT4U အတွင်းရှိ ကြင်ကြင်နာနာ ပက်ကေ့ချ်အတွင်းဝင်ရောက်ကာ Transfer Section ကိုရွေးချယ်၍ ပေးပို့လိုသည့် အဖွဲ့ဝင်နှင့်ဒေတာပမာဏတို့ကိုရွေးချယ်ကာ ပေးပို့နိုင်ပါသည်။

31. MPT Club points တွေကိုဘယ်လိုသုံးနိုင်ပါသလဲ?

MPT Club Point များကို MPT ၏ဝန်ဆောင်မှုများ (သို့မဟုတ်) MPT ၏ ပါတနာဆိုင်များတွင် အထူးကူပွန်များအနေဖြင့် လဲလှယ်အသုံးပြုနိုင်ပါသည်။

32. ကြင်ကြင်နာနာ ပက်ကေ့ချ်ကို လက်ဆောင်ပေးတဲ့အခါ ထိပေါက်ကံစမ်းခွင့်ကို ဘယ်သူကရမလဲ?

ကြင်ကြင်နာနာ ပက်ကေ့ချ်ကို လက်ဆောင်ပေးတဲ့အခါ ထိပေါက်ကံစမ်းခွင့်ကို လက်ဆောင်အား လက်ခံသူက ရရှိမည်ဖြစ်ပါသည်။

33. ကြင်ကြင်နာနာ ပက်ကေ့ချ်ဒေတာတွေကို ဘယ်လိုသုံးနိုင်မလဲ?

ကြင်ကြင်နာနာ ပက်ကေ့ချ်ဒေတာများကို အင်တာနက်အသုံးပြုမှုအားလုံးအတွက် အသုံးပြုနိုင်ပါသည်။

34. အဖွဲ့ဝင်မဟုတ်သူများထံသို့ ကြင်ကြင်နာနာ ပက်ကေ့ချ်ဒေတာပေးပို့လို့ရနိုင်ပါသလား?

မရနိုင်ပါ။ အဖွဲ့ဝင်အဖြစ်စာရင်းသွင်းသတ်မှတ်ထားသူများထံသို့သာ ကြင်ကြင်နာနာ ပက်ကေ့ချ်ဒေတာ ပေးပို့နိုင်ပါသည်။

35. အဖွဲ့ဝင်သည် ပိုင်ရှင်နှင့်သက်တမ်းတူညီသော ဒေတာကိုရနိုင်ပါသလား?

အဖွဲ့ဝင်သည် ပိုင်ရှင်နှင့်သက်တမ်းတူညီသော ဒေတာကိုရနိုင်ပါသည်။

36. ပိုင်ရှင်နှင့် အဖွဲ့ဝင်တွေမှာ ဘာကွာခြားချက်ရှိသလဲ?

  • ကြင်ကြင်နာနာ ပက်ကေ့ချ်ကိုဝယ်ယူထားသောပိုင်ရှင်သည် ကြင်ကြင်နာနာ ပက်ကေ့ချ်ဒေတာနှင့်အတူ MPT နံပါတ်များသို့ဖုန်းခေါ်ဆိုခွင့်၊ SMS ပေးပို့ခွင့်နှင့် MPT club point များရရှိနိုင်ပါသည်။
  • အဖွဲ့ဝင်အနေဖြင့် ပိုင်ရှင်မှအဖွဲ့ဝင်အဖြစ်ထည့်သွင်းပြီးနောက်တွင် ဒေတာ 500 MB ကိုလက်ခံရယူပြီးနောက် ပိုင်ရှင်မှလွှဲပြောင်းပေးပို့သောဒေတာ/အသံမိနစ်/စာတိုများကိုလက်ခံရယူနိုင်ပါသည်။

37. အဖွဲ့ဝင်များထံသို့ ဒေတာ ၊အသံမိနစ်များနှင့် စာတိုများ ပေးပို့မှုမှတ်တမ်းကို ဘယ်လိုစစ်ဆေး နိုင်မလဲ?

အဖွဲ့ဝင်များထံသို့ ဒေတာ၊ အသံမိနစ်များနှင့် စာတိုများ ပေးပို့မှုမှတ်တမ်းကို MPT4U Application အတွင်းရှိ ကြင်ကြင်နာနာ ပက်ကေ့ချ်အားရွေးချယ်၍ Transfer Section အတွင်းသို့ဝင်ရောက်ကာ “ History Check” ကိုနှိပ်၍ ဒေတာ၊ အသံမိနစ်များနှင့် စာတိုများ ပေးပို့မှုမှတ်တမ်းကို နေရက်နှင့်အချိန်အလိုက် ကြည့်ရှုနိုင်ပါသည်။

38. ကြင်ကြင်နာနာပက်ကေ့ချ်၏ လုပ်ဆောင်ချက်များကို အပြည့်အဝရရှိနိုင်ရန် မည်သို့ ဆောင်ရွက်ရမည်နည်း?

ကြင်ကြင်နာနာပက်ကေ့ချ်၏ လုပ်ဆောင်ချက်များကို အပြည့်အဝရရှိနိုင်ရန် နောက်ဆုံးထွက်ရှိသော MPT4U Version အားအသုံးပြုရန်လိုအပ်ပါသည်။

39. ပရိုမိုးရှင်းကာလက ဘယ်အချိန်အထိလဲ?

ပရိုမိုးရှင်းကာလမှာ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်နေ့မှ ထပ်မံမကြေညာမီအချိန်အထိ ဖြစ်ပါသည်။

Advance Payment Promotion - Dome Pyan

ဒုံးပျံအိမ်သုံးအင်တာနက် ကြိုတင်ငွေပေးဆောင်ခြင်း ပရိုမိုးရှင်း (၆လစာအတွက် ၅% လျော့ဈေး သို့ ၁၂လစာအတွက် ၁၀% လျော့ဈေး)

1. ကြိုတင်ငွေပေးဆောင်ခြင်း ပရိုမိုးရှင်း ဆိုတာဘာလဲ။ မည်သူများရယူနိုင်ပါသလဲ။

ယခု လက်ရှိ ဒုံးပျံအိမ်သုံးအင်တာနက် သုံးစွဲနေသူများ (1st MRC အားပေးဆောင်ပြီး၊ ပုံမှန် MRC ထွက်ရှိပြီးသော သုံးစွဲသူများ) အနေဖြင့် ၆လ (သို့မဟုတ်) ၁၂လ ကြိုတင်ငွေ ပေးဆောင်ထားခြင့်ဖြင့် ၅% (သို့မဟုတ်) ၁၀% သက်သာစေမည့် အကျိုးအမြတ် ဖြစ်ပါသည်။ ယခုအစီအစဥ်အား Class A 100Mbps, Class B 50Mbps, Class C 25Mbps and Class D 15Mbps အားအသုံးပြုလျက်ရှိသူများသာ ရယူနိုင်မည်ဖြစ်သည်။ အသေးစိတ်သိလိုပါက https://www.mpt.com.mm/mm/advance-payment-promotion-mm/ တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

2. ပရိုမိုးရှင်းအစီအစဉ်အား မည်သည့်နေရာတွင် ရယူနိုင်မည်နည်း။

FTTH ရရှိနိုင်သော မြို့နယ်များအားလုံးတွင် ရရှိနိုင်ပါသည်။

3. ကြိုတင်ငွေပေးဆောင်ခြင်းအား မည်သည့်နေရာများတွင် ပေးဆောင်နိုင်မည်နည်း။

ကြိုတင်ငွေပေးဆောင်ခြင်းအား လက်ရှိ MPT FTTH ဘေလ်များ ပေးဆောင်နိုင်သော TRA counter များ ၊ MEB online payment၊ CB၊ KBZ BANK, AYA Bank၊ MEB နှင့် ချိတ်ဆက်ထားသော CITY MART၊ JUNCTION၊ OCEAN၊ ABC CONVENIENCE STORE ၊ SUPERONE၊ MYANMA APEX BANK ၊ UNITED LIVING MALL စသည့် ဈေးဝယ်စင်တာများမှတဆင့်လည်း လွယ်ကူစွာ ငွေပေးချေနိုင်ပါသည်။

အသေးစိတ်ကြည့်ရှုရန် – https://bit.ly/3DV6Nlr

4. ငွေပေးချေရန်အတွက် နောက်ဆုံးပေးဆောင်ရမည့် သတ်မှတ်ထားသော ရက်ရှိပါသလား။

ကြိုတင်ငွေပေးချေခြင်းလျှော့စျေးအား အောင်မြင်စွာ ရယူနိုင်ရန် လတစ်လ၏ နောက်ဆုံးအလုပ်ဖွင့်ရက် (၃)ရက် မတိုင်မီ နောက်ဆုံးထား၍ ပေးဆောင်ရပါမည်။

5. အသုံးပြုသူမှ (၆လ သို့မဟုတ် ၁၂လ) ကြိုတင်ငွေပေးဆောင်ထားသော ကာလအတွင်း လိုင်းအား အပြီးပိတ်သိမ်းလိုပါက ပြန်အမ်းငွေ ပြည်လည်ရရှိနိုင်မည်လား။

ပြန်အမ်းငွေ မရရှိနိုင်ပါ။ အသုံးပြုသူမှ ကြိုတင်ငွေပေးဆောင်ထားသော ကာလအတွင်း မည်သည့်ကြောင်းပြချက်ဖြင့်မဆို လိုင်းအပြီးပိတ်သိမ်းခြင်းအတွက် MPT မှ ပြန်အပ်ငွေ ပေးမည်မဟုတ်ပါ။

6. ကြိုတင်ငွေပေးချေခြင်း ပရိုမိုးရှင်းအား သက်တမ်းတိုးလိုပါက မည်သို့ဆောင်ရွက်ရမည်နည်း။

အသုံးပြုသူအနေဖြင့် ကြိုတင်ငွေပေးချေခြင်းရယူထားသော ပရိုမိုးရှင်းကာလ မကုန်မီနောက်ဆုံးလ၏ လမကုန်မှီ အလုပ်ဖွင့်ရက် (၃)ရက် ကြိုတင်၍ သက်တမ်းတိုးနိုင်ပါရန် အသိပေးအကြောင်းကြားအပ်ပါသည်။ ယင်းသက်တမ်းတိုးနိုင်ရန် နောက်တစ်လအတွက်ကြိုထွက်ထားသော ဘေ၏ ငွေစာရင်းနံပါတ်အား ကိုကား၍ ကြိုတင်ငွေပေးချေပြီး သက်တမ်းတိုးနိုင်ပါသည်။

7. Discount ကာလအတွင်း အသုံးပြုသူမှ Bandwidth အတိုးအလျှော့ပြုလုပ်ခြင်း၊ နေရာပြောင်းရွှေ့ခြင်း၊ လိုင်းယာယီပိတ်သိမ်းခြင်းများ ဆောင်ရွက်နိုင်ပါသလား။

Discount ကာလအတွင်း အသုံးပြုသူမှ Bandwidth တိုးမြှင့်ခြင်းပြုလုပ်နိုင်သော်လည်း လျှော့ချခြင်းမပြုလုပ်နိုင်ပါ။ သို့သော် Bandwidth တိုးမြှင့်ခြင်းအတွက် ထပ်ဆောင်းပေးဆောင်ရမည့် ငွေအား ပေးဆောင်ရမည်ဖြစ်ပြီး ယင်းပေးဆောင်မှုအတွက် လျှော့စျေးပရိုမိုးရှင်း ရရှိမည်မဟုတ်ပါ။ အသုံးပြုသူမှ လိုင်းယာယီပိတ်သိမ်းခြင်းအား FTTH သုံးစွဲသူများအတွက် လိုင်းယာယီပိတ်သိမ်းခြင်း စည်းမျည်းများအရ ပြုလုပ်နိုင်ပါသည်။ နေရာရွှေ့ပြောင်းခြင်းလျောက်ထားမှုများအတွက် အကယ်၍ သုံးစွဲသူ ပြောင်းရွှေ့လိုသော နေရာတွင် MPT FTTH အသုံးပြုနိုင်မှသာ ပြောင်းရွှေ့နိုင်မည်ဖြစ်သည်။

Tay Than Thar

၁။ Tay Than Thar Data Pack ဆိုတာ ဘာလဲ?

Tay Than Thar Data Pack ဆိုတာ မိမိ ကြိုက်နှစ်သက်ရာ အင်တာနက်ကို အသုံးပြုနိုင်သည့်ဒေတာများ ရရှိမယ့်အပြင် Tay Than Thar Application ထဲရှိ နာမည်ကြီး အဆိုတော်များရဲ့ Exclusiveသီချင်းအသစ်တွေကိုလဲ ဦးဦးဖျားဖျားနားဆင်နိုင်မယ့် Data Pack ဖြစ်ပါတယ်။

၂။ Tay Than Thar Data Pack ကို ဝယ်ယူရန် အမျိုးအစား ဘယ်နှစ်ခု ရှိပါသလဲ? သက်တမ်း ဘယ်လောက်ကြာကြာ အသုံးပြုနိုင်ပါသလဲ?

Tay Than Thar Data Pack ကို ဝယ်ယူရန် အမျိုးအစား သုံးမျိုး ရှိပါသည်။

  • ၁ ရက်အတွင်း ကြိုက်နှစ်သက်ရာ သုံးနိုင်သော ဒေတာ 60 MB နှင့် Tay Than Thar Application မှာ ၂၄နာရီ Premium သီချင်းများ နားဆင်ခွင့် = ၁၄၉ ကျပ် (အခွန် ၁၅% နှုန်းပါဝင်ပြီး)
  • ၇ ရက်အတွင်း ကြိုက်နှစ်သက်ရာ သုံးနိုင်သော ဒေတာ 225 MB နှင့် Tay Than Thar Application မှာ ၇ ရက် Premium သီချင်းများ နားဆင်ခွင့် = ၅၄၉ ကျပ် (အခွန် ၁၅% နှုန်းပါဝင်ပြီး)
  • ရက် ၃၀အတွင်း ကြိုက်နှစ်သက်ရာ သုံးနိုင်သော ဒေတာ 335 MB နှင့် Tay Than Thar Application မှာ ရက်၃၀ Premium သီချင်းများ နားဆင်ခွင့် = ၉၈၉ ကျပ် (အခွန် ၁၅% နှုန်းပါဝင်ပြီး)

၃။ Tay Than Thar Data Pack ကို ဘယ်လိုဝယ်ယူနိုင်ပါသလဲ?

Tay Than Thar Data Pack ကို ဝယ်ယူရန်အတွက် အောက်ပါအဆင့်များ အတိုင်း ဆောင်ရွက်ပါ။

  • USSD Code အသုံးပြု၍ ဝယ်ယူခြင်း
  • အဆင့် (၁) – USSD Code နံပါတ် *8070# ကို နှိပ်ပါ။ 1Day Data Pack အတွက် *8070*1# (သို့မဟုတ်) 7Days Data Pack အတွက် *8070*7# (သို့မဟုတ်) 30Days Data Pack အတွက် *8070*30# ကို နှိပ်ပါ။
  • အဆင့် (၂) – ညွှန်ကြားချက်များအတိုင်း မိမိကြိုက်နှစ်သက်ရာ Package ကို ရွေးချယ်ဝယ်ယူပြီးပါက ၀ယ်ယူထားသောဒေတာ နှင့်တကွ Tay Than Thar Application တွင် ဝင်ရောက်နားဆင်နိုင်ရန်အတွက် Link ကို SMS မှတစ်ဆင့် ရရှိမည်ဖြစ်ပါသည်။
  • အဆင့် (၃) ပေးပို့သော SMS ထဲရှိ Link မှတစ်ဆင့် Tay Than Thar Application သို့ ဝင်ရောက်ကာ မိမိကြိုက်နှစ်သက်ရာအဆိုတော်များရဲ့Exclusiveသီချင်းအသစ်တွေကို သီးသန့်ဦးဦးဖျားဖျား နားဆင်ခံစားနိုင်ပြီ ဖြစ်ပါသည်။

 

(သို့မဟုတ်)

  • MPT4U မှတစ်ဆင့်ဝယ်ယူခြင်း
  • အဆင့် (၁) MPT4U App ထဲသို့ ဝင်၍ ပက်ကေ့ချ်ဝယ်ယူခြင်းကို နှိပ်ပါ။
  • အဆင့် (၂) ထို့နောက် Tay Than Thar Data Pack ကို ရွေးချယ်ဝယ်ယူပြီးပါက ၀ယ်ယူထားသော ဒေတာ နှင့်တကွ Tay Than Thar Application ကို ဝင်ရောက်ကြည့်ရှုနိုင်ရန်အတွက် Link ကို SMS မှတစ်ဆင့် ရရှိမည်ဖြစ်ပါသည်။
  • အဆင့် (၃) ပေးပို့သော SMS ထဲရှိ Link မှတစ်ဆင့် Tay Than Thar Application သို့ ဝင်ရောက်ကာ မိမိကြိုက်နှစ်သက်ရာအဆိုတော်များရဲ့Exclusive သီချင်းအသစ်တွေကို သီးသန့်ဦးဦးဖျားဖျား နားဆင်ခံစားနိုင်ပြီ ဖြစ်ပါသည်။

၄။ Tay Than Thar Data Pack ဝယ်ယူပြီးနောက် Tay Than Thar မှာ သီချင်းနားဆင်ဖို့ အခကြေးငွေ ပေးရဦးမှာလား။

ဝယ်ယူရရှိထားသော Tay Than Thar Data Pack ရဲ့သတ်မှတ်ရက်အတွင်း နားဆင်နိုင်မယ် ဖြစ်ပြီး ထပ်ဆောင်းပေးဆောင်ရန် မလိုပါ။ဒေတာအတွက်လဲ Tay Than Thar Data Pack မှ ဝယ်ယူရရှိထားသော ဒေတာများကို ဦးစွာဖြတ်တောက်သွားမယ် ဖြစ်ပြီး ဒေတာများ ကုန်ဆုံးသွားပါက အခြားဝယ်ယူထားသာ Data Pack (သို့မဟုတ်)သုံးသလောက်ပေး အင်တာနက်နှုန်းဖြင့် ကောက်ခံသွားမှာ ဖြစ်ပါသည်။

၅။ Tay Than Thar Application များထဲရှိ သီချင်းနားဆင်ရန် အရေအတွက် ကန့်သတ်ထားတာရှိပါသလား?

အရေအတွက်ကို ကန့်သတ်ထားခြင်း မရှိပါဘူး။

၆။ Tay Than Thar Data Pack ကို ဝယ်ယူရန် အကြိမ်အကန့်အသတ် ရှိပါသလား?

Tay Than Thar Data Pack ကို ဝယ်ယူရန် အကြိမ်အကန့်အသတ် မရှိပါ။ စိတ်ကြိုက်ဝယ်ယူနိုင်ပါသည်။ အကယ်၍ Tay Than Thar Data Packတစ်ခုထက် ပို၍ ဝယ်ယူမည် ဆိုပါက ဒေတာပမာဏနှင့် သက်တမ်းသည် ပေါင်းစည်းသွားမှာဖြစ်ပြီး ဝယ်ယူရရှိထားသော Pack များ၏ စုစုပေါင်း ဒေတာပမာဏကို အသုံးပြုနိုင်မှာ ဖြစ်ပါသည်။ သက်တမ်းကာလကတော့ နောက်ဆုံးဝယ်ယူထားသော Pack ၏ သက်တမ်းကုန်ဆုံး ရက်အတိုင်း သတ်မှတ်သွားမှာ ဖြစ်ပါသည်။

၇။ Tay Than Thar Data Quota 225 MB (သို့မဟုတ်) 335 MB ကုန်ဆုံးသွားပြီးနောက် သီချင်းများ ဆက်လက်နားဆင်နိုင်ပါသလား?

သီချင်းနားဆင်ခွင့် သက်တမ်းကျန်ရှိပါက နားဆင်နိုင်မယ်ဖြစ်ပြီး Tay Than Thar Data Pack မှ ဝယ်ယူရရှိထားသော ဒေတာများ ကုန်ဆုံးသွားပါကလဲ အခြားဝယ်ယူထားသာ Data Pack (သို့မဟုတ်)သုံးသလောက်ပေး အင်တာနက်နှုန်းဖြင့် ကောက်ခံသွားမှာ ဖြစ်ပါသည်။

၈။ Tay Than Thar Application ကို ဘယ်လို Download ရယူနိုင်လဲ။

Tay Than Thar Application ကို Android ဖုန်းများအတွက် Google Play Store ၊ iOS ဖုန်းများအတွက် Apple Store တွင် ဒေါင်းလုတ်ရယူနိုင်ပါတယ်။

၉။ ရရှိထားသော Link ဖြင့် Tay Than Thar Application ထဲသို့ ဝင်ရောက်၍မရပါ။ ဘယ်လိုပြုလုပ်ရပါမလဲ?

ပထမဦးစွာ Tay Than Thar Application တို့ကိုဖုန်းထဲတွင် ဒေါင်းလုတ် လုပ်ကာ ထည့်သွင်းထားဖို့ လိုအပ်ပါသည်။ Tay Than Thar Data Pack ကို ဝယ်ယူပြီးနောက် အောက်ပါအချက်များကို ပြုလုပ်ပါ။

  • အဆင့် (၁) ပေးပို့ထားသော SMS ထဲရှိ Link ကို နှိပ်ပါ။
  • အဆင့် (၂) သီချင်းနားဆင်ရန် Open Tay Than Thar ကို နှိပ်ပါ။
  • အဆင့် (၃) Redeem Now ကိုနှိပ်ပါ။
  • အဆင့် (၄) Ok ကို နှိပ်၍ Tay Than Thar Application သို့ ဝင်ရောက်ပါ။

အကယ်၍ တစ်စုံတစ်ရာ ရှင်းလင်းမှု မရှိပါက Customer Support သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

  • ဒေတာမရခြင်း (သို့မဟုတ်) Link မရရှိခြင်းတို့နှင့်ပတ်သက်၍ စုံစမ်းမေးမြန်းလိုပါက 106 သို့ ခေါ်ဆို မေးမြန်းနိုင်ပါသည်။
  • Tay Than Thar Application နှင့် Tay Than Thar Data Pack ရယူခြင်းတို့နှင့်ပတ်သက်၍ စုံစမ်းမေးမြန်းလိုပါက Tay Than Thar Facebook Pageနှင့် ဖုန်း ၀၉ ၈၉၃၈၉၄၈၉၅ ကို ၂၄ နာရီ အချိန်မရွေး ဆက်သွယ်မေးမြန်းနိုင်ပါသည်။

Auto Renewal Kyite Yar Khaw Pack

1) အလိုအလျောက် သက်တမ်းတိုး ကြိုက်ရာခေါ် အစီအစဉ် ဆိုတာ ဘာလဲ။

အလိုအလျောက် သက်တမ်းတိုး ကြိုက်ရာခေါ်   အစီအစဉ် ဆိုသည်မှာ ကိုယ်ချစ်ခင်ရတဲ့ မိသားစု၊မိတ်ဆွေ၊ သူငယ်ချင်းများ နဲ့  ပိုမိုဆက်သွယ်နိုင်ရန် သက်သာသောနှုန်းထားဖြင့် ပြည်တွင်းဖုန်းအားလုံးကို စိတ်ကြိုက်ခေါ်ဆိုနိုင်ပြီး အလိုအလျောက် သက်တမ်းတိုး ရန် အဆိုပြုဝယ်ယူထားပါက ပက်ကေ့ချ်၏ လက်ကျန် ဖုန်းပြောမိနစ် ၅မိနစ် အောက်ရောက်ရှိသွားချိန် (သို့) ပက်ကေ့ချ်သက်တမ်းကုန်ဆုံးချိန် (11:35 pm ~ 12:00 am) ဝန်းကျင်တွင် အလိုအလျောက်သက်တမ်းတိုး ဝယ်ယူမည်ဖြစ်ပါသည်။ ပက်ကေ့ချ်များကို ဝယ်ယူတိုင်းမှာ ထိပေါက်ကစားခွင့်ရရှိမှာဖြစ်ပြီး 200GB အထိ ကံစမ်းရယူနိုင်မှာ ဖြစ်ပါတယ်။ 

2) ဘယ်လိုအကျိုးကျေးဇူးတွေရနိုင်လဲ?

ဖုန်းပြောနိုင်မယ့်မိနစ်တွေအတွက်စိတ်ပူစရာမလိုဘဲအလိုအလျောက်သက်တမ်းတိုးကြိုက်ရာခေါ်ပက်ကေ့ချ်က လက်ကျန် ဖုန်းပြောမိနစ် ၅မိနစ် အောက်ရောက်ရှိသွားချိန် (သို့) ပက်ကေ့ချ်သက်တမ်းကုန်ဆုံးချိန်တွင် အလို အလျောက်သက်တမ်းတိုး ဝယ်ယူမှာဖြစ်လို့ စဥ်ဆက်မပြတ်သုံးစွဲနိုင်မှာဖြစ်ပါတယ်။မည်သည့် ကြိုက်ရာခေါ် ပက်ကေ့ချ် ကိုမဆို ဝယ်ယူပါက ကြိုက်နှစ်သက်ရာ ပြည်တွင်းမှ မည်သည့်ဖုန်းလိုင်း ကိုမဆို (special / premium / call center / VAS related numbers မပါဝင်ပါ။) ခေါ်ဆိုနိုင်မှာဖြစ်ပြီး ပက်ကေ့ချ်များကို ဝယ်ယူတိုင်းမှာ 200GB အထိ ကံထူးနိုင်သည့် ထိပေါက်ကံစမ်းခွင့်ကိုရရှိမှာဖြစ်ပါတယ်။ သက်တမ်းကုန်ဆုံးပြီး ၇ရက်အတွင်း ပက်ကေ့ချ် အသစ်ထပ်မံဝယ်ယူပါက မသုံးစွဲဘဲကျန်ရှိနေသော လက်ကျန် Voice minutes များကို အသစ်ဝယ်ယူထားသော ပက်ကေ့ချ်၏ မိနစ်ပမာဏများ နှင့်ပေါင်းပြီးသက်တမ်းတိုးအသုံးပြုနိုင်ပါသည်။

စျေးနှုန်း
(ကုန်သွယ်ခွန် ပါဝင်ပြီး)
မိနစ်များသက်တမ်းရယူနိုင်သည့်နည်းလမ်းများAuto Renew ပယ်ဖျက်ရန်
နည်းလမ်းများ
လက်ကျန် စစ်ဆေးရန်
Direct USSDSMS to 1331Common USSDအခြားနည်းလမ်းများDirect USSDCommon USSD
၄၈၇ ကျပ်၃၈ မိနစ်၇ ရက်*997*3*3#AR KYK1*997#DMS (*501#)
(or)
Alternative Channel
(or)
Chatbot
(or)
MPT4U App
(or)
MPT Pay
(or)
CRM Portal
(or)
DMS App
*997*3*4#*2122#*224#
၉၇၇ ကျပ်၇၇ မိနစ်၁၅ ရက်*997*1*3#AR KYK2*997*1*4#
၁၉၅၇ ကျပ်၁၅၅ မိနစ်၃၀ ရက်*997*2*3#AR KYK3*997*2*4#

3) အစီအစဉ်ကို မည်သူတွေ ဝယ်ယူအသုံးပြုနိုင်ပါသလဲ?

MPT GSM/WCDMA prepaid and postpaid [ဆွေသဟာ နှင့် Base Tariff အစီအစဉ်] အသုံးပြုနေသူများအားလုံး ၀ယ်ယူ အသုံးပြုနိုင်ပါသည်။

4) အစီအစဉ်ကို ရယူရန် မည်သို့လုပ်ဆောင်ရမည်နည်း?

အလိုအလျောက် သက်တမ်းတိုးပက်ကေ့ချ် ကို *997# သို့ဖုန်းခေါ် ဆို၍လည်းကောင်း၊ MPT4U App (သို့) MPT Pay မှ လည်းကောင်း၊ MPT CRM Portal မှတဆင့် ဝယ်ယူနိုင်ပါသည်။ MPT4U Application မှ ဝယ်ယူမယ်ဆိုရင် “အလိုအလျောက်သက်တမ်းတိုးပက်ကေ့ချ်” page မှတဆင့်ဝယ်ယူနိုင်သလို “ပက်ကေ့ချ်ဝယ်ယူခြင်း” page မှတဆင့် ဝင်ရောက်ကာ မိမိကြိုက်နှစ်သက်ရာ ပက်ကေ့ချ်အားရွေးချယ်ဝယ်ယူနိုင်ပါသည်။ အလိုအလျောက်သက်တမ်းတိုး ပက်ကေ့ချ် ကို  MPT4U တွင် ဝယ်ယူအသုံးပြုရန် iOS Version 1.4.10 နှင့် Android Version 4.4.1 ရှိရန်လိုအပ်ပါသည်။

5) ပက်ကေ့ချ်ဈေးနှုန်းများမှာ အခွန်ပါဝင်ပြီးဖြစ်ပါသလား?

ပက်ကေ့ချ်ဈေးနှုန်းများမှာ အခွန် ၅% ပါဝင်ပြီးဖြစ်ပါတယ်။

6) လက်ကျန်ပမာဏကို ဘယ်လိုစစ်ဆေးနိုင်မှာလဲ?

*224# သို့ဖုန်းခေါ်ဆို၍လည်းကောင်း(သို့) MPT4U App မှတဆင့် လည်းကောင်း စစ်ဆေးကြည့်နိုင်ပါသည်။

7) ကြိုက်ရာခေါ် ပက်ကေ့ချ် များကို ဝယ်ယူပြီး ထိပေါက်အစီအစဉ်တွင် ပါဝင်ကံစမ်း နိုင်ပါသလား?

ဟုတ်ကဲ့ ရပါတယ်။ ပက်ကေ့ချ်များကို ဝယ်ယူတိုင်းမှာ ထိပေါက်ကစားခွင့်ရရှိမှာဖြစ်ပြီး 200GB အထိ ကံစမ်းရယူနိုင်မှာ ဖြစ်ပါတယ်။ 

8) မိနစ်သယ်ဆောင်နေသော ကာလအတွင်းမှာ အသုံးမပြုရသေးတဲ့ မိနစ်တွေက ဘယ်လို ဖြစ်သွားမှာလဲ?

Carry Over Function ပါရှိပါတယ်။ Voice Minutes သယ်ဆောင်နိုင်သောကာလ (ပက်ကေ့ချ် ၏ သက်တမ်းကုန်ဆုံးပြီး ၇ ရက်) အတွင်း ကြိုက်ရာခေါ်  ပက်ကေ့ချ်အသစ် ဝယ်ယူပါက အသုံးပြုရန် ကျန်ရှိနေသော ပက်ကေ့ချ် Voice Minutes ကို ပက်ကေ့ချ် အသစ်၏ သက်တမ်းအတိုင်း ပေါင်းစည်း အသုံးပြုနိုင် ပါသည်။

9) အလိုအလျောက်သက်တမ်းတိုး ကြိုက်ရာခေါ် ကို အကြိမ်အရေအတွက် ဘယ်လောက်ထိ ဝယ်ယူနိုင်မှာလဲ?

  • အကြိမ်အရေအတွက်အကန့်အသတ်မရှိ ဝယ်ယူနိုင်မည်ဖြစ်ပြီး ဖုန်းပြောမိနစ်များ ပေါင်းစည်းသွားမည့်အပြင် အရှည်ဆုံး ပက်ကေချ့် သက်တမ်းအတိုင်း အသုံးပြုနိုင်မည်ဖြစ်ပါသည်။
  • ဖုန်းပြောမိနစ် ပမာဏတူညီသော Auto renewal packs များကို အကြိမ်အရေအတွက်အကန့်အသတ်မရှိ ဝယ်ယူနိုင်မည်ဖြစ် ပြီး ဒေတာပမာဏများ ပေါင်းစည်းသွားမည့်အပြင် ပက်ကေချ့်သက်တမ်းကို အရှည်ဆုံး ပက်ကေ့ချ် ၏ သက်တမ်းအတိုင်း အသုံးပြုနိုင်မည်ဖြစ်ပါသည်။ ပက်ကေ့ချ်၏ ဖုန်းပြောမိနစ် ၅မိနစ် အောက် ရောက်ရှိသွားချိန် (သို့မဟုတ်) ပက်ကေ့ချ်သက်တမ်းကုန်ဆုံးချိန်တွင် အဆိုပြုထားသည့် အတိုင်း အလို အလျောက် သက်တမ်းတိုး ဝယ်ယူပါမည်။
  • ပုံမှန် ကြိုက်ရာခေါ် ပက်ကေ့ချ် ဝယ်ယူပြီး အလိုအလျောက်သက်တမ်းတိုး ကြိုက်ရာခေါ် ပက်ကေ့ချ်ထပ်မံ ဝယ်ယူသည်ဖြစ်စေ၊ အလိုအလျောက်သက်တမ်းတိုး ကြိုက်ရာခေါ် ပက်ကေ့ချ် ဝယ်ယူပြီး ပုံမှန် ကြိုက်ရာခေါ် ပက်ကေ့ချ် ထပ်မံဝယ်ယူသည်ဖြစ်စေ ပက်ကေ့ချ်များကို အကြိမ်အရေအတွက် အကန့်အသတ်မရှိ ဝယ်ယူနိုင်ပြီး ဖုန်းပြောမိနစ်များ ပေါင်းစည်းသွားမည့် အပြင် အရှည်ဆုံးပက်ကေ့ချ်၏ သက်တမ်းအတိုင်း အသုံးပြုနိုင်မည်။ ပက်ကေ့ချ်၏ ဖုန်းပြောမိနစ် ၅မိနစ် အောက် ရောက်ရှိသွားချိန် (သို့မဟုတ်) ပက်ကေ့ချ်သက်တမ်းကုန်ဆုံးချိန်တွင် အဆိုပြုထားသည့် အတိုင်း အလိုအလျောက် သက်တမ်းတိုး ဝယ်ယူပါမည်။

10) 487 ကျပ်တန် အလိုအလျောက်သက်တမ်းတိုး ပက်ကေ့ချ် ဝယ်ယူထားပါတယ်။ 997 ကျပ်တန် Regular ကြိုက်ရာခေါ် ပက်ကေ့ချ် ကို ထပ်မံဝယ်ယူလို့ရပါသလား?

ရပါတယ်။ အလိုအလျောက်သက်တမ်းတိုး ပက်ကေ့ချ်ဝယ်ယူပြီး Regular ကြိုက်ရာခေါ် ပက်ကေ့ချ်များကို အကြိမ်အရေအတွက်အကန့်အသတ်မရှိထပ်မံဝယ်ယူနိုင်ပါတယ်။ ဝယ်ယူထားသော ဖုန်းပြောမိနစ်များ ပေါင်းစည်းသွားမည့်အပြင် အရှည်ဆုံးပက်ကေ့ချ်၏ သက်တမ်းအတိုင်း အသုံးပြုနိုင်ပါတယ်။ ပက်ကေ့ချ်၏ လက်ကျန်ပမာဏ ၅မိနစ် အောက်ရောက်ရှိသွားချိန် (သို့မဟုတ်) ပက်ကေ့ချ်သက်တမ်းကုန်ဆုံးချိန်တွင် အဆိုပြုထားသည့် အတိုင်း အလိုအလျောက် သက်တမ်းတိုး ဝယ်ယူပါမည်။

11) 487 ကျပ်တန် အလိုအလျောက်သက်တမ်းတိုး ပက်ကေ့ချ် ဝယ်ယူထားပါတယ်။ 487 ကျပ်တန် အလိုအလျောက်သက်တမ်းတိုး ပက်ကေ့ချ် ကို ထပ်မံဝယ်ယူလို့ရပါသလား?

ရပါတယ်။ ဖုန်းပြောမိနစ် ပမာဏ တူညီသော Auto renewal packs များကို အကြိမ်အရေအတွက်အကန့်အသတ်မရှိ ဝယ်ယူနိုင်မည်ဖြစ်ပြီး ဖုန်းပြောမိနစ်များ ပေါင်းစည်းသွားမည့်အပြင် ပက်ကေချ့်သက်တမ်း ကို အရှည်ဆုံး ပက်ကေ့ချ်၏ သက်တမ်းအတိုင်း အသုံးပြုနိုင်ပါတယ်။ ပက်ကေ့ချ်၏ လက်ကျန်ပမာဏ ၅မိနစ် အောက်ရောက်ရှိသွားချိန် (သို့မဟုတ်) ပက်ကေ့ချ်သက်တမ်းကုန်ဆုံးချိန်တွင် အဆိုပြုထားသည့် အတိုင်း အလိုအလျောက် သက်တမ်းတိုး ဝယ်ယူပါမည်။

12) 487 ကျပ်တန် အလိုအလျောက်သက်တမ်းတိုး ပက်ကေ့ချ် ဝယ်ယူထားပါတယ်။ 977 ကျပ်တန် အလိုအလျောက်သက်တမ်းတိုး ပက်ကေ့ချ် ကို ထပ်မံဝယ်ယူလို့ရပါသလား?

မရပါ။ ဖုန်းပြောမိနစ် ပမာဏချင်းမတူသော Auto renewal packs များဝယ်ယူခြင်းကို ခွင့်မပြုပါ။ ဖုန်းပြောမိနစ်ပမာဏ မတူညီသော ပက်ကေ့ချ်အသစ်ကို ဝယ်ယူလိုပါက လက်ရှိပက်ကေ့ချ်ကို UNSUBSCRIBE (ပယ်ဖျက်ပေးရန်) လုပ်ပေးရန်လိုအပ်ပါသည်။ E.g. 977 ကျပ်တန် Auto renewal ပက်ကေ့ချ်အသစ်ကို ဝယ်ယူလိုပါက လက်ရှိ 487 ကျပ်တန် Auto-renewal ပက်ကေ့ချ်ကို UNSUBSCRIBEလုပ်ပေးရန်လိုအပ်ပါသည်။

13) လက်ကျန် balance ၅မိနစ် ထိမရောက်ရှိသေးသော်လည်း ပက်ကေ့ချ်သက်တမ်းကုန်ဆုံးသွားပါက ဘယ်လိုဖြစ်သွားမှာလဲ?

လက်ကျန် balance ၅မိနစ် ထိမရောက်ရှိသေးသော်လည်း ပက်ကေ့ချ် သက်တမ်းကုန်ဆုံးသွားပါက အဆိုပြုထားသည့်အတိုင်း အလိုအလျောက် သက်တမ်းတိုး ဝယ်ယူမည်ဖြစ်ပါသည်။

14) အလိုအလျောက်ပက်ကေ့ချ်သက်တမ်းတိုးရာ၌ လက်ကျန်ငွေမလုံလောက်ပါက ဘယ်လိုဖြစ်သွားမှာလဲ?

အလိုအလျောက်ပက်ကေ့ချ်သက်တမ်းတိုးဖို့ ငွေလက်ကျန်မလုံလောက်ပါက Auto renewal service သည် ခေတ္တရပ်တန့်သွားမှာဖြစ်ပြီး သုံးစွဲသူမှ ဖုန်းငွေဖြည့်ခြင်း/ ချေးငွေအသုံးပြုခြင်း/ ငွေလွှဲခြင်း နည်းလမ်းများဖြင့် ငွေထပ်မံဖြည့်သွင်းနိုင်သည်။ အဆိုပါ သတ်မှတ်ထားသော နည်းလမ်းများအတိုင်း ပက်ကေ့ချ်သက်တမ်းကုန်ဆုံးပြီး (၇ရက်)အတွင်း နောက်ဆုံးထား၍ ဖုန်းငွေထပ်မံဖြည့်သွင်းမှသာ ပက်ကေ့ချ်ကို ဆက်လက်အသုံးပြုနိုင်မည်။

15) ဘယ်အချိန်မှာ Auto Renew Function လုံးဝရပ်တန့်သွားမှာလဲ?

သုံးစွဲသူမှ ပက်ကေ့ချ် သက်တမ်းကုန်ဆုံးပြီးနောက် (၇) ရက်အတွင်း တိုင်အောင် ငွေထပ်မံဖြည့်သွင်းခြင်း မရှိပါက Auto Renew Function ကို ဆက်လက်အသုံးမပြုနိုင်ပါ။ အသုံးပြုသူမှ Auto Renew service ကို ပြန်လည်အသုံးပြုလိုပါကပက်ကေ့ချ်ကို ထပ်မံဝယ်ယူပြီးမှ အသုံးပြုနိုင်ပါသည်။

16) လက်ကျန် ၅မိနစ် အောက် မရောက်ရှိခင် Autorenewal ပက်ကေ့ချ်ကို Unsubscribe လုပ်မိရင် လက်ကျန်ဒေတာများကို ဆက်လက်သုံးလို့ရမှာလား?

ရပါတယ်။ ပက်ကေ့ချ်သက်တမ်းမကုန်ခင် Auto –renewal ပက်ကေ့ချ်ကို UNSUBSCRIBE (ရပ်တန့်) လိုက်ပါက ကျန်ရှိနေသော ဖုန်းပြောမိနစ်များ ကို ပက်ကေ့ချ်သက်တမ်းကုန်ဆုံးသည်အထိအသုံးပြုနိုင်ပါသည်။ သို့သော် Unsubscribe ပြုလုပ်သည်နှင့် Auto renewal function ကို အသုံးမပြုနိုင်တော့ပါ။

17) အလိုအလျောက် သက်တမ်းတိုး ပက်ကေ့ချ် နှစ်ခု- Data Carry နှင့် ကြိုက်ရာခေါ် ကို ဝယ်ယူထားပါတယ်။ ဘယ်ပက်ကေ့ချ်က အရင်သက်တမ်းတိုးမှာလဲ?

အလိုအလျောက် သက်တမ်းတိုး Data Carry နှင့် ကြိုက်ရာခေါ် ပက်ကေ့ချ် များကို ဝယ်ယူထားပြီး တူညီသောနေ့ရက်တွင် အလိုအလျောက်သက်တမ်းတိုးရမည်ဖြစ်ပါက လက်ကျန်ဖုန်းဘေလ် လုံလောက်စွာရှိနေမယ်ဆိုရင် ပက်ကေ့ချ် နှစ်ခုလုံးသည် တပြိုင်နက်တည်း သက်တမ်းတိုးမှာဖြစ်ပါသည်။ လက်ကျန် ဖုန်းဘေလ်သည် ပက်ကေ့ချ်တစ်ခုစာသာကျန်ရှိပါက ကျပန်းစနစ်ဖြင့်သာ သက်တမ်းတိုးမှာဖြစ်ပါသည်။ ဥပမာ။ ။ သုံးစွဲသူက ငွေ ၁၀၀၀ ကျပ် ဖြည့်မယ်ဆိုလျှင် ပက်ကေ့ချ်တစ်ခုကိုသာ သက်တမ်းတိုးနိုင်မှာဖြစ်သောကြောင့် ကျပန်းစနစ်အရ ၉၇၇ ကျပ် တန်အလိုအလျောက် ကြိုက်ရာခေါ် ပက်ကေ့ချ် (သို့မဟုတ်) ၉၇၉ကျပ် တန် Data Carry ပက်ကေ့ချ်တစ်ခုသာ အရင်သက်တမ်းတိုးမည်ဖြစ်သည်။

18) ကြိုက်ရာခေါ် ပက်ကေ့ချ် ကို တခြားသူများသို့ လက်ဆောင်ပေးလို့ ရပါသလား?

Autorenewal ပက်ကေ့ချ်များကို တခြားသူများသို့ လက်ဆောင်ပေး၍မရပါ

Auto Renewal A Kyite Pyaw +

1) အလိုအလျောက် သက်တမ်းတိုး အကြိုက်ပြော +အစီအစဉ် ဆိုတာ ဘာလဲ။

အလိုအလျောက် သက်တမ်းတိုး အကြိုက်ပြော + အစီအစဉ်ဆိုသည်မှာ ကိုယ်ချစ်ခင်ရတဲ့ မိသားစု၊ သူငယ်ချင်းများ နဲ့  ပိုမိုဆက်သွယ်နိုင်ရန် MPT အချင်းချင်း အချိုသာဆုံးနှုန်းထားဖြင့် ဖုန်းခေါ် ဆိုအသုံးပြုနိုင်ပြီး အလိုအလျောက်သက်တမ်းတိုးရန် အဆိုပြုဝယ်ယူထားပါက ပက်ကေ့ချ်၏ လက်ကျန် ဖုန်းပြောမိနစ် ၁၀မိနစ် အောက်ရောက်ရှိသွားချိန် (သို့) ပက်ကေ့ချ်သက်တမ်းကုန်ဆုံးချိန် (11:35 pm ~ 12:00 am) ဝန်းကျင်တွင် အလိုအလျောက်သက်တမ်းတိုး ဝယ်ယူမည်ဖြစ်ပါသည်။ ပက်ကေ့ချ်များကို ဝယ်ယူတိုင်းမှာ ထိပေါက်ကစားခွင့်ရရှိမှာဖြစ်ပြီး 200GB အထိ ကံစမ်းရယူနိုင်မှာ ဖြစ်ပါတယ်။ 

2) ဘယ်လိုအကျိုးကျေးဇူးတွေရနိုင်လဲ?

ဖုန်းပြောနိုင်မယ့်မိနစ်တွေအတွက် စိတ်ပူစရာမလိုဘဲ အလိုအလျောက်သက်တမ်းတိုး အကြိုက်ပြော + ပက်ကေ့ချ်က လက်ကျန် ဖုန်းပြောမိနစ် ၁၀ မိနစ် အောက်ရောက်ရှိသွားချိန် (သို့) ပက်ကေ့ချ်သက်တမ်းကုန်ဆုံးချိန်တွင် အလို အလျောက်သက်တမ်းတိုး ဝယ်ယူမှာဖြစ်လို့ စဥ်ဆက်မပြတ်သုံးစွဲနိုင်မှာဖြစ်ပါတယ်။ မည်သည့် အကြိုက်ပြော + ပက်ကေ့ချ် ကိုမဆိုဝယ်ယူပါက MPT အချင်းချင်း ဖုန်းခေါ်ဆိုနိုင်မှာဖြစ်ပြီး (special / premium / call center / VAS related numbers မပါဝင်ပါ) ပက်ကေ့ချ်များကို ဝယ်ယူတိုင်းမှာ 200GB အထိ ကံထူးနိုင်သည့် ထိပေါက်ကံစမ်းခွင့်ကို ရရှိမှာဖြစ်ပါတယ်။

စျေးနှုန်း
(ကုန်သွယ်ခွန် ပါဝင်ပြီး)
မိနစ်များသက်တမ်းရယူနိုင်သည့်နည်းလမ်းများAuto Renew ပယ်ဖျက်ရန်နည်းလမ်းများ
Direct USSDSMS to 1331Common USSDအခြားနည်းလမ်းများDirect USSDCommon USSD
၈၃၅ ကျပ်၁၃၂ မိနစ်၇ ရက်*600*3*3#AR AKP1*106# (or) *600#MPT4U App (or)
MPT Pay (or)
CRM Portal (or)
DMS App
*600*3*4#*2123#
၁၄၇၅ ကျပ်၂၃၄ မိနစ်၃၀ ရက်*600*2*3#AR AKP2*600*2*4#
၃၈၄၅ ကျပ်၆၁၀ မိနစ်၉၀ ရက်*600*1*3#AR AKP3*600*1*4#

3) အစီအစဉ်ကို မည်သူတွေ ဝယ်ယူအသုံးပြုနိုင်ပါသလဲ?

MPT GSM/WCDMA prepaid and postpaid [ဆွေသဟာ နှင့် Base Tariff အစီအစဉ်] အသုံးပြုနေသူများအားလုံး ၀ယ်ယူ အသုံးပြုနိုင်ပါသည်။

4) အစီအစဉ်ကို ရယူရန် မည်သို့လုပ်ဆောင်ရမည်နည်း?

အလိုအလျောက် သက်တမ်းတိုးပက်ကေ့ချ် ကို *600# သို့ဖုန်းခေါ် ဆို၍လည်းကောင်း၊ MPT4U App (သို့) MPT Pay မှ လည်းကောင်း၊ MPT CRM Portal (သို့) DMS App မှတဆင့် ဝယ်ယူနိုင်ပါသည်။ MPT4U Application မှ ဝယ်ယူမယ်ဆိုရင် “အလိုအလျောက်သက်တမ်းတိုးပက်ကေ့ချ်” page မှတဆင့်ဝယ်ယူနိုင်သလို “ပက်ကေ့ချ်ဝယ်ယူခြင်း” page မှတဆင့် ဝင်ရောက်ကာ မိမိကြိုက်နှစ်သက်ရာ ပက်ကေ့ချ်အားရွေးချယ်ဝယ်ယူနိုင်ပါသည်။ အလိုအလျောက်သက်တမ်းတိုး ပက်ကေ့ချ် ကို  MPT4U တွင် ဝယ်ယူအသုံးပြုရန် iOS Version 1.4.10 နှင့် Android Version 4.4.1 ရှိရန်လိုအပ်ပါသည်။

5) ပက်ကေ့ချ်ဈေးနှုန်းများမှာ အခွန်ပါဝင်ပြီးဖြစ်ပါသလား?

ပက်ကေ့ချ်ဈေးနှုန်းများမှာ အခွန် ၅% ပါဝင်ပြီးဖြစ်ပါတယ်။

6) လက်ကျန်ပမာဏကို ဘယ်လိုစစ်ဆေးနိုင်မှာလဲ?

*224# သို့ဖုန်းခေါ်ဆို၍လည်းကောင်း(သို့) MPT4U App မှတဆင့် လည်းကောင်း စစ်ဆေးကြည့်နိုင်ပါသည်။

7) အကြိုက်ပြော + ပက်ကေ့ချ် များကို ဝယ်ယူပြီး ထိပေါက်အစီအစဉ်တွင် ပါဝင်ကံစမ်း နိုင်ပါသလား?

ဟုတ်ကဲ့ ရပါတယ်။ ပက်ကေ့ချ်များကို ဝယ်ယူတိုင်းမှာ ထိပေါက်ကစားခွင့်ရရှိမှာဖြစ်ပြီး 200GB အထိ ကံစမ်းရယူနိုင်မှာ ဖြစ်ပါတယ်။ 

8) အလိုအလျောက်သက်တမ်းတိုး အကြိုက်ပြော + ကို အကြိမ်အရေအတွက် ဘယ်လောက်ထိ ဝယ်ယူနိုင်မှာလဲ?

  • အကြိမ်အရေအတွက်အကန့်အသတ်မရှိ ဝယ်ယူနိုင်မည်ဖြစ်ပြီး ဖုန်းပြောမိနစ်များ ပေါင်းစည်းသွားမည့်အပြင် အရှည်ဆုံး ပက်ကေချ့် သက်တမ်းအတိုင်း အသုံးပြုနိုင်မည်ဖြစ်ပါသည်။
  • ဖုန်းပြောမိနစ် ပမာဏတူညီသော Auto renewal packs များကို အကြိမ်အရေအတွက်အကန့်အသတ်မရှိ ဝယ်ယူနိုင်မည်ဖြစ် ပြီး ဒေတာပမာဏများ ပေါင်းစည်းသွားမည့်အပြင် ပက်ကေချ့်သက်တမ်းကို အရှည်ဆုံး ပက်ကေ့ချ် ၏ သက်တမ်းအတိုင်း အသုံးပြုနိုင်မည်ဖြစ်ပါသည်။ ပက်ကေ့ချ်၏ ဖုန်းပြောမိနစ် ၁၀မိနစ် အောက် ရောက်ရှိသွားချိန် (သို့မဟုတ်) ပက်ကေ့ချ်သက်တမ်းကုန်ဆုံးချိန်တွင် အဆိုပြုထားသည့် အတိုင်း အလို အလျောက် သက်တမ်းတိုး ဝယ်ယူပါမည်။
  • ပုံမှန် အကြိုက်ပြော + ပက်ကေ့ချ် ဝယ်ယူပြီး အလိုအလျောက်သက်တမ်းတိုး အကြိုက်ပြော + ပက်ကေ့ချ်ထပ်မံ ဝယ်ယူသည်ဖြစ်စေ၊ အလိုအလျောက်သက်တမ်းတိုး အကြိုက်ပြော +ပက်ကေ့ချ် ဝယ်ယူပြီး ပုံမှန် အကြိုက်ပြော + ပက်ကေ့ချ် ထပ်မံဝယ်ယူသည်ဖြစ်စေ ပက်ကေ့ချ်များကို အကြိမ်အရေအတွက် အကန့်အသတ်မရှိ ဝယ်ယူနိုင်ပြီး ဖုန်းပြောမိနစ်များ ပေါင်းစည်းသွားမည့် အပြင် အရှည်ဆုံးပက်ကေ့ချ်၏ သက်တမ်းအတိုင်း အသုံးပြုနိုင်မည်။ ပက်ကေ့ချ်၏ ဖုန်းပြောမိနစ် ၁၀မိနစ် အောက် ရောက်ရှိသွားချိန် (သို့မဟုတ်) ပက်ကေ့ချ်သက်တမ်းကုန်ဆုံးချိန်တွင် အဆိုပြုထားသည့် အတိုင်း အလိုအလျောက် သက်တမ်းတိုး ဝယ်ယူပါမည်။

9) ၈၃၅ ကျပ်တန် အလိုအလျောက်သက်တမ်းတိုး ပက်ကေ့ချ် ဝယ်ယူထားပါတယ်။ ၁၅၀၀ ကျပ်တန် Regular ကြိုက်ရာခေါ် ပက်ကေ့ချ် ကို ထပ်မံဝယ်ယူလို့ရပါသလား?

ရပါတယ်။ အလိုအလျောက်သက်တမ်းတိုး ပက်ကေ့ချ်ဝယ်ယူပြီး Regular ကြိုက်ရာခေါ် ပက်ကေ့ချ်များကို အကြိမ်အရေအတွက်အကန့်အသတ်မရှိထပ်မံဝယ်ယူနိုင်ပါတယ်။ ဝယ်ယူထားသော ဖုန်းပြောမိနစ်များ ပေါင်းစည်းသွားမည့်အပြင် အရှည်ဆုံးပက်ကေ့ချ်၏ သက်တမ်းအတိုင်း အသုံးပြုနိုင်ပါတယ်။ ပက်ကေ့ချ်၏ လက်ကျန်ပမာဏ ၁၀မိနစ် အောက်ရောက်ရှိသွားချိန် (သို့မဟုတ်) ပက်ကေ့ချ်သက်တမ်းကုန်ဆုံးချိန်တွင် အဆိုပြုထားသည့် အတိုင်း အလိုအလျောက် သက်တမ်းတိုး ဝယ်ယူပါမည်။

10) ၈၃၅ ကျပ်တန် အလိုအလျောက်သက်တမ်းတိုး ပက်ကေ့ချ် ဝယ်ယူထားပါတယ်။ ၈၃၅ ကျပ်တန် အလိုအလျောက်သက်တမ်းတိုး ပက်ကေ့ချ် ကို ထပ်မံဝယ်ယူလို့ရပါသလား?

ရပါတယ်။ ဖုန်းပြောမိနစ် ပမာဏ တူညီသော Auto renewal packs များကို အကြိမ်အရေအတွက်အကန့်အသတ်မရှိ ဝယ်ယူနိုင်မည်ဖြစ်ပြီး ဖုန်းပြောမိနစ်များ ပေါင်းစည်းသွားမည့်အပြင် ပက်ကေချ့်သက်တမ်း ကို အရှည်ဆုံး ပက်ကေ့ချ်၏ သက်တမ်းအတိုင်း အသုံးပြုနိုင်ပါတယ်။ ပက်ကေ့ချ်၏ လက်ကျန်ပမာဏ ၁၀မိနစ် အောက်ရောက်ရှိသွားချိန် (သို့မဟုတ်) ပက်ကေ့ချ်သက်တမ်းကုန်ဆုံးချိန်တွင် အဆိုပြုထားသည့် အတိုင်း အလိုအလျောက် သက်တမ်းတိုး ဝယ်ယူပါမည်။

11) ၈၃၅ ကျပ်တန် အလိုအလျောက်သက်တမ်းတိုး ပက်ကေ့ချ် ဝယ်ယူထားပါတယ်။ ၁၄၇၅ ကျပ်တန် အလိုအလျောက်သက်တမ်းတိုး ပက်ကေ့ချ် ကို ထပ်မံဝယ်ယူလို့ရပါသလား?

မရပါ။ ဖုန်းပြောမိနစ် ပမာဏချင်းမတူသော Auto renewal packs များဝယ်ယူခြင်းကို ခွင့်မပြုပါ။ ဖုန်းပြောမိနစ်ပမာဏ မတူညီသော ပက်ကေ့ချ်အသစ်ကို ဝယ်ယူလိုပါက လက်ရှိပက်ကေ့ချ်ကို UNSUBSCRIBE (ပယ်ဖျက်ပေးရန်) လုပ်ပေးရန်လိုအပ်ပါသည်။ E.g. ၁၄၇၅ ကျပ်တန် Auto renewal ပက်ကေ့ချ်အသစ်ကို ဝယ်ယူလိုပါက လက်ရှိ ၈၃၅ ကျပ်တန် Auto-renewal ပက်ကေ့ချ်ကို UNSUBSCRIBEလုပ်ပေးရန်လိုအပ်ပါသည်။

12) လက်ကျန် balance ၁၀မိနစ် ထိမရောက်ရှိသေးသော်လည်း ပက်ကေ့ချ်သက်တမ်းကုန်ဆုံးသွားပါက ဘယ်လိုဖြစ်သွားမှာလဲ?

လက်ကျန် balance ၁၀မိနစ် ထိမရောက်ရှိသေးသော်လည်း ပက်ကေ့ချ် သက်တမ်းကုန်ဆုံးသွားပါက အဆိုပြုထားသည့်အတိုင်း အလိုအလျောက် သက်တမ်းတိုး ဝယ်ယူမည်ဖြစ်ပါသည်။

13) အလိုအလျောက်ပက်ကေ့ချ်သက်တမ်းတိုးရာ၌ လက်ကျန်ငွေမလုံလောက်ပါက ဘယ်လိုဖြစ်သွားမှာလဲ?

အလိုအလျောက်ပက်ကေ့ချ်သက်တမ်းတိုးဖို့ ငွေလက်ကျန်မလုံလောက်ပါက Auto renewal service သည် ခေတ္တရပ်တန့်သွားမှာဖြစ်ပြီး သုံးစွဲသူမှ ဖုန်းငွေဖြည့်ခြင်း/ ချေးငွေအသုံးပြုခြင်း/ ငွေလွှဲခြင်း နည်းလမ်းများဖြင့် ငွေထပ်မံဖြည့်သွင်းနိုင်သည်။ အဆိုပါ သတ်မှတ်ထားသော နည်းလမ်းများအတိုင်း ပက်ကေ့ချ်သက်တမ်းကုန်ဆုံးပြီး (၇ရက်)အတွင်း နောက်ဆုံးထား၍ ဖုန်းငွေထပ်မံဖြည့်သွင်းမှသာ ပက်ကေ့ချ်ကို ဆက်လက်အသုံးပြုနိုင်မည်။

14) ဘယ်အချိန်မှာ Auto Renew Function လုံးဝရပ်တန့်သွားမှာလဲ?

သုံးစွဲသူမှ ပက်ကေ့ချ် သက်တမ်းကုန်ဆုံးပြီးနောက် (၇) ရက်အတွင်း တိုင်အောင် ငွေထပ်မံဖြည့်သွင်းခြင်း မရှိပါက Auto Renew Function ကို ဆက်လက်အသုံးမပြုနိုင်ပါ။ အသုံးပြုသူမှ Auto Renew service ကို ပြန်လည်အသုံးပြုလိုပါကပက်ကေ့ချ်ကို ထပ်မံဝယ်ယူပြီးမှ အသုံးပြုနိုင်ပါသည်။

15) လက်ကျန် ၁၀မိနစ် အောက် မရောက်ရှိခင် Autorenewal ပက်ကေ့ချ်ကို Unsubscribe လုပ်မိရင် လက်ကျန်ဒေတာများကို ဆက်လက်သုံးလို့ရမှာလား?

ရပါတယ်။ ပက်ကေ့ချ်သက်တမ်းမကုန်ခင် Auto –renewal ပက်ကေ့ချ်ကို UNSUBSCRIBE (ရပ်တန့်) လိုက်ပါက ကျန်ရှိနေသော ဖုန်းပြောမိနစ်များ ကို ပက်ကေ့ချ်သက်တမ်းကုန်ဆုံးသည်အထိအသုံးပြုနိုင်ပါသည်။ သို့သော် Unsubscribe ပြုလုပ်သည်နှင့် Auto renewal function ကို အသုံးမပြုနိုင်တော့ပါ။

16) အလိုအလျောက် သက်တမ်းတိုး ပက်ကေ့ချ် နှစ်ခု အကြိုက်ပြော + နှင့် ကြိုက်ရာခေါ် ကို ဝယ်ယူထားပါတယ်။ ဘယ်ပက်ကေ့ချ်က အရင်သက်တမ်းတိုးမှာလဲ?

အလိုအလျောက် သက်တမ်းတိုး အကြိုက်ပြော+ နှင့် ကြိုက်ရာခေါ် ပက်ကေ့ချ် များကို ဝယ်ယူထားပြီး တူညီသောနေ့ရက်တွင် အလိုအလျောက်သက်တမ်းတိုးရမည်ဖြစ်ပါက လက်ကျန်ဖုန်းဘေလ် လုံလောက်စွာရှိနေမယ်ဆိုရင် ပက်ကေ့ချ် နှစ်ခုလုံးသည် တပြိုင်နက်တည်း သက်တမ်းတိုးမှာဖြစ်ပါသည်။ လက်ကျန် ဖုန်းဘေလ်သည် ပက်ကေ့ချ်တစ်ခုစာသာကျန်ရှိပါက ကျပန်းစနစ်ဖြင့်သာ သက်တမ်းတိုးမှာဖြစ်ပါသည်။ ဥပမာ။ ။ သုံးစွဲသူက ငွေ ၁၀၀၀ ကျပ် ဖြည့်မယ်ဆိုလျှင် ပက်ကေ့ချ်တစ်ခုကိုသာ သက်တမ်းတိုးနိုင်မှာဖြစ်သောကြောင့် ကျပန်းစနစ်အရ ၉၇၇ ကျပ် တန်အလိုအလျောက် ကြိုက်ရာခေါ် ပက်ကေ့ချ် (သို့မဟုတ်) ၈၃၅ကျပ် တန် အကြိုက်ပြော + ပက်ကေ့ချ်တစ်ခုသာ အရင်သက်တမ်းတိုးမည်ဖြစ်သည်။

17) အကြိုက်ပြော + ပက်ကေ့ချ် ကို တခြားသူများသို့ လက်ဆောင်ပေးလို့ ရပါသလား?

Autorenewal ပက်ကေ့ချ်များကို တခြားသူများသို့ လက်ဆောင်ပေး၍မရပါ

18) နိုဝင်ဘာ ၃ရက်နေ့မှာ ၇ရက်သုံး အကြိုက်ပြော + ပက်ကေ့ချ် ဝယ်ယူထားပါတယ်။ နိုဝင်ဘာ ၄ရက်နေ့မှာ ၃၀ရက်သုံး အလိုအလျောက် သက်တမ်းတိုး အကြိုက်ပြော + ထပ်မံဝယ်ယူလိုက်ပါတယ်။ ဘယ်ပက်ကေ့ချ်မှ အရင်ကျသင့်ကောက်ခံမှာလဲ။

အလိုအလျောက်သက်တမ်းတိုး ပက်ကေ့ချ်အသစ်၏ ဖုန်းပြောမိနစ်မှ အရင်ကျသင့်စေမှာဖြစ်သည်။ ပြီးမှ နိုဝင်ဘာလ (၄) ရက်နေ့မတိုင်ခင်က ဝယ်ယူထားသော ပက်ကေ့ချ်၏ ဖုန်းပြောမိနစ်မှ ကျသင့်စေမှာဖြစ်ပါသည်။

ရှဲပြီးယူ

"ရှဲပြီးယူ" ဆိုတာဘာလဲ

“ ရှဲပြီးယူ” အစီအစဉ် ဆိုတာကတော့ ကိုယ့်ရဲ့   မိသားစုဝင်တွေ၊ သူငယ်ချင်:တွေ နဲ့ အသိမိတ်ဆွေ တွေထဲက MPT4U Application တစ်ခါမှ မသုံးဖူးသေးတဲ့ သူတွေကို MPT4U အသုံးပြုရန် ဖိတ်ခေါ်စာပေးပို့ပြီး ဖိတ်ခေါ်ခံရသူဘက်မှ အောင်မြင်စွာ ဒေါင်းလုတ်ဆွဲ၍ app ကို loginဝင်ရောက်အသုံးပြုပါက မိမိကိုယ်တိုင်ရော ဖိတ်ခေါ်ခံလိုက်ရတဲ့သူရော လက်ဆောင် 2000 Kyats စီရရှိမယ့်အစီအစဉ်လေးပဲ ဖြစ်ပါ‌တယ် ။
ပရိုမိုးရှင်းကာလမှာ အောက်တိုဘာလ(၁၂)ရက် ၂၀၂၂ မှ ဇန်နဝါရီ ၉ ရက် ၂၀၂၃ အထိဖြစ်ပါသည်။

best operator in Myanmar