“ • နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီက ကြေညာခဲ့သော ၂၀၂၁-၂၀၂၂ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေပြင်ဆင်ချက်အရ ၊၂၀၂၂ခုနှစ် ဇန်နဝါရီလ (၆) ရက်နေ့မှစ၍ အင်တာနက်ဒေတာ အသုံးပြုမှုအပေါ်တွင် ကုန်သွယ်လုပ်ငန်းခွန် (၁၅%) နှုန်းထားဖြင့်ကောက်ခံသွားမည်ဖြစ်သည်။
• စာတိုပေးပို့မှု နှင့် ဖုန်းခေါ်ဆိုမှုတို့ အတွက် ကုန်သွယ်လုပ်ငန်းခွန်အား ပြောင်းလဲခြင်းမရှိပဲ မှုလအတိုင်း (၅%)ဖြင့် ဆက်လက်ကောက်ခံသွားမည်ဖြစ်သည်”
အမေးများသောမေးခွန်းများ
eSIM
၁။ eSIM ဆိုတာ ဘာလဲ။
eSIM ဆိုသည်မှာ ခေတ်မီ ဒစ်ဂျစ်တယ် နည်းပညာကို အသုံးပြုထားသော ပလတ်စတစ် ဆင်းမ် (တစ်နည်း ) Physical SIM Card အား အသုံးပြုရန် မလိုအပ်သည့် ၊ မိုဘိုင်းဖုန်းများတွင် နည်းပညာဖြင့် မြှုပ်သွင်း အသုံးပြုနိုင်သော ၊ ထိတွေ့ကိုင်တွယ်၍ မရသည့် Virtual SIM တစ်မျိုး ဖြစ်ပါသည်။
၂။ မိမိ၏ မိုဘိုင်းဖုန်းသည် eSIM နည်းပညာကို အသုံးပြုနိုင်ကြောင်း မည်ကဲ့သို့ စစ်ဆေးရမည်နည်း။
အဆင့် (၁) *#06# ကိုခေါ်ဆိုပါ။
အဆင့် (၂) EID ဘားကုတ်ကို ဖုန်း Screenပေါ်တွင် တွေ့မြင်ရမည် ဆိုပါက အဆိုပါ မိုဘိုင်းဖုန်းသည် eSIM နည်းပညာကို အသုံးပြုနိုင်ကြောင်း အတည်ပြုနိုင်ပါသည်။
၃။ MPT ၏ eSIM အသစ်ကို မည်ကဲ့သို့ ဝယ်ယူရမည်နည်း ။
နီးစပ်ရာ MPT အရောင်းဆိုင်များသို့ သွားရောက်၍ နိုင်ငံသား စိစစ်ရေး မှတ်ပုံတင် (သို့မဟုတ်) ပတ်စပို့ ကို အတည်ပြု ပြသကာ၊ ကြိုက်နှစ်သက်ရာ MPT eSIM နံပါတ် အသစ်အား ရွေးချယ်ဝယ်ယူနိုင်ပါသည် ။
၄။ မိမိ လက်ရှိ အသုံးပြုလျက်ရှိသော MPT မိုဘိုင်း ဆင်းမ်ကတ်အား eSIM သို့ ပြောင်းလဲ အသုံးပြုနိုင်ပါသလား။
အသုံးပြုနိုင်ပါသည်။ နီးစပ်ရာ MPT အရောင်းဆိုင်များသို့ သွားရောက်၍ နိုင်ငံသား စိစစ်ရေး မှတ်ပုံတင် (သို့မဟုတ်) ပတ်စပို့ကို အတည်ပြု ပြသကာ ရယူဆောင်ရွက်နိုင်ပါသည်။
၅။ MPT Physical SIM ကတ် မှ MPT eSIM သို့ လဲလှယ်ရန် မည်မျှ ကျသင့်မည်နည်း ။
- ပရိုမိုးရှင်း ကာလအတွင်း Physical SIM မှ eSIM သို့ လဲလှယ်ပါက ပထမဦးဆုံး အကြိမ် အတွက် အခမဲ့ ဖြစ်ပြီး၊ နောက်ထပ်တစ်ဖန် ထပ်မံအသုံးပြုရန် ၁,၅၀၀ ကျပ်ကျသင့်ပါမည်။
- ပရိုမိုးရှင်းကာလ ကုန်ဆုံးပြီးနောက် Physical SIM မှ eSIM သို့ လဲလှယ်ခြင်းအတွက် ၁,၅၀၀ ကျပ်ကျသင့်ပါမည်။
- သုံးစွဲသူသည် အခမဲ့ eSIM လဲလှယ်ခြင်း မပြုလုပ်မီ အနည်းဆုံး ဖုန်းဘေလ် ကျပ်ငွေ ၃,၀၀၀ ကျပ် ဖြည့်သွင်းထားရမည် ဖြစ်ပါသည်။ အဆိုပါ ဖုန်းဘေလ်သည် မည်ကဲ့သို့မျှ ဖြတ်တောက်ခြင်း မရှိပဲ ဖုန်းငွေလက်ကျန် စာရင်းထဲတွင် ပုံမှန်အတိုင်း ကျန်ရှိနေမည် ဖြစ်ပါသည်။
( ပရိုမိုးရှင်းကာလမှာ ၂၀၂၄ ခုနှစ်၊ ဧပရယ်လ (၃၀) ရက်နေ့မှ သြဂုတ်လ (၃၁) ရက်နေ့ အထိ ဖြစ်ပါသည်။ )
၆။ MPT eSIM ကို မည်ကဲ့သို့ ထည့်သွင်း အသုံးပြုရမည်နည်း ။
- အဆင့် (၁) : ပထမဦးစွာ eSIM ထည့်သွင်း အသုံးပြုမည့် မိုဘိုင်းဖုန်းသည် အင်တာနက်(သို့) ဝိုင်ဖိုင် နှင့် ချိတ်ဆက်ထားကြောင်း သေချာပါစေ။
- အဆင့် (၂) : မိုဘိုင်းဖုန်း “Settings” သို့ သွားပြီး “Add eSIM” (သို့) “Add mobile plan” ကို ရွေးချယ်ပါ။
- အဆင့် (၃) : QR ကို Scan ဖတ်ပါ ။
- အဆင့် (၄) : MPT အရောင်းဆိုင်များမှ ရရှိလာသော eSIM – Activation ပြုလုပ်သည့် QR Code အား Sacn ဖတ်ပါ။
- အဆင့် (၅) : “ Continue” ကို နှိပ်၍ Activation Process ပြီးဆုံးသည် အထိစောင့်ပါ။
- အဆင့် (၆) : နောက်ဆုံးတွင်၊ eSIM Profile သည် MPT ကွန်ရက်သို့ ချိတ်ဆက်ပြီးမြောက်၍ အသုံးပြုရန် အဆင်သင့် ဖြစ်နေပါမည်။
၇။ eSIM QR ကို အခြားစက်သို့ ပြောင်းနိုင်ပါသလား။
MPT အသုံးပြုသူများသည် eSIM (၁) ခုကို (၁) ကြိမ်လျှင် ဖုန်း (၁) လုံးတွင်သာ ထည့်သွင်း အသုံးပြုနိုင်ပါသည်။ ပြန်လည် အသုံးပြုနိုင်ရန် ရရှိထားသော QR ကတ်ကို သိမ်းဆည်းထားရန် လိုအပ်ပါသည် ။ ဒုတိယ Handset အသစ်သို့ ပြောင်းလဲ အသုံးပြုလိုသောအခါ ပထမ Handset မှ eSIM ပရိုဖိုင်ကို အရင်ဖျက်၍ အသစ်တစ်ဖန် ပြန်လည်ချိတ်ဆက် အသုံးပြုနိုင်ပါသည် ။
၈။ လက်ရှိ သုံးနေတဲ့ eSIM ကို Handset အသစ်တစ်ခုသို့ မည်ကဲ့သို့ ပြောင်းလဲရမည်နည်း ။
- ပထမဦးစွာ လူကြီးမင်း၏ မိုဘိုင်းဖုန်းသည် အင်တာနက်ဖြင့် ချိတ်ဆက်ထားပါစေ။
- လက်ရှိ eSIM ဖုန်းမှ အသုံးပြုလျက်ရှိသော eSIM Profile အချက်အလက်များကို ဖျက်၍ Process ပြီးမြောက်သည်အထိ စောင့်ပါ။ ( သင့် Device မှ eSIM ကိုဖယ်ရှားရန် အင်တာနက်/ ဝိုင်ဖိုင် လိုအပ်ပါသည်။)
- ထိုနောက် ရရှိထားသော QR Code ကို လူကြီးမင်း အသုံးပြုလိုသော eSIM Handset တွင် Scan ဖတ်၍ အသုံးပြုနိုင်ပါသည်။
၉။ iPhone တွင်၊ ဖုန်းနံပါတ်တစ်ခုအား eSIM သို့ ပြောင်းပြီးနောက်၊ တခြား Physical SIM အထွက် ခေါ်ဆိုမှု မပြုလုပ်နိုင်ပါက မည်ကဲ့သို့ ဖြေရှင်းရမည်နည်း။
- Physical SIM ကို Handset မှ ထုတ်ပါ။
- လူကြီးမင်း၏ iPhone ကို Restart ချပါ။
- ထို Physical SIM ကို ပြန်ထည့်၍ အသုံးပြုကြည့်ပါက အဆင်ပြေသွားပါလိမ့်မည် ။
၁၀။ eSIM မှ Physical SIM သို့ ပြောင်းလဲ အသုံးပြုလိုပါက မည်သို့ ပြုလုပ်ရမည်နည်း။
eSIM မှ Physical SIM သို့ ပြောင်းလဲ အသုံးပြုလိုပါက :
- Physical SIM အသစ်တစ်ကဒ် (သို့မဟုတ်) မိမိ လက်ရှိ အသုံးပြုနေသော ဖုန်းနံပါတ်နှင့် Physical SIM အသစ်တစ်ကဒ်ကို နီးစပ်ရာ MPT အရောင်းဆိုင်များတွင် ငွေကျပ် ၁,၅၀၀ ကျပ်ဖြင့် ဝယ်ယူရရှိနိုင်ပါသည်။
- ထိုနောက် ရရှိလာသော အဆိုပါ Physical SIM ကို ပုံမှန်အသုံးပြုနေကျ မိုဘိုင်းဖုန်း၏ SIM Slot တွင် ထည့်၍ အလွယ်တကူ ပြောင်းလဲ အသုံးပြုနိုင်ပါသည်။
( မှတ်ချက်။ နဂိုလက်ဝယ်ရှိသော Physical SIM သည် eSIM သို့ ပြောင်းလဲ အသုံးပြုပြီးနောက် ( invalid ) အသက်မဲ့သွားမည် ဖြစ်သောကြောင့် ပြန်လည်အသုံးပြု၍ ရနိုင်မည် မဟုတ်ပါ။ )
၁၁။ eSIM ဖြင့် ကိုယ်ပိုင် ဟော့စပေါ့တစ်ခု သတ်မှတ်နိုင်ပါသလား။
eSIM ဖြင့် ကိုယ်ပိုင်ဟော့စပေါ့ကို အသုံးပြုနိုင်ပါသည်။
၁၂။ eSIM ၏ QR Card ပျောက်ဆုံးသွားပါက မည်ကဲ့သို့ လုပ်ဆောင်ရမည်နည်း။
နီးစပ်ရာ MPT အရောင်းဆိုင်များသို့ သွားရောက်၍ eSIM QR Code ကို ထပ်မံ ဝယ်ယူနိုင်ပါသည်။
၁၃။ eSIM Device ပျက်စီး၊ ပျောက်ဆုံးသွားပါက မည်ကဲ့သို့ လုပ်ဆောင်ရမည်နည်း။
အဆင့် (၁) – ပထမဦးစွာ သုံးစွဲသူသည် MPT အရောင်းဆိုင်များသို့ သွားရောက်ရန် လိုအပ်ပါသည်။
အဆင့် (၂) – ထို့နောက် eSIM ကတ်၏ ပိုင်ဆိုင်မှုကို အတည်ပြုနိုင်ရန် သုံးစွဲသူ၏ (မှတ်ပုံတင်၊ NRC နှင့် အမည်) တို့ကို ပြသ၍ အတည်ပြုရန် လိုအပ်ပါမည် ။
အဆင့် (၃) – ထိုအခါ MPT အရောင်းဆိုင်၏ ဝန်ထမ်းများမှ သုံးစွဲသူ၏ ပျောက်ဆုံးသွားသော MPT – eSIM ဖုန်းနံပါတ်ကို ပြန်လည်အသုံးပြုနိုင်ရန် ဆောင်ရွက်ပေးမည် ဖြစ်ပါသည်။
၁၄။ ကျွန်ုပ်၏ MPT eSIM ကို အသုံးပြု၍ အခြားနိုင်ငံများတွင် MPT ၏ Roaming ဝန်ဆောင်မှုကို ခံစားနိုင်ပါသလား။
eSIM သည် Physical SIM ၏ [ MPT GSM/ WCDMA – Prepaid/ Postpaid User ( ဆွေသဟာ )] ဝန်ဆောင်မှုနှင့် တူညီသောကြောင့် MPT ၏ Roaming ဝန်ဆောင်မှုကို အခြားနိုင်ငံများတွင် အသုံးပြုနိုင်ပါသည်။
၁၅။ eSIM ကို MPT4U Application မှတစ်ဆင့် ဝယ်ယူ/ လဲလှယ်နိုင်ရန် အစီအစဉ်ရှိ ပါသလား။
eSIM ကို MPT4U Application မှတစ်ဆင့် ဝယ်ယူ/ လဲလှယ်နိုင်ခြင်းအား ယခုစတင်အသုံးပြုနိုင်ချိန်တွင် မပါဝင်နိုင်သေးသော်လည်း မကြာမီကာလများတွင် ထည့်သွင်းထားရှိရန် စီစဥ်လျက်ရှိပါသည်။
၁၆။ eSIM ကို မြန်မာနိုင်ငံ တစ်ဝန်းလုံးတွင် အသုံးပြုနိုင်ပါသလား။
( ယခင် အသုံးပြုလျက်ရှိသော Physical SIM ကဲ့သို့ ) eSIM ကို မြန်မာနိုင်ငံ တစ်ဝန်းလုံးတွင် အသုံးပြုနိုင်ပါသည် ။
Getting Started
၁။ MPT SIM Card အသစ်တစ်ခုရဲ့ဈေးနှုန်းကဘယ်လောက်လဲ။
MPT SIM Card အသစ်တစ်ခုလျှင် ၁၅ဝဝကျပ်ဖြင့် MPT အရောင်းဆိုင်များတွင် ဝယ်ယူနိုင်ပါသည်။
၂။ ပထမဆုံးအကြိမ် ဖုန်းငွေဖြည့်ခြင်း - New SIM Activation ဆိုတာ ဘာလဲ။
SIM Activation ပြုလုပ်ရန် အနည်းဆုံး ၂၀,၀၀၁ ကျပ် ပထမဆုံးအကြိမ် ဖုန်းငွေဖြည့်သွင်းရန် လိုအပ်ပါသည်။
၂၁,၀၀၀ ကျပ်နှင့် အထက် ပထမဆုံးအကြိမ် ဖုန်းငွေဖြည့်သွင်းမှု ပြုလုပ်ပါက ငွေဖြည့်လက်ဆောင် ၁,၀၀၀ကျပ် ရရှိမည် ဖြစ်ပါသည်။
ငွေဖြည့်ပမာဏ [ကျပ်] | First time SIM Activation Fees | Main Balance ဖုန်းဘေလ် [ကျပ်] | Main Balance သက်တမ်း (ရက်) | ဖုန်းငွေဖြည့်အပိုလက်ဆောင် [ကျပ်] | အပိုလက်ဆောင် သက်တမ်း (ရက်) | မှတ်ချက် |
---|---|---|---|---|---|---|
၂၀,၀၀၁ – ၂၀,၉၉၉ | ၂၀,၀၀၀ ကျပ် | ၁ - ၉၉၉ | ၃၆၅ | ၀ | - | ဖုန်းငွေဖြည့်အပိုလက်ဆောင်ကို မည်သည့် အော်ပရေတာကိုမဆို ဖုန်းခေါ်ဆိုခြင်းနှင့် စာတိုပေးပို့ခြင်း၊ အင်တာနက်အသုံးပြုခြင်းတို့အတွက် သုံးသလောက်ပေးနှုန်းထားများအတိုင်း အသုံးပြုနိုင်ပါသည်။ |
၂၁,၀၀၀ နှင့်အထက် | ၂၀,၀၀၀ ကျပ် | ၁,၀၀၀ နှင့်အထက် | ၃၆၅ | ၁၀၀၀ | ၆၀ |
၃။ ပထမဆုံးအကြိမ် ဖုန်းငွေဖြည့်သွင်းခြင်း ငွေဖြည့်လက်ဆောင်ကို ဘယ်သူတွေ ရရှိမှာပါလဲ။
MPT GSM/WCDMA Prepaid အသုံးပြုသူများအားလုံးသည် ၂၁,၀၀၀ ကျပ် နှင့်အထက် ပထမဆုံးအကြိမ် ဖုန်းငွေဖြည့်ခြင်း ပြုလုပ်ပါက ငွေဖြည့်လက်ဆောင် ရရှိပါမည်။
၄။ ပထမဆုံး အကြိမ် ငွေဖြည့်သွင်းခြင်းအတွက် ငွေဖြည့်လက်ဆောင် ရရှိပါမည်လား။
ဟုတ်ပါတယ်။ ၂၁,၀၀၀ ကျပ်နှင့်အထက် ပထမဆုံးအကြိမ် ငွေဖြည့်ပါက ရက် ၆၀ အသုံးပြုနိုင်သည့် ငွေဖြည့်လက်ဆောင် ၁၀၀၀ ကျပ် ကို ရရှိပါမည်။
၅။ ငွေဖြည့်လက်ဆောင်ကို ဘယ်လို အသုံးပြုနိုင်မှာလဲ။
ငွေဖြည့်လက်ဆောင်ကို မည်သည့် အော်ပရေတာကိုမဆို ဖုန်းခေါ်ဆိုခြင်း၊ စာတိုပေးပို့ခြင်းနှင့် အင်တာနက်အသုံးပြုခြင်းအတွက် သုံးသလောက်ပေး နှုန်းထားများအတိုင်း အသုံးပြုနိုင်ပါမည်။
၆။ SIM Activation အတွက် မည်သည့်အချက်များ ပြုလုပ်ရန် လိုအပ်ပါမလဲ။
SIM Activation ပြုလုပ်ရန်အတွက် အနည်းဆုံး ၂၀,၀၀၁ ကျပ် ဖုန်းငွေဖြည့်သွင်းရန် လိုအပ်ပါသည်။
၇။ ငွေဖြည့်လက်ဆောင်ရဲ့ သက်တမ်းမှာ ဘယ်လောက်ပါလဲ။
ငွေဖြည့်လက်ဆောင်၏ သက်တမ်းမှာ ပထမဆုံးအကြိမ် ဖုန်းငွေဖြည့်သွင်းသည့် ရက်မှစတင်၍ ရက် ၆၀ ဖြစ်ပါသည်။
၈။ ပထမဆုံးအကြိမ် ငွေဖြည့်သည့်ပမာဏသည် ၂၀,၀၀၁ကျပ်အောက် လျော့နည်းနေရင် ဘယ်လိုဖြစ်မှာပါလဲ။
ပထမဆုံးအကြိမ် ၂၀,၀၀၁ ကျပ်အောက် ငွေဖြည့်ပါက SIM Activation မပြုလုပ်နိုင်ပါ။ မအောင်မြင်ကြောင်း စာတို ကို လက်ခံရရှိပါမည်။
၉။ အတည်ပြုဘာသာစကားအား အင်္ဂလိပ်ဘာသာအဖြစ် ဘယ်လိုပြောင်းလဲနိုင်ပါသလဲ ။
USSD ကုဒ် *106# သို့ ခေါ်ဆို၍ ရွေးချယ်စရာ ဆက်တင်းနံပါတ်များထဲမှ “ ၉” (ဘာသာ)ကို ရွေးချယ်ပြီး၊ နောက်တစ်ဆင့်အနေဖြင့် “ ၁” (English) ကို ဆက်လက်ရွေးပြီးပါက ဆက်တင်း အောင်မြင်ပြီးမြောက်ပြီ ဖြစ်သည် ။
Swe Thahar
1. ဆွေသဟာအစီအစဉ်နှုန်းထားက ဘာပါလဲ။
MPT GSM/WCDMA SIM Card အသစ်စတင်အသုံးပြုသူတိုင်းသည် ဆွေသဟာအစီအစဉ်ကို အလိုအလျောက်ရယူထားပြီးဖြစ်၍ ဖုန်းအသုံးပြုမှုများအတွက် အောက်ဖော်ပြပါနှုန်းထားများအတိုင်းကျသင့်စေမည်ဖြစ်ပါသည်။
မည်သည့် MPT ဖုန်းနံပါတ်ကိုမဆိုဖုန်းခေါ်ဆိုခ – ၁မိနစ် = ၃၅ကျပ်
မည်သည့် ပြည်တွင်း ဖုန်းနံပါတ်ကိုမဆိုဖုန်းခေါ်ဆိုခ – ၁မိနစ် = ၃၅ကျပ်
အင်တာနက်အသုံးပြုခ – 1MB = ၁၅ကျပ်
မည်သည့်ပြည်တွင်းဖုန်းနံပါတ်သို့မဆို SMS ပေးပို့ခ – ၁ စောင် = ၂၅ကျပ်
2. အခြားနှုန်းထားအစီအစဉ် (Price Plan) ကိုပြောင်းလို့ရပါသလား။
– ကြိုက်နှစ်သက်ရာ Price Plan ကိုပြောင်းလဲနိုင်ပါသည်။ ဖုန်းနံပါတ်တစ်ခုသည် တစ်ရက်လျှင် Price Plan ပြောင်းလဲမှု အများဆုံးတစ်ကြိမ်ပြုလုပ်နိုင်ပါသည်။
– Price Plan ပြောင်းလဲမှုကိုအခမဲ့ပြုလုပ်နိုင်ပါသည်။
– အသေးစိတ်ကိုအောက်ပါဇယားတွင် ကြည့်ရှုပါ။
Plan Name | Cost | To Subscribe | |
Prepaid | Postpaid | ||
ဆွေသဟာ | အခမဲ့ | *234*2# သို့ခေါ်ဆိုပါ။ | *235*2# သို့ခေါ်ဆိုပါ |
3. ဆွေသဟာအစီအစဉ်အသုံးပြုနေစဉ်မှာ Data Package နဲ့ Voice Package တွေ ဝယ်ယူအသုံးပြုနေပါတယ်။ အခြားနှုန်းထားအစီအစဉ်ကိုပြောင်းလိုက်ရင် ဘာဖြစ်သွားမှာပါလဲ။
Price Planပြောင်းလဲလိုက်ပါကလည်း လက်ရှိအသုံးပြုလျက်ရှိသော Package များကို ဆက်လက်အသုံးပြုနိုင်ပါမည်။ အလေအလွင့်တစ်စုံတစ်ရာရှိမည်မဟုတ်ပါ။
4. ဘယ်နှုန်းထားအစီအစဉ်ကိုသုံးနေတယ်ဆိုတာကို ဘယ်လိုစစ်ဆေးကြည့်နိုင်ပါသလဲ။
*224#ကိုဖုန်းခေါ်ဆို၍ (သို့) MPT4U မှတစ်ဆင့် လက်ရှိအသုံးပြုနေသော နှုန်းထားအစီအစဉ်ကို စစ်ဆေးကြည့်နိုင်ပါသည်။ (သို့မဟုတ်) ၁၃၃၁ သို့ BAL ဟု စာတိုပေးပို့ပါ။
International Roaming Services
၁။ ပရိုမိုးရှင်းနှုန်းထားဆိုတာဘာလဲ။
ပရိုမိုးရှင်းနှုန်းထားကို အောက်ပါအတိုင်း နိုင်ငံအလိုက် သတ်မှတ်ထားပါတယ်။
နိုင်ငံများ | နှုန်းထား |
ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ တရုတ်၊ ဟောင်ကောင်၊မကာအို၊ ထိုင်ဝမ်၊ကမ္ဘောဒီးယား၊ ၊ဗီယက်နမ်၊ လာအို၊ဘရူနိုင်း၊ အင်ဒိုနီးရှား | 15 Ks/MB
ပိုမိုသက်သာေသာ နှုန်းထားြဖင့် Roaming rate cutter 9 Ks/MB ဖြင့် (၇)ရက်စာ ၉၀၀ ကျပ်
|
ဂျပန်၊တောင်ကိုရီးယား၊အိန္ဒိယ၊သီရိလင်္ကာ၊သြစတေးလျ၊အမေရိကန် | 50 Ks/MB |
ယူေက၊ဆွီဒင်၊ရုရှား၊ေနာ္ေဝ၊နယ်သာလန်၊အီတလီ၊
ဟန်ေဂရီ၊ဂျာမနီ၊ျပင္သစ္၊ဖင်လန်၊ဒိန်းမတ် |
50 Ks/MB |
(နှုန်းထားများသည် အခွန် ပါဝင်ပြီး ဖြစ်ပါသည်)
၂။ ပရိုမိုးရှင်းမပါဝင်တဲ့ ပုံမှန်နှုန်းထားဆိုတာဘာပါလဲ။
ပုံမှန်နှုန်းထားကို နိုင်ငံအလိုက် သတ်မှတ်ထားပါသည်။ ပရိုမိုးရှင်းကာလအတွင်းမှာ ပိုမိုသက်သာသော နှုန်းထားဖြင့် ရရှိနိုင်ပါတယ်။
၃။စာရင်းပေးသွင်းရန် လိုအပ်ပါသလား။
စာရင်းပေးသွင်းရန် လိုအပ်မှုမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
Promotion | စာရင်းေပးသွင်းြခင်း | သက်တမ်း |
9 Ks/MB Promotion
(Rate cutter) |
လိုအပ်ပါသည် | ၇ရက် |
Package Promotion
(10000 Ks) |
လိုအပ်ပါသည် | ၇ရက် |
Paygo Promotion | မလိုအပ်ပါ | – |
၄။ ပရိုမိုရှင်း သည် Postpaid သို့မဟုတ် Prepaidသုံးစွဲသူများအတွက် အကျုံးဝင်ပါသလား။
MPT GSM/WCDMA Prepaid and Postpaid သုံးစွဲသူများအတွက်အကျုံးဝင်ပါသည်။
သို့သော် Postpaid သုံးစွဲသူများသည် Roaming ဝန်ဆောင်မှုကိုရယူရန်အတွက်
ကြိုတင်ငွေများကိုတစ်ဦးချင်းစီအတွက် MPT Brand Stores များမှ လည်းကောင်း၊ B2B/Corporate များအတွက် Account Managers များမှ တစ်ဆင့်လည်းကောင်း ပေးဆောင်ရန် လိုအပ်ပါသည်။
၅။ ပရိုမိုရှင်း ကာလအတွင်း ဝန်ဆောင်မှုနှုန်းထားများ ပြောင်းလဲထားပါသလား။
သုံးသလောက်ပေး အင်တာနက်နှုန်းထားသာ ပြောင်းလဲထားပါသည်။ ဖုန်းခေါ်ဆိုခြင်း၊ စာတိုပေးပို့ခြင်းစသည့် အခြားသောဝန်ဆောင်မှုများကို တန်ဖိုးပြောင်းလဲထားခြင်း မရှိပါ။
၆။ ပရိုမိုးရှင်းသက်တမ်းက ဘယ်အချိန်ထိပါလဲ။
Promotion ကာလမှာ ၂၀၁၉ နိုဝင်ဘာ ၂၇ ရက် မှ နောက်ထပ် မကြေညာမီအချိန်အထိ
ဖြစ်ပါသည်။
၇။ ပရိုမိုးရှင်းနှုန်းထားက နိုင်ငံအကုန်လုံးမှာ ရပါသလား။
မရပါ။ သတ်မှတ်ထားသည့် နိုင်ငံများတွင်သာ ရရှိနိုင်ပါသည်။
၈။ 9Ks/MB ပရိုမိုးရှင်းဆိုတာ ဘာပါလဲ။
အောက်ဖော်ပြပါနိုင်ငံများသို့ သွားရောက်လျှင် ရရှိနိုင်မည့် Roaming Package ဖြစ်ပါသည်။
တန်ဖိုး | ၉၀၀ ကျပ် |
နှုန်းထား | 9Ks/MB |
သက်တမ်း | ၇ ရက် |
Activation | *9007# |
ရရှိနိုင်ေသာ နိုင်ငံများ | ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ တရုတ်၊ ဟောင်ကောင်၊မကာအို၊ ထိုင်ဝမ်၊ကမ္ဘောဒီးယား၊ ၊ဗီယက်နမ်၊ လာအို၊ဘရူနိုင်း၊ အင်ဒိုနီးရှား |
၉။9Ks/MB ပရိုမိုးရှင်းအတွက် စာရင်းပေးသွင်းရန် လိုအပ်ပါသလား။
စာရင်းပေးသွင်းရန်လိုအပ်ပါတယ်။ အခွန်အပါအဝင် တစ်ပတ်လျှင် ၉၀၀ ကျပ်ကျသင့်ပါမည်။
၁၀။ ယခု 9Ks/MB ပရိုမိုးရှင်းသည် Postpaid သို့မဟုတ် Prepaid သုံးစွဲသူများအတွက် အကျုံးဝင်ပါသလား။
MPT GSM/WCDMA Prepaid and Postpaid သုံးစွဲသူများအတွက်
အကျုံးဝင်ပါသည်။ သို့သော် Postpaid သုံးစွဲသူများသည် Roaming ဝန်ဆောင်မှုကိုရယူရန်အတွက်
ကြိုတင်ငွေများကိုတစ်ဦးချင်းစီအတွက် MPT Own Shops / MPT TRA Offices များမှ လည်းကောင်း၊ B2B/Corporate များအတွက် Account Managers များမှ တစ်ဆင့်လည်းကောင်း ပေးဆောင်ရန် လိုအပ်ပါသည်။
၁၁။ Package ကိုဘယ်လိုဝယ်ယူရမလဲ။
Package ကိုအောက်ပါနည်းလမ်းများဖြင့် ဝယ်ယူနိုင်ပါသည်။
1332 သို့ “NINE” ဟု စာတိုပေးပို့၍ ဖြစ်စေ
*9007# သို့ခေါ်ဆို၍ဖြစ်စေ
*106*2*5*2# သို့ခေါ်ဆို၍ဖြစ်စေ
From MPT4U > Package Purchase > Others > Roaming & IDD
နီးစပ်ရာ retailer များကို သွားရောက်မေးမြန်း၍ DMS မှ တစ်ဆင့်လည်း ဝယ်ယူနိုင်ပါသည်။
၁၂။ ၇ရက်စာ Roaming rate cutter pack ဝယ်ထားပါတယ်။ နောက်ထပ် ၇ရက်စာ 10000Ks/800MB Roaming pack ဝယ်ချင်ပါတယ်။ ဘယ်လိုဖြစ်ပါမလဲ။
ဝယ်ယူ၍ မရပါ။ မူလ ဝယ်ယူထားသော ၇ရက်စာ Roaming rate cutter pack သက်တမ်းမကုန်မချင်း နောက်ထပ် 10000Ks/800MB roaming pack ဝယ်ယူ၍မရနိုင်ပါ။ မူလ ဝယ်ယူထားသော Roaming rate cutter pack သက်တမ်းကုန်ဆုံးပြီးမှသာ ဝယ်ယူနိုင်ပါမည်။
၁၃။ Roaming Rate cutter pack ဝယ်ယူထားပါတယ်။ သုံးစွဲနိုင်သော သက်တမ်းနှင့် ပမာဏ ကျန်ရှိချိန်မှာ နောက်ထပ် Raoming Rate cutter pack ကို ထပ်မံ ဝယ်ယူလိုပါတယ်။ ဘယ်လိုဖြစ်ပါမလဲ။
ဝယ်ယူ၍ မရနိုင်ပါ။ မူလ ဝယ်ယူထားသော Roaming Rate cutter pack ၏ သက်တမ်းနှင့် ပမာဏ ကျန်ရှိနေချိန်တွင် နောက်ထပ် rate cutter pack ဝယ်ယူ၍ မရနိုင်ပါ။ မူလ Roaming Rate cutter pack ၏ ပမာဏ နှင့် သက်တမ်း ကုန်ဆုံးပြီးမှသာ ဝယ်ယူနိုင်ပါမည်။
၁၄။ အထက်ဖော်ပြပါနှုန်းထားသည် ဒေတာတစ်ခုအတွက်သာဖြစ်ပါသလား။
ဒေတာနှုန်းထားအတွက်သာဖြစ်ပါသည်။ ဖုန်းခေါ်ဆိုခြင်း၊ စာတိုပေးပို့ခြင်းအတွက် ပုံမှန်နှုန်းထားများဖြင့် အသုံးပြုနိုင်ပါသည်။
၁၅။ Package ဝယ်ယူရရှိပြီးကြောင်း ဘယ်လိုသိနိုင်မလဲ။
Package ဝယ်ယူပြီးသည့်နောက် အတည်ပြုစာတိုကို လက်ခံရရှိပါမည်။
၁၆။ ထိုနိုင်ငံများသို့ သွားရောက်မလည်ပတ်ခင် Roaming Package ကို စာရင်းပေးသွင်းရန် လိုအပ်ပါသလား။
မလိုအပ်ပါ။ မြန်မာနိုင်ငံ နှင့် Package အသုံးပြုနိုင်သည့် နိုင်ငံများအားလုံးတွင် အဆိုပါ Package ကို ဝယ်ယူရရှိနိုင်ပါသည်။
၁၇။ ထိုနိုင်ငံများအတွက် ယခု Package ကိုမဝယ်ယူချင်ပါက အခြားပရိုမိုးရှင်းများရှိပါသလား။
အဆိုပါ package ကို မဝယ်ယူချင်ပါက ထို ၁၂ နိုင်ငံ (ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ တရုတ်၊ ဟောင်ကောင်၊ မကာအို၊ ထိုင်ဝမ်၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊လာအို၊ဘရှုနိုင်း၊အင်ဒိုနီးရှား ) အတွက် 15Ks/MB သုံးသလောက်ပေး အင်တာနက်နှုန်းထားဖြင့် ဆက်လက်အသုံးပြုနိုင်ပါသည်။
15 Ks မှ 9Ks ဖြင့် ၄၀% သက်သာသော အဆိုပါ အထူး Package ကို ဝယ်ယူရန် အကြံပြုလိုပါသည်။
၁၈။ Package သက်တမ်းကုန်ဆုံးလျှင် ဘယ်လိုသိနိုင်ပါမလဲ။
Package သက်တမ်းကုန်ဆုံးသွားပါက စာတိုပေးပို့ အကြောင်းကြားပါမည်။
Package ထပ်မံဝယ်ယူမှုမပြုလုပ်လိုပါက သုံးသလောက်ပေးအင်တာနက် 15Ks/MB ဖြင့် ကောက်ခံသွားပါမည်။
၁၉။ Package ဝယ်ယူ၍ မရပါ။ ဘာကြောင့်ပါလဲ။
လက်ကျန်ငွေ မလုံလောက်၍ ဖြစ်စေ
Base Tariff သုံးစွဲသူဖြစ်နေ၍ဖြစ်စေ
လက်ရှိ Roamng Package ဝယ်ယူထား၍ဖြစ်စေ ဝယ်ယူ၍မရနိုင်ပါ။
၂၀။ ၇ရက်စာ 10000 Ks/800 MB Roaming pack ဝယ်ထားပါတယ်။ နောက်ထပ် ၇ရက်စာ Roaming Rate cutter pack ဝယ်ချင်ပါတယ်။ ဘယ်လိုဖြစ်ပါမလဲ။
ဝယ်ယူ၍ မရပါ။ မူလ ဝယ်ယူထားသော ၇ရက်စာ 10000 Ks/800 MB Roaming pack သက်တမ်းမကုန်မချင်း နောက်ထပ် Roaming Rate cutter pack ဝယ်ယူ၍မရနိုင်ပါ။ မူလ ဝယ်ယူထားသော ၇ရက်စာ 10000Ks/800 MB Roaming pack သက်တမ်းကုန်ဆုံးပြီးမှသာ ဝယ်ယူနိုင်ပါမည်။
၂၁။ သက်တမ်းကုန်ဆုံးကြောင်း ဘယ်လိုသိနိုင်ပါမလဲ။
သက်တမ်းကုန်ဆုံးပါက SMS ဖြင့်အသိပေးအကြောင်းကြားပါမည်။
၂၂။ Roaming အသုံးပြုစဉ် ဖြတ်တောက်သည့်နှုန်းထား ဘယ်လောက်ဖြစ်ပါသလဲ။
50Kb လျှင် တစ်ကြိမ်ဖြတ်တောက်မည်ဖြစ်ပါသည်။
၂၃။ ချေးငွေဝန်ဆောင်မှုမှ international roaming ဝန်ဆောင်မှုများဖြစ်သော နိုင်ငံတကာသို့ ဖုန်းခေါ်ဆိုခြင်း၊ စာတိုပေးပို့ခြင်း နှင့် အင်တာနက်ဝန်ဆောင်မှုများအတွက် အသုံးပြုနိုင်ပါသလား။
ချေးငွေဝန်ဆောင်မှုမှ international roaming ဝန်ဆောင်မှုများ မရရှိနိုင်ပါ။
Roaming Data Packs
၁။ Roaming Package ဆိုတာ ဘာလဲ?
နိုင်ငံခြားသို့ခရီးသွားနေစဉ်အတွင်း Roaming Packs များနဲ့ ကြိုက်နှစ်သက်ရာ Data အသုံးပြုမှုအားလုံးအတွက် လွယ်ကူအဆင်ပြေစွာ အသုံးပြုနိုင်ပါသည်။ မိမိ၏ MPT SIM card ဖြင့်ဆက်လက် အသုံးပြုနိုင်ပြီး အခြား SIM card များသို့ ပြောင်းလဲ အသုံးပြုရန်မလိုသည့်အတွက် ကုန်ကျစရိတ်သက်သာစွာဖြင့် စျေးနှုန်းသင့်တင့်သော Roaming ပက်ကေ့ချ်များကို ရွေးချယ်အသုံးပြုနိုင်ပါသည်။
ပက်ကေ့ချ် | စျေးနှုန်း (အခွန်ပါ၀င်ပြီး) | စာရင်းသွင်း ဝယ်ယူရန် ကျသင့်ငွေ (အခွန်ပါ၀င်ပြီး) |
Data ပမာဏ (MB) | ဒေတာအသုံးပြုမှု အတွက် အထူးနှုန်း (Ks/MB) | အသုံးပြုနိုင်သော နိုင်ငံများ | သက်တမ်း | ဝယ်ယူရန် | |
---|---|---|---|---|---|---|---|---|
USSD/SMS Channels | App | |||||||
Roaming Data | 15,000 MMK | 1024 MB | ထိုင်း၊ မလေးရှား၊စင်္ကာပူ၊ ဗီယက်နမ်၊ တရုတ်၊ မကာအို၊ ဟောင်ကောင်၊ ထိုင်ဝမ်၊ ကမ္ဘောဒီးယား၊ ဘရူနိုင်းနိုင်ငံ | ၇ရက် | *106# (or) *8007# (or) *106*2*6*1# (or) send ROAM to 1332 | MPT4U App | ||
Rate Cutter (10Ks/MB) | 1,000 MMK | 10Ks/MB | ထိုင်း၊ မလေးရှား၊စင်္ကာပူ၊တရုတ်၊ မကာအို၊ကမ္ဘောဒီးယားနိုင်ငံ | ၇ရက် | *106# (or) *9007*1# (or) *106*2*6*2# (or) Send Ten to 1332 | MPT4U App | ||
Rate Cutter (20Ks/MB) | 2,000 MMK | 20Ks/MB | ဗီယက်နမ်၊ ဟောင်ကောင်၊ ထိုင်ဝမ်၊ ဘရူနိုင်းနိုင်ငံ | ၇ရက် | *106# (or) *9007*2# (or) *106*2*6*3# (or) Send Twenty to 1332 | MPT4U App |
၂။ ပက်ကေ့ချ်ဈေးနှုန်းများမှာ အခွန်ပါဝင်ပြီးဖြစ်ပါသလား?
ပက်ကေ့ချ်ဈေးနှုန်းများမှာ အခွန် ၁၅%ပါဝင်ပြီးဖြစ်ပါတယ်။
၃။ Roaming Package ကို ဘယ်သူတွေ ဝယ်ယူနိုင်မှာလဲ?
MPT မှ ဆွေသဟာ အစီအစဉ် ရယူထားသော GSM/WCDMA prepaid/postpaid အသုံးပြုသူများ နှင့် လက်ရှိ အသုံးပြုနေသူများ ဝယ်ယူနိုင်ပါသည်။ CDMA, Base Tariff နှင့် လက်ရှိအသုံးပြုခြင်းမရှိသူများ ဝယ်ယူနိုင်မည်မဟုတ်ပါ။
၄။ Roaming ပက်ကေ့ချ်ကို MPT4U ကတဆင့် ဝယ်ယူလို့ရပါသလား။
Roaming ပက်ကေ့ချ်ကို MPT4U Application တွင်ဝယ်ယူနိုင်ပါသည်။ MPT4U Application အတွင်းရှိ “ပက်ကေ့ချ်ဝယ်ယူခြင်း” page မှတဆင့် ဝင်ရောက်ကာ “အခြားအသုံးပြုမှု” Category အောက်တွင်ရှိသော မိမိကြိုက်နှစ်သက်ရာ ပက်ကေ့ချ်အား ရွေးချယ်ဝယ်ယူနိုင်ပါသည်။
From MPT4U App
၅။ လက်ကျန်ပမာဏကို ဘယ်လိုစစ်ဆေးနိုင်မှာလဲ?
*224# ကို ခေါ်ဆို ပြီး (သို့) MPT4U App မှတဆင့် ပက်ကေ့ချ် လက်ကျန်ပမာဏနှင့် သက်တမ်းကို စစ်ဆေးနိုင်ပါတယ်။
၆။ Roaming ပက်ကေ့ချ်ကို အကြိမ်အရေအတွက် ဘယ်လောက်ထိ ဝယ်ယူနိုင်မှာလဲ?
a) ဒေတာပမာဏတူညီသော Roaming Data Packs (15,000 Ks=1024MB) ကို အကြိမ်အရေအတွက် အကန့်အသတ်မရှိ ဝယ်ယူနိုင်မည်ဖြစ်ပြီး Data ပမာဏများ ပေါင်းစည်းသွားမည့်အပြင် ပက်ကေချ့်သက်တမ်းကို အရှည်ဆုံးပက်ကေ့ချ်၏ သက်တမ်းအတိုင်း အသုံးပြုနိုင်မည်ဖြစ်ပါသည်။
b) မတူညီသော နိုင်ငံခြားခရီးစဉ် များအတွက် မတူညီသော Roaming Rate Cutter pack များ ကို တပြိုင်နက်တည်း ဝယ်ယူနိူင်ပါသည်။
Rate Cutter | Rate Cutter | |
---|---|---|
1000 Ks = 10 Ks/MB | 2000 Ks = 20 Ks/MB | |
Rate Cutter 1000 Ks = 10 Ks/MB |
ဝယ်ယူလို့မရပါ | ထပ်မံဝယ်ယူနိုင်သော်လည်း ပက်ကေ့ချ် ပမာဏအချင်းချင်း ပေါင်းစည်းပြီး သက်တမ်းတိုးမည် မဟုတ်ပါ။ |
Rate Cutter 2000 Ks = 20 Ks/MB |
ထပ်မံဝယ်ယူနိုင်သော်လည်း ပက်ကေ့ချ် ပမာဏအချင်းချင်း ပေါင်းစည်းပြီး သက်တမ်းတိုးမည် မဟုတ်ပါ။ | ဝယ်ယူလို့မရပါ |
c) Roaming Data Pack နှင့် Roaming Rate Cutter Packs တပြိုင်ထဲ ဝယ်ယူခြင်းကို ခွင့်မပြုပါ။
Rate Cutter 1000 Ks = 10 Ks/MB |
Rate Cutter 2000 Ks = 20 Ks/MB |
|
---|---|---|
Roaming Data Pack 15000 Ks = 1024 MB |
ဝယ်ယူလို့မရပါ | ဝယ်ယူလို့မရပါ |
d) တူညီသောRoaming Rate Cutter Packs များ တပြိုင်ထဲ ဝယ်ယူခြင်းကို ခွင့်မပြုပါ။
Rate Cutter 1000 Ks = 10 Ks/MB |
Rate Cutter 2000 Ks = 20 Ks/MB |
|
---|---|---|
Rate Cutter 1000 Ks = 10 Ks/MB |
ဝယ်ယူလို့မရပါ | ထပ်မံဝယ်ယူနိုင်သော်လည်း ပက်ကေ့ချ် ပမာဏအချင်းချင်း ပေါင်းစည်းပြီး သက်တမ်းတိုးမည် မဟုတ်ပါ။ |
Rate Cutter 2000 Ks = 20 Ks/MB |
ထပ်မံဝယ်ယူနိုင်သော်လည်း ပက်ကေ့ချ် ပမာဏအချင်းချင်း ပေါင်းစည်းပြီး သက်တမ်းတိုးမည် မဟုတ်ပါ။ | ဝယ်ယူလို့မရပါ |
Roaming Data (15000 Ks = 1024 MB) ပက်ကေ့ချ်ကို ၀ယ်ယူထားပြီးပါက
a. တူညီသော Roaming Data (15000 Ks = 1024 MB) ပက်ကေ့ချ်ကို ထပ်မံ၀ယ်ယူနိုင်ပါတယ်။ပက်ကေ့ချ်အချင်းချင်း ပေါင်းစည်း၍ Data စုစုပေါင်း၏ သက်တမ်းအား နောက်ဆုံးဝယ်ယူသည့် ပက်ကေ့ချ်၏ သက်တမ်းအတိုင်းအသုံးပြုနိုင်မည်။
b. Rate Cutter Pack (10Ks/MB) ပက်ကေ့ချ်ကို ထပ်မံမ၀ယ်ယူနိုင်ပါ။
c. Rate Cutter Pack (20Ks/MB) ပက်ကေ့ချ်ကို ထပ်မံမ၀ယ်ယူနိုင်ပါ။
Roaming Rate Cutter Pack (10Ks/MB) ပက်ကေ့ချ်ကို ၀ယ်ယူထားပြီးပါက
a. Roaming Data (15000 Ks = 1024 MB) ပက်ကေ့ချ်ကို ထပ်မံမ၀ယ်ယူနိုင်ပါ။
b. Rate Cutter Pack (20Ks/MB) ကို ထပ်မံဝယ်ယူနိုင်ပါသည်။
Roaming Rate Cutter Pack (20Ks/MB) ပက်ကေ့ချ်ကို ၀ယ်ယူထားပြီးပါက
a. Roaming Data (15000 Ks = 1024 MB) ပက်ကေ့ချ်ကို ထပ်မံမ၀ယ်ယူနိုင်ပါ။
b. Rate Cutter Pack (10Ks/MB) ကို ထပ်မံဝယ်ယူနိုင်ပါသည်။
၇။ ၁၅၀၀၀ ကျပ်တန် Roaming Data ပက်ကေ့ချ် ဝယ်ယူထားပါတယ်။ ၁၅၀၀၀ ကျပ်တန် Roaming Data ကို ပထမ၀ယ်ယူထားသော ပက်ကေ့ချ်သက်တမ်းမကုန်ဆုံးခင်မှာ ထပ်မံဝယ်ယူလို့ရပါသလား?
ရပါသည်။ Roaming Data (15000 Ks = 1024 MB) ပက်ကေ့ချ်ကို ၀ယ်ယူထားပြီးပါက တူညီသော Roaming Data (15000 Ks = 1024 MB) ပက်ကေ့ချ်ကို ထပ်မံ၀ယ်ယူနိုင်ပါတယ်။ ပက်ကေ့ချ်အချင်းချင်း ပေါင်းစည်း၍ Data စုစုပေါင်း၏ သက်တမ်းအား နောက်ဆုံးဝယ်ယူသည့် ပက်ကေ့ချ်၏ သက်တမ်းအတိုင်းအသုံးပြုနိုင်မည်ဖြစ်ပါသည်။
၈။ 10Ks/MB ကျပ်တန် Roaming Rate Cutter Data ပက်ကေ့ချ် ဝယ်ယူထားပါတယ်။ 20Ks/MB ကျပ်တန် Roaming Rate Cutter Data ပက်ကေ့ချ်ကို ပထမ၀ယ်ယူထားသော ပက်ကေ့ချ်သက်တမ်းမကုန်ဆုံးခင်မှာ ထပ်မံဝယ်ယူလို့ရပါသလား?
ရပါသည်။ Rate Cutter Pack (10Ks/MB) ကို ဝယ်ယူထားသော်လည်း မတူညီသောနိုင်ငံခြားခရီးစဥ် များအတွက် Rate Cutter Pack (20Ks/MB) ကို ထပ်မံဝယ်ယူနိုင်ပါသည်။
၉။ 10Ks/MB ကျပ်တန် Roaming Rate Cutter Data ပက်ကေ့ချ် ဝယ်ယူထားပါတယ်။ ၁၅၀၀၀ ကျပ်တန် Roaming Data ပက်ကေ့ချ်ကို ပထမ၀ယ်ယူထားသော ပက်ကေ့ချ်သက်တမ်းမကုန်ဆုံးခင်မှာ ထပ်မံဝယ်ယူလို့ရပါသလား
မရပါ။ Rate Cutter Pack (10Ks/MB) ပက်ကေ့ချ်ကို ၀ယ်ယူထားပြီးပါက ပထမ၀ယ်ယူထားသော ပက်ကေ့ချ်သက်တမ်းမကုန်ဆုံးခင်မှာ Roaming Data (15000 Ks = 1024 MB) ပက်ကေ့ချ်ကို ထပ်မံမ၀ယ်ယူနိုင်ပါ။ Data အသုံးပြုမှုအားလုံးအတွက် Rate Cutter Pack (10Ks/MB) ပက်ကေ့ချ်မှ အရင်ကျသင့်မှာဖြစ်ပြီး Roaming Data Pack မှ ကျသင့်နိုင်မှာ မဟုတ်သည့်အတွက် တပြိုင်နက်တည်း ဝယ်လို့မရခြင်း ဖြစ်ပါသည်။
၁၀။ ၁၅၀၀၀ ကျပ်တန် Roaming Data ပက်ကေ့ချ် ဝယ်ယူထားပါတယ်။ 10Ks/MB ကျပ်တန် Roaming Rate Cutter Data ပက်ကေ့ချ် ကို ပထမ၀ယ်ယူထားသော ပက်ကေ့ချ်သက်တမ်းမကုန်ဆုံးခင်မှာ ထပ်မံဝယ်ယူလို့ရပါသလား
မရပါ။ ၁၅၀၀၀ ကျပ်တန် Roaming Data ပက်ကေ့ချ် ၀ယ်ယူထားပြီးပါက ပထမ၀ယ်ယူထားသော ပက်ကေ့ချ်သက်တမ်းမကုန်ဆုံးခင်မှာ 10Ks/MB ကျပ်တန် Roaming Rate Cutter Data ပက်ကေ့ချ် ထပ်မံ မ၀ယ်ယူနိုင်ပါ။ Data အသုံးပြုမှုအားလုံးအတွက် Rate Cutter Pack (10Ks/MB) ပက်ကေ့ချ်မှ အရင်ကျသင့်မှာဖြစ်ပြီး Roaming Data Pack မှ ကျသင့်နိုင်မှာ မဟုတ်သည့်အတွက် တပြိုင်နက်တည်း ဝယ်လို့မရခြင်း ဖြစ်ပါသည်။
၁၁။ 10Ks/MB ကျပ်တန် Roaming Rate Cutter Data ပက်ကေ့ချ် ဝယ်ယူထားပါတယ်။ 10Ks/MB ကျပ်တန် Roaming Rate Cutter Data ပက်ကေ့ချ် ကို ပထမ၀ယ်ယူထားသော ပက်ကေ့ချ်သက်တမ်းမကုန်ဆုံးခင်မှာ ထပ်မံဝယ်ယူလို့ရပါသလား
မရပါ။ 10Ks/MB ကျပ်တန် Roaming Rate Cutter Data ပက်ကေ့ချ် ၀ယ်ယူထားပြီးပါက တူညီသော 10Ks/MB ကျပ်တန် Roaming Rate Cutter Data ပက်ကေ့ချ် ထပ်မံ မ၀ယ်ယူနိုင်ပါ။
၁၂။ Roaming Packs များ၏ သက်တမ်းက ဘယ်လောက်လဲ?
Roaming Packs များ၏ သက်တမ်းမှာ 7 ရက်သက်တမ်း ဖြစ်ပါသည်။ Packs များကို 24 နာရီ real time date ဖြင့် တွက်ချက်ပါသည်။ ဥပမာအားဖြင့် သုံးစွဲသူများသည် ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁ ရက်နေ့ နံနက် ၁၀ နာရီတွင် pack ကို ဝယ်ယူပါက pack ကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၈ ရက်နေ့ နံနက် ၁၀ နာရီတွင် သက်တမ်းကုန်ဆုံးမည်ဖြစ်ပါသည်။)
၁၃။ ပက်ကေ့ချ် သက်တမ်းကုန်ဆုံးပြီးနောက် အသုံးမပြုရသေး သောဒေတာသည် မည်သို့ဖြစ်မည်နည်း။
Carry over Function မပါဝင်ပါ။ ပက်ကေ့ချ် သက်တမ်းကုန်ဆုံးပြီးနောက် လက်ကျန်ဒေတာကို မသယ်ဆောင်နိုင်ပါ။
၁၄။ Roaming Packs များကို တခြားသူများသို့ လက်ဆောင်ပေးလို့ ရပါသလား?
Roaming Packs ပက်ကေ့ချ် များကို USSD နှင့် MPT4U app မှတဆင့် တခြားသူများသို့ လက်ဆောင်ပေး၍ရပါသည်။
၁၅။ Roaming Packs များကို ဝယ်ယူပါက ထိပေါက် ကံစမ်းခွင့်ကိုရယူနိုင်ပါသလား?
ထိပေါက် ကံစမ်းခွင့်မရရှိပါ။
International Direct Dialing
၁။ “All in one IDD Promo pack” ဆိုတာဘာလဲ။
“All in one IDD Promo pack” ကို ၄၉၉ကျပ်ဖြင့် ဝယ်ယူထားပါက ဝယ်ယူသည့်နေ့မှ ရက်(၃၀)အတွင်း ထိုင်း/ မလေးရှား/တရုတ် / စင်ကာပူ / ဘင်္ဂလားဒေ့ရှ် / အိန္ဒိယ / တောင်ကိုးရီးယား/ ဂျပန် / သြစတြေးလျ / ဟောင်ကောင် / အမေရိက / ကနေဒါ သို့ ဖုန်းခေါ်ဆိုပါက တစ်မိနစ်လျှင် ၅၀ကျပ်သာကျ သင့် မည်ဖြစ်ပါသည်။
အမည် | နှုန်းထား | သတ်မှတ်ချက်များ | အသုံးပြုနိုင်သည့် အမျိုးအစား | စာတိုပေးပို့မှု | သက်တမ်း | ဝယ်ယူရန် |
---|---|---|---|---|---|---|
All in One IDD Promo Pack | ၄၉၉ ကျပ် (Tax အပါအဝင်) | တစ်မိနစ်လျှင် ၅၀ ကျပ် | ထိုင်း/ မလေးရှား/တရုတ် / စင်ကာပူ / ဘင်္ဂလားဒေ့ရှ် / အိန္ဒိယ /တောင်ကိုးရီးယား/ ဂျပန် / သြစတြေးလျ / ဟောင်ကောင် / အမေရိက / ကနေဒါ သို့ဖုန်းခေါ်ဆိုနိုင်သည်။ | ထိုင်းနှင့်မလေးရှား စာတိုတစ်စောင်လျှင် ၁၅ ကျပ် |
ရက် ၃၀ | *2050# |
အခြားနိုင်ငံများ စာတိုတစ်စောင်လျှင် ၁၅၀ ကျပ် |
၂။ “All in one IDD Promo pack” ကိုဘယ်လိုဝယ်ယူနိုင်မှာပါလဲ။
*2050# ကိုရိုက်နှိပ်ခေါ်ဆိုခြင်းဖြင့်လည်းကောင်း၊ MPT4U application မှတစ်ဆင့်လည်းကောင်း ဝယ်ယူနိုင်ပါသည်။
*106# မှလည်းဝယ်ယူနိုင်ပါသည်။
၃။ “All in one IDD Promo pack” ကိုဘယ်သူတွေဝယ်ယူနိုင်မှာပါလဲ။
MPT prepaid and postpaid GSM/WCDMA ဖုန်း အသုံးပြုသူများအားလုံး ဝယ်ယူအသုံးပြုနိုင်မည်ဖြစ်ပါသည်။
၄။ “All in one IDD Promo pack” ရဲ့သက်တမ်းက ဘယ်လောက်လဲ။
ရက် ၃၀ ဖြစ်ပါသည်။
၅။ မက်စေ့ချ်တစ်စောင်ကိုဘယ်လောက်ကျသင့်ပါသလဲ။
ထိုင်းနှင့်မလေးရှား နိုင်ငံအတွက် မက်စေ့ချ်တစ်စောင်လျှင် ၁၅ ကျပ် (ကုန်သွယ်ခွန်ခမပါ) တရုတ် / စင်ကာပူ / ဘင်္ဂလားဒေ့ရှ် / အိန္ဒိယ /တောင်ကိုးရီးယား/ ဂျပန် / သြစတြေးလျ / ဟောင်ကောင် / အမေရိက / ကနေဒါ နိုင်ငံများ အတွက် မက်စေ့ချ်တစ်စောင်လျှင် ၁၅၀ ကျပ် (ကုန်သွယ်ခွန်ခမပါ) ကျသင့်မှာဖြစ်ပါသည်။
၆။ ရက် ၃၀ အတွင်း တစ်ကြိမ်ထပ်ပိုပြီးဝယ်လို့ရလား။
တစ်ကြိမ်ပဲဝယ်ယူနိုင်ပါသည်။
၇။ ပရိုးမိုးရှင်းကာလကဘယ်အထိလဲ။
၂၀၁၈ မေလ ၂၈ ရက်နေ့မှ စတင်ပြီး နောက်ထပ်ကြေငြာချက် မထုတ်ပြန်မှီ အထိဖြစ်ပါသည်။
၈။ ချေးငွေဝန်ဆောင်မှုမှ (IDD Pack) နိုင်ငံတကာသို့ ဖုန်းခေါ်ဆိုခြင်း၊ စာတိုပေးပို့ခြင်း နှင့် အင်တာနက်ဝန်ဆောင်မှုများအတွက် အသုံးပြုနိုင်ပါသလား။
ချေးငွေဝန်ဆောင်မှုကို အသုံးပြုပြီး (IDD pack) နိုင်ငံတကာသို့ ဖုန်းခေါ်ဆိုခြင်း၊ စာတိုပေးပို့ခြင်း ဝန်ဆောင်မှုများ မရရှိနိုင်ပါ။
Upgrade 3G SIM to 4G SIM
၁။ 4G ဆင်းမ်ကတ် ဘာ့ကြောင့်လဲလှယ်ရန်လိုအပ်ပါသလဲ။
MPT ၏ ပိုမိုလျင်မြန်သော LTE+ network ကိုအသုံးပြုနိုင်ရန်ဖြစ်သည်။
၂။ LTE+ network ဆိုတာဘာလဲ။ 4G ဆင်းမ်ကတ်သုံးရင် 2G/3G ကတ်ထက်ပိုမိုကုန်ကျနိုင်လား။
LTE+ network သည် MPT ၏ ပိုမိုမြန်ဆန်သော အရည်အသွေးမြင့် LTE+ ကွန်ရက်ဖြစ်ပြီး Website များအားကြည့်ခြင်း ၊ High Definition ဗီဒီယိုများကြည့်ခြင်း၊
video ဖုန်းခေါ် ခြင်း ၊ အွန်လိုင်းဂိမ်းကစားခြင်း ၊ download ဆွဲခြင်း နှင့် ဓာတ်ပုံတင်ခြင်းများအား ယခင်ကထက်ပိုမိုလျင်မြန်စွာ လိုင်းအပြတ်အတောက်မရှိ၊ ရပ်တန့်သွားခြင်း
မကြုံရဘဲအဆင်ပြေစွာ ဆောင်ရွက်နိုင်ပါလိမ့်မည်။ 3G ကွန်ရက်ထက်ပိုမြန်သော်လည်း ဝန်ဆောင်ခပိုပေးစရာမလိုပါ။
၃။ သင်၏ဆင်းမ်ကတ်သည် 2G/3G လား 4G လားဘယ်လိုသိရှိနိုင်မလဲ။
*106*5#ကိုဖုန်းခေါ်ဆိုပါ။ SMS ဖြင့်သင်၏ဆင်းမ်ကတ်အမျိုးအစားကိုအကြောင်းကြားပေးပါသည်။ 2G/3G ဆင်းမ်ကတ်ဖြစ်ပါက 4G ဆင်းမ်ကတ်ပြောင်းလဲရန်လိုအပ်ပါသည်။
၄။ 4G ဆင်းမ်ကတ်ကိုဘယ်လိုပြောင်းလဲနိုင်ပါသလဲ။
အနီးဆုံးMPT ပစ္စည်းအရောင်းဆိုင်များသို့သွားရောက်ပြီး 4G ဆင်းကတ်ကို မိမိ၏မူလဖုန်းနံပါတ်အတိုင်း အခမဲ့လဲလှယ်နိုင်ပါသည်။
၅။ 4G ဆင်းမ်ကတ်လဲလှယ်နိုင်သည့် MPT ပစ္စည်းအရောင်းဆိုင်များ မည်သည့်နေရာတွင် ရှိပါသနည်း။
အနီးဆုံး MPT branded shops များနှင့် ကိုယ်စားလှယ်ဆိုင်များစာရင်းကို ဤ link (https://mpt.com.mm/mm/mpt-shops-mm/) တွင်စစ်ဆေးနိုင်ပါသည်။
၆။ MPT အရောင်းဆိုင်များသို့ 4G ဆင်းမ်ကတ်လဲလှယ်ဖို့သွားလျင် ဘာတွေယူသွားဖို့လိုပါသလဲ။
(၁) သင်၏လဲလှယ်လိုသော 2G/3G ဆင်းမ်ကတ်
(၂) မှတ်ပုံတင် မူရင်းနှင့် မိတ္တူ ယူသွားရန်လိုအပ်ပါသည်
၇။ MPT အရောင်းဆိုင်များသို့ 4G ဆင်းမ်ကတ်လဲလှယ်ဖို့သွားလျင် အချိန်ဘယ်လောက်ကြာနိုင်ပါသလဲ။
4G ဆင်းမ်ကတ်လဲလှယ်ခြင်းအတွက်နေ့ချင်းပြီးဆောင်ရွက်ပေးပါသည်။ သို့သော် သွား ရောက်လျှောက်ထားသည့်ဆိုင်ပေါ်မူတည်၍ လူဦးရေ အနည်းအများပေါ်မူတည်၍ အချိန်ကြာကောင်းကြာနိုင်ပါသည်။
၈။ 4Gဆင်းမ်ကတ်လဲလှယ်ခြင်းအတွက် အခကြေးငွေပေးရန်လိုအပ်ပါသလား။
4Gဆင်းမ်ကတ်လဲလှယ်ခြင်းအတွက် အခမဲ့ဖြစ်ပါသည်။
၉။ မိမိ၏မူလဖုန်းနံပါတ်ပြောင်းလဲသွားနိုင်ပါသလား။
မပြောင်းလဲပါ။ မိမိ၏မူလဖုန်းနံပါတ်အတိုင်း 4Gဆင်းမ်ကတ်လဲလှယ်နိုင်ပါသည်။
၁၀။ MPT ၏ LTE network ကို ဘယ်လိုအသုံးပြုနိုင်ပါသလဲ။
MPT ၏ data package များဝယ်ယူပြီး LTE network ကိုအသုံးပြုလိုက်ပါ။
Change from Postpaid to Prepaid
၁ ။ Postpaid မှ Prepaid သို့ ပြောင်းလဲခြင်းဆိုတာဘာလဲ။
Postpaid မှ Prepaid သို့ ပြောင်းလဲခြင်းဆိုသည်မှာ ယခုလက်ရှိတွင် Postpaid ဝန်ဆောင်မှုစနစ် (အသုံးပြုပြီးနောက်လတွင် ထွက်ရှိလာသည့် invoice အားငွေပေးချေရသည့်စနစ်) မှ Prepaid ဝန်ဆောင်မှုစနစ် (ဖုန်းဘေလ်ကြိုတင်ဖြည့်ပြီး အသုံးပြုရသည့်စနစ်) သို့ ပြောင်းလဲခြင်း ကို ဆိုလိုပါသည်။
၂ ။ Postpaid to Prepaid ပြောင်းလဲခြင်းကို ဘယ်လိုလုပ်လို့ရမလဲ?
နိုဝင်ဘာလ (၁)ရက်နေ့ မှစတင်ပြီး
(က) ရန်ကုန်မြို့ရှိ Mobile သုံးစွဲသူများသည် ရန်ကုန်မြို့ရှိ (လမ်း ၄၀ ရုံး)နှင့် ဆူးလေ၊ အလုံ နှင့် အင်းစိန် တယ်လီဖုန်းအခွန်ဌာန (TRA) များတွင် လျှောက်လွှာပုံစံ ဖြည့်စွက်ပြီး လျှောက်ထားနိုင်ပါသည်။
(ခ) အခြားနယ်များမှ Mobile သုံးစွဲသူများသည် တိုင်းနှင့်ပြည်နယ်အသီးသီးရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ စီးပွားရေးဌာနများ တွင် လျှောက်ထားနိုင်ပါသည်။
(ဂ) ရန်ကုန်မြို့ရှိ PSTN သုံးစွဲသူများသည် ရန်ကုန်မြို့ရှိ (လမ်း ၄၀ ရုံး) သို့ တွင် လျှောက်ထားနိုင်ပါသည်။
၃ ။ ရန်ကုန်မြို့ရှိ Postpaid to Prepaid ပြောင်းလဲခြင်းကို လက်ခံဆောင်ရွက်ပေးနေသော ရုံးလိပ်စာများ သိချင်ပါတယ်။
လမ်း(၄၀) ရုံး – အမှတ်(၁၀၃)၊ လမ်း(၄၀)၊ စီးပွားရေးဌာန၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။ ဖုန်းနံပါတ်- ၀၁-၂၅၂၃၂၂၊ ၀၁-၂၅၄၂၅၄ သို့ ဆက်သွယ်နိုင်ပါသည်။
ဆူးလေရုံး – အမှတ် (၄၆၅/၄၆၉)၊ မဟာဗန္ဓုလလမ်းနှင့် ဗိုလ်ဆွန်ပက်လမ်းထောင့်၊ ပန်းဘဲတန်းမြို့နယ်၊ ရန်ကုန်မြို့။
အလုံရုံး -အမှတ်(၁၈၉)၊ အောက်ကြည့်မြင်တိုင်လမ်းနှင့်သစ်တောလမ်းထောင့်၊ အလုံမြို့နယ်၊ ရန်ကုန်မြို့။
အင်းစိန်ရုံး – အမှတ်(၂)၊ လှိုင်မြင့်လမ်း၊ အရှေ့ရွာမ၊ အင်းစိန်မြို့နယ်၊ ရန်ကုန်မြို့။
၄ ။ Postpaid to Prepaid ပြောင်းလဲခြင်းကို ဘယ်အချိန်တွေမှာ လုပ်လို့ရမလဲ?
တနင်္လာနေ့မှ သောကြာနေ့အထိ (အစိုးရရုံးပိတ်ရက်များမှအပ) မနက် (၉:၃၀) နာရီ မှ နေ့လည် (၂:၀၀) နာရီအတွင်း သွားရောက်လျှောက်ထားနိုင်ပါတယ်။
၅ ။ Postpaid to Prepaid ပြောင်းလဲခြင်းအား လျှောက်ထားရန် ဘာစာရွက်စာတမ်းတွေ လိုအပ်မလဲ?
၁- နိုင်ငံသားစီစစ်ရေးကဒ်ပြားမိတ္တူ။
၂- မူရင်းပိုင်ဆိုင်မှုအထောက်အထားစာချုပ်/စာအုပ်။
၃- ကိုယ်စားလှယ်လွှဲစာ၊ မူရင်းပိုင်ရှင်၏ နိုင်ငံသားစီစစ်ရေးကဒ်ပြားမူရင်း (မူရင်းပိုင်ရှင်ကိုယ်စား လျှောက်ထားလာမှုအတွက်)။
၆ ။ Postpaid to Prepaid ပြောင်းလဲခြင်းအား လျှောက်ထားရန် ဘယ်လောက်ပေးဆောင်ရမလဲ?
Postpaid to Prepaid ပြောင်းလဲခြင်းအတွက် ဝန်ဆောင်ခ ပေးဆောင်ရန် မလိုအပ်ပါ။
သုံးစွဲသူမှ Postpaid မှ Prepaid ပြောင်းလဲခြင်း မပြုလုပ်မှီ အောက်ဖော်ပြပါအတိုင်း ငွေပေးဆောင်ရမည်။
၁)Postpaid စနစ်အသုံးပြုစဉ်ကာလအတွင်း ထွက်ရှိထားသော လစဉ်ကြေးများ အားလုံး နှင့်
၂) နောက်လတွင် ထွက်ရှိလာမည့် လစဉ်ကြေးငွေတောင်းခံလွှာများအတွက် ကြိုတင်ငွေ
- လစဉ် (၁)ရက်နေ့မှ (၆)ရက်နေ့အတွင်း လျှောက်ထားပါက နောက်ဆုံးထွက်ရှိထားသော လစဉ်ငွေတောင်းခံလွှာ၏ သုံးလစာနှင့်ညီမျှသော ကြိုတင်ငွေ
- လစဉ် (၇)ရက်နေ့မှ လတစ်လ၏ နောက်ဆုံးရက်နေ့အတွင်း လျှောက်ထားပါက နောက်ဆုံးထွက်ရှိထားသော လစဉ်ကြေး၏ နှစ်လစာနှင့်ညီမျှသော ကြိုတင်ငွေ
၇ ။ Postpaid to Prepaid ကို ပြောင်းလဲရန် အချိန်ဘယ်လောက်ကြာမလဲ။
သုံးစွဲသူမှ လိုအပ်သော စာရွက်စာတမ်းများထောက်ပံ့ခြင်း၊ လျှောက်လွှာအား ပြည့်စုံစွာ ဖြည့်စွက်ပေးခြင်း၊ထွက်ရှိပြီးသော လစဉ်ငွေတောင်းခံလွှာအားလုံး နှင့် သတ်မှတ်ထားသော ကြိုတင်ငွေများ ပေးချေပြီးပါက ရုံးဖွင့်ရက် တစ်ရက်အတွင်း Postpaid to Prepaid ကို ပြောင်းလဲပေးပါမည်။
၈ ။ Postpaid account တွင် ပိုနေသည့်ငွေနှင့် လိုသည့်ငွေများအား ရှိပါက မည်သို့ပြုလုပ်မည်နည်း။
Postpaid မှ Prepaid သို့ ပြောင်းလဲရန် လျှောက်ထားသည့်အချိန်တွင် ပေးသွင်းခဲ့သော ကြိုတင်ငွေထဲမှ နောက်လတွင်ထွက်ရှိလာမည့် ငွေတောင်းခံလွှာကို ခုနှိမ်ပြီးနောက် Postpaid စနစ် အသုံးပြုစဉ်ကာလ တွင် ကြွေးကျန် ကျန်ရှိနေသေးပါက MPT မှ စာတိုပေးပို့ပြီး အဆိုပါ ကြွေးကျန်အား Prepaid account ထဲသို့ ပြောင်းရွှေ့သွားမည် ဖြစ်ပြီး Prepaid လက်ကျန်ငွေထဲမှ ဖြတ်တောက်သွားမည်။Postpaid account တွင် ကြိုတင်ငွေ ကျန်ရှိနေပါက MPT မှ စာတိုပေးပို့ပြီး အဆိုပါ ကြိုတင်ငွေ လက်ကျန်အား Prepaid account ထဲသို့ ပြောင်းရွှေ့ပေး သွားမည် ဖြစ်သည်။
Sim Validity
1. MPT ဆင်းမ်ကတ်မှာ သက်တမ်းကုန်ဆုံးရက်ရှိပါသလား။
- MPT ဆင်းမ်ကတ်များမှာ သက်တမ်းကုန်ဆုံးရက်ရှိပါသည်။ ဆင်းမ်ကတ်များကို ဝယ်ယူပြီးနောက် မှတ်ပုံတင်ခြင်း ပြုလုပ်ရပါမည်။
မှတ်ပုံတင်ပြုလုပ်ပြီးပါက ရက်ပေါင်း (၁၈၀) အတွင်း ပထမဆုံးအကြိမ် ဖုန်းခေါ်ဆိုခြင်း၊ စာတိုပေးပို့ခြင်း၊ USSD အသုံးပြုခြင်း (သို့မဟုတ်) ဖုန်းငွေဖြည့်ခြင်းစသည့် လုပ်ဆောင်ချက်တစ်ခုခု ပြုလုပ်ပြီး ဆင်းမ်ကတ်ကို Activate ပြုလုပ်ပေးရမည် ဖြစ်သည်။
သုံးစွဲသူများအနေဖြင့် ဆင်းမ်ကတ်ကို ဆက်လက်အသုံးပြုနိုင်ရန် အတွက် ရက်ပေါင်း ၆၀ အတွင်း ဖုန်းငွေဖြည့်သွင်းခြင်း ပြုလုပ်ရပါမည်။
- ဆင်းမ်ကတ်များသည် ရက်ပေါင်း ၆၀ အတွင်း ဖုန်းငွေဖြည့်သွင်းခြင်း မပြုလုပ်ပါက အဆိုပါကာလနောက်ပိုင်းတွင် အ၀င်ဖုန်းခေါ်ဆိုမှု လက်ခံ ခြင်းသာ ပြုလုပ်နိုင်သည့် အနေအထားသို့ ရောက်ရှိသွားမည်ဖြစ်ပြီး အထွက်ဖုန်းခေါ်ဆိုခြင်း၊ စာတိုပေးပို့ခြင်း၊ မိုဘိုင်းလ်ဒေတာသုံးစွဲမှုနှင့် အခြားသော အခပေး ဝန်ဆောင်မှုများကို ဆောင်ရွက်နိုင်တော့မည် မဟုတ်ပါ။ ၎င်းအနေအထားသို့ ရောက်ရှိနေသည့် ဆင်းမ်ကတ် အား ရက်ပေါင်း (၃၀) ကာလအတွင်း ဖုန်းငွေဖြည့်သွင်းပြီး ပြန်လည်သက်ဝင် စေနိုင်မည်ဖြစ်ပြီး အကယ်၍ အဆိုပါကာလအတွင်း ဖုန်းငွေဖြည့်သွင်း ခြင်း မပြုလုပ်ခဲ့ပါက အထွက်ဖုန်းခေါ်ဆိုခြင်း ၊ အ၀င် ဖုန်းခေါ်ဆိုမှု လက်ခံခြင်း၊ စာတိုပေးပို့ခြင်း၊ မိုဘိုင်းလ်ဒေတာ သုံးစွဲမှုနှင့် အခြား ဝန်ဆောင်မှုများအား ပြုလုပ်နိုင်တော့မည် မဟုတ်ပါ။ ယင်းအနေအထားသို့ ရောက်ရှိနေသည့် ဆင်းမ်ကတ်အား ရက်ပေါင်း (၆၀) ကာလအတွင်း ဖုန်းငွေဖြည့်သွင်း၍ ပြန်လည် သက်ဝင်စေနိုင်မည် ဖြစ်ပြီး အကယ်၍ အဆိုပါ ကာလအတွင်း ဖုန်းငွေဖြည့်သွင်းခြင်း မပြုလုပ်ခဲ့ပါက ဆင်းမ်ကတ်ကို ဆက်လက်အသုံးပြုနိုင်တော့မည် မဟုတ်ပါ။
- ဆက်လက်အသုံးပြုနိုင်တော့သော ဆင်းမ်ကတ်ကို နီးစပ်ရာ MPT Own Shop များတွင် ရက် ၆၀ ကာလအတွင်း ဆင်းမ်ကတ်အသုံးပြုခွင့် ပြန်လည်လျှောက်ထားရယူပါ။
- ရက် ၆၀ အတွင်း ပြန်လည် လျှောက်ထားခြင်းမရှိသော ဆင်းမ်ကတ် များအား အခြား သုံးစွဲသူတစ်ဦးသို့ သတ်မှတ်ပေး မည်ဖြစ်ပါသည်။
2. ဆင်းမ်ကတ်သက်တမ်းကို ဘယ်လိုတိုးမြှင့်နိုင်ပါသလဲ။
ဖုန်းငွေဖြည့်မှုတစ်ကြိမ်ပြုလုပ်တိုင်း ဆင်းမ်ကတ်သက်တမ်းကို ၃၆၅ ရက်သို့ တိုးမြှင့်ပေးမှာဖြစ်ပါတယ်။ အသေးစိတ်ကိုအောက်ပါဇယားတွင်ဖော်ပြထားပါသည်။
ငွေဖြည့်ပမာဏ | ဆင်းမ်ကတ်သက်တမ်း |
၅၀၀ကျပ် | ၃၆၅ ရက်သို့ |
၁၀၀၀ ကျပ် | ၃၆၅ ရက်သို့ |
၃၀၀၀ ကျပ် | ၃၆၅ ရက်သို့ |
၅၀၀၀ ကျပ် | ၃၆၅ ရက်သို့ |
၁၀၀၀၀ ကျပ် | ၃၆၅ ရက်သို့ |
3. Postpaid စနစ်အသုံးပြုတဲ့ ဆင်းမ်ကတ်တွေမှာရော သက်တမ်းကုန်ဆုံးရက်ရှိပါသလား။
Postpaid စနစ်အသုံးပြုသော ဆင်းမ်ကတ်များတွင် သက်တမ်းကုန်ဆုံးရက်မရှိပါ။
4. ဆင်းမ်ကတ်သက်တမ်းကို ဘယ်လိုစစ်ဆေးကြည့်နိုင်ပါသလဲ။
*124# ကိုရိုက်နှိပ်ခေါ်ဆိုခြင်းဖြင့်လည်းကောင်း၊ ၁၃၃၁သို့ BAL သို့ အခမဲ့စာတိုပေးပို့ ခြင်းဖြင့်လည်းကောင်း စစ်ဆေးကြည့်နိုင်ပါသည်။
5. တစ်နှစ်အတွင်း ဖုန်းငွေဖြည့်မှု့လုံး၀မပြုလုပ်ပါက ဘာဖြစ်မှာပါလဲ။
၃၆၅ ရက်အတွင်းဖုန်းငွေဖြည့်ခြင်းလုံးဝမပြုလုပ်ပါက တစ်နှစ်ကျော်လွန်သည့် အချိန်မှစ၍ ဆင်းမ်ကတ်ကိုအပြည့်အဝ အသုံးပြုနိုင်တော့မည်မဟုတ်ပါ။
တစ်နှစ်ကျော်လွန်ပြီးနောက် ဖုန်းငွေဖြည့်ခြင်းမရှိပါက ပထမ ရက်၃၀အတွင်း အ၀င်ဖုန်းခေါ်ဆိုမှု လက်ခံခြင်းသာ ပြုလုပ်နိုင် သည့် အနေအထားသို့ ရောက်ရှိသွားမည်ဖြစ်ပြီး အထွက်ဖုန်း ခေါ်ဆိုခြင်း၊ စာတိုပေးပို့ခြင်း၊ မိုဘိုင်းလ်ဒေတာ သုံးစွဲမှုနှင့် အခြား သော အခပေး ဝန်ဆောင်မှုများ အသုံးပြုခြင်း တို့ ပြုလုပ်နိုင်မည် မဟုတ်ပါ။
နောက်ထပ် ရက် ၆၀ အတွင်း အထွက်ဖုန်းခေါ်ဆိုခြင်း၊ အ၀င်ဖုန်း ခေါ်ဆိုမှုလက်ခံခြင်း၊ စာတိုပေးပို့ခြင်း၊ မိုဘိုင်းလ်ဒေတာ သုံးစွဲမှု နှင့် အခြားဝန်ဆောင်မှုများကို ပြုလုပ်နိုင်တော့မည်မဟုတ်ပါ။
6. ပြင်ပဖုန်းခေါ်ဆိုမှုများကို လက်ခံနိုင်သော်လည်း ( Incoming Call ) အခြားဖုန်းနံပါတ်များကို ဖုန်းခေါ်ဆိုမှု ( Outgoing Call ) မပြုလုပ်နိုင်ပါ။ ဘာ့ကြောင့်ပါလဲ။
၁၃၃၁သို့ BAL ဟု အခမဲ့စာတိုပေးပို့ပြီး ဆင်းမ်ကတ်သက်တမ်းကိုစစ်ဆေးကြည့်ပါ။ ဆင်းမ်ကတ်သက်တမ်း “0” ဖြစ်နေပါက ဆင်းကတ်အသုံးပြုခွင့်ကို ယာယီဆိုင်းငံ့ခံထားရပြီ (ဖုန်းငွေမဖြည့်သည်မှာ တစ်နှစ်ကြာပြီဖြစ်သောကြောင့်) ဖြစ်ပါသည်။ဆင်းမ်ကတ်ကိုပြန်လည်အသုံးပြုနိုင်ရန် ဖုန်းငွေဖြည့်ပေးပါ။