အမျိုးအစားလိုက် ရွေးရန်

အမေးများသောမေးခွန်းများ

Sim Registration and Activation

၁။ ကျွန်တော့်ရဲ့ SIM registration က ၂ ကဒ် ပြည့်ပီလား မပြည့်သေးဘူးလား စစ်ဆေးပေးလို့ရပါသလား ခင်ဗျာ။

ကျေးဇူးပြု၍ MPT4U သို့ USSD code *601# ဖြင့် စစ်ဆေးနိုင်ပါသည်။ အကယ်၍ စစ်ဆေး၍ မရခြင်း (သို့) အချက်အလက်များ ပြင်ဆင်၍ မရပါက Ownshop သို့ သွားရောက်နိုင်ပါသည်။

အကယ်၍ စစ်ဆေး၍ မရခြင်း (သို့) အချက်အလက်များ ပြင်ဆင်၍ မရပါက Ownshop သို့ သွားရောက်နိုင်ပါသည်။

၂။ အကယ်၍ KBZ Pay နှင့် SIM registration အချက်အလက်များ သည် တူညီခြင်း မရှိပါက ဆင်းကဒ် သည် ပိတ်သိမ်းသွားမှာလား။ အတည်ပြုချက်လေးများ ရနိုင်မလား ခင်ဗျာ။

သင်၏ အချက်အလက်များ ဖြင့် PTD မှ ညွှန်ကြားချက်များအတိုင်း ဆင်းကဒ်အား Register ပြုလုပ်ရန် လိုအပ်ပါသည်။

၃။ MPT4U မှာ ဆင်းကဒ် Register ပြုလုပ်လို့ မရဘူး။ အကြံပေးပါအုန်းရှင့်။

ပထမဆုံးအနေဖြင့် MPT4U နောက်ဆုံး version အား update ပြုလုပ်ထားရန် လိုအပ်ပါသည်။ ထို့နောက် နောက်တစ်ကြိမ် Register ပြုလုပ်ပါ။ အကယ်၍ မရပါက Ownshop သို့ သွားရောက်ပါ။

၄.၁။MPT4U မှာ Sim ကဒ်ကို Register လုပ်လိုက်တဲ့အခါ " ၂ ကဒ် အသုံးပြုပြီး ဖြစ်ပါသည်“ လို့ ပြနေပါတယ်။ မည်သို့ ဆက်လက်လုပ်ဆောင်ရမလဲ။

ထိုသို့ ပြဿနာများကို အနီးစပ်ဆုံး Ownshop များတွင် သွားရောက် စစ်ဆေးနိုင်ပါသည်။ အဆင်မပြေမှုအတွက် တောင်းပန်ပါတယ်။

၄.၂။ကျွန်တောင် ဆိုင်ကို သွားခဲ့သေးတယ်။ သူတို့ မကူညီနိုင်ဘူး။

အဆင်မပြေမှုအတွက် တောင်းပန်ပါတယ် ခင်ဗျာ။ Sim Re-registration အတွက် own shop က သာ အကူအညီ ပေးနိုင်မှာမို့ပါ။

၅။ ကျွန်တော်တို့ ဆင်းကဒ်တွေ က ဘယ်ချိန်မှာ ရပ်သွားမှာလဲ။

ပိတ်သိမ်းမည့် အချိန်အား အတိအကျ မသိရသေးပါ။ သို့သော်လည်း မိမိ လက်ရှိအသုံးပြုနေသည့် Sim Card များအား PTD မှ ချမှတ်ထားသည့် စည်းမျဥ်းစည်းကမ်း များအတိုင်း မှန်ကန်စွာ Register ပြုလုပ်ပေးရပါမည်။

၆။ ကျွန်ုပ်တို့ အချက်အလက်တွေ နဲ့ Register လုပ်ရမှာလား။

ဟုတ်ပါတယ်။ အကယ်၍ သုံးစွဲသူမှ မိမိ အချက်အလက်များဖြင့် မှန်ကန်စွာ ဆင်းကဒ်အား Register ပြုလုပ်ထားခြင်း မရှိပါက ၄င်းဆင်းကဒ်အား ဌာနမှ ပိတ်သိမ်းသွားမည် ဖြစ်ပါသည်။ ကျေးဇူးပြု၍ MPT4U သို့ USSD code *601# ဖြင့် စစ်ဆေးနိုင်ပါသည်။

၇။ MPT4U တွင် အချက်အလက်များ ပြင်ဆင်ထားပါတယ်။ သို့ပေမဲ့ ဒီနေ့ ပြန်စစ်ဆေးသည့် အခါ ဒီတိုင်းပဲ မပြောင်းလဲ တာကို တွေ့ရပါတယ်။ ဘာဖြစ်လို့လဲ။

ကျေးဇူးပြု၍ ထပ်မံကြိုးစား၍ ညွှန်ကြားထားသည့် အချက်အလက်များအတိုင်း ပြီးဆုံးသည် အထိ အဆင့်ဆင့် ဆောင်ရွက်ပေးပါ။

၈။ မှန်ကန်တဲ့ SIM Registration က ဘာလဲ? သုံးစွဲသူ က နေထိုင်သည့် လိပ်စာ ထည့်ရန် လိုအပ်ပါသလား?

၁) ကြည်လင်ပြတ်သားသည့် မှတ်ပုံတင် ဓါတ်ပုံ၊ မှတ်ပုံတင်တွင် ပါရှိသည့် အချက်အလက်များအား သေချာစွာ ရိုက်သွင်းရပါမည်။

၂) လိပ်စာ သည် မဖြစ်မနေ ဖြည့်သွင်းရမည့် အချက်အလက် မဟုတ်ပေမဲ့ ဖြည့်စွက်ထားပါက ပိုမို ပြည့်စုံပါသည်။

၉။ Sim Re-registration နှင့် ပတ်သတ်သည့် SMS များ (ဖုန်းခေါ်ဆိုမှုများ) လက်ခံရရှိနေပါသည်။ ဘာဖြစ် လို့ပါလဲ။

ကျွန်တော်တို့ အနေဖြင့် သုံးစွဲသူ အချက်အလက် များဖြင့် PTD ၏ ညွှန်ကြားချက်များအတိုင်း မှန်ကန်စွာ မှတ်ပုံတင်ရန် အသိပေးခြင်းဖြစ်ပါသည်။ သို့မဟုတ်ပါက လူကြီးမင်းတို့ ဆင်းကဒ် ဝန်ဆောင်မှုများ ပိတ်သိမ်းခံရမည် ဖြစ်ပါသည်။ ပိတ်သိမ်းမည့် ရက်အား ထပ်မံအကြောင်းကြားပါမည်။ ထို့ကြောင့် ကျေးဇူးပြု၍ သင်၏ အချက်အလက်များဖြင့် မှတ်ပုံတင်သွင်း ထားကြပါရန် အသိပေး အကြောင်းအပ်ပါသည်။

၁၀။ ၄င်းအချက်အလက်များအား လက်ခံလိုခြင်း မရှိပါ။

အဆင်မပြေမှုများအတွက် တောင်းပန်ပါတယ်ခင်ဗျာ။ ယခုကာလများတွင် အလွန်အရေးကြီးနေပါသဖြင့် အဆင်မပြေမှုအတွက် အနူးအညွတ် တောင်းပန်ပါတယ် ခင်ဗျာ။

၁၁။ Sim Registration က ဘာလို့ လုပ်ရတာလဲ။

ဒါကတော့ လက်ရှိ အစိုးရ နှင့် (PTD: Post & Telecommunications Department)  က သတ်မှတ်ပေးလိုက်သည့် အချက်အလက် ဖြစ်ပြီး MPT အနေဖြင့် အစိုးရ က သတ်မှတ်ပေးသည့် စည်းမျဥ်း စည်းကမ်းများကို လိုက်နာခြင်း ဖြစ်ပါသည်။ သုံးစွဲသူများအနေဖြင့် ဆင်းကဒ်အား ဝယ်ယူပြီးပါက မိမိ အချက်အလက်များဖြင့် မှန်ကန်စွာ မှတ်ပုံတင်ရန် လိုအပ်ပါသည်။

၁၂။ မှန်ကန်သည့် မှတ်ပုံတင်ခြင်း အတွက် မည်သည့် အချက်အလက်များနှင့် စာရွက်စာတမ်းများ လိုအပ် ပါသနည်း။

သုံးစွဲသူသည် ၄င်း၏ အမည် နှင့်  မြန်မာနိုင်ငံ နိုင်ငံသားဥပဒေ နှင့် အညီ ထုတ်ပေးထားသည့် မှတ်ပုံတင် မူရင်း နှင့် မိတူ လိုအပ်ပါသည်။ (နိုင်ငံခြားသားများ အနေဖြင့် Passport လိုအပ်ပါသည်။)

၁၃။ ဆင်းကဒ်အား မိမိ နာမည်ဖြင့် Register ပြုလုပ်ထားခြင်း ရှိ၊ မရှိအား မည်သို့ စစ်ဆေးနိုင်ပါသနည်း။

သုံးစွဲသူများသည် * 601 # အား ခေါ်ဆို၍ မိမိ၏ အချက်အလက်များ မှန်ကန်မှုခြင်း ရှိ၊ မရှိအား စစ်ဆေးနိုင်ပါသည်။ အကယ်၍ မမှန်ကန်ပါက MPT 4U Application နှင့် care.mpt.com.mm သို့မဟုတ် မိမိတို့ မြို့နယ်များရှိ MPT Own Shop  များတွင် ပြင်ဆင်နိုင်ပြီး နိုင်ပါသည်။

၁၄။MPT4U Application အား download ပြုလုပ်ခြင်းအတွက် Data ဖိုးများ ကျသင့်ပါမည်လား။

MPT 4U Application အား *4040# သို့ ခေါ်ဆို၍ Download ပြုလုပ်ပါက အခမဲ့ ဖြစ်ပြီး ၄င်းအား Apple store / Google Play store များမှ Download ပြုလုပ်ပါ Data နှုန်းထားများ ကျသင့်မည် ဖြစ်ပါသည်။

၁၅။မည်သည့် registration အမျိုးအစားများဖြင့် သုံးစွဲသူအား မှတ်ပုံတင်နိုင်သနည်း။

MPT system များ ဖြစ်သော (DMS နှင့် MPT4U) များဖြင့် Registration ပြုလုပ် အောင်မြင်သော ဖုန်းနံပါတ် ကိုသာ ပေးပါမည်။

၁၆။SIM Re-registration များအား မည်ကဲ့သို့ စစ်ဆေးမည်နည်း။

SIM Re-registration များအား MPT ဝန်ထမ်းများမှ မှန်ကန်မှု ရှိ၊ မရှိအား စစ်ဆေးသွားပါမည်။

၁၇။ သုံးစွဲသူ မှ ဇန်နဝါရီ 31 ရက်နောက်ပိုင်းတွင် အချက်အလက် အပြောင်းအလဲများ ဖြင့် ပြန်လည်မှတ်ပုံတင်ခြင်းများ သည် အရည်အချင်းပြည့်မီခြင်း ရှိ၊ မရှိ၊

2023 ခုနှစ် ဇန်နဝါရီလ 31 ရက်နေ့ နောက်ဆုံးသတ်မှတ်ရက်ဖြစ်သော်လည်း အစိုးရ မှ မှတ်ပုံတင်ကြောင်း ထပ်မံကြေငြာပါကမှတ်ပုံတင်ခြင်း လုပ်ငန်းစဉ်အား ပြန်လည်ဖွင့်လှစ်မည်ဖြစ်ပြီး ကျွန်ုပ်တို့မှ အစိုးရထံတင်ပြပြီးနောက် လက်ခံသည်၊ လက်မခံသည် များသည် ၎င်းတို့ပေါ်မူတည်ပါသည်။

၁၈။ ဇန်နဝါရီ 31 ရက်နောက်ပိုင်း ပြန်လည်မှတ်ပုံတင်ခြင်းပြုလုပ်နေသော သုံးစွဲသူများသည် VC သို့ရောက်ရှိမည်လား ? သို့မဟုတ် VC က ၄င်းသုံးစွဲသူများအား စစ်ဆေးဖို့ ပံ့ပိုးပေးမည်လား။ မဟုတ်ပါက သုံးစွဲသူသည် ၎င်းတို့၏ ဆင်းမ်ကဒ် မှတ်ပုံတင်ခြင်း မအောင်မြင်သည်ကို မသိနိုင်ပါ။

VC သည် ၎င်းတို့၏ လုပ်ဆောင်ချက်ကို ဆက်လက်လုပ်ဆောင်မည်ဖြစ်ပါသည်။

၁၉။ မှတ်ပုံတင်ခြင်း မအောင်မြင်ပါက အကြောင်းကြားစာ SMS ပေးပို့မည်လား။

ဟုတ်ကဲ့။ ကျွန်ုပ်တို့သည် လုပ်ငန်းစဉ်အား ဆက်လက်လုပ်ဆောင်လျက်ရှိပါသည်။

၂၀။ ဇန်န၀ါရီလ 31 ရက်နေ့နောက်ပိုင်းတွင် သုံးစွဲသူများမှ ၄င်း၏နံပါတ်သည် ဆက်လက်အသုံးပြုနိုင်နေသောကြောင့် ၄င်း၏ ဆင်းမ်ကဒ်မှတ်ပုံတင်ခြင်း အောင်မြင်သွားပါသလား။ ၄င်း၏ ဆင်းမ်ကဒ် ပိတ်သွာသည်ကို မည်သည့် အချိန်တွင် သိရှိရမည်နည်း။

ကျွန်ုပ်တို့သည် MOLIP ကိုက်ညီမှုအတွက် Data Base များအားတင်သွင်းထားပြီး၊ ၎င်း Data များသည် ကိုက်ညီကြောင်း အတည်ပြုပြီးသည်နှင့် MPT ဝန်ဆောင်မှုများကို အသုံးပြုနိုင်မည် ဖြစ်ကြောင်း အသိပေးပါမည်။ ထိုကြောင့် အချက်အလက်များကို ရရှိပြီးသည်နှင့် တစ်ပြိုင်နက် MPT မှ ကြေညာချက်များအား ထုတ်ပြန်မည်ဖြစ်ပါသည်။

Getting Started

၁။ MPT SIM Card အသစ်တစ်ခုရဲ့ဈေးနှုန်းကဘယ်လောက်လဲ။

MPT SIM Card အသစ်တစ်ခုလျှင် ၁၅ဝဝကျပ်ဖြင့် MPT အရောင်းဆိုင်များတွင် ဝယ်ယူနိုင်ပါသည်။

၂။ ပထမဆုံးအကြိမ် ဖုန်းငွေဖြည့်ခြင်း - New SIM Activation ဆိုတာ ဘာလဲ။

SIM Activation ပြုလုပ်ရန် အနည်းဆုံး ၂၀,၀၀၁ ကျပ် ပထမဆုံးအကြိမ် ဖုန်းငွေဖြည့်သွင်းရန် လိုအပ်ပါသည်။
၂၁,၀၀၀ ကျပ်နှင့် အထက် ပထမဆုံးအကြိမ် ဖုန်းငွေဖြည့်သွင်းမှု ပြုလုပ်ပါက ငွေဖြည့်လက်ဆောင် ၁,၀၀၀ကျပ် ရရှိမည် ဖြစ်ပါသည်။

ငွေဖြည့်ပမာဏ [ကျပ်] First time SIM Activation Fees Main Balance ဖုန်းဘေလ် [ကျပ်] Main Balance သက်တမ်း (ရက်) ဖုန်းငွေဖြည့်အပိုလက်ဆောင် [ကျပ်] အပိုလက်ဆောင် သက်တမ်း (ရက်) မှတ်ချက်
၂၀,၀၀၁ – ၂၀,၉၉၉ ၂၀,၀၀၀ ကျပ် ၁ - ၉၉၉ ၃၆၅ - ဖုန်းငွေဖြည့်အပိုလက်ဆောင်ကို မည်သည့် အော်ပရေတာကိုမဆို ဖုန်းခေါ်ဆိုခြင်းနှင့် စာတိုပေးပို့ခြင်း၊ အင်တာနက်အသုံးပြုခြင်းတို့အတွက် သုံးသလောက်ပေးနှုန်းထားများအတိုင်း အသုံးပြုနိုင်ပါသည်။
၂၁,၀၀၀ နှင့်အထက် ၂၀,၀၀၀ ကျပ် ၁,၀၀၀ နှင့်အထက် ၃၆၅ ၁၀၀၀ ၆၀

၃။ ပထမဆုံးအကြိမ် ဖုန်းငွေဖြည့်သွင်းခြင်း ငွေဖြည့်လက်ဆောင်ကို ဘယ်သူတွေ ရရှိမှာပါလဲ။

MPT GSM/WCDMA Prepaid အသုံးပြုသူများအားလုံးသည် ၂၁,၀၀၀ ကျပ် နှင့်အထက် ပထမဆုံးအကြိမ် ဖုန်းငွေဖြည့်ခြင်း ပြုလုပ်ပါက ငွေဖြည့်လက်ဆောင် ရရှိပါမည်။

၄။ ပထမဆုံး အကြိမ် ငွေဖြည့်သွင်းခြင်းအတွက် ငွေဖြည့်လက်ဆောင် ရရှိပါမည်လား။

ဟုတ်ပါတယ်။ ၂၁,၀၀၀ ကျပ်နှင့်အထက် ပထမဆုံးအကြိမ် ငွေဖြည့်ပါက ရက် ၆၀ အသုံးပြုနိုင်သည့် ငွေဖြည့်လက်ဆောင် ၁၀၀၀ ကျပ် ကို ရရှိပါမည်။

၅။ ငွေဖြည့်လက်ဆောင်ကို ဘယ်လို အသုံးပြုနိုင်မှာလဲ။

ငွေဖြည့်လက်ဆောင်ကို မည်သည့် အော်ပရေတာကိုမဆို ဖုန်းခေါ်ဆိုခြင်း၊ စာတိုပေးပို့ခြင်းနှင့် အင်တာနက်အသုံးပြုခြင်းအတွက် သုံးသလောက်ပေး နှုန်းထားများအတိုင်း အသုံးပြုနိုင်ပါမည်။

၆။ SIM Activation အတွက် မည်သည့်အချက်များ ပြုလုပ်ရန် လိုအပ်ပါမလဲ။

SIM Activation ပြုလုပ်ရန်အတွက် အနည်းဆုံး ၂၀,၀၀၁ ကျပ် ဖုန်းငွေဖြည့်သွင်းရန် လိုအပ်ပါသည်။

၇။ ငွေဖြည့်လက်ဆောင်ရဲ့ သက်တမ်းမှာ ဘယ်လောက်ပါလဲ။

ငွေဖြည့်လက်ဆောင်၏ သက်တမ်းမှာ ပထမဆုံးအကြိမ် ဖုန်းငွေဖြည့်သွင်းသည့် ရက်မှစတင်၍ ရက် ၆၀ ဖြစ်ပါသည်။

၈။ ပထမဆုံးအကြိမ် ငွေဖြည့်သည့်ပမာဏသည် ၂၀,၀၀၁ကျပ်အောက် လျော့နည်းနေရင် ဘယ်လိုဖြစ်မှာပါလဲ။

ပထမဆုံးအကြိမ် ၂၀,၀၀၁ ကျပ်အောက် ငွေဖြည့်ပါက SIM Activation မပြုလုပ်နိုင်ပါ။ မအောင်မြင်ကြောင်း စာတို ကို လက်ခံရရှိပါမည်။

၉။ အတည်ပြုဘာသာစကားအား အင်္ဂလိပ်ဘာသာအဖြစ် ဘယ်လိုပြောင်းလဲနိုင်ပါသလဲ ။

USSD ကုဒ် *106# သို့ ခေါ်ဆို၍ ရွေးချယ်စရာ ဆက်တင်းနံပါတ်များထဲမှ “ ၉” (ဘာသာ)ကို ရွေးချယ်ပြီး၊ နောက်တစ်ဆင့်အနေဖြင့် “ ၁” (English) ကို ဆက်လက်ရွေးပြီးပါက ဆက်တင်း အောင်မြင်ပြီးမြောက်ပြီ ဖြစ်သည် ။

Swe Thahar

“ • နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီက ကြေညာခဲ့သော ၂၀၂၁-၂၀၂၂ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေပြင်ဆင်ချက်အရ ၊၂၀၂၂ခုနှစ် ဇန်နဝါရီလ (၆) ရက်နေ့မှစ၍ အင်တာနက်ဒေတာ အသုံးပြုမှုအပေါ်တွင် ကုန်သွယ်လုပ်ငန်းခွန် (၁၅%) နှုန်းထားဖြင့်ကောက်ခံသွားမည်ဖြစ်သည်။
• စာတိုပေးပို့မှု နှင့် ဖုန်းခေါ်ဆိုမှုတို့ အတွက် ကုန်သွယ်လုပ်ငန်းခွန်အား ပြောင်းလဲခြင်းမရှိပဲ မှုလအတိုင်း (၅%)ဖြင့် ဆက်လက်ကောက်ခံသွားမည်ဖြစ်သည်”

1. ဆွေသဟာအစီအစဉ်နှုန်းထားက ဘာပါလဲ။

MPT GSM/WCDMA SIM Card အသစ်စတင်အသုံးပြုသူတိုင်းသည် ဆွေသဟာအစီအစဉ်ကို အလိုအလျောက်ရယူထားပြီးဖြစ်၍ ဖုန်းအသုံးပြုမှုများအတွက် အောက်ဖော်ပြပါနှုန်းထားများအတိုင်းကျသင့်စေမည်ဖြစ်ပါသည်။
– မည်သည့် MPT ဖုန်းနံပါတ်သို့မဆိုဖုန်းခေါ်ဆိုခ – ၁မိနစ် = ၂၇ကျပ်
– မည်သည့်ပြည်တွင်းဖုန်းနံပါတ်သို့မဆိုဖုန်းခေါ်ဆိုခ – ၁မိနစ် = ၂၈ကျပ်
– အင်တာနက်အသုံးပြုခ – 1MB = ၉ကျပ်
– မည်သည့်ပြည်တွင်းဖုန်းနံပါတ်သို့မဆို SMSပေးပို့ခ – ၁စောင် = ၁၃ကျပ်

2. အခြားနှုန်းထားအစီအစဉ် (Price Plan) ကိုပြောင်းလို့ရပါသလား။

– ကြိုက်နှစ်သက်ရာ Price Plan ကိုပြောင်းလဲနိုင်ပါသည်။ ဖုန်းနံပါတ်တစ်ခုသည် တစ်ရက်လျှင် Price Plan ပြောင်းလဲမှု အများဆုံးတစ်ကြိမ်ပြုလုပ်နိုင်ပါသည်။
– Price Plan ပြောင်းလဲမှုကိုအခမဲ့ပြုလုပ်နိုင်ပါသည်။
– အသေးစိတ်ကိုအောက်ပါဇယားတွင် ကြည့်ရှုပါ။

Plan Name Cost To Subscribe
Prepaid Postpaid
ဆွေသဟာ အခမဲ့ *234*2#  သို့ခေါ်ဆိုပါ။ *235*2#  သို့ခေါ်ဆိုပါ

3. ဆွေသဟာအစီအစဉ်အသုံးပြုနေစဉ်မှာ Data Package နဲ့ Voice Package တွေ ဝယ်ယူအသုံးပြုနေပါတယ်။ အခြားနှုန်းထားအစီအစဉ်ကိုပြောင်းလိုက်ရင် ဘာဖြစ်သွားမှာပါလဲ။

Price Planပြောင်းလဲလိုက်ပါကလည်း လက်ရှိအသုံးပြုလျက်ရှိသော Package များကို ဆက်လက်အသုံးပြုနိုင်ပါမည်။ အလေအလွင့်တစ်စုံတစ်ရာရှိမည်မဟုတ်ပါ။

4. ဘယ်နှုန်းထားအစီအစဉ်ကိုသုံးနေတယ်ဆိုတာကို ဘယ်လိုစစ်ဆေးကြည့်နိုင်ပါသလဲ။

*224#ကိုဖုန်းခေါ်ဆို၍ (သို့) MPT4U မှတစ်ဆင့် လက်ရှိအသုံးပြုနေသော နှုန်းထားအစီအစဉ်ကို စစ်ဆေးကြည့်နိုင်ပါသည်။ (သို့မဟုတ်) ၁၃၃၁ သို့ BAL ဟု စာတိုပေးပို့ပါ။

International Roaming Services

၁။ ပရိုမိုးရှင်းနှုန်းထားဆိုတာဘာလဲ။

ပရိုမိုးရှင်းနှုန်းထားကို အောက်ပါအတိုင်း နိုင်ငံအလိုက် သတ်မှတ်ထားပါတယ်။

နိုင်ငံများ နှုန်းထား
ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ တရုတ်၊ ဟောင်ကောင်၊မကာအို၊ ထိုင်ဝမ်၊ကမ္ဘောဒီးယား၊ ၊ဗီယက်နမ်၊ လာအို၊ဘရူနိုင်း၊ အင်ဒိုနီးရှား 15 Ks/MB

ပိုမိုသက်သာေသာ နှုန်းထားြဖင့် Roaming rate cutter

9 Ks/MB ဖြင့် (၇)ရက်စာ ၉၀၀ ကျပ်

 

ဂျပန်၊တောင်ကိုရီးယား၊အိန္ဒိယ၊သီရိလင်္ကာ၊သြစတေးလျ၊အမေရိကန် 50 Ks/MB
ယူေက၊ဆွီဒင်၊ရုရှား၊ေနာ္ေဝ၊နယ်သာလန်၊အီတလီ၊

ဟန်ေဂရီ၊ဂျာမနီ၊ျပင္သစ္၊ဖင်လန်၊ဒိန်းမတ်

50 Ks/MB

 

(နှုန်းထားများသည် အခွန် ပါဝင်ပြီး ဖြစ်ပါသည်)

၂။ ပရိုမိုးရှင်းမပါဝင်တဲ့ ပုံမှန်နှုန်းထားဆိုတာဘာပါလဲ။

ပုံမှန်နှုန်းထားကို နိုင်ငံအလိုက် သတ်မှတ်ထားပါသည်။ ပရိုမိုးရှင်းကာလအတွင်းမှာ ပိုမိုသက်သာသော နှုန်းထားဖြင့် ရရှိနိုင်ပါတယ်။

၃။စာရင်းပေးသွင်းရန် လိုအပ်ပါသလား။

စာရင်းပေးသွင်းရန် လိုအပ်မှုမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

Promotion စာရင်းေပးသွင်းြခင်း သက်တမ်း
9 Ks/MB Promotion

(Rate cutter)

လိုအပ်ပါသည် ၇ရက်
Package Promotion

(10000 Ks)

လိုအပ်ပါသည် ၇ရက်
Paygo Promotion မလိုအပ်ပါ

၄။ ပရိုမိုရှင်း သည် Postpaid သို့မဟုတ် Prepaidသုံးစွဲသူများအတွက် အကျုံးဝင်ပါသလား။

MPT GSM/WCDMA Prepaid and Postpaid သုံးစွဲသူများအတွက်အကျုံးဝင်ပါသည်။

သို့သော် Postpaid သုံးစွဲသူများသည် Roaming ဝန်ဆောင်မှုကိုရယူရန်အတွက်

ကြိုတင်ငွေများကိုတစ်ဦးချင်းစီအတွက် MPT Brand Stores များမှ လည်းကောင်း၊ B2B/Corporate များအတွက် Account Managers များမှ တစ်ဆင့်လည်းကောင်း ပေးဆောင်ရန် လိုအပ်ပါသည်။

၅။ ပရိုမိုရှင်း ကာလအတွင်း ဝန်ဆောင်မှုနှုန်းထားများ ပြောင်းလဲထားပါသလား။

သုံးသလောက်ပေး အင်တာနက်နှုန်းထားသာ ပြောင်းလဲထားပါသည်။ ဖုန်းခေါ်ဆိုခြင်း၊ စာတိုပေးပို့ခြင်းစသည့် အခြားသောဝန်ဆောင်မှုများကို တန်ဖိုးပြောင်းလဲထားခြင်း မရှိပါ။

၆။ ပရိုမိုးရှင်းသက်တမ်းက ဘယ်အချိန်ထိပါလဲ။

Promotion ကာလမှာ ၂၀၁၉ နိုဝင်ဘာ ၂၇ ရက် မှ နောက်ထပ် မကြေညာမီအချိန်အထိ

ဖြစ်ပါသည်။

၇။ ပရိုမိုးရှင်းနှုန်းထားက နိုင်ငံအကုန်လုံးမှာ ရပါသလား။

မရပါ။ သတ်မှတ်ထားသည့် နိုင်ငံများတွင်သာ ရရှိနိုင်ပါသည်။

၈။ 9Ks/MB ပရိုမိုးရှင်းဆိုတာ ဘာပါလဲ။

အောက်ဖော်ပြပါနိုင်ငံများသို့ သွားရောက်လျှင် ရရှိနိုင်မည့် Roaming Package ဖြစ်ပါသည်။

တန်ဖိုး ၉၀၀ ကျပ်
နှုန်းထား 9Ks/MB
သက်တမ်း ၇ ရက်
Activation *9007#
ရရှိနိုင်ေသာ နိုင်ငံများ ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ တရုတ်၊ ဟောင်ကောင်၊မကာအို၊ ထိုင်ဝမ်၊ကမ္ဘောဒီးယား၊ ၊ဗီယက်နမ်၊ လာအို၊ဘရူနိုင်း၊ အင်ဒိုနီးရှား

၉။9Ks/MB ပရိုမိုးရှင်းအတွက် စာရင်းပေးသွင်းရန် လိုအပ်ပါသလား။

စာရင်းပေးသွင်းရန်လိုအပ်ပါတယ်။ အခွန်အပါအဝင် တစ်ပတ်လျှင် ၉၀၀ ကျပ်ကျသင့်ပါမည်။

၁၀။ ယခု 9Ks/MB ပရိုမိုးရှင်းသည် Postpaid သို့မဟုတ် Prepaid သုံးစွဲသူများအတွက် အကျုံးဝင်ပါသလား။

MPT GSM/WCDMA Prepaid and Postpaid သုံးစွဲသူများအတွက်

အကျုံးဝင်ပါသည်။ သို့သော် Postpaid သုံးစွဲသူများသည် Roaming ဝန်ဆောင်မှုကိုရယူရန်အတွက်

ကြိုတင်ငွေများကိုတစ်ဦးချင်းစီအတွက် MPT Own Shops / MPT TRA Offices များမှ လည်းကောင်း၊ B2B/Corporate များအတွက် Account Managers များမှ တစ်ဆင့်လည်းကောင်း ပေးဆောင်ရန် လိုအပ်ပါသည်။

၁၁။ Package ကိုဘယ်လိုဝယ်ယူရမလဲ။

Package ကိုအောက်ပါနည်းလမ်းများဖြင့် ဝယ်ယူနိုင်ပါသည်။

        1332 သို့ “NINE” ဟု စာတိုပေးပို့၍ ဖြစ်စေ

        *9007# သို့ခေါ်ဆို၍ဖြစ်စေ

        *106*2*5*2# သို့ခေါ်ဆို၍ဖြစ်စေ

        From MPT4U > Package Purchase > Others > Roaming & IDD

        နီးစပ်ရာ retailer များကို သွားရောက်မေးမြန်း၍ DMS မှ တစ်ဆင့်လည်း ဝယ်ယူနိုင်ပါသည်။

၁၂။ ၇ရက်စာ Roaming rate cutter pack ဝယ်ထားပါတယ်။ နောက်ထပ် ၇ရက်စာ 10000Ks/800MB Roaming pack ဝယ်ချင်ပါတယ်။ ဘယ်လိုဖြစ်ပါမလဲ။

ဝယ်ယူ၍ မရပါ။ မူလ ဝယ်ယူထားသော ၇ရက်စာ Roaming rate cutter pack သက်တမ်းမကုန်မချင်း နောက်ထပ် 10000Ks/800MB roaming pack ဝယ်ယူ၍မရနိုင်ပါ။ မူလ ဝယ်ယူထားသော Roaming rate cutter pack သက်တမ်းကုန်ဆုံးပြီးမှသာ ဝယ်ယူနိုင်ပါမည်။

၁၃။ Roaming Rate cutter pack ဝယ်ယူထားပါတယ်။ သုံးစွဲနိုင်သော သက်တမ်းနှင့် ပမာဏ ကျန်ရှိချိန်မှာ နောက်ထပ် Raoming Rate cutter pack ကို ထပ်မံ ဝယ်ယူလိုပါတယ်။ ဘယ်လိုဖြစ်ပါမလဲ။

ဝယ်ယူ၍ မရနိုင်ပါ။ မူလ ဝယ်ယူထားသော Roaming Rate cutter pack ၏ သက်တမ်းနှင့် ပမာဏ ကျန်ရှိနေချိန်တွင် နောက်ထပ် rate cutter pack ဝယ်ယူ၍ မရနိုင်ပါ။ မူလ Roaming Rate cutter pack ၏ ပမာဏ နှင့် သက်တမ်း ကုန်ဆုံးပြီးမှသာ ဝယ်ယူနိုင်ပါမည်။

၁၄။ အထက်ဖော်ပြပါနှုန်းထားသည် ဒေတာတစ်ခုအတွက်သာဖြစ်ပါသလား။

ဒေတာနှုန်းထားအတွက်သာဖြစ်ပါသည်။ ဖုန်းခေါ်ဆိုခြင်း၊ စာတိုပေးပို့ခြင်းအတွက် ပုံမှန်နှုန်းထားများဖြင့် အသုံးပြုနိုင်ပါသည်။

၁၅။ Package ဝယ်ယူရရှိပြီးကြောင်း ဘယ်လိုသိနိုင်မလဲ။

Package ဝယ်ယူပြီးသည့်နောက် အတည်ပြုစာတိုကို လက်ခံရရှိပါမည်။

၁၆။ ထိုနိုင်ငံများသို့ သွားရောက်မလည်ပတ်ခင် Roaming Package ကို စာရင်းပေးသွင်းရန် လိုအပ်ပါသလား။

မလိုအပ်ပါ။ မြန်မာနိုင်ငံ နှင့် Package အသုံးပြုနိုင်သည့် နိုင်ငံများအားလုံးတွင် အဆိုပါ Package ကို ဝယ်ယူရရှိနိုင်ပါသည်။

၁၇။ ထိုနိုင်ငံများအတွက် ယခု Package ကိုမဝယ်ယူချင်ပါက အခြားပရိုမိုးရှင်းများရှိပါသလား။

အဆိုပါ package ကို မဝယ်ယူချင်ပါက ထို ၁၂ နိုင်ငံ (ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ တရုတ်၊ ဟောင်ကောင်၊ မကာအို၊ ထိုင်ဝမ်၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊လာအို၊ဘရှုနိုင်း၊အင်ဒိုနီးရှား ) အတွက် 15Ks/MB သုံးသလောက်ပေး အင်တာနက်နှုန်းထားဖြင့် ဆက်လက်အသုံးပြုနိုင်ပါသည်။

15 Ks မှ 9Ks ဖြင့် ၄၀% သက်သာသော အဆိုပါ အထူး Package ကို ဝယ်ယူရန် အကြံပြုလိုပါသည်။

၁၈။ Package သက်တမ်းကုန်ဆုံးလျှင် ဘယ်လိုသိနိုင်ပါမလဲ။

Package သက်တမ်းကုန်ဆုံးသွားပါက စာတိုပေးပို့ အကြောင်းကြားပါမည်။

Package ထပ်မံဝယ်ယူမှုမပြုလုပ်လိုပါက သုံးသလောက်ပေးအင်တာနက် 15Ks/MB ဖြင့် ကောက်ခံသွားပါမည်။

၁၉။ Package ဝယ်ယူ၍ မရပါ။ ဘာကြောင့်ပါလဲ။

လက်ကျန်ငွေ မလုံလောက်၍ ဖြစ်စေ

Base Tariff သုံးစွဲသူဖြစ်နေ၍ဖြစ်စေ

လက်ရှိ Roamng Package ဝယ်ယူထား၍ဖြစ်စေ ဝယ်ယူ၍မရနိုင်ပါ။

၂၀။ ၇ရက်စာ 10000 Ks/800 MB Roaming pack ဝယ်ထားပါတယ်။ နောက်ထပ် ၇ရက်စာ Roaming Rate cutter pack ဝယ်ချင်ပါတယ်။ ဘယ်လိုဖြစ်ပါမလဲ။

ဝယ်ယူ၍ မရပါ။ မူလ ဝယ်ယူထားသော ၇ရက်စာ 10000 Ks/800 MB Roaming pack သက်တမ်းမကုန်မချင်း နောက်ထပ် Roaming Rate cutter pack ဝယ်ယူ၍မရနိုင်ပါ။ မူလ ဝယ်ယူထားသော ၇ရက်စာ 10000Ks/800 MB Roaming pack သက်တမ်းကုန်ဆုံးပြီးမှသာ ဝယ်ယူနိုင်ပါမည်။

၂၁။ သက်တမ်းကုန်ဆုံးကြောင်း ဘယ်လိုသိနိုင်ပါမလဲ။

သက်တမ်းကုန်ဆုံးပါက SMS ဖြင့်အသိပေးအကြောင်းကြားပါမည်။

၂၂။ Roaming အသုံးပြုစဉ် ဖြတ်တောက်သည့်နှုန်းထား ဘယ်လောက်ဖြစ်ပါသလဲ။

50Kb လျှင် တစ်ကြိမ်ဖြတ်တောက်မည်ဖြစ်ပါသည်။

၂၃။ ချေးငွေဝန်ဆောင်မှုမှ international roaming ဝန်ဆောင်မှုများဖြစ်သော နိုင်ငံတကာသို့ ဖုန်းခေါ်ဆိုခြင်း၊ စာတိုပေးပို့ခြင်း နှင့် အင်တာနက်ဝန်ဆောင်မှုများအတွက် အသုံးပြုနိုင်ပါသလား။

ချေးငွေဝန်ဆောင်မှုမှ international roaming ဝန်ဆောင်မှုများ မရရှိနိုင်ပါ။

International Direct Dialing

၁။ “All in one IDD Promo pack” ဆိုတာဘာလဲ။

“All in one IDD Promo pack” ကို ၄၉၉ကျပ်ဖြင့် ဝယ်ယူထားပါက ဝယ်ယူသည့်နေ့မှ ရက်(၃၀)အတွင်း ထိုင်း/ မလေးရှား/တရုတ် / စင်ကာပူ / ဘင်္ဂလားဒေ့ရှ် / အိန္ဒိယ / တောင်ကိုးရီးယား/ ဂျပန် / သြစတြေးလျ / ဟောင်ကောင် / အမေရိက / ကနေဒါ သို့ ဖုန်းခေါ်ဆိုပါက တစ်မိနစ်လျှင် ၅၀ကျပ်သာကျ သင့် မည်ဖြစ်ပါသည်။

အမည် နှုန်းထား သတ်မှတ်ချက်များ အသုံးပြုနိုင်သည့် အမျိုးအစား စာတိုပေးပို့မှု သက်တမ်း ဝယ်ယူရန်
All in One IDD Promo Pack ၄၉၉ ကျပ် (Tax အပါအဝင်) တစ်မိနစ်လျှင် ၅၀ ကျပ် ထိုင်း/ မလေးရှား/တရုတ် / စင်ကာပူ / ဘင်္ဂလားဒေ့ရှ် / အိန္ဒိယ /တောင်ကိုးရီးယား/ ဂျပန် / သြစတြေးလျ / ဟောင်ကောင် / အမေရိက / ကနေဒါ သို့ဖုန်းခေါ်ဆိုနိုင်သည်။ ထိုင်းနှင့်မလေးရှား
စာတိုတစ်စောင်လျှင် ၁၅ ကျပ်
ရက် ၃၀ *2050#
အခြားနိုင်ငံများ
စာတိုတစ်စောင်လျှင် ၁၅၀ ကျပ်

၂။ “All in one IDD Promo pack” ကိုဘယ်လိုဝယ်ယူနိုင်မှာပါလဲ။

*2050# ကိုရိုက်နှိပ်ခေါ်ဆိုခြင်းဖြင့်လည်းကောင်း၊ MPT4U application မှတစ်ဆင့်လည်းကောင်း ဝယ်ယူနိုင်ပါသည်။
*106# မှလည်းဝယ်ယူနိုင်ပါသည်။

၃။ “All in one IDD Promo pack” ကိုဘယ်သူတွေဝယ်ယူနိုင်မှာပါလဲ။

MPT prepaid and postpaid GSM/WCDMA ဖုန်း အသုံးပြုသူများအားလုံး ဝယ်ယူအသုံးပြုနိုင်မည်ဖြစ်ပါသည်။

၄။ “All in one IDD Promo pack” ရဲ့သက်တမ်းက ဘယ်လောက်လဲ။

ရက် ၃၀ ဖြစ်ပါသည်။

၅။ မက်စေ့ချ်တစ်စောင်ကိုဘယ်လောက်ကျသင့်ပါသလဲ။

ထိုင်းနှင့်မလေးရှား နိုင်ငံအတွက် မက်စေ့ချ်တစ်စောင်လျှင် ၁၅ ကျပ် (ကုန်သွယ်ခွန်ခမပါ) တရုတ် / စင်ကာပူ / ဘင်္ဂလားဒေ့ရှ် / အိန္ဒိယ /တောင်ကိုးရီးယား/ ဂျပန် / သြစတြေးလျ / ဟောင်ကောင် / အမေရိက / ကနေဒါ နိုင်ငံများ အတွက် မက်စေ့ချ်တစ်စောင်လျှင် ၁၅၀ ကျပ် (ကုန်သွယ်ခွန်ခမပါ) ကျသင့်မှာဖြစ်ပါသည်။

၆။ ရက် ၃၀ အတွင်း တစ်ကြိမ်ထပ်ပိုပြီးဝယ်လို့ရလား။

တစ်ကြိမ်ပဲဝယ်ယူနိုင်ပါသည်။

၇။ ပရိုးမိုးရှင်းကာလကဘယ်အထိလဲ။

၂၀၁၈ မေလ ၂၈ ရက်နေ့မှ စတင်ပြီး နောက်ထပ်ကြေငြာချက် မထုတ်ပြန်မှီ အထိဖြစ်ပါသည်။

၈။ ချေးငွေဝန်ဆောင်မှုမှ (IDD Pack) နိုင်ငံတကာသို့ ဖုန်းခေါ်ဆိုခြင်း၊ စာတိုပေးပို့ခြင်း နှင့် အင်တာနက်ဝန်ဆောင်မှုများအတွက် အသုံးပြုနိုင်ပါသလား။

ချေးငွေဝန်ဆောင်မှုကို အသုံးပြုပြီး (IDD pack) နိုင်ငံတကာသို့ ဖုန်းခေါ်ဆိုခြင်း၊ စာတိုပေးပို့ခြင်း ဝန်ဆောင်မှုများ မရရှိနိုင်ပါ။

Upgrade 3G SIM to 4G SIM

၁။ 4G ဆင်းမ်ကတ် ဘာ့ကြောင့်လဲလှယ်ရန်လိုအပ်ပါသလဲ။

MPT ၏ ပိုမိုလျင်မြန်သော LTE+ network ကိုအသုံးပြုနိုင်ရန်ဖြစ်သည်။

၂။ LTE+ network ဆိုတာဘာလဲ။ 4G ဆင်းမ်ကတ်သုံးရင် 2G/3G ကတ်ထက်ပိုမိုကုန်ကျနိုင်လား။

LTE+ network သည် MPT ၏ ပိုမိုမြန်ဆန်သော အရည်အသွေးမြင့် LTE+ ကွန်ရက်ဖြစ်ပြီး Website များအားကြည့်ခြင်း ၊ High Definition ဗီဒီယိုများကြည့်ခြင်း၊

video ဖုန်းခေါ် ခြင်း ၊ အွန်လိုင်းဂိမ်းကစားခြင်း ၊ download ဆွဲခြင်း နှင့် ဓာတ်ပုံတင်ခြင်းများအား ယခင်ကထက်ပိုမိုလျင်မြန်စွာ လိုင်းအပြတ်အတောက်မရှိ၊ ရပ်တန့်သွားခြင်း

မကြုံရဘဲအဆင်ပြေစွာ ဆောင်ရွက်နိုင်ပါလိမ့်မည်။ 3G ကွန်ရက်ထက်ပိုမြန်သော်လည်း ဝန်ဆောင်ခပိုပေးစရာမလိုပါ။

၃။ သင်၏ဆင်းမ်ကတ်သည် 2G/3G လား 4G လားဘယ်လိုသိရှိနိုင်မလဲ။

*106*5#ကိုဖုန်းခေါ်ဆိုပါ။ SMS ဖြင့်သင်၏ဆင်းမ်ကတ်အမျိုးအစားကိုအကြောင်းကြားပေးပါသည်။ 2G/3G ဆင်းမ်ကတ်ဖြစ်ပါက 4G ဆင်းမ်ကတ်ပြောင်းလဲရန်လိုအပ်ပါသည်။

၄။ 4G ဆင်းမ်ကတ်ကိုဘယ်လိုပြောင်းလဲနိုင်ပါသလဲ။

အနီးဆုံးMPT ပစ္စည်းအရောင်းဆိုင်များသို့သွားရောက်ပြီး 4G ဆင်းကတ်ကို မိမိ၏မူလဖုန်းနံပါတ်အတိုင်း အခမဲ့လဲလှယ်နိုင်ပါသည်။

၅။ 4G ဆင်းမ်ကတ်လဲလှယ်နိုင်သည့် MPT ပစ္စည်းအရောင်းဆိုင်များ မည်သည့်နေရာတွင် ရှိပါသနည်း။

အနီးဆုံး MPT branded shops များနှင့် ကိုယ်စားလှယ်ဆိုင်များစာရင်းကို ဤ link (https://mpt.com.mm/mm/mpt-shops-mm/) တွင်စစ်ဆေးနိုင်ပါသည်။

၆။ MPT အရောင်းဆိုင်များသို့ 4G ဆင်းမ်ကတ်လဲလှယ်ဖို့သွားလျင် ဘာတွေယူသွားဖို့လိုပါသလဲ။

(၁) သင်၏လဲလှယ်လိုသော 2G/3G ဆင်းမ်ကတ်

(၂) မှတ်ပုံတင် မူရင်းနှင့် မိတ္တူ ယူသွားရန်လိုအပ်ပါသည်

၇။ MPT အရောင်းဆိုင်များသို့ 4G ဆင်းမ်ကတ်လဲလှယ်ဖို့သွားလျင် အချိန်ဘယ်လောက်ကြာနိုင်ပါသလဲ။

4G ဆင်းမ်ကတ်လဲလှယ်ခြင်းအတွက်နေ့ချင်းပြီးဆောင်ရွက်ပေးပါသည်။ သို့သော် သွား ရောက်လျှောက်ထားသည့်ဆိုင်ပေါ်မူတည်၍ လူဦးရေ အနည်းအများပေါ်မူတည်၍ အချိန်ကြာကောင်းကြာနိုင်ပါသည်။

၈။ 4Gဆင်းမ်ကတ်လဲလှယ်ခြင်းအတွက် အခကြေးငွေပေးရန်လိုအပ်ပါသလား။

4Gဆင်းမ်ကတ်လဲလှယ်ခြင်းအတွက် အခမဲ့ဖြစ်ပါသည်။

၉။ မိမိ၏မူလဖုန်းနံပါတ်ပြောင်းလဲသွားနိုင်ပါသလား။

မပြောင်းလဲပါ။ မိမိ၏မူလဖုန်းနံပါတ်အတိုင်း 4Gဆင်းမ်ကတ်လဲလှယ်နိုင်ပါသည်။

၁၀။ MPT ၏ LTE network ကို ဘယ်လိုအသုံးပြုနိုင်ပါသလဲ။

MPT ၏ data package များဝယ်ယူပြီး LTE network ကိုအသုံးပြုလိုက်ပါ။

Change from Postpaid to Prepaid

၁ ။ Postpaid မှ Prepaid သို့ ပြောင်းလဲခြင်းဆိုတာဘာလဲ။

Postpaid မှ Prepaid သို့ ပြောင်းလဲခြင်းဆိုသည်မှာ ယခုလက်ရှိတွင် Postpaid ဝန်ဆောင်မှုစနစ် (အသုံးပြုပြီးနောက်လတွင် ထွက်ရှိလာသည့် invoice အားငွေပေးချေရသည့်စနစ်) မှ Prepaid ဝန်ဆောင်မှုစနစ် (ဖုန်းဘေလ်ကြိုတင်ဖြည့်ပြီး အသုံးပြုရသည့်စနစ်) သို့ ပြောင်းလဲခြင်း ကို ဆိုလိုပါသည်။

၂ ။ Postpaid to Prepaid ပြောင်းလဲခြင်းကို ဘယ်လိုလုပ်လို့ရမလဲ?

နိုဝင်ဘာလ (၁)ရက်နေ့ မှစတင်ပြီး

(က) ရန်ကုန်မြို့ရှိ Mobile သုံးစွဲသူများသည် ရန်ကုန်မြို့ရှိ (လမ်း ၄၀ ရုံး)နှင့် ဆူးလေ၊ အလုံ နှင့် အင်းစိန် တယ်လီဖုန်းအခွန်ဌာန (TRA) များတွင် လျှောက်လွှာပုံစံ ဖြည့်စွက်ပြီး လျှောက်ထားနိုင်ပါသည်။

(ခ) အခြားနယ်များမှ Mobile သုံးစွဲသူများသည် တိုင်းနှင့်ပြည်နယ်အသီးသီးရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ စီးပွားရေးဌာနများ တွင် လျှောက်ထားနိုင်ပါသည်။

(ဂ) ရန်ကုန်မြို့ရှိ PSTN သုံးစွဲသူများသည် ရန်ကုန်မြို့ရှိ (လမ်း ၄၀ ရုံး) သို့ တွင် လျှောက်ထားနိုင်ပါသည်။

၃ ။ ရန်ကုန်မြို့ရှိ Postpaid to Prepaid ပြောင်းလဲခြင်းကို လက်ခံဆောင်ရွက်ပေးနေသော ရုံးလိပ်စာများ သိချင်ပါတယ်။

လမ်း(၄၀) ရုံး – အမှတ်(၁၀၃)၊ လမ်း(၄၀)၊ စီးပွားရေးဌာန၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။ ဖုန်းနံပါတ်- ၀၁-၂၅၂၃၂၂၊ ၀၁-၂၅၄၂၅၄ သို့ ဆက်သွယ်နိုင်ပါသည်။

ဆူးလေရုံး – အမှတ် (၄၆၅/၄၆၉)၊ မဟာဗန္ဓုလလမ်းနှင့် ဗိုလ်ဆွန်ပက်လမ်းထောင့်၊ ပန်းဘဲတန်းမြို့နယ်၊ ရန်ကုန်မြို့။

အလုံရုံး -အမှတ်(၁၈၉)၊ အောက်ကြည့်မြင်တိုင်လမ်းနှင့်သစ်တောလမ်းထောင့်၊ အလုံမြို့နယ်၊ ရန်ကုန်မြို့။

အင်းစိန်ရုံး – အမှတ်(၂)၊ လှိုင်မြင့်လမ်း၊ အရှေ့ရွာမ၊ အင်းစိန်မြို့နယ်၊ ရန်ကုန်မြို့။

၄ ။ Postpaid to Prepaid ပြောင်းလဲခြင်းကို ဘယ်အချိန်တွေမှာ လုပ်လို့ရမလဲ?

တနင်္လာနေ့မှ သောကြာနေ့အထိ (အစိုးရရုံးပိတ်ရက်များမှအပ) မနက် (၉:၃၀) နာရီ မှ နေ့လည် (၂:၀၀) နာရီအတွင်း သွားရောက်လျှောက်ထားနိုင်ပါတယ်။

၅ ။ Postpaid to Prepaid ပြောင်းလဲခြင်းအား လျှောက်ထားရန် ဘာစာရွက်စာတမ်းတွေ လိုအပ်မလဲ?

၁- နိုင်ငံသားစီစစ်ရေးကဒ်ပြားမိတ္တူ။

၂- မူရင်းပိုင်ဆိုင်မှုအထောက်အထားစာချုပ်/စာအုပ်။

၃- ကိုယ်စားလှယ်လွှဲစာ၊    မူရင်းပိုင်ရှင်၏     နိုင်ငံသားစီစစ်ရေးကဒ်ပြားမူရင်း (မူရင်းပိုင်ရှင်ကိုယ်စား လျှောက်ထားလာမှုအတွက်)။

၆ ။ Postpaid to Prepaid ပြောင်းလဲခြင်းအား လျှောက်ထားရန် ဘယ်လောက်ပေးဆောင်ရမလဲ?

Postpaid to Prepaid ပြောင်းလဲခြင်းအတွက် ဝန်ဆောင်ခ ပေးဆောင်ရန် မလိုအပ်ပါ။

သုံးစွဲသူမှ Postpaid မှ Prepaid ပြောင်းလဲခြင်း မပြုလုပ်မှီ အောက်ဖော်ပြပါအတိုင်း ငွေပေးဆောင်ရမည်။

၁)Postpaid စနစ်အသုံးပြုစဉ်ကာလအတွင်း ထွက်ရှိထားသော လစဉ်ကြေးများ အားလုံး နှင့်

၂) နောက်လတွင် ထွက်ရှိလာမည့် လစဉ်ကြေးငွေတောင်းခံလွှာများအတွက် ကြိုတင်ငွေ

  • လစဉ် (၁)ရက်နေ့မှ (၆)ရက်နေ့အတွင်း လျှောက်ထားပါက နောက်ဆုံးထွက်ရှိထားသော လစဉ်ငွေတောင်းခံလွှာ၏ သုံးလစာနှင့်ညီမျှသော ကြိုတင်ငွေ
  • လစဉ် (၇)ရက်နေ့မှ လတစ်လ၏ နောက်ဆုံးရက်နေ့အတွင်း လျှောက်ထားပါက နောက်ဆုံးထွက်ရှိထားသော လစဉ်ကြေး၏ နှစ်လစာနှင့်ညီမျှသော ကြိုတင်ငွေ

၇ ။ Postpaid to Prepaid ကို ပြောင်းလဲရန် အချိန်ဘယ်လောက်ကြာမလဲ။

သုံးစွဲသူမှ လိုအပ်သော စာရွက်စာတမ်းများထောက်ပံ့ခြင်း၊ လျှောက်လွှာအား ပြည့်စုံစွာ ဖြည့်စွက်ပေးခြင်း၊ထွက်ရှိပြီးသော လစဉ်ငွေတောင်းခံလွှာအားလုံး နှင့် သတ်မှတ်ထားသော ကြိုတင်ငွေများ ပေးချေပြီးပါက  ရုံးဖွင့်ရက် တစ်ရက်အတွင်း Postpaid to Prepaid ကို ပြောင်းလဲပေးပါမည်။

၈ ။ Postpaid account တွင် ပိုနေသည့်ငွေနှင့် လိုသည့်ငွေများအား ရှိပါက မည်သို့ပြုလုပ်မည်နည်း။

Postpaid မှ Prepaid သို့ ပြောင်းလဲရန် လျှောက်ထားသည့်အချိန်တွင် ပေးသွင်းခဲ့သော ကြိုတင်ငွေထဲမှ နောက်လတွင်ထွက်ရှိလာမည့် ငွေတောင်းခံလွှာကို ခုနှိမ်ပြီးနောက် Postpaid စနစ် အသုံးပြုစဉ်ကာလ တွင် ကြွေးကျန် ကျန်ရှိနေသေးပါက MPT မှ စာတိုပေးပို့ပြီး အဆိုပါ ကြွေးကျန်အား Prepaid account ထဲသို့ ပြောင်းရွှေ့သွားမည် ဖြစ်ပြီး Prepaid လက်ကျန်ငွေထဲမှ ဖြတ်တောက်သွားမည်။Postpaid account တွင် ကြိုတင်ငွေ ကျန်ရှိနေပါက MPT မှ စာတိုပေးပို့ပြီး အဆိုပါ ကြိုတင်ငွေ လက်ကျန်အား Prepaid account ထဲသို့ ပြောင်းရွှေ့ပေး သွားမည် ဖြစ်သည်။

MPT U-Life

၁ ။ MPT U-Life ယူလိုက်ဖ် ဆိုတာ ဘာလဲ ?

MPT U-Life (ယူလိုက်ဖ်) သည် MPT SIM သုံးစွဲသူများအတွက်သီးသန့်ပြုလုပ်ထားသည့် ဒစ်ဂျစ်တယ်အာမခံ ၀န်ဆောင်မှုတစ်ခုဖြစ်ပြီး ဇီ၀က- ကျန်းမာရေးအာမခံ နှင့်သက်တော်စောင့်- ကိုယ်အင်္ဂါထိခိုက်မှုအာမခံ ပေါ်လစီ များကို ၀ယ်ယူပြီး ထပ်ဆောင်း MPT အကျိုးခံစားခွင့်များကိုလည်း ရယူနိုင်မှာဖြစ်ပါတယ်။

၂ ။ MPT U-Life ဒစ်ဂျစ်တယ်အာမခံ၀န်ဆောင်မှုကိုအသုံးပြုခြင်းဖြင့် ဘယ်လို အကျိုးကျေးဇူး တွေရရှိနိုင်ပါသလဲ?

လက်ရှိ COVID-19 ကပ်ရောဂါကာလတွင် customer များအနေဖြင့် MPT U-Life(ယူလိုက်ဖ်) ၏ဒစ်ဂျစ်တယ်အာမခံ၀န်ဆောင်မှုများအား လူခြင်းထိတွေ့စရာမလိုဘဲ အွန်လိုင်းမှတဆင့် အလွယ်တကူ ၀ယ်ယူနိုင်ခြင်း ၊ ငွေသား အသုံးပြုစရာမလိုပဲ ဒစ်ဂျစ်တယ်ငွေပေးချေမှုများဖြင့် ပေးချေနိုင်ခြင်း တို့အပြင် MPT ၏ ပရိုမိုးရှင်းတစ်ခုချင်းစီတွင် ထပ်ဆောင်း အကျိုးခံစားခွင့်များကိုပါ ရယူနိုင်မှာဖြစ်ပါတယ်။

၃ ။ MPT U-Life (ယူလိုက်ဖ်) ဒစ်ဂျစ်တယ်အာမခံ ၀န်ဆောင်မှုအား မည်သူတွေ ဝယ်ယူနိုင်ပါသလဲ?

MPT SIM Card အသုံးပြုနေသူများအားလုံး ဝယ်ယူနိုင်ပါတယ်။

၄ ။ အာမခံ အမျိုးအစား ဘယ်နှမျိုးရှိပါသလဲ?

အာမခံ အမျိုးအစား ၂မျိုးရှိပါတယ်။
၁။ ဇီဝက ကျန်းမာရေးအာမခံ
၂။ သက်တော်စောင့် ကိုယ်အင်္ဂါထိခိုက်မှုအာမခံ များဖြစ်ပါတယ်။

၅ ။ ဒီအာမခံနှစ်ခု ရဲ့ ကွာခြားချက်တွေက ဘာတွေပါလဲ?

ဇီဝက ကျန်းမာရေးအာမခံသည် COVID-19 ကဲ့သို့ရောဂါများ ၊အခြားသော နေမကောင်းဖျားနာမှုများ ၊ မတော်တဆထိခိုက်ခြင်းများနှင့် ဆက်စပ် သောဆေးရုံတက်ကုသမှုများအတွက်အကျုံးဝင်ပြီးသက်တော်စောင့် ကိုယ်အင်္ဂါထိခိုက်မှုအာမခံ သည်မတော်တဆထိခိုက် မှုများအတွက်သာအကျုံးဝင်ပါသည် ဥပမာ: မတော်တဆမှုများနှင့်ဆက်နွယ်သောဆေးရုံတက်ရခြင်းနှင့်အလုပ်မလုပ်နိုင် ခြင်းစသည်တို့ဖြစ်သည်။ အသေးစိတ်သိရှိလိုပါကသက်ဆိုင်ရာအာမခံကုမ္ပဏီ hotlines ဖုန်းများဖြစ်သည့် ဇီဝက ကျန်းမာရေးအာမခံ Hotlines ဖုန်း (09400083003 ၊ 09400083004) နှင့် သက်တော်စောင့် ကိုယ်အင်္ဂါထိခိုက်မှုအာမခံ Hotlines ဖုန်း (09 777 100 555) များသို့ နေ့စဉ် တနင်္လာနေ့ မှ သောကြာနေ့ (နံနက် (၉) နာရီမှ ညနေ (၅) နာရီအတွင်း) ခေါ်ဆိုမေးမြန်းစုံစမ်းနိုင်ပါတယ်။

၆ ။MPT U-Life (ယူလိုက်ဖ်) မှတဆင့် အာမခံ ဝယ်ခြင်းဖြင့် MPT user များအတွက် ဘယ်လိုအကျိုးခံစားခွင့်တွေ ပိုမိုရရှိနိုင်ပါssမလဲ?

MPT U-Life (ယူလိုက်ဖ်) ဒစ်ဂျစ်တယ်အာမခံ ၀န်ဆောင်မှုအား အသုံးပြုခြင်းဖြင့် Customer များအနေဖြင့် သက်ဆိုင်ရာ အာမခံ အကျိုးခံစားခွင့်များအပြင်MPTမှထပ်ဆောင်းပေးသော Promotion များကိုပါ ခံစားနိုင်မှာဖြစ်ပါတယ်။

၇ ။အာမခံတစ်ခုစီအတွက် အခြေခံစျေးနှုန်းမှာ ဘယ်လောက်ပါလဲ?

ဇီဝက ကျန်းမာရေးအာမခံကို (သင်၏အသက်အုပ်စုအလိုက်) ၅,၆၀၀ကျပ်မှစတင်၀ယ်ယူနိုင်ပြီး သက်တော်စောင့် ကိုယ်အင်္ဂါထိခိုက်မှုအာမခံကို ၁,၂၅၀ ကျပ် မှစတင်၀ယ်ယူနိုင်ပါတယ်။

၈ ။အာမခံအကြောင်းအသေးစိတ်ကိုမည်သည့်နေရာတွင်ကြည့်ရှုနိုင်ပါသလဲ?

“ပိုမိုကြည့်ရှုရန်” အား နှိပ်ပြီး သက်ဆိုင်ရာ အာမခံ၏ စျေးနှုန် ၊ အာမခံ အကာအကွယ်၊ အာမခံ သက်တမ်းကာလ နှင့် အာမခံ အကျိုးခံစားခွင့် တောင်းခံခြင်း များအကြောင်းအသေးစိတ်ကြည့်ရှုနိုင်ပါတယ်။

၉ ။ လူတစ်ဦး တည်းမှ ဇီဝက နှင့် သက်တော်စောင့် အာမခံ နှစ်ခုလုံးအား၀ယ်ယူနိုင်ပါသလား?

၀ယ်ယူသူ၏ အာမခံ အကာအကွယ်လိုအပ်ချက်ပေါ်မူတည်ပြီးအာမခံ၀န်ဆောင်မှုနှစ်ခုလုံးအား ၀ယ်ယူနိုင်ပါတယ်။

၁၀ ။ အာမခံ၀န်ဆောင်မှု ကိုဘယ်လိုဝယ်ရမလဲ?

MPT Platform စာမျက်နှာ မှတဆင့် ကြိုက်နှစ်သက်ရာ အာမခံအမျိုးအစားအား ရွေးချယ်ပြီး “ဇီဝက အာမခံ လျှောက်ထားရန်” သို့ “သက်တော်စောင့် အာမခံ လျှောက်ထားရန်” ကို Click နှိပ်ကာ ဝယ်ယူနိုင်ပါတယ်။

၁၁ ။ အာမခံကြေးဘယ်လိုပေးသွင်းရမလဲ?

MPT Pay သို့မဟုတ် MPT ဖုန်းလက်ကျန်ငွေနဲ့ အာမခံကြေးပေးနိုင်ပါတယ်။ သို့သော် အာမခံ၀ယ်ယူရန် လုံလောက်သော လက်ကျန်ငွေထားရှိရန်လိုအပ်ကြောင်း သတိပြုစေလိုပါတယ်။

၁၂ ။ အာမခံ အကျိုးခံစားခွင့် မည်သို့ တောင်းခံနိုင်ပါသလဲ?

၀ယ်ယူသူအနေဖြင့် အွန်လိုင်းမှ တဆင့် သက်ဆိုင်ရာ အာမခံ အကျိုးခံစားခွင့် တောင်းခံခြင်း အတွက် လျှောက်ထားနိုင်ပြီး လိုအပ်သောအချက်အလက် နှင့်စည်းမျည်းစည်းကမ်း အသေးစိတ်များအတွက် သက်ဆိုင်ရာအာမခံ ကုမ္ပဏီများ၏ Hotlines ဖုန်းများဖြစ်သည့် ဇီဝက ကျန်းမာရေးအာမခံ Hotlines ဖုန်း (09400083003 ၊ 09400083004) နှင့် သက်တော်စောင့် ကိုယ်အင်္ဂါထိခိုက်မှုအာမခံ Hotlines ဖုန်း (09 777 100 555) များသို့ နေ့စဉ် တနင်္လာနေ့ မှ သောကြာနေ့ ( နံနက် (၉) နာရီမှ ညနေ (၅) နာရီအတွင်း ) ခေါ်ဆိုမေးမြန်းစုံစမ်း နိုင်ပါတယ်။

Sim Validity

1. MPT ဆင်းမ်ကတ်မှာ သက်တမ်းကုန်ဆုံးရက်ရှိပါသလား။

  • MPT ဆင်းမ်ကတ်များမှာ သက်တမ်းကုန်ဆုံးရက်ရှိပါသည်။ ဆင်းမ်ကတ်များကို ဝယ်ယူပြီး‌နောက် မှတ်ပုံတင်ခြင်း ပြုလုပ်ရပါမည်။

မှတ်ပုံတင်ပြုလုပ်ပြီးပါက ရက်ပေါင်း (၁၈၀) အတွင်း  ပထမဆုံးအကြိမ် ဖုန်းခေါ်ဆိုခြင်း၊ စာတိုပေးပို့ခြင်း၊ USSD အသုံးပြုခြင်း (သို့မဟုတ်) ဖုန်းငွေဖြည့်ခြင်းစသည့် လုပ်ဆောင်ချက်တစ်ခုခု ပြုလုပ်ပြီး ဆင်းမ်ကတ်ကို Activate ပြုလုပ်ပေးရမည် ဖြစ်သည်။

သုံးစွဲသူများအနေဖြင့် ဆင်းမ်ကတ်ကို ဆက်လက်အသုံးပြုနိုင်ရန် အတွက် ရက်ပေါင်း ၆၀ အတွင်း ဖုန်းငွေဖြည့်သွင်းခြင်း ပြုလုပ်ရပါမည်။

  • ဆင်းမ်ကတ်များသည် ရက်ပေါင်း ၆၀ အတွင်း ဖုန်းငွေဖြည့်သွင်းခြင်း မပြုလုပ်ပါက အဆိုပါကာလနောက်ပိုင်းတွင် အ၀င်ဖုန်းခေါ်ဆိုမှု လက်ခံ ခြင်းသာ ပြုလုပ်နိုင်သည့် အနေအထားသို့ ရောက်ရှိသွားမည်ဖြစ်ပြီး အထွက်ဖုန်းခေါ်ဆိုခြင်း၊ စာတိုပေးပို့ခြင်း၊ မိုဘိုင်းလ်ဒေတာသုံးစွဲမှုနှင့် အခြားသော အခပေး ဝန်ဆောင်မှုများကို ဆောင်ရွက်နိုင်တော့မည် မဟုတ်ပါ။ ၎င်းအနေအထားသို့ ရောက်ရှိနေသည့် ဆင်းမ်ကတ် အား ရက်ပေါင်း (၃၀) ကာလအတွင်း ဖုန်းငွေဖြည့်သွင်းပြီး ပြန်လည်သက်ဝင် စေနိုင်မည်ဖြစ်ပြီး အကယ်၍ အဆိုပါကာလအတွင်း ဖုန်းငွေဖြည့်သွင်း ခြင်း မပြုလုပ်ခဲ့ပါက အထွက်ဖုန်းခေါ်ဆိုခြင်း ၊ အ၀င် ဖုန်းခေါ်ဆိုမှု လက်ခံခြင်း၊ စာတိုပေးပို့ခြင်း၊ မိုဘိုင်းလ်ဒေတာ သုံးစွဲမှုနှင့် အခြား ဝန်ဆောင်မှုများအား ပြုလုပ်နိုင်တော့မည် မဟုတ်ပါ။ ယင်းအနေအထားသို့ ရောက်ရှိနေသည့် ဆင်းမ်ကတ်အား ရက်ပေါင်း (၆၀) ကာလအတွင်း ဖုန်းငွေဖြည့်သွင်း၍ ပြန်လည် သက်ဝင်စေနိုင်မည် ဖြစ်ပြီး အကယ်၍ အဆိုပါ ကာလအတွင်း ဖုန်းငွေဖြည့်သွင်းခြင်း မပြုလုပ်ခဲ့ပါက ဆင်းမ်ကတ်ကို ဆက်လက်အသုံးပြုနိုင်တော့မည် မဟုတ်ပါ။
  • ဆက်လက်အသုံးပြုနိုင်တော့သော ဆင်းမ်ကတ်ကို နီးစပ်ရာ MPT Own Shop များတွင် ရက် ၆၀ ကာလအတွင်း ဆင်းမ်ကတ်အသုံးပြုခွင့် ပြန်လည်လျှောက်ထားရယူပါ။
  • ရက် ၆၀ အတွင်း ပြန်လည် လျှောက်ထားခြင်းမရှိသော ဆင်းမ်ကတ် များအား အခြား သုံးစွဲသူတစ်ဦးသို့ သတ်မှတ်ပေး မည်ဖြစ်ပါသည်။

2. ဆင်းမ်ကတ်သက်တမ်းကို ဘယ်လိုတိုးမြှင့်နိုင်ပါသလဲ။

ဖုန်းငွေဖြည့်မှုတစ်ကြိမ်ပြုလုပ်တိုင်း ဆင်းမ်ကတ်သက်တမ်းကို ၃၆၅ ရက်သို့ တိုးမြှင့်ပေးမှာဖြစ်ပါတယ်။ အသေးစိတ်ကိုအောက်ပါဇယားတွင်ဖော်ပြထားပါသည်။

ငွေဖြည့်ပမာဏ ဆင်းမ်ကတ်သက်တမ်း
၅၀၀ကျပ် ၃၆၅ ရက်သို့
၁၀၀၀ ကျပ် ၃၆၅ ရက်သို့
၃၀၀၀ ကျပ် ၃၆၅ ရက်သို့
၅၀၀၀ ကျပ် ၃၆၅ ရက်သို့
၁၀၀၀၀ ကျပ် ၃၆၅ ရက်သို့

3. Postpaid စနစ်အသုံးပြုတဲ့ ဆင်းမ်ကတ်တွေမှာရော သက်တမ်းကုန်ဆုံးရက်ရှိပါသလား။

Postpaid စနစ်အသုံးပြုသော ဆင်းမ်ကတ်များတွင် သက်တမ်းကုန်ဆုံးရက်မရှိပါ။

4. ဆင်းမ်ကတ်သက်တမ်းကို ဘယ်လိုစစ်ဆေးကြည့်နိုင်ပါသလဲ။

*124# ကိုရိုက်နှိပ်ခေါ်ဆိုခြင်းဖြင့်လည်းကောင်း၊ ၁၃၃၁သို့ BAL သို့ အခမဲ့စာတိုပေးပို့ ခြင်းဖြင့်လည်းကောင်း စစ်ဆေးကြည့်နိုင်ပါသည်။

5. တစ်နှစ်အတွင်း ဖုန်းငွေဖြည့်မှု့လုံး၀မပြုလုပ်ပါက ဘာဖြစ်မှာပါလဲ။

၃၆၅ ရက်အတွင်းဖုန်းငွေဖြည့်ခြင်းလုံးဝမပြုလုပ်ပါက တစ်နှစ်ကျော်လွန်သည့် အချိန်မှစ၍ ဆင်းမ်ကတ်ကိုအပြည့်အဝ အသုံးပြုနိုင်တော့မည်မဟုတ်ပါ။
တစ်နှစ်ကျော်လွန်ပြီးနောက် ဖုန်းငွေဖြည့်ခြင်းမရှိပါက ပထမ ရက်၃၀အတွင်း အ၀င်ဖုန်းခေါ်ဆိုမှု လက်ခံခြင်းသာ ပြုလုပ်နိုင် သည့် အနေအထားသို့ ရောက်ရှိသွားမည်ဖြစ်ပြီး အထွက်ဖုန်း ခေါ်ဆိုခြင်း၊ စာတိုပေးပို့ခြင်း၊ မိုဘိုင်းလ်ဒေတာ သုံးစွဲမှုနှင့် အခြား သော အခပေး ဝန်ဆောင်မှုများ အသုံးပြုခြင်း တို့ ပြုလုပ်နိုင်မည် မဟုတ်ပါ။
နောက်ထပ် ရက် ၆၀ အတွင်း အထွက်ဖုန်းခေါ်ဆိုခြင်း၊ အ၀င်ဖုန်း ခေါ်ဆိုမှုလက်ခံခြင်း၊ စာတိုပေးပို့ခြင်း၊ မိုဘိုင်းလ်ဒေတာ သုံးစွဲမှု နှင့် အခြားဝန်ဆောင်မှုများကို ပြုလုပ်နိုင်တော့မည်မဟုတ်ပါ။

6. ပြင်ပဖုန်းခေါ်ဆိုမှုများကို လက်ခံနိုင်သော်လည်း ( Incoming Call ) အခြားဖုန်းနံပါတ်များကို ဖုန်းခေါ်ဆိုမှု ( Outgoing Call ) မပြုလုပ်နိုင်ပါ။ ဘာ့ကြောင့်ပါလဲ။

၁၃၃၁သို့ BAL ဟု အခမဲ့စာတိုပေးပို့ပြီး ဆင်းမ်ကတ်သက်တမ်းကိုစစ်ဆေးကြည့်ပါ။ ဆင်းမ်ကတ်သက်တမ်း “0” ဖြစ်နေပါက ဆင်းကတ်အသုံးပြုခွင့်ကို ယာယီဆိုင်းငံ့ခံထားရပြီ (ဖုန်းငွေမဖြည့်သည်မှာ တစ်နှစ်ကြာပြီဖြစ်သောကြောင့်) ဖြစ်ပါသည်။ဆင်းမ်ကတ်ကိုပြန်လည်အသုံးပြုနိုင်ရန် ဖုန်းငွေဖြည့်ပေးပါ။

best operator in Myanmar