ကြိုက်ရာခေါ် Pack
မိမိကြိုက်နှစ်သက်ရာ ပြည်တွင်းဖုန်းအားလုံးကို ဈေးနှုန်းသင့်တင့်စွာ ခေါ်ဆိုနိုင်သည့်အပြင် လက်ကျန်မိနစ်များကိုလည်း သက်တမ်းကုန်ဆုံးပြီး (၇)ရက်အတွင်း ပေါင်းစည်းသယ်ဆောင်နိုင်မည့် ပထမဦးဆုံး Carry-Over function ပါဝင်သည့် “ ကြိုက်ရာခေါ်” Pack ကို လေးစားရပါသော သုံးစွဲသူအားလုံးအတွက် MPTက မိတ်ဆက်ပေးလိုက်ပါပြီ။
ကြိုက်ရာခေါ် Pack Regular
-
၇ရက်သုံး ကြိုက်ရာခေါ် ပက်ကေ့ချ်
စျေးနှုန်း : ၄၉၇ ကျပ်
မိနစ်များ : ၂၀ မိနစ် (Anycall)
သက်တမ်း : ၇ ရက်
ဝယ်ယူရန် : MPT4U, *997*3#
MPT4U မှဝယ်ယူရန် USSD ဖြင့်ဝယ်ယူရန် -
၁၅ရက်သုံး ကြိုက်ရာခေါ် ပက်ကေ့ချ်
စျေးနှုန်း : ၉၉၇ ကျပ်
မိနစ်များ : ၅၀ မိနစ် (Anycall)
သက်တမ်း : ၁၅ ရက်
ဝယ်ယူရန် : MPT4U, *997*1#
MPT4U မှဝယ်ယူရန် USSD ဖြင့်ဝယ်ယူရန် -
၃၀ရက်သုံး ကြိုက်ရာခေါ် ပက်ကေ့ချ်
စျေးနှုန်း : ၁၉၉၇ ကျပ်
မိနစ်များ : ၁၀၀ မိနစ် (Anycall)
သက်တမ်း : ၃၀ရက်
ဝယ်ယူရန် : MPT4U, *997*2#
MPT4U မှဝယ်ယူရန် USSD ဖြင့်ဝယ်ယူရန်
Carry over function [သက်တမ်းကုန်ဆုံးပြီး ၇ရက်အတွင်း လက်ကျန် Voice မိနစ်များ သယ်ဆောင် ခွင့်ရှိသည်]
ပရိုမိုးရှင်းကာလသည် ၂၀၂၁ခုနှစ် ဧပြီလ(၂၉) ရက်နေ့မှ ထပ်မံမကြေညာခင်အချိန်အထိ အကျုံးဝင်သည်။

ကြိုက်ရာခေါ်ပက်ကေ့ချ်ရော ကြင်ကြင်နာနာပက်ကေ့ချ်ကိုပါ တစ်ချိန်တည်းမှာဝယ်ယူထားပြီးသားဆိုရင်တော့ ဒီပက်ကေ့ချ်နှစ်ခုလုံးက ဖုန်းပြောမိနစ်ပမာဏတွေကို MPT4U မှာရှိတဲ့ ကြင်ကြင်နာနာ ပက်ကေ့ချ် Voice Transfer Section မှတစ်ဆင့် မိမိချစ်ခင်ရသူတွေဆီ ဖုန်းပြောမိနစ်တွေမျှဝေပေးနိုင်ပါပြီ။

ကြိုက်ရာခေါ် Pack Auto Renew
ဖုန်းပြောမိနစ်တွေကုန်သွားမှာ စိတ်ပူစရာမလိုပဲ ပြည်တွင်းဖုန်းအားလုံးကို လွယ်ကူစွာစိတ်ကြိုက်ခေါ်ဆိုနိုင်မည့် ပထမဦးဆုံး Auto Renewal Function ပါ၀င်သည့် “Auto Renewal ကြိုက်ရာခေါ်“ pack ကို မြန်မာနိုင်ငံရဲ့ပထမဆုံးနှင့်ကွန်ရက်အကျယ်ပြန့်ဆုံး Operator ဖြစ်သော MPTမှ မိတ်ဆက်ပေးလိုက်ပါပြီ။
သုံးစွဲသူများ ကြုံတွေ့လေ့ရှိသော အခက်အခဲများ
ဖုန်းပြောမိနစ်တွေကုန်ဆုံးသွားချိန်တွင် မိမိ၏ လက်ကျန်ဖုန်းဘေလ်များမှ ဖုန်းခေါ်ဆိုမှုအတွက် ဘေလ်ဖြတ်တောက်ခံရခြင်း။
အရေးကြီးသော ဖုန်းပြောဆိုနေစဉ်အတွင်း ပက်ကေ့ချ် သက်တမ်းကုန်သွားသောအခါ ပက်ကေ့ချ် ထပ်မံ၀ယ်ယူရခြင်း။
ပြည်တွင်းဖုန်းအားလုံးကို ဖုန်းခေါ်ဆိုရာတွင် ပက်ကေ့ချ်နှင့်မဟုတ်ပဲ သုံးသလောက်ပေးနှုန်းထားနှင့်ခေါ်ဆိုမိပါက ၀န်ဆောင်ခပိုမိုကျသင့်နိုင်ခြင်း။
Auto Renewal ကြိုက်ရာခေါ်“ pack ကို အဆိုပြု၀ယ်ယူပြီးနောက် ရရှိနိုင်သော အကျိုးကျေးဇူးများ
၀ယ်ယူထားသော ပက်ကေ့ချ် သက်တမ်းကုန်သွားချိန် (သို့) လက်ကျန်မိနစ်များလျော့နည်းသွားချိန်တိုင်း အလိုအလျောက်သက်တမ်းတိုး ၀ယ်ယူသွားမှာ ဖြစ်လို့ လက်ကျန်ဖုန်းဘေလ်များမှ ဖုန်းခေါ်ဆိုမှုအတွက် ဘေလ်ဖြတ်တောက်ခံရခြင်းမှလည်း ကင်းဝေးစေမှာပါ။
Auto Renew Function ကို အဆိုပြု၀ယ်ယူထားပါက အရေးကြီးသော ဖုန်းခေါ်ဆိုမှုများ ပြုလုပ်နေစဉ်အတွင်း ဖုန်းပြောမိနစ်တွေ ကုန်ဆုံးသွားပါက ပက်ကေ့ချ်ထပ်မံ၀ယ်ယူရန်မလိုပဲ အလိုအလျောက်သက်တမ်းတိုး၀ယ်ယူပေးသွားမှာဖြစ်လို့ အပူအပင်မရှိ အချိန်ကုန်သက်သာလွယ်ကူစွာဆက်လက်ဖုန်းပြောဆိုနိုင်မှာပါ။
ပြည်တွင်းဖုန်းအားလုံးကို သင့်တင့်သောနှုန်းထားဖြင့် အလိုအလျောက်သက်တမ်းတိုး၀ယ်ယူပြီး လွယ်ကူစွာစိတ်ကြိုက်ခေါ်ဆိုနိုင်မှာဖြစ်လို့ သုံးသလောက်ပေးနှုန်းထားနှင့် ခေါ်ဆိုခြင်းကြောင့် ၀န်ဆောင်ခပိုမိုကျသင့်ခြင်းအား စိတ်ပူစရာမလိုတော့ပါ။
-
၇ရက်သုံး ကြိုက်ရာခေါ် ပက်ကေ့ချ်
စျေးနှုန်း : ၄၈၇ ကျပ်
မိနစ်များ : ၂၀ မိနစ် (Anycall)
သက်တမ်း : ၇ ရက်
ဝယ်ယူရန်: MPT4U, *997*3*3#
ပယ်ဖျက်ရန် : MPT4U, *997*3*4#
MPT4U မှဝယ်ယူရန် USSD ဖြင့်ဝယ်ယူရန် -
၁၅ရက်သုံး ကြိုက်ရာခေါ် ပက်ကေ့ချ်
စျေးနှုန်း :၉၇၇ ကျပ်
မိနစ်များ : ၅၀မိနစ် (Anycall)
သက်တမ်း : ၁၅ ရက်
ဝယ်ယူရန် : MPT4U, *997*1*3#
ပယ်ဖျက်ရန်: MPT4U, *997*1*4#
MPT4U မှဝယ်ယူရန် USSD ဖြင့်ဝယ်ယူရန် -
၃၀ရက်သုံး ကြိုက်ရာခေါ် ပက်ကေ့ချ်
စျေးနှုန်း : ၁၉၆၇ ကျပ်
မိနစ်များ : ၁၀၀ မိနစ် (Anycall)
သက်တမ်း : ၃၀ရက်
ဝယ်ယူရန် : MPT4U, *997*2*3#
ပယ်ဖျက်ရန်: MPT4U, *997*2*4#
MPT4U မှဝယ်ယူရန် USSD ဖြင့်ဝယ်ယူရန်
Carry over function[သက်တမ်းကုန်ဆုံးပြီး ၇ရက်အတွင်း လက်ကျန် Voice မိနစ်များ သယ်ဆောင် ခွင့်ရှိသည်]
အလိုအလျောက် သက်တမ်းတိုးပက်ကေ့ချ်များ ၏ လုပ်ဆောင်ချက်အသစ်များ
- လက်ရှိ၀ယ်ယူထားသော အလိုအလျောက်သက်တမ်းတိုးပက်ကေ့ချ်များအား စာရင်းသွင်းခြင်းမှ ပြန်လည်ပယ်ဖျက်ရန် မလိုအပ်ပဲအခြားသော နှုန်းထားပိုမြင့်သည့် အလိုအလျောက်သက်တမ်းတိုးပက်ကေ့ချ်များကို ထပ်မံဝယ်ယူနိုင်ခြင်း။
- မိမိ ၀ယ်ယူထားပြီးသော အလိုအလျောက် သက်တမ်းတိုးပက်ကေ့ချ်များအားလုံးကို တစ်နေရာတည်းတွင် စစ်ဆေးကြည့်ရှုနိုင်ခြင်း နှင့် စာရင်းသွင်း ခြင်းမှ လွယ်ကူစွာပြန်လည်ပယ်ဖျက်နိုင်ခြင်း။
- အထက်ပါလုပ်ဆောင်ချက်များကို အသုံးပြုနိုင်ရန်အတွက် “MPT4U ဗားရှင်းအသစ်” ကို အသုံးပြုရန်လိုအပ်ပါသည်။
- Android 4.5.6
- iOS 1.4.19
အဆိုပြု၀ယ်ယူထားသော အလိုအလျောက် သက်တမ်းတိုးပက်ကေ့ချ်များကို MPT4U မှာ အောက်ပါအတိုင်း ပြန်လည်ပယ်ဖျက်နိုင်ပါသည်။



သင်စိတ်ဝင်စားနိုင်သော ပရိုမိုးရှင်းများ
စည်းကမ်းသတ်မှတ်ချက်များ
၁။ မည်သည့် ကြိုက်ရာခေါ် ပက်ကေ့ချ် ကိုမဆို ဝယ်ယူပါက ပြည်တွင်း မှ ကြိုက်နှစ်သက်ရာ မည်သည့် ဖုန်းလိုင်းကိုမဆို ဖုန်းခေါ်ဆိုနိုင်မှာဖြစ်ပါတယ်။ (special / premium / call center / VAS related numbers မပါဝင်ပါ။) ပက်ကေ့ချ် ၏ မိနစ် နှင့် သက်တမ်းကိုပေါင်းစည်း သယ်ဆောင်နိုင်ပါသည်။
၂။ ဆွေသဟာ အစီအစဉ် ရယူထားသော GSM/WCDMA Prepaid/Postpaid နှင့် Base Tariff အသုံးပြုသူများ ဝယ်ယူနိုင်ပါသည်။ CDMA နှင့် လက်ရှိအသုံးပြုခြင်းမရှိသူများ ဝယ်ယူနိုင်မည်မဟုတ်ပါ။
၃။ ပက်ကေ့ချ်များ ၏ Voice Minutes သယ်ဆောင်နိုင်သောကာလမှာ ယင်း ပက်ကေ့ချ်၏ သက်တမ်း ကုန်ဆုံးပြီး (၇) ရက် အတွင်းဖြစ်ပါသည်။
၄။ ကြိုက်ရာခေါ် ပက်ကေ့ချ်များကို အကန့်အသတ်မရှိ ဝယ်ယူနိုင်မည်ဖြစ်ပြီး ပက်ကေ့ချ်၏ အရှည်ဆုံး သက်တမ်းအတိုင်း ပေါင်းစည်း အသုံးပြု နိုင်ပါသည်။
၅။ Voice Minutes သယ်ဆောင်နိုင်သော ကာလ (Package ၏ သက်တမ်းကုန်ဆုံးပြီး ၇ ရက်) အတွင်း ကြိုက်ရာခေါ် ပက်ကေ့ချ်အသစ်ဝယ်ယူပါက အသုံးပြုရန် ကျန်ရှိနေသော ပက်ကေ့ချ် Voice Minutes ကို ပက်ကေ့ချ် အသစ် ၏ သက်တမ်းအတိုင်း ပေါင်းစည်းအသုံးပြုနိုင်ပါသည်။
၆။ Voice Minutes ဒေတာသယ်ဆောင်နေသော ကာလ (Package ၏ သက်တမ်း ကုန်ဆုံးပြီး (၇) ရက်) အတွင်း ပက်ကေ့ချ်အသစ်ထပ်မံ မဝယ်ယူပါက ကျန်ရှိနေသော ပက်ကေ့ချ် Voice Minutes များကို အသုံးပြုနိုင်မည် မဟုတ်ပါ။
၇။ Voice Minutes အချင်းချင်း၏ သက်တမ်းနှင့် ဒေတာလက်ကျန်ကို ပေါင်းစည်းအသုံးပြုနိုင်ပါသည်။
၈။ ကြိုက်ရာခေါ် ပက်ကေချ့် များကို မည်သည့် channel မှ မဆို ဝယ်ယူနိုင်ပြီး ထိပေါက် chance ၁ခု ရရှိကာ MPT4U တွင် ကံစမ်းနိုင်ပါသည်။
မေးလေ့ရှိသောမေးခွန်းများ
၁။ ကြိုက်ရာခေါ် အစီအစဉ် ဆိုတာ ဘာလဲ?
ကြိုက်ရာခေါ် ဆို သည်မှာ MPT မှ ကိုယ်ချစ်ခင်ရတဲ့ မိသားစု၊မိတ်ဆွေ၊သူငယ်ချင်းများနဲ့ ပိုမိုဆက်သွယ်နိုင်ရန် သက်သာသော နှုန်းထားဖြင့် ပြည်တွင်း ဖုန်းအားလုံးကို စိတ်ကြိုက်ခေါ်ဆိုနိုင်အောင် စီစဥ်ပေးထားတဲ့ အစီအစဥ်လေး ဖြစ်ပါသည်။ special / premium / call center / VAS related numbers မပါဝင်ပါ။
၂။ ဘယ်လိုအကျိုးကျေးဇူးတွေရနိုင်လဲ?
မည်သည့် ကြိုက်ရာခေါ် ပက်ကေ့ချ် ကိုမဆို ဝယ်ယူပါက ကြိုက်နှစ်သက်ရာ ပြည်တွင်းမှ ဘယ် ဖုန်းလိုင်းကိုမဆို ခေါ်ဆိုနိုင်မှာဖြစ်ပါသည်။ ပက်ကေ့ချ် ထပ်မံဝယ်ယူတိုင်းမှာလဲ ပက်ကေ့ချ် ၏ voice minutes နှင့် သက်တမ်း များကို ပေါင်းစည်းသယ်ဆောင်နိုင်ပါသည်။
အမည် | စျေးနှုန်း (ကုန်သွယ်ခွန် ပါဝင်ပြီး) |
မိနစ်များ | သက်တမ်း | အကျိုးကျေးဇူး | ဝယ်ယူရန် |
---|---|---|---|---|---|
၇ရက်သုံး ကြိုက်ရာခေါ် ပက်ကေ့ချ် | ၄၉၇ ကျပ် | ၂၀ မိနစ် | ၇ ရက် | Carry over function [သက်တမ်းကုန်ဆုံးပြီး ၇ရက်အတွင်း လက်ကျန် Voice မိနစ်များ သယ်ဆောင် ခွင့်ရှိသည်] |
*997# (or) MPT4U App (or) MPT Pay |
၁၅ရက်သုံး ကြိုက်ရာခေါ် ပက်ကေ့ချ် | ၉၉၇ ကျပ် | ၅၀ မိနစ် | ၁၅ ရက် | ||
၃၀ရက်သုံး ကြိုက်ရာခေါ် ပက်ကေ့ချ် | ၁၉၉၇ ကျပ် | ၁၀၀ မိနစ် | ၃၀ ရက် |
၃။ အစီအစဉ်ကို မည်သူတွေ ဝယ်ယူအသုံးပြုနိုင်ပါသလဲ?
MPT GSM/WCDMA prepaid and postpaid [ဆွေသဟာ(သို့မဟုတ်)ရှယ်ပြော(သို့မဟုတ်)ရွှေစကား နှင့် Base Tariff အစီအစဉ်] အသုံးပြုနေသူများအားလုံး ၀ယ်ယူ အသုံးပြုနိုင်ပါသည်။ Special / premium / call center / VAS related numbers မပါဝင်ပါ။
၄။ အစီအစဉ်ကို ရယူရန် မည်သို့လုပ်ဆောင်ရမည်နည်း?
*997# သို့ဖုန်းခေါ် ဆို၍လည်းကောင်း၊ MPT4U App (သို့) MPT Money မှ လည်းကောင်း၊ နီးစပ်ရာ MPT အရောင်းဆိုင်များမှတဆင့် ဝယ်ယူနိုင်ပါသည်။
၅။ ပက်ကေ့ချ်ဈေးနှုန်းများမှာ အခွန်ပါဝင်ပြီးဖြစ်ပါသလား?
ပက်ကေ့ချ်ဈေးနှုန်းများမှာ အခွန် ၅% ပါဝင်ပြီးဖြစ်ပါတယ်။
၆။ လက်ကျန်ပမာဏကို ဘယ်လိုစစ်ဆေးနိုင်မှာလဲ?
*224# သို့ဖုန်းခေါ်ဆို၍လည်းကောင်း(သို့) MPT4U App မှတဆင့် လည်းကောင်း စစ်ဆေးကြည့်နိုင်ပါသည်။
၇။ ကြိုက်ရာခေါ် ပက်ကေ့ချ် ကို အကြိမ်အရေအတွက် ဘယ်လောက်ထိ ဝယ်ယူနိုင်မှာလဲ?
အကြိမ်အရေအတွက်အကန့်အသတ်မရှိ ဝယ်ယူနိုင်ပြီး မိနစ်သယ်ဆောင်ခွင့် ကာလအတွင်း ပက်ကေ့ချ်အသစ် ထပ်မံဝယ်ယူပါက ပက်ကေ့ချ်၏ မူလမိနစ်များ ကို ပေါင်းစည်းအသုံးပြုနိုင်သည့်အပြင် အရှည်ဆုံး ပက်ကေ့ချ်၏ သက်တမ်းအတိုင်းအသုံးပြုနိုင်ပါသည်။
၈။ ကြိုက်ရာခေါ် ပက်ကေ့ချ်များ၏ Voice Minutes သယ်ယူနိုင်သောကာလမှာ ဘယ်လောက်ပါလဲ?
ပက်ကေ့ချ်များ ၏ Voice minutes သယ်ယူနိုင်သောကာလမှာ ပက်ကေ့ချ် ၏ သက်တမ်းကုန်ဆုံးပြီး (၇)ရက် အတွင်း ဖြစ်ပါတယ်။
၉။ မိနစ်သယ်ဆောင်နေသော ကာလအတွင်းမှာ အသုံးမပြုရသေးတဲ့ မိနစ်တွေက ဘယ်လို ဖြစ်သွားမှာလဲ?
Voice minutes သယ်ဆောင်နေသော ကာလ (Package ၏ သက်တမ်း ကုန်ဆုံးပြီး (၇) ရက်) အတွင်းမှာ ကျန်ရှိနေသော ပက်ကေ့ချ်မိနစ်များကို အသုံးပြုနိုင်မည်မဟုတ်ပါ။ ထိုကာလအတွင်း Package အသစ်တစ်ခု ထပ်မံ ဝယ်ပါက ယခင်အသုံးပြုရန်ကျန်ရှိနေသော ပက်ကေ့ချ်မိနစ်များ ကို ပေါင်းစည်း အသုံးပြုနိုင် မှာ ဖြစ်ပါတယ်။
၁၀။ ကြိုက်ရာခေါ် ပက်ကေ့ချ် များကို ဝယ်ယူပြီး ထိပေါက်အစီအစဉ်တွင် ပါဝင်ကံစမ်း နိုင်ပါသလား?
ဟုတ်ကဲ့ ရပါတယ်။ မည်သည့် channel မှ မဆို ဝယ်ယူနိုင်ပြီး ထိပေါက် chance ၁ခု ရရှိကာ MPT4U တွင် ကံစမ်းနိုင်ပါသည်။
၁၁။ ကြိုက်ရာခေါ် ပက်ကေ့ချ် ကို တခြားသူများသို့ လက်ဆောင်ပေးလို့ ရပါသလား?
ရပါတယ်။ ကြိုက်ရာခေါ် ပက်ကေ့ချ် များကို တခြားသူများသို့ လက်ဆောင်ပေးလိုပါက MPT4U App မှတစ်ဆင့် (သို့) *997# မှတစ်ဆင့် အမှတ်စဉ် “2. Gift (သို့) 2. လက်ဆောင်ပေးမည်” ကို ရွေးချယ်ပြီး လက်ဆောင်ပေးမည့် ဖုန်းနံပါတ်ကိုရိုက်နှိပ်ပြီး လက်ဆောင်ပေးနိုင်ပါတယ်။