အလန်းစား Friday ပရိုမိုးရှင်း

သောကြာနေ့ကို  အလန်းစား ဖြတ်သန်းဖို့အတွက် စီစဉ်နေပြီလား?

သင့်ရဲ့သောကြာနေ့ကတော့ တခြားနေ့တွေနဲ့မတူဘဲ ပိုပြီးထူးခြားတက်ကြွနေမယ်လို့ထင်ပါတယ်။ ဒါကြောင့် MPTရဲ့သောကြာနေ့ အလန်းစားအခွင့်အရေးကောင်းကို လက်လွှတ်မခံဘဲ ရယူရွှင်လန်းလိုက်ပါ။

သောကြာနေ့တိုင်းမှာ အထူးလက်ဆောင်အနေနဲ့ MPTမှ စီစဉ်ပေးထားမှာဖြစ်ပြီး ဒီပရိုမိုးရှင်းမှာ အပတ်စဉ်ပါဝင်နိုင်ပါတယ်။

၉၇၉ကျပ်နှင့်အထက် Data Carry Plus ပက်ကေ့ချ်တွေကို USSD (သို့) MPT4U (သို့) အခြားဝယ်ယူရရှိနိုင်သော ချန်နယ်တွေကနေ သောကြာနေ့မှာ ဝယ်ယူလိုက်ရုံပါပဲနော်။

အလန်းစား Friday ပရိုမိုးရှင်း တွင်ပါဝင်ရန် ဝယ်ယူနိုင်သော ပက်ကေ့ချ်များ

ပက်ကေ့ချ်နှုန်းထား (ကျပ်)
ကုန်သွယ်ခွန်ပါဝင်ပြီး
မူလဒေတာ ပမာဏ
(ရက် ၃၀ သက်တမ်း) (MB)
ထပ်ဆောင်းအကျိုး
ခံစားခွင့်များ
မှတ်ချက်
Data Carry Plus – (Auto Renewal)Packages၉၇၉
၄၇၀ MB
၂၀၀ GB အထိ ကံထူးရယူနိုင်မည့် ထိပေါက်ကစားခွင့်
သောကြာနေ့တိုင်း အကြိမ် အကန့်အသတ်မရှိ ဝယ်ယူပြီး Friday A Lann Sar Bonus ခံစားခွင့် ကို အကန့်အသတ်မရှိ ရယူနိုင်မည်။
၁,၂၇၉
၆၁၅ MB
၁,၇၇၉
၈၆၀ MB
၂,၆၆၉
၁,၂၉၀ MB
Data Carry Plus Packages
၉၉၉ ကျပ်
၄၇၀ MB
၁,၂၉၉ ကျပ်
၆၁၅ MB
၁,၇၉၉ ကျပ်
၈၆၀ MB
၂,၆၉၉ ကျပ်
၁,၂၉၀ MB
၄,၄၉၉ ကျပ်
၂,၁၆၀ MB

၈,၉၉၉ ကျပ်
၄,၃၃၀ MB

၁၇,၉၉၉ ကျပ်
၈,၆၆၀ MB

၂၆,၉၉၉ ကျပ်
၁၃,၀၃၀ MB

အမေးများသောမေးခွန်းများ

၁။ “မြန်မာ့နှစ်ကူးနဲ့အတူ အလန်းစား Friday လက်ဆောင်ယူ” ပရိုမိုးရှင်းအစီအစဥ်ဆိုတာ ဘာလဲ။

ဖြေ။ ဤပရိုမိုးရှင်းအစီအစဥ်သည် MPT ဆင်းမ်ကတ်အား မှတ်ပုံတင်၍ အသုံးပြုလျက်ရှိသူများအားလုံး Online ပေါ်မှတဆင့် ပါဝင်ကံစမ်းဆောင်ရွက်နိုင်သည့် ပရိုမိုးရှင်းအစီအစဥ်တစ်ခုဖြစ်ပါသည်။

၂။ ဤပရိုမိုးရှင်းအစီအစဥ်မှာ ဘယ်သူတွေ ပါဝင်ကံစမ်းနိုင်ပါသလဲ။

ဖြေ။ MPT ၏ ဝန်ထမ်းများမှအပ MPT ဆင်းမ်ကတ်အား မှတ်ပုံတင်ပြီးအသုံးပြုလျက်ရှိသည့် မြန်မာနိုင်ငံအတွင်းရှိ မြန်မာနိုင်ငံသားများအားလုံး ပါဝင်ဆောင်ရွက်နိုင်ပါသည်။

၃။ ပရိုမိုးရှင်းအစီအစဥ် သက်တမ်းကာလက ဘယ်လောက်လဲ။

ဖြေ။ ပရိုမိုးရှင်းအစီအစဥ်သည် ၂၀၂၃ ခုနှစ် ၊ မတ်လ၊ (၁၇) ရက်နေ့မှ ၂၀၂၃ ခုနှစ်၊ ဧပြီလ၊ (၇) ရက်နေ့အထိ ဖြစ်ပါသည်။

၄။ ပရိုမိုးရှင်းအစီအစဥ်မှာ ရရှိမည့်ဆုက ဘာလဲ။

ဖြေ။ ပရိုမိုးရှင်းအစီအစဥ်အတွက် “realme 10” မိုဘိုင်းလက်ကိုင်ဖုန်း (၁၀) လုံးကို ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ပြီး ကံထူးသူတစ်ဦးအနေဖြင့် ကံထူးခဲ့ပါက အဆိုပါဆု (မိုဘိုင်းလက်ကိုင်ဖုန်းတစ်လုံး) အား ရရှိမည်ဖြစ်ပါသည်။

၅။ ပရိုမိုးရှင်းအစီအစဥ်မှာ ဘယ်လိုပါဝင်ကံစမ်းလို့ရပါသလဲ။

ဖြေ။ ပရိုမိုးရှင်းအစီအစဥ်တွင် ပါဝင်ကံစမ်းနိုင်ရန်အတွက် အောက်ပါအတိုင်း အဆင့်ဆင့်လုပ်ဆောင်ရမည်ဖြစ်ပါသည်။

(က) ပရိုမိုးရှင်းနေ့ရက် တစ်ရက်ရက်တွင် ၉၇၉ ကျပ် (သို့မဟုတ်) အဆိုပါပမာဏထက်ပိုသော Data Carry Plus နှင့် Data Carry Plus Auto Renewal ပက်ကေ့ချ် ဝယ်ယူရမည်။

(ခ) ထိုသို့ဝယ်ယူပြီးနောက် MPT မှ ဝယ်ယူပြီးမြောက်ကြောင်း ပေးပို့ထားသောစာတိုပေးပို့မှု (သို့မဟုတ်) အပလီကေးရှင်းမှ အတည်ပြုအကြောင်းစာကို Screenshot ရိုက်ယူရမည်။

(ဂ) အဆိုပါရိုက်ယူထားသော Screenshot ဖြင့် MPT ၏ “မြန်မာ့နှစ်ကူးနဲ့အတူ အလန်းစား Friday လက်ဆောင်ယူ” ပရိုမိုးရှင်းအစီအစဥ် Facebook ပို့စ်အောက်တွင် Comment လာရောက်ပေးပို့မန့်ထားရမည်။

၆။ ဤပရိုမိုးရှင်းအစီအစဥ်တွင် ပါဝင်ကံစမ်းသူအနေဖြင့် ဘယ်နှစ်ကြိမ်လောက် ပါဝင်ဆောင်ရွက်နိုင်ပါသလဲ။

ဖြေ။ ပါဝင်ကံစမ်းသူများအနေဖြင့် ဤပရိုမိုးရှင်းအစီအစဥ်တွင် အကြိမ်ကြိမ်ဝယ်ယူဆောင်ရွက်နိုင်ပါသည်။

၇။ ရရှိမည့်ဆုက ဘယ်လိုမျိုးဖြစ်ပြီး ကံထူးရှင်တွေကို ဘယ်လိုရွေးချယ်သွားမှာလဲ။

ဖြေ။ “realme 10” မိုဘိုင်းလက်ကိုင်ဖုန်း (၁၀) လုံးအား ဆုများအဖြစ် ပေးအပ်သွားမည်ဖြစ်ပြီး သတ်မှတ်ချက်နှင့်ပြည့်မီသော ပါဝင်ကံစမ်းလာသူများအနက်မှ ကံထူးရှင်များအား MPT မှ ကျပန်းစိစစ်ရွေးချယ်သွားမည်ဖြစ်သည်။

၈။ ပရိုမိုးရှင်းအစီအစဥ် သက်တမ်းကာလအတွင်း ဆုများအား ဘယ်လိုပုံစံနဲ့ ပေးအပ်ချီးမြှင့်သွားမှာလဲ။

ဖြေ။ ပရိုမိုးရှင်းအစီအစဥ် သက်တမ်းကာလအတွင်း ဆုများအား အောက်ပါအတိုင်း ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ပါသည်။

(က) ပထမ ရက်သတ္တပတ်အတွက် – “realme 10” မိုဘိုင်းလက်ကိုင်ဖုန်း (၂) လုံး၊

(ခ)  ဒုတိယ ရက်သတ္တပတ်အတွက် – “realme 10” မိုဘိုင်းလက်ကိုင်ဖုန်း (၂) လုံး၊

(ဂ)  တတိယ ရက်သတ္တပတ်အတွက် – “realme 10” မိုဘိုင်းလက်ကိုင်ဖုန်း (၃) လုံး နှင့်

(ဃ) စတုတ္ထ ရက်သတ္တပတ်အတွက် – “realme 10” မိုဘိုင်းလက်ကိုင်ဖုန်း (၃) လုံး။

၉။ ပရိုမိုးရှင်းနေ့ရက် တစ်ရက်ရက်တွင် ပါဝင်ကံစမ်းသူမှ ပက်ကေ့ချ်များအား အကြိမ်ကြိမ်ဝယ်ယူခဲ့ပါက တစ်ခု (သို့မဟုတ်) တစ်ခုထက်ပိုသောဆုများကို ကံထူးရရှိနိုင်ပါသလား။

ဖြေ။ ပါဝင်ကံစမ်းသူအနေဖြင့် ပရိုမိုးရှင်းနေ့ရက် တစ်ရက်ရက်စီအတွက် ဆုတစ်ဆုကိုသာ ရရှိနိုင်မည်ဖြစ်သည်။

သို့ရာတွင် ပက်ကေ့ချ်ပိုများများဝယ်ယူလေလေ ကံထူးနိုင်မည့် အခွင့်အရေးပိုရလေလေဖြစ်ပါမည်။ (ဥပမာအားဖြင့် ပက်ကေ့ချ် တစ်ခုဝယ်ယူလျှင် ကံထူးနိုင်မည့်အခွင့်အရေးတစ်ကြိမ်ရရှိမည်ဖြစ်ပြီး ပက်ကေ့ချ် (၅) ခုဝယ်ယူပါက ကံထူးနိုင်မည့်အခွင့်အရေး (၅) ကြိမ်ရရှိနိုင်မည်ဖြစ်သည်။)

၁၀။ ကံထူးရှင်တစ်ကြိမ်ဖြစ်ထားဖူးသည့် ပါဝင်ကံစမ်းသူအနေဖြင့် ပရိုမိုးရှင်းအစီအစဥ် သက်တမ်းကာလအတွင်း နောက်လာမည့် ပရိုမိုးရှင်းနေ့ရက်များ၌ ထပ်မံ၍ ဝင်ရောက်ကံစမ်းခွင့်ရှိနိုင်ပါသလား။

ဖြေ။ ပရိုမိုးရှင်းနေ့ရက် တစ်ရက်ရက်တွင် ကံထူးရှင်ဖြစ်ထားသည့် ပါဝင်ကံစမ်းသူတစ်ဦးသည်  နောက်လာမည့် ပရိုမိုးရှင်း နေ့ရက်များ၌ ထပ်မံ၍ ဝင်ရောက်ကံစမ်းနိုင်ပါသည်။

၁၁။ ကံထူးရှင်အနေဖြင့် ရရှိသည့်ဆုအား မည်ကဲ့သို့လာရောက်ထုတ်ယူနိုင်ပါသလဲ။

ဖြေ။ ကံထူးရှင်များအနေဖြင့် ရရှိသည့်ဆုအား MPT  မှ အကြောင်းကြားကာအတည်ပြုထားသည့် MPT ရုံးများ၌ ကိုယ်တိုင် လာရောက်ထုတ်ယူရမည်။

၁၂။ ကံထူးရှင်များအနေဖြင့် ကိုယ်တိုင်လာရောက်ထုတ်ယူနိုင်ခြင်းမရှိပါက ဘယ်လိုလုပ်ရမလဲ။

ဖြေ။ ကံထူးရှင်များအနေဖြင့် ကိုယ်တိုင်လာရောက်ထုတ်ယူနိုင်ခြင်းမရှိပါက ကိုယ်စားထုတ်ယူမည့်လူပုဂ္ဂိုလ်၏ ကိုယ်ရေး အချက်အလက်၊ နိုင်ငံသားစိစစ်ရေးကတ်ပြားမူရင်းနှင့် ဓာတ်ပုံတို့ကို ဆုမထုတ်ယူမီ (၅) ရက်ကြိုတင်၍ MPT ၏ တရားဝင် Facebook Page Messenger မှတဆင့် ကြို၍အကြောင်းကြားထားရမည်။

best operator in Myanmar