ထောဘီ ၅ ဆ ဆိုတာဘာလဲ?

သင့်ရဲ့ဖုန်းဘေလ်ကို (၅)ဆထိ ပြောင်းလိုက်ပါ။ ထောဘီနဲ့ဆို ရက်ရှည်ရှည် သုံးလို့ရပါပြီ။ ထောဘီဖုန်းဘေလ် ၅၀၀၀ကျပ်ဖြင့် အများဆုံး MPT-MPT ဖုန်းခေါ်ရန် ၇၂ မိနစ်(သို့) အင်တာနက်သုံးရန် ၂၇၈ MB (သို့) MPT-MPT SMS ပို့ရန် အစောင် ၂၅၀ ရရှိအသုံးပြုနိုင်ပါမည်။ ထောဘီ ဆိုတာ ပိုကောင်းတဲ့ ပရိုမိုရှင်း အစီအစဉ်ပါ။ ထောဘီ နဲ့ဆို ကိုယ့်ဖုန်းဘေလ်တွေကို ၅ ဆ ပြောင်းပြီး ရက်ရှည်ရှည်သုံးနိုင်ပါပြီ ထောဘီ ဖုန်းဘေလ် နဲ့ဖုန်းပြောမလား အင်တာနက်ပဲသုံးမလား SMS တွေပဲပို့မလား – ကြိုက်သလိုသုံးလို့ရတယ်လေ။

ထောဘီ ၅ ဆ ဖုန်းဘေလ်ကိုဘယ်လိုအသုံးပြုနိုင်မလဲ။

  • ထောဘီ ၅ ဆ Auto Renewal

    စျေးနှုန်: : ၉၈၀ ကျပ်

    ထောဘီဖုန်းဘေလ် : ၅၀၀၀ ကျပ်(ထောဘီ ၅ဆ)

    သက်တမ်း : ၁၅ ရက်

    ၀ယ်ယူရန် : MPT4U, *500*1*3#

    ပယ်ဖျက်ရန် : MPT4U, *500*1*4#

    ဝယ်ယူရန် USSD ဖြင့်ဝယ်ယူရန်
  • ထောဘီ ၅ ဆ Auto Renewal

    စျေးနှုန်: :၁,၉၆၀ ကျပ်

    ထောဘီဖုန်းဘေလ် : ၁၀၀၀၀ ကျပ်(ထောဘီ ၅ဆ)

    သက်တမ်း : ၃၀ ရက်

    ၀ယ်ယူရန် : MPT4U, *500*2*3#

    ပယ်ဖျက်ရန် : MPT4U, *500*2*4#

    ဝယ်ယူရန် USSD ဖြင့်ဝယ်ယူရန်
  • ထောဘီ ၅ ဆ Auto Renewal

    စျေးနှုန်: :၄,၉၀၀ ကျပ်

    ထောဘီဖုန်းဘေလ် : ၂၅၀၀၀ ကျပ်(ထောဘီ ၅ဆ)

    သက်တမ်း : ၆၀ ရက်

    ၀ယ်ယူရန် : MPT4U, *500*3*3#

    ပယ်ဖျက်ရန် : MPT4U, *500*3*4#

    ဝယ်ယူရန် USSD ဖြင့်ဝယ်ယူရန်

ပက်ကေ့ချ်တစ်ခုချင်းအလိုက် ဝယ်ယူနိုင်မည့် channel များ, ဖုန်းခေါ်ဆိုခြင်း/ SMS ပေးပို့ခြင်းနှင့် ဒေတာနှုန်းထားများ အပြင် ပက်ကေ့ချ်တစ်ခုချင်းစီ၏ အများဆုံးအသုံးပြုနိုင်သောပမာဏကို အောက်ပါဇယားတို့တွင် ကြည့်ရှုနိုင်ပါသည်။

ထောဘီ ၅ဆပမာဏ (ကျပ်)
Data (MB)MPT-MPT Voice
(မိနစ်)
MPT-MPT SMS
(အစောင်ရေ)
၅,၀၀၀
27863250
၁၀,၀၀၀
555127500
၂၅,၀၀၀
1,3893161,250
ထောဘီ ၅ ဆ နှုန်းထားများ
Data
1 MB လျှင် ၁၈ ကျပ်
MPT-MPT Voice
တစ်မိနစ်လျှင် ၇၉ ကျပ်
MPT-MPT SMS
SMS တစ်စောင်လျှင် ၂၀ကျပ်

အလိုအလျောက် သက်တမ်းတိုးပက်ကေ့ချ်များ ၏ လုပ်ဆောင်ချက်အသစ်များ

  • လက်ရှိ၀ယ်ယူထားသော အလိုအလျောက်သက်တမ်းတိုးပက်ကေ့ချ်များအား စာရင်းသွင်းခြင်းမှ ပြန်လည်ပယ်ဖျက်ရန် မလိုအပ်ပဲအခြားသော နှုန်းထားပိုမြင့်သည့်  အလိုအလျောက်သက်တမ်းတိုးပက်ကေ့ချ်များကို  ထပ်မံဝယ်ယူနိုင်ခြင်း။
  • မိမိ ၀ယ်ယူထားပြီးသော အလိုအလျောက် သက်တမ်းတိုးပက်ကေ့ချ်များအားလုံးကို တစ်နေရာတည်းတွင် စစ်ဆေးကြည့်ရှုနိုင်ခြင်း နှင့် စာရင်းသွင်း ခြင်းမှ လွယ်ကူစွာပြန်လည်ပယ်ဖျက်နိုင်ခြင်း။
      အထက်ပါလုပ်ဆောင်ချက်များကို အသုံးပြုနိုင်ရန်အတွက် “MPT4U ဗားရှင်းအသစ်” ကို အသုံးပြုရန်လိုအပ်ပါသည်။

    • Android 4.5.6
    • iOS 1.4.19

အဆိုပြု၀ယ်ယူထားသော အလိုအလျောက် သက်တမ်းတိုးပက်ကေ့ချ်များကို MPT4U မှာ အောက်ပါအတိုင်း ပြန်လည်ပယ်ဖျက်နိုင်ပါသည်။

Unsubscribe-AR_MM(Step-1)
Unsubscribe-AR_MM(Step-2)
Unsubscribe-AR_MM(Step-3)

စည်းကမ်းသတ်မှတ်ချက်များ

မေးလေ့ရှိသော မေးခွန်းများ

1. Htaw B ဆိုတာဘာပါလဲ?

Htaw B သည် MPT က အသစ်ပြင်ဆင်မိတ်ဆက်ပေးလိုက်သည့် ဝန်ဆောင်မှုတစ်ခုဖြစ်သည်။ MPT သုံးစွဲသူများသည် လက်ကျန်ငွေ(ပုံမှန်ဖုန်းဘေလ်) ကို ထောဘီဖုန်းဘေလ်(ပုံမှန်ဖုန်းဘေလ်၏ ငါးဆ)အဖြစ် ပြောင်းလဲရုံသာမက Htaw B ဖုန်းဘေလ်ကို သတ်မှတ်နှုန်းထားများဖြင့် အသုံးပြုနိုင်မည်ဖြစ်သည်။

အောက်ဖော်ပြပါ လက်ကျန်ငွေ ပမာဏများကို Htaw B ဖုန်းဘေလ်အဖြစ် ပြောင်းလဲနိုင်မည်ဖြစ်သည်။

အသေးစိတ် Htaw B ဖုန်းဘေလ် 

အသုံးပြုနိုင်သည့်ကာလ 

 

လက်ကျန်ငွေ ၁၀၀၀ကျပ်ကို Htaw B ဖုန်းဘေလ် ၅၀၀၀ကျပ်နှင့်လဲလှယ်နိုင်သည်။  ၁၅ ရက်
လက်ကျန်ငွေ ၂၀၀၀ကျပ်ကို Htaw B ဖုန်းဘေလ် ၁၀၀၀၀ကျပ်နှင့်လဲလှယ်နိုင်သည်။ ၃၀ ရက်
လက်ကျန်ငွေ ၅၀၀၀ကျပ်ကို Htaw B ဖုန်းဘေလ် ၂၅၀၀၀ကျပ်နှင့်လဲလှယ်နိုင်သည်။  ၆၀ရက်

2. Htaw B ဖုန်းဘေလ်ကို ဘယ်သူတွေ ရယူအသုံးပြုနိုင်ပါသလဲ?

MPT ဖုန်းများ၏ Prepaid စနစ် (ဆွေသဟာ) အစီအစဉ်အသုံးပြုသူများအားလုံး ထောဘီဖုန်းဘေလ်များ ကို အသုံးပြုနိုင်ပါမည်။

3.Htaw B ဖုန်းဘေလ်ကို ဘယ်လိုရယူ အသုံးပြုနိုင်မှာပါလဲ?

  • ထောဘီဖုန်းဘေလ်ရယူအသုံးပြုနိုင်သည့်နည်းလမ်းများစွာရှိပါသည်။ USSD(သို့) SMS(သို့) MPT4U App တို့အနက် ကြိုက်နှစ်သက်ရာနည်းလမ်းကိုသုံးပြီးရယူအသုံးပြုနိုင်ပါသည်။
  • USSD ဖြင့် – *500#ကိုခေါ်ဆိုပြီး မိမိလဲလှယ်လိုသည့် ပမာဏကိုရွေးချယ်ကာ Htaw B ဖုန်းဘေလ် (ပုံမှန်ဖုန်းဘေလ်၏ ၅ဆ)အဖြစ် ပြောင်းလဲနိုင်မည်ဖြစ်သည်။
  • ပုံမှန်ဖုန်းဘေလ်(လက်ကျန်ငွေ) ၁၀၀၀ကျပ်ကို Htaw B ဖုန်းဘေလ် ၅၀၀၀ကျပ်အဖြစ်ပြောင်းလဲရန် *5001# ကိုခေါ်ဆိုပါ။ ပုံမှန်ဖုန်းဘေလ်(လက်ကျန်ငွေ) ၂၀၀၀ကျပ်ကို Htaw B ဖုန်းဘေလ် ၁၀၀၀၀ကျပ်အဖြစ်ပြောင်းလဲရန် *5002# ကိုခေါ်ဆိုပါ။ ပုံမှန်ဖုန်းဘေလ်(လက်ကျန်ငွေ) ၅၀၀၀ကျပ်ကို Htaw B ဖုန်းဘေလ် ၂၅၀၀၀ကျပ်အဖြစ်ပြောင်းလဲရန် *5005# ကိုခေါ်ဆိုပါ။


SMS ပေးပို့၍လည်း လဲလှယ်ရယူနိုင်ပါသည်။ (အထက်ပါဇယားတွင်ကြည့်ရှုပါ။)

MPT4U Application တွင်လည်း ပက်ကေ့ချ်ဝယ်ယူခြင်းနေရာသို့ဝင်ရောက်ကာ Htaw B ဖုန်းဘေလ်များလဲလှယ် ရယူနိုင်ပါသည်။

4. Htaw B ဖုန်းဘေလ်ကို ဘယ်လောက်ကြာကြာအသုံးပြုနိုင်မှာပါလဲ။

  • Htaw B ဖုန်းဘေလ် ၅၀၀၀ကျပ်ကို (၁၅)ရက် အသုံးပြုနိုင်သည်။
  • Htaw B ဖုန်းဘေလ် ၁၀၀၀၀ကျပ်ကို (၃၀)ရက် အသုံးပြုနိုင်သည်။
  • Htaw B ဖုန်းဘေလ် ၂၅၀၀၀ကျပ်ကို (၆၀)ရက် အသုံးပြုနိုင်သည်။
  • Htaw B ဖုန်းဘေလ် သက်တမ်းမကုန်မီ နောက်ထပ်ထောဘီဖုန်းဘေလ်အသစ်လဲလှယ်ရယူခြင်းဖြင့် သက်တမ်းကုန်ခါနီး ထောဘီများကို သက်တမ်းတိုးနိုင်မည်ဖြစ်သည်။ ထောဘီကို စဉ်ဆက်မပြတ်အသုံးပြုပါ။

5. Htaw B ဖုန်းဘေလ်ကို ဘယ်လိုအသုံးပြုနိုင်မှာပါလဲ။

ထောဘီဖုန်းဘေလ်ကို MPT ဖုန်းများသို့ခေါ်ဆိုခြင်းနှင့် SMS ပို့ခြင်း၊ သုံးသလောက်ပေးအင်တာနက်တို့အတွက် သုံးနိုင်ပါသည်။

6) Htaw B ဖုန်းဘေလ်ကို အသုံးပြုပါကဘယ်လိုနှုန်းထားနဲ့ကျသင့်စေမှာပါလဲ။

  • ထောဘီဖုန်းဘေလ်အတွက် သုံးသလောက်ပေးအင်တာနက် – 1MB=၁၈ကျပ်နှုန်း (အင်တာနက်အသုံးပြုမှုကို 200KB နှုန်းဖြင့်ကောက်ခံပါမည်)
  • ထောဘီဖုန်းဘေလ်အတွက် MPT-MPT ဖုန်းခေါ်ဆိုခ – ၁မိနစ်=၇၉ကျပ်နှုန်း(ဖုန်းခေါ်ဆိုမှုကို ၃၀ စက္ကန့်နှုန်းဖြင့်ကောက်ခံပါမည်)
  • ထောဘီဖုန်းဘေလ်အတွက် MPT-MPT SMS ပို့ခ – ၁စောင်=၂၀ကျပ်နှုန်း

(နှုန်းထားအားလုံးတွင် ကုန်သွယ်လုပ်ငန်းခွန်ပါဝင်ပြီးဖြစ်ပါသည်။)

7) Htaw B ဖုန်းဘေလ်ကို လဲလိုက်ပါတယ်။ ဖုန်းဘေလ်တွေပဲတိုးလာမယ်လို့ထင်ခဲ့ပေမယ့်် တကယ်လဲလိုက်ချိန်မှာတော့ Main Balance ထဲက ပိုက်ဆံတွေဖြတ်သွားပါတယ်။ ဘာဖြစ်လို့ပါလဲ။

  • Main Balance သည် Htaw B ဖုန်းဘေလ်အဖြစ် ပြောင်းလဲသွားခြင်းဖြစ်ပါသည်။ *224# ကိုခေါ်ဆိုပြီး
  • Main Balance ကို စစ်ဆေးကြည့်နိုင်ပါသည်။ MPT-MPT ဖုန်းခေါ်ခြင်းနှင့် SMSပို့ခြင်း၊ သုံးသလောက်ပေးအင်တာနက် သုံးခြင်းတို့ပြုလုပ်ပါက Htaw B ဖုန်းဘေလ်အတွင်းမှ ဦးစွာဖြတ်တောက်ပါမည်။

8) Htaw B ဖုန်းဘေလ်ရှိနေချိန်တွင် အခြားအော်ပရေတာနံပါတ်များသို့ခေါ်ဆိုပါက(သို့) အခြားအော်ပရေတာ နံပါတ်များသို့SMS ပို့ပါက(သို့) ပက်ကေ့ချ်များနှင့် VAS ဝန်ဆောင်မှုများဝယ်ယူအသုံးပြုပါက ဘယ်လိုကျသင့်မှာပါလဲ။

သုံးစွဲသူ အသုံးပြုနေသော အစီအစဉ် (ဆွေသဟာ) နှုန်းထားအတိုင်း ကျသင့်စေမည်ဖြစ်ပြီး Main Balance အတွင်းမှ ဖြတ်တောက်မည် ဖြစ်ပါသည်။

9) Htaw B ဖုန်းဘေလ်ကုန်သွားချိန်မှာ ဝန်ဆောင်မှုတစ်ခုခုအသုံးပြုပါက ဘယ်လိုကျသင့်မှာပါလဲ။

  • သုံးစွဲသူအသုံးပြုနေသော အစီအစဉ် (ဆွေသဟာ) နှုန်းထားအတိုင်း ကျသင့်စေမည် ဖြစ်ပါသည်။ လက်ကျန်ငွေအတွင်းမှ(သို့) ဝယ်ယူထားသော ပက်ကေ့ချ်ရှိပါက ပက်ကေ့ချ်မှ ဖြတ်တောက်မည်ဖြစ်ပါသည်။
  • Htaw B ဖုန်းဘေလ်များကို စဉ်ဆက်မပြတ် လဲလှယ်ရယူအသုံးပြုပြီး အလွန်သက်သာသောနှုန်းထားဖြင့် ဆက်လက်အသုံးပြုပါ။

10) Htaw B ဖုန်းဘေလ်က ဘယ်လောက်အထိ သုံးနိုင်တာပါလဲ။ (Htaw B ဖုန်းဘေလ်နဲ့ ဘယ်လောက်များများ ဖုန်းပြောနိုင်ပါသလဲ။ SMS ပို့နိုင်ပါသလဲ။ အင်တာနက်သုံးနိုင်ပါသလဲ။)

  • Htaw B ဖုန်းဘေလ်၅၀၀၀ကျပ်သည်
  • MPT ဖုန်းများသို့ဖုန်းခေါ်ဆိုရန်တစ်မျိုးတည်းအသုံးပြုပါက ၆၃ မိနစ် အထိ ဖုန်းပြောနိုင်ပါသည်။(သို့မဟုတ်)
  • အင်တာနက်တစ်မျိုးတည်းအသုံးပြုပါက 278 MB အသုံးပြုနိုင်သည်။(သို့မဟုတ်)
  • MPT ဖုန်းများသို့SMSပို့ရန်တစ်မျိုးတည်းအသုံးပြုပါက SMS ၂၅၀စောင် ပေးပို့နိုင်ပါသည်။

Htaw B ဖုန်းဘေလ်(ပိုက်ဆံ)ကို သတ်မှတ်ဝန်ဆောင်မှုများအတွက် လူကြီးမင်းစိတ်တိုင်းကျ အသုံးပြုနိုင်သည်။ ဥပမာ- ၅၀၀၀ကျပ်ဖြင့် MPT-MPTဖုန်းခေါ်ရန် ၂၂ မိနစ် + ဒေတာ 176 MB + စာတို ၅ စောင် အစရှိသဖြင့်လည်း တွဲဖက်အသုံးပြုနိုင်သည်။

11) Data Carry Plus Pack နဲ့ Htaw B ဖုန်းဘေလ်တွေ ရှိနေပါတယ်။ အင်တာနက်သုံးတဲ့အခါ ဘယ်ကအရင်ဖြတ်တောက်မှာပါလဲ။

  • အောက်ဖော်ပြပါ အစီအစဉ်အတိုင်းဖြတ်တောက်မည်သွားမည်ဖြစ်ပါသည်။

o    Htaw B ဖုန်းဘေလ်

o    Data Carry Plus

12) အကြိုက်ပြော +Voice Pack/ Daily Voice Pack/ 3Days Voice Pack နဲ့ Htaw B ဖုန်းဘေလ်တွေ ရှိနေပါတယ်။ ဖုန်းပြောတဲ့အခါ ဘယ်ကအရင်ဖြတ်တောက်မှာပါလဲ။

  • အောက်ဖော်ပြပါ အစီအစဉ်အတိုင်းဖြတ်တောက်မည်သွားမည်ဖြစ်ပါသည်။

o    Daily Voice Pack

o    3 Days Voice Pack

o    Htaw B ဖုန်းဘေလ်

o    အကြိုက်ပြော+ Voice Pack

13) ထောဘီပက်ကေ့ချ်ဝယ်ရင် ထောဘီထိပေါက် (ထိတိုင်းထော) ကံစမ်းခွင့်ရမှာပါလား။

ဟုတ်ကဲ့။ ကြိုက်နှစ်သက်ရာထောဘီပက်ကေ့ချ်ကို မည်သည့်နည်းလမ်းဖြင့်မဆို ဝယ်ယူပါက ထောဘီထိပေါက် (ထိတိုင်းထော) ဂိမ်းထဲ၌ ကံစမ်းရန် အခွင့်အရေး(၁)ကြိမ် ရရှိပြီး 200GB Data Bonus အထိ ကံစမ်းရယူနိုင်မည်ဖြစ်ပါသည်။

MPT4U app မှ ဝယ်ယူပါက ထိပေါက်ကစားခွင့် (၂)ကြိမ်ရရှိမှာဖြစ်ပြီး 200GB အထိ နှင့် MPT Club Points 1000 points အထိ ကံစမ်းရယူနိုင်ပါသည်။

14) Htaw B ဖုန်းဘေလ် ဘယ်နှကြိမ်ပြောင်းလဲလို့ရနိုင်ပါသလဲ။ အကြိမ်ကြိမ်ပြောင်းလဲနိုင်မှာပါလား။

ပရိုမိုးရှင်းကာလအတွင်း အကြိမ်အရေအတွက်အကန့်အသတ်မရှိပြောင်းလဲနိုင်ပါသည်။

15) Htaw B ဖုန်းဘေလ်ကိုသုံးပြီး data packs/ voice packs တွေဝယ်ယူနိုင်မှာပါလား။

Htaw B ဖုန်းဘေလ်ဖြင့် ပက်ကေ့ချ်များမဝယ်ယူနိုင်ပါ။ ထောဘီဖုန်းဘေလ်သည် အလွန်သက်သာသောနှုန်းထား ဖြင့်ကျသင့်စေသည့် အစီအစဉ်တစ်ခုဖြစ်ပါသည်။ Htaw B ဖုန်းဘေလ်ဖြင့် မည်သည့်ဝန်ဆောင်မှုကို မည်သည့်ပမာဏသာ အသုံးပြုနိုင်သည်ဟု ပုံသေသတ်မှတ်ထားခြင်းလုံးဝမရှိပါ။ သုံးစွဲသူစိတ်တိုင်းကျ အသုံးပြုနိုင်မည်ဖြစ်ပါသည်။

16) Htaw B ဖုန်းဘေလ်ကို အခြားသုံးစွဲသူများထံလွှဲပြောင်းပေးလို့ရပါသလား။

Htaw B ဖုန်းဘေလ်ကို လွှဲပြောင်းမှုမပြုလုပ်နိုင်ပါ။ ပုံမှန်ဖုန်းဘေလ်နှင့် ပြန်လည်လဲလှယ်ခြင်းမပြုလုပ်နိုင်ပါ။

17) Htaw B ကို တခြားသူများသို့ လက်ဆောင်ပေးလို့ရပါသလား။

*106*4# (သို့) *500# မှတစ်ဆင့် အမှတ်စဉ် “2. Gift (သို့) 2.လက်ဆောင်ပေးမည်” ကို ရွေးချယ်ပြီး လက်ဆောင်ပေးမည့် ဖုန်းနံပါတ်ကို ရိုက်နှိပ်ပြီး တခြားသူများသို့ လက်ဆောင်ပေးနိုင်ပါတယ်။

1) အလိုအလျောက် သက်တမ်းတိုး ထောဘီ ၅ ဆ ဆိုတာဘာပါလဲ။

ပုံမှန်ဖုန်းဘေလ်ကို အဆပေါင်း ၅ ဆ ပွားကာ ထောဘီ ၅ ဆဖုန်းဘေလ်အဖြစ်ပြောင်းလဲ၍ MPT ဖုန်းများသို့ခေါ်ဆိုခြင်းနှင့် စာတိုပေးပို့ခြင်း၊ ဒေတာ သုံးစွဲခြင်းတို့အတွက်သတ်မှတ် ထောဘီ ၅ဆ နှုန်းထားများဖြင့် စိတ်တိုင်းကျအသုံးပြုနိုင်ပြီး ပက်ကေ့ချ်၏ လက်ကျန် ထောဘီ balance 500Ks အောက်ရောက်ရှိသွားချိန် (or) ပက်ကေ့ချ်သက်တမ်းကုန်ဆုံးချိန် (11:45 pm ~ 12:00 am) ဝန်းကျင်တွင် အလိုအလျောက်သက်တမ်းတိုး ဝယ်ယူမည်ဖြစ်ပါသည်။ ပက်ကေ့ချ်များကို ဝယ်ယူတိုင်း ထိပေါက် Lucky Draw မှ ဆုလက်ဆောင်များ ကံစမ်းရယူနိုင်ဖို့အခွင့်အရေးရရှိမှာဖြစ်ပါသည်။

အောက်ဖော်ပြပါအတိုင်း ပုံမှန်ဖုန်းဘေလ်ကို ထောဘီ ၅ဆ ဖုန်းဘေလ်အဖြစ်ပြောင်းလဲနိုင်မည်ဖြစ်ပါသည်။

အသေးစိတ် Htaw B ဖုန်းဘေလ် 

ထောဘီ ၅ ဆ ဖုန်းဘေလ်

သက်တမ်း

 

ပုံမှန်ဖုန်းဘေလ် ၉၈၀ ကျပ်ကို ထောဘီ ၅ဆ ဖုန်းဘေလ် ၅၀၀၀ ကျပ်နှင့်လဲလှယ်နိုင်သည်။  ၁၅ ရက်
ပုံမှန်ဖုန်းဘေလ် ၁၉၆၀ ကျပ်ကို ထောဘီ ၅ဆ ဖုန်းဘေလ် ၁၀၀၀၀ ကျပ်နှင့်လဲလှယ်နိုင်သည်။ ၃၀ ရက်
ပုံမှန်ဖုန်းဘေလ် ၄၉၀၀ ကျပ်ကို ထောဘီ ၅ဆ ဖုန်းဘေလ် ၂၅၀၀၀ ကျပ်နှင့်လဲလှယ်နိုင်သည်။  ၆၀ရက်

2) ထောဘီ ၅ ဆ ဖုန်းဘေလ်ကို ဘယ်သူတွေ ရယူအသုံးပြုနိုင်ပါသလဲ။

MPT ဖုန်းများ၏ Prepaid စနစ် (ဆွေသဟာ) အစီအစဉ် အသုံးပြုသူများအားလုံး အသုံးပြုနိုင်ပါမည်။

3) ထောဘီ ၅ဆ ဖုန်းဘေလ်ကို ဘယ်လိုရယူအသုံးပြုနိုင်မှာပါလဲ။

ထောဘီ ၅ဆ ဖုန်းဘေလ်ကို အောက်ပါနည်းလမ်းများဖြင့် လဲလှယ်ရယူ အသုံးပြုနိုင်ပါသည်။

4) အလိုအလျောက် သက်တမ်းတိုးပက်ကေ့ချ်ကို MPT4U ကတစ်ဆင့် ဝယ်ယူလို့ရပါသလား။

အလိုအလျောက် သက်တမ်းတိုးပက်ကေ့ချ် ကို MPT4U Application တွင် ဝယ်ယူနိုင်ပါသည်။ MPT4U Application အတွင်းရှိ “အလိုအလျောက် သက်တမ်းတိုးပက်ကေ့ချ်” page မှတစ်ဆင့် ဝယ်ယူနိုင်သလို “ပက်ကေ့ချ်ဝယ်ယူခြင်း” page မှတစ်ဆင့် ဝင်ရောက်ကာ မိမိကြိုက်နှစ်သက်ရာ ပက်ကေ့ချ်အား ရွေးချယ်ဝယ်ယူနိုင်ပါသည်။ အလိုအလျောက်သက်တမ်းတိုး ပက်ကေ့ချ်ကို MPT4U တွင် ဝယ်ယူအသုံးပြုရန် iOS Version 1.4.10 နှင့် Android Version 4.4.1 ရှိရန် လိုအပ်ပါသည်။

5) အလိုအလျောက်သက်တမ်းတိုးထောဘီ ၅ ဆ ဖုန်းဘေလ်ကို ဘယ်လိုအသုံးပြုနိုင်မှာပါလဲ။

ထောဘီ ၅ ဆ ဖုန်းဘေလ်ကို MPT ဖုန်းများသို့ခေါ်ဆိုခြင်းနှင့် စာတိုပေးပို့ခြင်း၊ ဒေတာ သုံးစွဲခြင်းတို့အတွက် သတ်မှတ် ထောဘီ ၅ဆ နှုန်းထားများဖြင့် အသုံးပြုနိုင်ပါသည်။

6) အလိုအလျောက်သက်တမ်းတိုးထောဘီ ၅ဆ ဖုန်းဘေလ်ကို အသုံးပြုပါကဘယ်လိုနှုန်းထားနဲ့ကျသင့်စေမှာပါလဲ။

ထောဘီ ၅ဆ ဖုန်းဘေလ်ကို အောက်ပါနှုန်းထားများဖြင့် ကျသင့်ကောက်ခံသွားမည်ဖြစ်ပါသည်။

  • ဒေတာ – 18Ks/MB
  • MPT ဖုန်းများသို့ခေါ်ဆိုခြင်း – 79Ks/min
  • MPT ဖုန်းများသို့စာတိုပေးပို့ခြင်း – 20Ks/SMS

(နှုန်းထားအားလုံးတွင် ကုန်သွယ်လုပ်ငန်းခွန်ပါဝင်ပြီးဖြစ်ပါသည်။)

7) ထောဘီ ၅ ဆ ဖုန်းဘေလ်ကို လဲလိုက်ပါတယ်။ ဖုန်းဘေလ်တွေပဲတိုးလာမယ်လို့ထင်ခဲ့ပေမယ့် တကယ်လဲလိုက်ချိန်မှာတော့ ပုံမှန်ဖုန်းဘေလ် (Main Balance) ထဲက ပိုက်ဆံတွေ ဖြတ်သွားပါတယ်။ ဘာဖြစ်လို့ပါလဲ။

လူကြီးမင်း၏ ပုံမှန်ဖုန်းဘေလ်ကို ထောဘီ ၅ဆ ဖုန်းဘေလ်အဖြစ် လဲလှယ်ရယူ အသုံးပြုခြင်း ဖြစ်ပါသည်။ MPTဖုန်းများသို့ခေါ်ဆိုခြင်းနှင့် စာတိုပေးပို့ခြင်း၊ ဒေတာ သုံးစွဲခြင်းတို့အတွက် အသုံးပြုပါကထောဘီ ၅ဆ ဖုန်းဘေလ်မှ ဦးစွာကောက်ခံပါမည်။

8) ထောဘီ ၅ ဆ ဖုန်းဘေလ်ဝယ်ယူထားပြီး အခြားအော်ပရေတာနံပါတ်များသို့ခေါ်ဆိုခြင်း (သို့) အခြားအော်ပရေတာ နံပါတ်များသို့စာတိုပေးပို့ခြင်း (သို့) ပက်ကေ့ချ်နှင့် VAS ဝန်ဆောင်မှုများဝယ်ယူခြင်းတို့ပြုလုပ်လျှင် ဘယ်လိုကျသင့်မှာပါလဲ။

ပုံမှန်ဖုန်းဘေလ်လက်ကျန်ငွေမှ ဖြတ်တောက်မည်ဖြစ်ပြီး သုံးစွဲသူရယူထားသောအစီအစဉ်၏နှုန်းထား [ဆွေသဟာ] အတိုင်း ကျသင့်စေမည်ဖြစ်ပါသည်။

9) ထောဘီ ၅ဆ ဖုန်းဘေလ်ကုန်သွားချိန်မှာ ဝန်ဆောင်မှုတစ်ခုခုအသုံးပြုပါက ဘယ်လိုကျသင့်မှာပါလဲ။

ပုံမှန်ဖုန်းဘေလ်လက်ကျန်ငွေမှ ဖြတ်တောက်မည်ဖြစ်ပြီး သုံးစွဲသူရယူထားသောအစီအစဉ်၏နှုန်းထား [ဆွေသဟာ] (သို့) ဝယ်ယူထားသော ပက်ကေ့ချ်ရှိပါက ပက်ကေ့ချ်မှ ကောက်ခံကျသင့်စေမည်ဖြစ်ပါသည်။ ထောဘီ ၅ဆ ဖုန်းဘေလ်များကို စဉ်ဆက်မပြတ်လဲလှယ်ရယူအသုံးပြုပြီး အလွန်သက်သာသောနှုန်းထားဖြင့် ဆက်လက် အသုံးပြုနိုင်ပါသည်။

10) ထောဘီ ဖုန်းဘေလ် (၅ဆ) နှင့် ထောဘီ (၁၀ဆ) ဖုန်းဘေလ် ၂ခုလုံးရှိနေပါတယ်။ Data နှင့် MPT အချင်းချင်းဖုန်းခေါ်ဆိုခြင်း အသုံးပြုမှုအတွက် မည်သည့် pack မှ အရင် ကျသင့်ပါမလဲ။

ထောဘီ ၅ဆ ဖုန်းဘေလ်မှ အရင်ကျသင့်မည်ဖြစ်ပါသည်။ ပြီးနောက်ထောဘီ၁၀ဆမှကျသင့်မည်ဖြစ်ပါသည်။

11) ထောဘီ ၅ဆ ဖုန်းဘေလ်နဲ့ ဘယ်လောက်များများ ဖုန်းပြောနိုင်ပါသလဲ။ စာတိုပေးပို့နိုင်ပါသလဲ။ ဒေတာသုံးနိုင်ပါသလဲ။

ထောဘီ ၅ဆ ဖုန်းဘေလ် ၅၀၀၀ကျပ်သည်

  • ဒေတာတစ်မျိုးတည်းအသုံးပြုပါက 278 MB အထိ အသုံးပြုနိုင်ပါသည်။

(သို့မဟုတ်)

  • MPT ဖုန်းများသို့ဖုန်းခေါ်ဆိုရန်တစ်မျိုးတည်းအသုံးပြုပါက 63 မိနစ် အထိ ဖုန်းပြောနိုင်ပါသည်။

(သို့မဟုတ်)

  • MPT ဖုန်းများသို့စာတိုပို့ရန်တစ်မျိုးတည်းအသုံးပြုပါက 250 စောင် အထိ ပေးပို့နိုင်ပါသည်။

 

ထောဘီ ၅ဆ ဖုန်းဘေလ်ကို သတ်မှတ်ဝန်ဆောင်မှုများအတွက် စိတ်တိုင်းကျ အသုံးပြုနိုင်ပါသည်။ ဥပမာ- ၅၀၀၀ကျပ်ဖြင့် MPT-MPTဖုန်းခေါ်ရန် ၂၂ မိနစ် + ဒေတာ 176 MB + စာတို ၅ စောင် အစရှိသဖြင့်လည်း တွဲဖက်အသုံးပြုနိုင်သည်။

12) အလိုအလျောက်သက်တမ်းတိုး Auto renewal 5X Htaw B Pack ကို အကြိမ်အရေအတွက် ဘယ်လောက်ထိ ဝယ်ယူနိုင်မှာလဲ?

  • အကြိမ်အရေအတွက်အကန့်အသတ်မရှိ ဝယ်ယူနိုင်မည်ဖြစ်ပြီး ထောဘီ ဖုန်းဘေလ်ပမာဏများ ပေါင်းစည်းသွားမည့်အပြင် အရှည်ဆုံး ပက်ကေချ့် သက်တမ်းအတိုင်း အသုံးပြုနိုင်မည်ဖြစ်ပါသည်။
  • ထောဘီ ဖုန်းဘေလ်ပမာဏတူညီသော Auto renewal packs များကို အကြိမ်အရေအတွက်အကန့်အသတ်မရှိ ဝယ်ယူနိုင်မည်ဖြစ်ပြီး ဒေတာပမာဏများ ပေါင်းစည်းသွားမည့်အပြင် ပက်ကေချ့်သက်တမ်းကို အရှည်ဆုံးပက်ကေ့ချ် ၏ သက်တမ်းအတိုင်း အသုံးပြုနိုင်မည်ဖြစ်ပါသည်။ ပက်ကေ့ချ်၏ ထောဘီ လက်ကျန်ပမာဏ 500Ks အောက် ရောက်ရှိသွားချိန် (သို့မဟုတ်) ပက်ကေ့ချ်သက်တမ်းကုန်ဆုံးချိန်တွင် အလိုအလျောက် သက်တမ်းတိုး ဝယ်ယူပါမည်။
  • Regular ထောဘီ ၅ဆ ပက်ကေ့ချ် ဝယ်ယူပြီး Auto renewal 5X Htaw B ပက်ကေ့ချ်ထပ်မံ ဝယ်ယူသည်ဖြစ်စေ၊ Auto renewal 5X Htaw B  ပက်ကေ့ချ် ဝယ်ယူပြီး Regular 5X Htaw B ပက်ကေ့ချ် ထပ်မံဝယ်ယူသည်ဖြစ်စေ  ပက်ကေ့ချ်များကို အကြိမ်အရေအတွက်အကန့်အသတ်မရှိ ဝယ်ယူနိုင်ပြီး ထောဘီ ဖုန်းဘေလ်ပမာဏများ ပေါင်းစည်းသွားမည့် အပြင် အရှည်ဆုံးပက်ကေ့ချ်၏ သက်တမ်းအတိုင်း အသုံးပြုနိုင်မည်။ ပက်ကေ့ချ်၏ ထောဘီ လက်ကျန်ပမာဏ 500Ks အောက်ရောက်ရှိသွားချိန် (သို့မဟုတ်) ပက်ကေ့ချ်သက်တမ်းကုန်ဆုံးချိန်တွင် အလိုအလျောက် သက်တမ်းတိုး ဝယ်ယူပါမည်။

13) 980 ကျပ်တန် အလိုအလျောက်သက်တမ်းတိုး ပက်ကေ့ချ် ဝယ်ယူထားပါတယ်။ ပုံမှန်ပက်ကေ့ချ်ကို ထပ်မံဝယ်ယူလို့ရပါသလား?

ရပါတယ်။ အလိုအလျောက်သက်တမ်းတိုး ပက်ကေ့ချ်ဝယ်ယူပြီး ပုံမှန်ထောဘီ ၅ဆ ပက်ကေ့ချ်များကို အကြိမ်အရေအတွက်အကန့်အသတ်မရှိထပ်မံဝယ်ယူနိုင်ပါတယ်။ ဝယ်ယူထားသောထောဘီ ဖုန်းဘေလ် ပမာဏများ ပေါင်းစည်း သွားမည့်အပြင်အရှည်ဆုံးပက်ကေ့ချ်၏ သက်တမ်းအတိုင်း အသုံးပြုနိုင်မည်ဖြစ်ပါသည်။ ပက်ကေ့ချ်၏ ထောဘီ လက်ကျန်ပမာဏ 500Ks အောက်ရောက်ရှိသွားချိန် (သို့မဟုတ်) ပက်ကေ့ချ်သက်တမ်းကုန်ဆုံးချိန်တွင် အလိုအလျောက် သက်တမ်းတိုး ဝယ်ယူပါမည်။

14) 980 ကျပ်တန် အလိုအလျောက်သက်တမ်းတိုး ပက်ကေ့ချ် ဝယ်ယူထားပါတယ်။ 980 ကျပ်တန် အလိုအလျောက်သက်တမ်းတိုး ပက်ကေ့ချ် ကို ထပ်မံဝယ်ယူလို့ရပါသလား?

ရပါတယ်။ ထောဘီ ဖုန်းဘေလ်ပမာဏ တူညီသော Auto renewal packs များကို အကြိမ်အရေအတွက်အကန့်အသတ်မရှိ ဝယ်ယူနိုင်မည်ဖြစ်ပြီး ထောဘီ ဖုန်းဘေလ်ပမာဏများ ပေါင်းစည်းသွားမည့်အပြင် ပက်ကေချ့်သက်တမ်း ကို အရှည်ဆုံး ပက်ကေ့ချ်၏ သက်တမ်းအတိုင်း အသုံးပြုနိုင်မည်ဖြစ်ပါသည်။ ပက်ကေ့ချ်၏ ထောဘီ လက်ကျန် ပမာဏ 500Ks အောက်ရောက်ရှိသွားချိန် (သို့မဟုတ်) ပက်ကေ့ချ်သက်တမ်းကုန်ဆုံးချိန်တွင် အလိုအလျောက် သက်တမ်းတိုး ဝယ်ယူပါမည်။

15) မတူညီသော အလိုအလျောက်သက်တမ်းတိုး ပက်ကေ့ချ်ကို ထပ်မံဝယ်ယူလို့ရပါသလား?

လက်ရှိ၀ယ်ယူထားသော အလိုအလျောက်သက်တမ်းတိုးပက်ကေ့ချ်များအား UNSUBSCRIBE ပြုလုပ်ရန် မလိုအပ်ပဲအခြားသော နှုန်းထားပိုမြင့်သည့်  အလိုအလျောက်သက်တမ်းတိုးပက်ကေ့ချ်များကို  ထပ်မံဝယ်ယူနိုင်ပြီး နှုန်းထားပိုနည်းသော အလိုအလျောက်သက်တမ်းတိုးပက်ကေ့ချ်များအား ထပ်မံဝယ်ယူရန် လက်ရှိ၀ယ်ယူထားသော အလိုအလျောက်သက်တမ်းတိုးပက်ကေ့ချ်ကို UNSUBSCRIBE လုပ်ပေးရန်လိုအပ်ပါသည်။

Y: လက်ရှိ၀ယ်ယူထားသော အလိုအလျောက်သက်တမ်းတိုးပက်ကေ့ချ်များအား UNSUBSCRIBE ပြုလုပ်ရန် မလိုအပ်ပဲ ထပ်မံဝယ်ယူနိုင်ပါသည်။

N: ထပ်မံဝယ်ယူရန် လက်ရှိ၀ယ်ယူထားသော အလိုအလျောက်သက်တမ်းတိုးပက်ကေ့ချ်ကို UNSUBSCRIBE လုပ်ပေးရန်လိုအပ်ပါသည်။

16) လက်ကျန် balance 500Ks ထိမရောက်ရှိသေးသော်လည်း ပက်ကေ့ချ်သက်တမ်းကုန်ဆုံးသွားပါက ဘယ်လိုဖြစ်သွားမှာလဲ?

လက်ကျန် balance 500Ks ထိမရောက်ရှိသေးသော်လည်း ပက်ကေ့ချ် သက်တမ်းကုန်ဆုံးသွားပါက အလိုအလျောက် သက်တမ်းတိုး ဝယ်ယူမည်ဖြစ်ပါသည်။

17) အလိုအလျောက်ပက်ကေ့ချ်သက်တမ်းတိုးရာ၌ လက်ကျန်ငွေမလုံလောက်ပါက ဘယ်လိုဖြစ်သွားမှာလဲ?

အလိုအလျောက်ပက်ကေ့ချ်သက်တမ်းတိုးဖို့ ငွေလက်ကျန်မလုံလောက်ပါက Auto renewal service သည် ခေတ္တရပ်တန့်သွားမှာဖြစ်ပြီး သုံးစွဲသူမှ ဖုန်းငွေဖြည့်ခြင်း/ ချေးငွေအသုံးပြုခြင်း/ ငွေလွှဲခြင်း နည်းလမ်းများဖြင့် ငွေထပ်မံဖြည့်သွင်းနိုင်သည်။ အဆိုပါ သတ်မှတ်ထားသော နည်းလမ်းများအတိုင်း ပက်ကေ့ချ်သက်တမ်းကုန်ဆုံးပြီး (၇ရက်)အတွင်း နောက်ဆုံးထား၍ ဖုန်းငွေထပ်မံဖြည့်သွင်းမှသာ ပက်ကေ့ချ်ကို ဆက်လက်အသုံးပြုနိုင်မည်။

18) ဘယ်အချိန်မှာ Auto Renew (အလိုအလျောက်သက်တမ်းတိုး) Function လုံးဝရပ်တန့်သွားမှာလဲ?

သုံးစွဲသူမှ ပက်ကေ့ချ် သက်တမ်းကုန်ဆုံးပြီးနောက် (၇) ရက်အတွင်း တိုင်အောင် ငွေထပ်မံဖြည့်သွင်းခြင်း မရှိပါက Auto Renew Function ကို ဆက်လက် အသုံးမပြုနိုင်ပါ။ အသုံးပြုသူမှ service ကို ပြန်လည်အသုံးပြုလိုပါကပက်ကေ့ချ်ကို ထပ်မံဝယ်ယူပြီးမှ အသုံးပြုနိုင်ပါသည်။

19) လက်ကျန် balance 500Ks အောက် မရောက်ရှိခင် အလိုအလျောက်သက်တမ်းတိုးပက်ကေ့ချ်ကို Unsubscribe လုပ်မိရင် လက်ကျန်ဒေတာများကို ဆက်လက်သုံးလို့ရမှာလား?

ရပါတယ်။ ပက်ကေ့ချ်သက်တမ်းမကုန်ခင် အလိုအလျောက်သက်တမ်းတိုး ပက်ကေ့ချ်ကို UNSUBSCRIBE (ပယ်ဖျက်) လိုက်ပါက လက်ကျန် 5X Htaw B Balance ကျန်ရှိနေလျှင် ကျန်ရှိနေသော balance ကို ပက်ကေ့ချ်သက်တမ်းကုန်ဆုံးသည်အထိအသုံးပြုနိုင်ပါသည်။ သို့သော် Unsubscribe ပြုလုပ်သည်နှင့် Auto renewal (အလိုအလျောက်သက်တမ်းတိုး) function ကို အသုံးမပြုနိုင်တော့ပါ။

21) ထောဘီ ၅ဆ ဖုန်းဘေလ်ကို အခြားသုံးစွဲသူများထံလွှဲပြောင်းပေးလို့ရပါသလား။

ထောဘီ ၅ဆ ဖုန်းဘေလ်ကို လွှဲပြောင်းမှုမပြုလုပ်နိုင်ပါ။ ပုံမှန်ဖုန်းဘေလ်နှင့် ပြန်လည်လဲလှယ်ခြင်းမပြုလုပ်နိုင်ပါ။

22) အလိုအလျောက် သက်တမ်းတိုး ထောဘီ ၅ဆ pack ဝယ်ယူပါက ထောဘီထိပေါက် ကံစမ်းခွင့်ရရှိမှာပါလား။

• ရပါတယ်။ အလိုအလျောက်သက်တမ်းတိုး Htaw B 5X ပက်ကေ့ချ်များကို မည်သည့် Channels မှမဆို ဝယ်ယူခြင်းအတွက်ထိပေါက်ကစားဖို့ အခွင့်အရေး (၁)ကြိမ်စီ ရရှိမှာဖြစ်ပြီး 200GB အထိ ဒေတာ ဆုလက်ဆောင် ကံစမ်းရယူနိုင်ပါသည်။
• MPT4U app မှ ဝယ်ယူခြင်းဖြင့် ထပ်ဆောင်းထိပေါက်ကစားခွင့် (၁)ကြိမ်ရရှိမှာဖြစ်ပြီး (သို့) အလိုအလျောက်သက်တမ်းတိုးသည့် အချိန်တိုင်း ထိပေါက်ကစားခွင့် (၂)ကြိမ်ရရှိနိုင်ပြီး 200GB အထိ နှင့် MPT Club Points 1000 points အထိ ကံစမ်းရယူနိုင်ပါသည်။

23) ၅ဆ ဖုန်းဘေလ်ကို တခြားသူများသို့ လက်ဆောင်ပေးလို့ရပါသလား။

အလိုအလျောက်သက်တမ်းတိုး ပက်ကေ့ချ်များကို တခြားသူများသို့ လက်ဆောင်ပေး၍မရပါ။

25) အလိုအလျောက် သက်တမ်းတိုး ပက်ကေ့ချ် နှစ်ခု Htaw B 5X နှင့် Data Carry ကို ဝယ်ယူထားပါတယ်။ ဘယ်ပက်ကေ့ချ်က အရင်သက်တမ်းတိုးမှာလဲ?

အလိုအလျောက် သက်တမ်းတိုး Htaw B 5X နှင့် Data Carry ဝယ်ယူထားပြီး တူညီသောနေ့ရက်တွင် အလိုအလျောက်သက်တမ်းတိုးရမည်ဖြစ်ပါက လက်ကျန်ဖုန်းဘေလ် လုံလောက်စွာရှိနေမယ်ဆိုရင် ပက်ကေ့ချ် နှစ်ခုလုံးသည် တပြိုင်နက်တည်း သက်တမ်းတိုးမှာဖြစ်ပါသည်။ လက်ကျန် ဖုန်းဘေလ်သည် ပက်ကေ့ချ်တစ်ခုစာသာကျန်ရှိပါက ကျပန်းစနစ်ဖြင့်သာ သက်တမ်းတိုးမှာဖြစ်ပါသည်။ ဥပမာ။ ။ သုံးစွဲသူက ငွေ ၁၅၀၀ ကျပ် ဖြည့်မယ်ဆိုလျှင် ပက်ကေ့ချ်တစ်ခုကိုသာ သက်တမ်းတိုးနိုင်မှာဖြစ်သောကြောင့် ကျပန်းစနစ်အရ ၉၇၉ ကျပ် တန်အလိုအလျောက် Data Carry ပက်ကေ့ချ် (သို့မဟုတ်) ၉၈၀ကျပ် တန် အလိုအလျောက်သက်တမ်းတိုးထောဘီ ၅ဆပက်ကေ့ချ်တစ်ခုသာ အရင်သက်တမ်းတိုးမည်ဖြစ်သည်။

24) အလိုအလျောက် သက်တမ်းတိုးထောဘီ ၅ဆ ပက်ကေ့ချ်တွင် Carry Over Function ပါဝင်သလား?

Carry Over Function မပါရှိပါ။ ပက်ကေ့ချ်သက်တမ်းကုန်ဆုံးပြီး အလိုအလျောက်သက်တမ်းတိုးချိန်တွင် လက်ကျန်ထောဘီ balance များ ကျန်ရှိနေပါက လက်ကျန်ထောဘီ balance များသည် ပက်ကေ့ချ်အသစ်၏ထောဘီ balance နှင့် ပေါင်းစည်းသယ်ဆောင်အသုံးမပြုနိုင်ပါ။

သင်စိတ်ဝင်စားနိုင်သော ပရိုမိုးရှင်းများ

A Kyite Poh Auto Renewal

စျေးနှုန်း : ၈၈၇ကျပ်
SMS : ၅,၀၀၀ SMS (MPT-MPT)
သက်တမ်း: ၇ ရက်
ဝယ်ယူရန်: MPT4U, *2427*2*3#
ပယ်ဖျက်ရန် : MPT4U, *2427*2*4#

ပိုမို ကြည့်ရှု့ရန် ဝယ်ယူရန်

A Kyite Pyaw Pack

စျေးနှုန်:  ၉၈၇ ကျပ်
မိနစ် : ၇၅ မိနစ် (MPT-MPT)
သက်တမ်: : ၇ ရက်
ဝယ်ယူရန် : MPT4U, *600*3#

ပိုမို ကြည့်ရှု့ရန် ဝယ်ယူရန်

Data Carry Plus Auto Renew

ဈေးနှုန်း : ၉၉၇ ကျပ်
Data ပမာဏ : ၃၀၃ MB
သက်တမ်း : ၃၀ ရက်
၀ယ်ယူရန် : MPT4U, *777*3*3#

ပိုမို ကြည့်ရှု့ရန် ဝယ်ယူရန်

Data Carry Plus

ဈေးနှုန်း : ၇၉၉ ကျပ်
ဒေတာပမာဏ : ၂၁၅ MB
သက်တမ်း : ၃၀ ရက်
ဝယ်ယူရန် : MPT4U, *777*2#

ပိုမို ကြည့်ရှု့ရန် ဝယ်ယူရန်

A Kyite Poh

ဈေးနှုန်း : ၁၉၈ ကျပ်
SMS : ၁,၀၀၀ SMS (MPT-MPT)
သက်တမ်း : ၂၄ နာရီ
ဝယ်ယူရန် : MPT4U, *2427*1#

ပိုမို ကြည့်ရှု့ရန် ဝယ်ယူရန်

Kyite Yar Khaw Pack

စျေးနှုန်း : ၄၉၇ ကျပ်
မိနစ်များ : ၂၀ မိနစ် (Anycall)
သက်တမ်း : ၇ ရက်
ဝယ်ယူရန် : MPT4U, *997*3#

ပိုမို ကြည့်ရှု့ရန် ဝယ်ယူရန်

ထောဘီ ၅ ဆ

စျေးနှုန်: : ၁၀၀၀ ကျပ်
ထောဘီဖုန်းဘေလ် : ၅၀၀၀ ကျပ်(ထောဘီ ၅ဆ)
သက်တမ်း : ၁၅ ရက်
၀ယ်ယူရန် : MPT4U, *5001#

ပိုမို ကြည့်ရှု့ရန် ဝယ်ယူရန်
best operator in Myanmar