“200 MB ဒေတာနှင့်အတူ ခရီးသွားလက်ဆောင် လျှော့ဈေးကုဒ် ရယူနိုင်တဲ့ MPT Club ရဲ့ Data x Oway ပရိုမိုးရှင်းမှာ ပါဝင်လိုက်ရအောင်”

Data x Oway ပရိုမိုးရှင်းမှာဆိုရင် MPT Club ပွိုင့် (၁၀၀) အသုံးပြုရုံနဲ့ 200 MB ကို လဲလှယ်နိုင်တဲ့ အပြင် မိတ်ဖက် အဖွဲ့အစည်းဖြစ်တဲ့ Oway Travel မှ လေယာဉ်လက်မှတ်နှင့် ဟိုတယ်ဘိုကင်များအတွက် အသုံးပြုနိုင်သော တန်ဖိုး ၂၀,၀၀၀ ကျပ် လျှော့ဈေး Promo Code ကို လဲလှယ်ရယူနိုင်မှာဖြစ်ပါတယ်။

လဲလှယ်ထားသော 200 MB ကို ၅ ရက်အတွင်း အသုံးပြုနိုင်ပြီး ပွိုင့်ရှိသလောက် စိတ်ကြိုက်လဲလှယ်နိုင်ပါတယ်။

Promotion ကာလအတွင်း Point လဲလှယ်ထားသူများအား Promotion ကာလပြီးဆုံးပြီးနောက် တစ်ဦးလျှင် Promo Code တစ်ကြိမ်သာ ပေးပို့ပေးမှာဖြစ်ပါတယ်။

အဆိုပါ Promo Code ကို လက်ရှိရရှိပြီးသည့် အချိန်မှ စပြီး (၆)လအတွင်း Oway Travel App မှတစ်ဆင့် လေယာဉ်လက်မှတ်နှင့် ဟိုတယ်ဘိုကင်များ ပြုလုပ်ရာတွင် အသုံးပြုနိုင်မှာဖြစ်ပြီး၊  အနည်းဆုံး ၃၀၀,၀၀၀ ကျပ် သုံးစွဲသည့် ဘိုကင်များအတွက်သာ အကျုံးဝင်မှာဖြစ်ပါတယ်။

MPT4U အပလီကေးရှင်းအား အသုံးပြု၍ဆောင်ရွက်ခြင်း
ဖြင့် “Data x Oway ပရိုမိုးရှင်း”တွင် MPT Club ပွိုင့် (၁၀၀)ပွိုင့်ဖြင့် ပွိုင့်ရှိသလောက် လဲလှယ်ရယူနိုင်ပါသည်။

MPT Club အဖွဲ့၀င် မဖြစ်သေးပါက အောက်ပါနည်းလမ်းများအတိုင်း လုပ်ဆောင်ပြီး အဖွဲ့၀င်အဖြစ်ပရိုမိုးရှင်းများ နှင့် Discount မျိုးစုံခံစားခွင့်တွေကို ရယူနိုင်ပါသည်။

MPT4U အက်ပလီကေးရှင်းကို အခမဲ့ ဒေါင်းလုတ်ရယူခြင်း –

Andriod : https://bit.ly/2z4ZhrJ
IOS: http://apple.co/2yNZJWY

(သို့) *345# ကို ခေါ်ဆိုခြင်း

စည်းကမ်းသတ်မှတ်ချက်များ

အမေးများသောမေးခွန်းများ

မေးခွန်း (၁) MPT Club Data x Oway ပရိုမိုးရှင်းအစီအစဥ်ဆိုတာဘာလဲ။

အဖြေ။ MPT Club အဖွဲ့ဝင်များအနေဖြင့် MPT 200 MB ဒေတာ (“ အကျိုးခံစားခွင့်” ) နှင့် Oway Travel Application တွင် Flights နှင့် Hotel Bookings များကို အနည်းဆုံး ၃၀၀,၀၀၀ ကျပ် ဝယ်ယူပါက ၂၀,၀၀၀ ကျပ် တစ်ကြိမ်တည်းစာ လျော့‌ဈေး (“ အကျိုးခံစားခွင့်” ) တို့ကို MPT Club (၁၀၀) ပွိုင့်ဖြင့် လဲလှယ်ရယူနိုင်သည့် MPT Club ပရိုမိုးရှင်းအစီအစဥ် ဖြစ်ပါသည်။

မေးခွန်း (၂) ပရိုမိုးရှင်းအစီအစဥ်သက်တမ်းကာလက ဘယ်အချိန်အထိလဲ။

အဖြေ။ ဤပရိုမိုးရှင်းအစီအစဥ်အား ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ၊ (၂၁) ရက်နေ့မှ ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ၊ (၃၀) ရက်နေ့အထိ ပြုလုပ်သွားမည်ဖြစ်ပါသည်။

မေးခွန်း (၃) ဤပရိုမိုးရှင်းအစီအစဥ်တွင် ဘယ်သူတွေပါဝင်နိုင်ပါသလဲ။

အဖြေ။ MPT Club (၁၀၀) ပွိုင့် အနည်းဆုံးရှိထားပြီး ဆွေသဟာအစီအစဉ်ကို ရယူထားသော MPT Club အဖွဲ့ဝင်များ အနေဖြင့် ဤပရိုမိုးရှင်းအစီအစဥ်တွင် ပါဝင်နိုင်ပါသည်။

မေးခွန်း (၄) ဤပရိုမိုးရှင်းအစီအစဥ်မှာ ဘယ်လိုပါဝင်လို့ရနိုင်မလဲ။

အဖြေ။ အောက်ဖော်ပြပါနည်းလမ်းတစ်ခုခုကို အသုံးပြု၍ အကျိုးခံစားခွင့်အားရရှိနိုင်ရန်အတွက် ပရိုမိုးရှင်းရက် တစ်ရက်ရက်၌ MPT Club (၁၀၀) ပွိုင့်ဖြင့် နုတ်ယူခုနှိမ်လဲလှယ်ကာ ဤပရိုမိုးရှင်းအစီအစဥ်တွင် ပါဝင်နိုင်ပါသည်။

၁။ MPT4U အပလီကေးရှင်းအား အသုံးပြု၍ဆောင်ရွက်ခြင်း (သို့မဟုတ်)

၂။ USSD နံပါတ် *345*3# အားခေါ်ဆို၍ဆောင်ရွက်ခြင်း၊ ။

မေးခွန်း (၅) MPT Club ပွိုင့်များဖြင့် နုတ်ယူခုနှိမ်လဲလှယ်ပြီးနောက် အကျိုးခံစားခွင့်အား မည်သည့်အချိန်တွင် လက်ခံရရှိမလဲ။

အဖြေ။ MPT Club ပွိုင့်ဖြင့် လဲလှယ်ပြီးသည်နှင့်တစ်ပြိုင်နက် ဒေတာအကျိုးခံစားခွင့်အား ချက်ခြင်း လက်ခံရရှိမည်ဖြစ်သည်။ လျော့ဈေးအကျိုးခံစားခွင့်ကို ပရိုမိုးရှင်းကာလပြီးဆုံးသည့် အချိန်မှစ၍ (၃)ရက်အတွင်း လျော့ဈေးပရိုမိုကုဒ်ကို SMS မှ တစ်ဆင့် ပေးပို့ပါမည်။

မေးခွန်း (၆) ရရှိတဲ့အကျိုးခံစားခွင့်က ဘယ်အချိန်မှာ သက်တမ်းကုန်ဆုံးမှာလဲ။

အဖြေ။ ဒေတာအကျိုးခံစားခွင့်အား လဲလှယ်မှုပြုလုပ်ပြီးနောက် (၅) ရက်အတွင်း အသုံးပြုရမည်ဖြစ်ပြီး အသုံးမပြုပါက အလိုအလျောက် သက်တမ်းကုန်ဆုံးသွားမည်ဖြစ်သည်။ လျော့ဈေး အကျိုးခံစားခွင့်ကို SMS မှ တစ်ဆင့် ပရိုမိုကုဒ် ရရှိသည့်အချိန်မှ စ၍ (၆)လအတွင်း တစ်ကြိမ်တည်းသာ အသုံးပြုနိုင်ပါသည်။

မေးခွန်း (၇) ပရိုမိုးရှင်းအစီအစဥ်မှာ အကျိုးခံစားခွင့် ရရှိနိုင်ဖို့အတွက် ပါဝင်သူလူဦးရေကန့်သတ်ချက်ရှိပါသလား။

အဖြေ။ပရိုမိုးရှင်းအစီအစဥ်အတွက် ပါဝင်သူဉီးရေ ကန့်သတ်မထားပါ။

မေးခွန်း (၈) ဤပရိုမိုးရှင်းအစီအစဥ်တွင် ဘယ်နှစ်ကြိမ်ပါဝင်ဆောင်ရွက်နိုင်ပါသလဲ။

အဖြေ။ ပါဝင်ဆောင်ရွက်သူအနေဖြင့် ဒေတာအကျိုးခံစားခွင့်အတွက် အကြိမ်ကြိမ် ထပ်မံလဲလှယ်၍ အကျိုးခံစားခွင့်ရယူနိုင်မည်ဖြစ်ပါသည်။ Oway Travel ပရိုမိုကုဒ်အတွက် Promotion ကာလအတွင်း Point လဲလှယ်ထားသူများအား Promotion ကာလပြီးဆုံးပြီးနောက် ပွိုင့် လဲလှယ်သူ တစ်ဦးလျှင် Promo Code တစ်ကြိမ်သာ ပေးပို့ပေးမည်ဖြစ်ပါသည်။

မေးခွန်း (၉) MPT Club အဖွဲ့ဝင်ဖြစ်အောင် ဘယ်လိုလုပ်ဆောင်ရမလဲ။

အဖြေ။ MPT4U အပလီကေးရှင်းအား ဒေါင်းလုပ်ရယူ၍ဖြစ်စေ၊ *345# အား ခေါ်ဆို၍ဖြစ်စေ MPT Club အဖွဲ့ဝင် အဖြစ် လွယ်ကူစွာပါဝင်ဆောင်ရွက်နိုင်ပါသည်။

မှတ်ချက်။ ဤအမေးများသောမေးခွန်းများနှင့် စည်းကမ်းချက်များအကြား ကွဲလွဲမှုများရှိခဲ့ပါက စည်းကမ်းချက် များပါ ပြဌာန်းချက်များက လွှမ်းမိုးအတည်ဖြစ်စေရမည်။ ဤအမေးများသောမေးခွန်းများ၏ အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာစာသားများအကြား ကွဲလွဲမှုများရှိခဲ့ပါက မြန်မာဘာသာပါစာသားများကသာ လွှမ်းမိုးအတည်ဖြစ်စေ ရမည်။

best operator in Myanmar