MPT Special Offer ဆိုတာဘာလဲ။

MPT မှ သုံးစွဲသူတိုင်းအတွက် အထူးအစီအစဉ်တွေ ယူဆောင်လာပါပြီ။ MPTသုံးစွဲသူတွေမှာ မတူညီတဲ့ သုံးစွဲမှုပုံစံတွေရှိနေတာကြောင့် MPT ကလည်း မတူညီတဲ့ အထူးအစီအစဉ်တွေကို နေ့စဉ်နှင့်အမျှ သုံးစွဲသူတွေအတွက် စီစဉ်ပေးလျက်ရှိပါသည်။ သင့်အတွက်အထူးအစီအစဉ်များကို နေ့စဉ်သိရှိနိုင်ရန် သက်ဆိုင်ရာ USSD (သို့) MPT4U မှတစ်ဆင့် စစ်ဆေးနိုင်ပါသည်။ ဒီနေ့အတွက် အထူးအစီအစဉ်တွေရရှိနိုင်မယ့် သင့်အခွင့်အရေးကို လက်လွှတ်မခံဘဲ အရယူလိုက်ပါ။

ဘယ်သူတွေက ဘယ်လို ပါဝင်ကံစမ်းနိုင်မှာလဲ။

အထူး ဒေတာပက်ကေ့ချ်များ၊ ထောဘီ၊ Voice ပက်ကေ့ချ်နှင့် SMS ပက်ကေ့ချ်များကို ဈေးနှုန်းချိုသာစွာ ဝယ်ယူနိုင်ရန်အတွက် *555# နှင့် *2006# တို့ကိုခေါ်ဆို၍ စိတ်ကြိုက် ရွေးချယ်ဝယ်ယူနိုင်ပါသည်။

*555#မှ တစ်ဆင့်ခေါ်ဆိုပြီး Special Offer မှာ သင့်အတွက် မတူညီတဲ့ အကျိုးခံစားခွင့်တွေနဲ့ စျေးနှုန်းချိုသာတဲ့ ပက်ကေ့ချ်များကို ဘယ်လို ရွေးချယ်၀ယ်ယူနိုင်သလဲ ဆိုတာကိုတော့ ဒီ Video လေးထဲမှာ ကြည့်ရှုနိုင်ပါတယ်။

သင်စိတ်ဝင်စားနိုင်သော ပရိုမိုးရှင်းများ

A Kyite Poh Auto Renewal

စျေးနှုန်း : ၈၈၇ကျပ်
SMS : ၅,၀၀၀ SMS (MPT-MPT)
သက်တမ်း: ၇ ရက်
ဝယ်ယူရန်: MPT4U, *2427*2*3#
ပယ်ဖျက်ရန် : MPT4U, *2427*2*4#

ပိုမို ကြည့်ရှု့ရန် ဝယ်ယူရန်

A Kyite Pyaw Pack

စျေးနှုန်:  ၉၈၇ ကျပ်
မိနစ် : ၇၅ မိနစ် (MPT-MPT)
သက်တမ်: : ၇ ရက်
ဝယ်ယူရန် : MPT4U, *600*3#

ပိုမို ကြည့်ရှု့ရန် ဝယ်ယူရန်

Data Carry Plus Auto Renew

ဈေးနှုန်း : ၉၉၇ ကျပ်
Data ပမာဏ : ၃၀၃ MB
သက်တမ်း : ၃၀ ရက်
၀ယ်ယူရန် : MPT4U, *777*3*3#

ပိုမို ကြည့်ရှု့ရန် ဝယ်ယူရန်

Data Carry Plus

ဈေးနှုန်း : ၇၉၉ ကျပ်
ဒေတာပမာဏ : ၂၁၅ MB
သက်တမ်း : ၃၀ ရက်
ဝယ်ယူရန် : MPT4U, *777*2#

ပိုမို ကြည့်ရှု့ရန် ဝယ်ယူရန်

A Kyite Poh

ဈေးနှုန်း : ၁၉၈ ကျပ်
SMS : ၁,၀၀၀ SMS (MPT-MPT)
သက်တမ်း : ၂၄ နာရီ
ဝယ်ယူရန် : MPT4U, *2427*1#

ပိုမို ကြည့်ရှု့ရန် ဝယ်ယူရန်

Kyite Yar Khaw Pack

စျေးနှုန်း : ၄၉၇ ကျပ်
မိနစ်များ : ၂၀ မိနစ် (Anycall)
သက်တမ်း : ၇ ရက်
ဝယ်ယူရန် : MPT4U, *997*3#

ပိုမို ကြည့်ရှု့ရန် ဝယ်ယူရန်

ထောဘီ ၅ ဆ

စျေးနှုန်: : ၁၀၀၀ ကျပ်
ထောဘီဖုန်းဘေလ် : ၅၀၀၀ ကျပ်(ထောဘီ ၅ဆ)
သက်တမ်း : ၁၅ ရက်
၀ယ်ယူရန် : MPT4U, *5001#

ပိုမို ကြည့်ရှု့ရန် ဝယ်ယူရန်

စည်းမျဉ်းစည်းကမ်းများ

၁။ သတ်မှတ်ထားသော MPT GSM/WCDMA Prepaid အသုံးပြုသူများအားလုံးဝယ်ယူသုံးစွဲနိုင်ပါသည်။ Base Tariff အသုံးပြုသူများအနေဖြင့် အသုံးပြု၍ ရရှိနိုင်မည်မဟုတ်ပါ။

၂။ အထူးအစီအစဉ်များသည် သုံးစွဲသူတစ်ဦးချင်း၏ အသုံးပြုမှုအနေအထားပေါ်မူတည်၍ စီစဉ်ပေးထားခြင်းဖြစ်ပြီး တစ်ဦးနှင့်တစ်ဦး အသုံးပြုမှုအနေအထား ကွဲပြားမှုပေါ်မူတည်၍ အထူးအစီအစဉ်များသည်လည်း ကွဲပြားမှုရှိမည် ဖြစ်ပါသည်။

၃။ နေ့တိုင်းအတွက်ရရှိနိုင်မည့် အထူးအစီအစဉ်များသည်လည်း တူညီနိုင်မည်မဟုတ်ဘဲ ပြောင်းလဲမှုရှိနိုင်သည့် အတွက် သုံးစွဲသူအနေဖြင့် *555# ကို ခေါ်ဆိုခြင်း (သို့) MPT4U app ထဲသို့ ဝင်ရောက်စစ်ဆေးပြီး တစ်နေ့တာ အတွက်ရရှိနိုင်မည့် အထူးအစီအစဉ်အား နေ့စဉ်ရှာဖွေကြည့်ရှုခြင်း (သို့) Package မဝယ်မီ *2006# ကို ခေါ်ဆို စစ်ဆေးခြင်းတို့ကို ဆောင်ရွက်သင့်ပါသည်။

၄။ သုံးစွဲသူတစ်ဦးတည်းအတွက် ရရှိသည့်အထူးအစီအစဉ်များသည်ပင်လျှင် ပြောင်းလဲမှုရှိနိုင်သောကြောင့် သုံးစွဲသူများအနေဖြင့် *555# နှင့် *2006# ကိုခေါ်ဆို၍သော်လည်းကောင်း၊ MPT4U app တွင် ဝင်ရောက် စစ်ဆေး၍သော်လည်းကောင်း၊ MPT မှ ပေးပို့သော စာတိုများကို ဖတ်ရှုခြင်းအားဖြင့်သော်လည်းကောင်း   အဆိုပါအထူးအစီအစဉ်များအား လက်လွတ်မှုမရှိစေရန် နေ့စဉ်စစ်ဆေးမှုများ လုပ်ဆောင်သင့်ပါသည်။

၅။ *555# နှင့် MPT4U app တို့တွင် ရရှိနိုင်သော အထူးအစီအစဉ်များတွင် ဖုန်းခေါ်ဆိုမှုအစီအစဉ်များ၊ ထောဘီ Package နှင့် ဒေတာ Package များကို အပိုလက်ဆောင်ဒေတာများထည့်သွင်းပေးခြင်း (သို့မဟုတ်) သက်တမ်းတိုး ခံစားခွင့်များရရှိစေခြင်း (သို့မဟုတ်)  သုံးစွဲသူများအတွက် နေ့စဉ်ရရှိခံစားနိုင်မည့် အခြားသော စိတ်ဝင်စားဖွယ် အထူးအစီအစဉ်များ ကမ်းလှမ်းခြင်းနှင့်အတူ ထောက်ပံ့ပေးသွားမည် ဖြစ်ပါသော ကြောင့် သုံးစွဲသူများအနေဖြင့် အထူးအစီအစဉ်များအား မလွတ်တမ်းရှာဖွေစောင့်ကြည့်သင့်ပါသည်။

*2006# တွင် ရရှိနိုင်သောအထူးအစီအစဉ်များတွင် ဖုန်းခေါ်ဆိုမှုအစီအစဉ်များ၊ ဒေတာ Package များ (သို့မဟုတ်) စာတိုပေးပို့မှု Package များကို အပိုလက်ဆောင်ဒေတာများထည့်သွင်းပေးခြင်း (သို့မဟုတ်) သက်တမ်းတိုး ခံစားခွင့် များရရှိစေခြင်း (သို့မဟုတ်) *2006# အားခေါ်ဆိုမှုမှတဆင့်ရရှိနိုင်သည့် မတူညီသည့်အထူးအစီအစဉ်များ ပေါ်အခြေခံသည့် အထူးအရောင်းမြှင့်တင်ရေးကာလတစ်ခုအတွင်း အသုံးပြုသူမှရရှိခံစားနိုင်မည့် အခြားသော စိတ်ဝင်စားဖွယ်အထူးအစီအစဉ်များ ကမ်းလှမ်းခြင်းနှင့်အတူ ထောက်ပံ့ပေးသွားမည်ဖြစ်ပါသည်။

၆။ သတ်မှတ်ထားသောနှုန်းထားများတွင် ကုန်သွယ်လုပ်ငန်းခွန်ပါဝင်ပြီးဖြစ်ပါသည်။

၇။ အထူးအစီအစဉ်တစ်ခုအတွက် အသုံးပြုနိုင်သည့်သက်တမ်းကာလမှာ ဝယ်ယူလိုက်သောဝန်ဆောင်မှု အမျိုးအစားတစ်ခုချင်းအလိုက်ပြောင်းလဲနိုင်ပြီး ပက်ကေ့ချ်တစ်ခုချင်းစီ၏သက်တမ်းကို *555# (သို့မဟုတ်) MPT4U App နှင့် *2006# (သို့မဟုတ်) အစီအစဉ်အတွက်စာတိုပေးပို့မှုတို့မှတဆင့် အထူးအစီအစဉ်၏ အသေးစိတ်အကြောင်းအရာတွင် ဖော်ပြပေးသွားမည်ဖြစ်ပါသည်။

၈။ CDMA၊ Postpaid နှင့် Base Tariff အသုံးပြုသူများအနေဖြင့် ဝယ်ယူရရှိနိုင်မည်မဟုတ်ပါ။

၉။အထူးအစီအစဉ်၏ အသေးစိတ်အကြောင်းအရာတွင် အခြားနည်းအားဖြင့် ဖော်ပြထားခြင်း မရှိပါက အသုံးပြုသူအနေဖြင့် အထူးအစီအစဉ်တွင်ပါဝင်သော ပက်ကေ့ချ်များကို အကန့်အသတ်မရှိဝယ်ယူနိုင်မှာ ဖြစ်ပါသည်။ သို့သော် အပိုလက်ဆောင်ခံစားခွင့် (နှင့်/သို့မဟုတ်) ဆုလက်ဆောင်အား အသုံးပြုသူတစ်ဦးအတွက် တစ်ကြိမ်သာလျှင် တောင်းခံပိုင်ခွင့်ရှိပါသည်။

၁၀။ အထူးအစီအစဉ်၏ အသေးစိတ်အကြောင်းအရာတွင် အခြားနည်းအားဖြင့် ဖော်ပြထားခြင်း မရှိပါက အထူးအစီအစဉ် တစ်ခုစီအတွက် အပိုလက်ဆောင်ခံစားခွင့် (နှင့်/သို့မဟုတ်) ဆုလက်ဆောင် အား တစ်ကြိမ်သာလျှင် တောင်းခံပိုင်ခွင့်ရှိပါသည်။ အသုံးပြုသူအနေဖြင့် အထူးအစီအစဉ် တစ်ခုတည်းအတွက် အပိုထပ်ဆောင်း အကျိုးခံစားခွင့်အား ထပ်မံ၍ နောက်တစ်ကြိမ်လက်ခံရရှိခဲ့ပါက MPT မှ တစ်ကြိမ်ထက်ပိုသော အဆိုပါအပိုထပ်ဆောင်းအကျိုးခံစားခွင့်ကို ပြန်လည်တောင်းယူရပိုင်ခွင့်ရှိမည်ဖြစ်သည်။

၁၁။ နည်းပညာပိုင်းဆိုင်ရာချို့ယွင်းမှုကြောင့် အသုံးပြုသူတစ်ဦးဦးအား အကျိုးခံစားခွင့်မှားယွင်းပေးမိခြင်း (သို့မဟုတ်) အပိုခံစားခွင့်ပေးမိခြင်း (သို့မဟုတ်) အပိုခံစားခွင့်ကြိမ်ရေများစွာပေးမိခြင်းများရှိခဲ့ပါက MPT မှ ၎င်း၏ ဆုံးဖြတ်ချက်ဖြင့်  အဆိုပါအကျိုးခံစားခွင့်တို့ကို ပြန်လည်တောင်းယူပိုင်ခွင့်ရှိမည်ဖြစ်သည်။

မေးလေ့ရှိသောမေးခွန်းများ

1. How to subscribe?

*555# (သို့) *2006# ကို ခေါ်ဆို၍သော်လည်းကောင်း၊ MPT4U app မှတစ်ဆင့် သော်လည်းကောင်း သင့်အတွက် Special Offer ကို တွေ့ရှိရမှာဖြစ်ပြီး ရွေးချယ်ကာ ဝယ်ယူနိုင်ပါသည်။

၂။ Special offer data pack ကို ဝယ်ပြီးရင် လက်ကျန် Balance မှာ ဘယ်ဟာကို အရင်ဖြတ်မှာလဲ။

Special Offer data pack နှင့် အခြား data pack နှစ်ခုလုံးရှိပါက Special Offer data pack ကို အရင် ကုန်ကျစေမည်ဖြစ်ပါသည်။

၃။ Special Offer ကို ဘယ်လောက်ကာလအထိ အသုံးပြုနိုင်လဲ။

အထူးအစီအစဉ်များ၏သက်တမ်းမှာ ဝယ်ယူလိုက်သော ပက်ကေ့ချ်အမျိုးအစားအလိုက် ပြောင်းလဲနိုင်ပြီး ပက်ကေ့ချ်တစ်ခုချင်းစီ၏သက်တမ်းကို *555# (သို့) MPT4U App နှင့် *2006# တို့တွင် စစ်ဆေးနိုင်ပါသည်။

၄။ အကယ်၍ ရက်ပေါင်း (၆၀)အတွင်း မကုန်ဆုံးပါက နောက်လထဲ သို့ သယ်ဆောင်သွားနိုင်ပါသလား။

မသယ်ဆောင်သွားနိုင်ပါ။

best operator in Myanmar