ငွေပေးချေမှုဆိုင်ရာ မူဝါဒဆိုတာဘာလဲ။

ယခု ငွေပေးချေမှုဆိုင်ရာမူဝါဒ အသစ်၏ ရည်ရွယ်ချက် မှာ ပေးဆောင်ရန်ရှိသော ငွေတောင်းခံလွှာများအား ပုံမှန်ပေးဆောင်သော သုံးစွဲသူများသို့ ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုများ ထောက်ပံ့ပေးနိုင်ရေး တို့အတွက်ဖြစ်သည်။

ငွေပေးချေမှု ဆိုင်ရာ မူဝါဒ အသစ်သည် လက်ရှိ ဈေးကွက်တွင် မိတ်ဆက်ရောင်းချထားသော GSM၊ CDMA၊ PSTN၊ ADSL၊ IP Star နှင့် FTTH ဝန်ဆောင်မှုအားလုံးအတွက် အကျုံးဝင်မည်ဖြစ်သည်။

ဘယ်အချိန်မှာစပြီး အကျိုးသက်ရောက်မှုရှိမလဲ။

ငွေပေးချေမှုဆိုင်ရာ မူဝါဒသည် ၂၀၁၈ နိုဝင်ဘာ ၁ ရက် မှစတင်မည်ဖြစ်သောကြောင့် ပေးဆောင်ရန်ကျန်ရှိနေသော ရက်လွန်ငွေတောင်းခံလွှာများကို ၂၀၁၈ အောက်တိုဘာလ ၃၁ရက်နေ နောက်ဆုံးထား၍ ပေးဆောင်ရမည်ဖြစ်ပါသည်။

အသုံးပြုနေသောဝန်ဆောင်မှုများနှင့်ပတ်သက်သော ငွေပေးချေမှုဆိုင်ရာအချက်အလက်များ

ဝန်ဆောင်မှုများအလိုက် ငွေပေးချေမှုဆိုင်ရာ မူဝါဒ အကျုံးဝင်ပုံ ဇယား

blank

GSM/CDMA (Mobile)

၀န်ဆောင်မှုစတင် အသုံးပြုပြီး နောက်လများတွင် သုံးစွဲသူထံသို့ ငွေတောင်းခံလွှာများ ရောက်ရှိလာမည်ဖြစ်သည်။
ငွေတောင်းလွှာ၏ သတ်မှတ်ထားသော နောက်ဆုံးပေးဆောင်ရက်မှာ လ တစ်လ၏ နောက်ဆုံး အလုပ်လုပ်ရက် ဖြစ်ပါသည်။
ပထမတစ်လတွင် သတ်မှတ်ရက်အတွင်း ငွေပေးဆောင်ခြင်းမရှိပါက အဝင်ခေါ်ဆိုမှုသာ ရရှိနိုင်မည် ဖြစ်သည်။
ဒုတိယလတွင်လည်း သတ်မှတ်ရက်အတွင်း ငွေပေးဆောင်ခြင်းမရှိပါက အဝင် အထွက် ခေါ်ဆိုမှုများ ရရှိနိုင်မည် မဟုတ်ပါ။
တတိယလတွင် သတ်မှတ်ရက်အတွင်း ငွေပေးဆောင်ခြင်းမရှိပါက ၀န်ဆောင်မှုအား ပိတ်သိမ်းသွားမည်ဖြစ်ပါသည်။
ပြန်လည် သုံးစွဲလိုပါက လျှောက်လွှာပုံစံဖြည့်ကာ ကနဦးအစမှ ပြန်လည်လျှောက်ထားရမည်ဖြစ်သည်။ သို့သော်လည်း MPT မှ သုံးစွဲသူ ယခင် အသုံးပြုထားသော နံပါတ် ပြန်လည် အသုံးပြုခွင့် ရရန် အာမခံပေးနိုင်မည် မဟုတ်ပါ။

PSTN (Including Toll-free)

ADSL

blank

၀န်ဆောင်မှုစတင် အသုံးပြုပြီး နောက်လများတွင် သုံးစွဲသူထံသို့ ငွေတောင်းခံလွှာများ ရောက်ရှိလာမည်ဖြစ်သည်။
ငွေတောင်းလွှာ၏ သတ်မှတ်ထားသော နောက်ဆုံးပေးဆောင်ရက်မှာ လ တစ်လ၏ နောက်ဆုံး အလုပ်လုပ်ရက်ဖြစ်ပါသည်။
ပထမတစ်လ နှင့် ဒုတိယတစ်လ တွင် သတ်မှတ်ရက်အတွင်း ငွေပေးဆောင်ခြင်းမရှိပါက ဝန်ဆောင်မှု ယာယီဆိုင်းငံ့ သွားမည်ဖြစ်သည်။
တတိယလတွင် သတ်မှတ်ရက်အတွင်း ငွေပေးဆောင်ခြင်းမရှိပါက ၀န်ဆောင်မှုအား ပိတ်သိမ်း သွားမည် ဖြစ်ပါသည်။
ပြန်လည် သုံးစွဲလိုပါက လျှောက်လွှာပုံစံဖြည့်ကာ ကနဦးအစမှ ပြန်လည်လျှောက်ထားရမည်ဖြစ်သည်။ သို့သော်လည်း MPT မှ သုံးစွဲသူ ယခင် အသုံးပြုထားသော နံပါတ် ပြန်လည် အသုံးပြုခွင့် ရရန်အာမခံပေးနိုင်မည် မဟုတ်ပါ။

IP Star

blank

၀န်ဆောင်မှုစတင် အသုံးပြုပြီး နောက်လများတွင် သုံးစွဲသူထံသို့ ငွေတောင်းခံလွှာများ ရောက်ရှိလာမည်ဖြစ်သည်။
ငွေတောင်းလွှာ၏ သတ်မှတ်ထားသော နောက်ဆုံးပေးဆောင်ရက်မှာ လ တစ်လ၏ နောက်ဆုံး အလုပ်လုပ်ရက်ဖြစ်ပါသည်။
ပထမတစ်လ နှင့် ဒုတိယတစ်လ တွင် သတ်မှတ်ရက်အတွင်း ငွေပေးဆောင်ခြင်းမရှိပါက ဝန်ဆောင်မှု ယာယီဆိုင်းငံ့ သွားမည်ဖြစ်သည်။
တတိယလတွင် သတ်မှတ်ရက်အတွင်း ငွေပေးဆောင်ခြင်းမရှိပါက ၀န်ဆောင်မှုအား ပိတ်သိမ်း သွားမည် ဖြစ်ပါသည်။
ပြန်လည် သုံးစွဲလိုပါက လျှောက်လွှာပုံစံဖြည့်ကာ ကနဦးအစမှ ပြန်လည်လျှောက်ထားရမည်ဖြစ်သည်။ သို့သော်လည်း MPT မှ သုံးစွဲသူ ယခင် အသုံးပြုထားသော နံပါတ် ပြန်လည် အသုံးပြုခွင့် ရရန် အာမခံပေးနိုင်မည် မဟုတ်ပါ။

FTTH

blank

ဝန်ဆောင်မှုစတင် အသုံးမပြုမှီ သုံးစွဲသူထံသို့ ငွေတောင်းခံလွှာများ (Prepaid invoice) ရောက်ရှိလာမည် ဖြစ်သည်။
ငွေတောင်းခံလွှာ၏ သတ်မှတ်ထားသော နောက်ဆုံးပေးဆောင်ရက်မှာ လ တစ်လ၏ နောက်ဆုံး အလုပ်လုပ်ရက်ဖြစ်ပါသည်။
ငွေတောင်းခံလွှာများ (Prepaid invoice) များကို သက်ဆိုင်ရာ လများတွင် ပေးဆောင်ခဲ့ခြင်းမရှိပါက ပထမလ၊ ဒုတိယလ နှင့် တတိယလအထိ ဝန်ဆောင်မှုများ ယာယီဆိုင်းငံထားခြင်း ခံရမည် ဖြစ်သည်။
စတုတ္ထလတွင် သတ်မှတ်ရက်အတွင်း ငွေတောင်းခံလွှာများ (Prepaid invoice) ကို ငွေပေးဆောင်ခြင်းမရှိပါက ဝန်ဆောင်မှုအား ပိတ်သိမ်းသွားမည် ဖြစ်ပါသည်။
ပြန်လည် သုံးစွဲလိုပါက လျှောက်လွှာပုံစံဖြည့်ကာ ကနဦးအစမှ ပြန်လည်လျှောက်ထားရမည်ဖြစ်သည်။

စည်းမျဉ်းစည်းကမ်းများ

ယခု ငွေပေးချေမှုဆိုင်ရာ မူဝါဒအသစ် သည် လာမည့် (၁.နိုဝင်ဘာ.၂၀၁၈)ရက်နေ့ မှစတင်၍ အကျိုးသက်ရောက် မည်ဖြစ်သည်။

– ၂၀၁၈ အောက်တိုဘလ ၃၁ ရက်နေ့အထိ ပေးဆောင်ရန်ကျန်ရှိနေသော ရက်လွန် ငွေတောင်းခံလွှာများ ကို စစ်ဆေးသွားမည်ဖြစ်သည်။
– ပေးဆောင်ရန် ကျန်ရှိနေသေးသော ငွေတောင်းခံလွှာများကို သတ်မှတ်ရက်အတွင် မပေးဆောင်ပါက မူဝါဒအသစ်ပါ စည်းမျဉ်း စည်းကမ်းများအတိုင်း ယာယီရပ်ဆိုင်းခြင်း သို့မဟုတ် အပြီးဖြတ်တောက်ခြင်းများ ပြုလုပ်သွားမည် ဖြစ်သည်။
– ယာယီရပ်ဆိုင်းခြင်းခံရသော ဝန်ဆောင်မှုများသည် ပေးဆောင်ရန်ကျန်ရှိနေသော ကြွေးကျန်များကို အပြီးဖြတ်တောက်ခြင်း မတိုင်မှီကာလအတွင်း အပြည့်အ၀ ပေးဆောင်နိုင်ပါက ဝန်ဆောင်မှုအား ပြန်လည် အသုံးပြုခွင့်ပေးမည်ဖြစ်သည်။
– အပြီးဖြတ်တောက်ခြင်းခံရသော သုံးစွဲသူများ အနေဖြင့် ဝန်ဆောင်မှုအား ပြန်လည်အသုံးပြုလိုပါက ကနဦးအစမှ အသစ်တဖန် ပြန်လည် လျှောက်ထားသွား ရမည်ဖြစ်သည်။
– အသေးစိတ်သိရှိလိုပါ သုံးစွဲသူများအနေဖြင့် ၁၀၆ (call center) ကို ဖြစ်စေ နီးစပ်ရာ TRA သို့မဟုတ် commercial ရုံးများတွင်လည်း ဆက်သွယ် မေးမြန်းနိုင်ပါသည်။

အမေးများသောမေးခွန်းများ

၁။ မူဝါဒရဲ့ ရည်ရွယ်ချက်က ဘာလဲ?

မူဝါဒရဲ့ ရည်ရွယ်ချက်တွေကတော့ လစဉ် ပုံမှန်ငွေပေးဆောင်သော သုံးစွဲသူတွေအနေနဲ့ ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများကို အဆင်ပြေစွာ သုံးစွဲနိုင်စေရန်ရည်ရွယ်ပါသည်။

၂။ ဘယ်လိုဝန်ဆောင်မှုတွေက သက်ရောက်မှုရှိမှာလဲ?

မူဝါဒအသစ်သည် သုံးစွဲသူများအား ပေးထားသော B2C ဝန်ဆောင်မှုများဖြစ်သည့် GSM, CDMA, PSTN, ADSL, IP Star နှင့် FTTH တို့ဖြစ်သည်။

၃။ မူဝါဒကိုကျင့်သုံးခြင်းဖြင့် ဘယ်လိုအကျိုးသက်ရောက်မှုရှိမလဲ?

ဒီမူဝါဒကို ကျင့်သုံးခြင်းဖြင့် သတ်မှတ်ရက်အတွင်း ငွေပေးဆောင်ခြင်းမရှိသော သုံးစွဲသူများသည် ၎င်းတို့ ရယူထားသော ဝန်ဆောင်မှုများ ယာယီဆိုင်းငံ့ခံရခြင်း သို့မဟုတ် အပြီးပိတ်သိမ်းခံရခြင်းများ ဖြစ်ပေါ်နိုင်ပါသည်။

၄။ ဒီလိုမူဝါဒကိုသုံးစွဲသူတွေအပေါ်ကျင့်သုံးလို့ရပါသလား။?

ပိုမိုအရည်အသွေးကောင်းမွန်သော ဝန်ဆောင်မှုပေးရန်အတွက် Postpaid ဝန်ဆောင်မှုအား သုံးစွဲရန် လျှောက်ထားသော သုံးစွဲသူများအားလုံးတွင် ယခုကဲ့သို့သော မူဝါဒ ကျင့်သုံးရန်လိုအပ်သည်။ ဆက်သွယ်ရေး ဆိုင်ရာ ဝန်ဆောင်မှုပေးသော ဌာနများတွင်သာမက အခြား postpaid ဝန်ဆောင်မှုများဖြစ်သော ရေ၊ လျှပ်စစ်၊ ဂတ်စ် အစရှိသည့် ဌာနများတွင်လည်း ယခုကဲ့သို့ မူဝါဒရှိပါသည်။

၅။ ကျွန်ုပ်သည် ယာယီဆိုင်းငံခြင်းသို့မဟုတ် အပြီးပိတ်သိမ်းခြင်းစာရင်းတွင် မပါဝင်အောင် ဘယ်လိုလုပ်ရမလဲ?

၁၀၆ (call center) သို့မဟုတ် နီးစပ်ရာ TRA နှင့် commercial ရုံးများတွင် စုံစမ်းမေးမြန်းနိုင်ပါသည်။

၆။ ယာယီရပ်ဆိုင်းခြင်းခံရသော ဝန်ဆောင်မှုများကို ဘယ်လိုပြန်ဖွင့်ရမလဲ?

ငွေပေးချေရန် သတ်မှတ်ရက်လွန်နေသော ငွေပေးချေလွှာများ လက်ဝယ်ရှိပါက နီးစပ်ရာ စာတိုက်၊ TRA ရုံး သို့သွားရောက်ကာ ငွေပေးဆောင်နိုင်မည် ဖြစ်သည်။ ထို့အပြင် CB ဘဏ်၊ KBZ ဘဏ်၊ MEB ဘဏ် တို့တွင်လည်း ထိုငွေပေးချေလွှာများဖြင့် ပေးချေနိုင်မည် ဖြစ်သည်။ ထိုငွေပေးချေလွှာများ လက်ဝယ်မရှိပါက နီးစပ်ရာ MPT TRA ရုံးများသို့ သွားရောက်ကာ ထို ငွေပေးချေလွှာများအား ပေးဆောင်နိုင်ပါသည်။ ထို ငွေပေးချေလွှာများအား အပြည့်အ၀ ပေးချေပြီးပါက ရပ်ဆိုင်းခံထားရသော ဝန်ဆောင်မှုများသည် အလုပ်ဖွင့်ရက်အနည်းငယ်အတွင်း ပြန်လည် အသုံးပြုလို့ရမည်ဖြစ်သည်။

၇။ အပြီးပိတ်သိမ်းခြင်းခံရသောဝန်ဆောင်မှုများကို ပြန်လည်အသုံးပြုရန် ဘယ်လိုလုပ်ရမလဲ?

ပြန်လည်အသုံးပြုရန်အတွက် လျှောက်ထားမည်ဆိုပါက နီးစပ်ရာ commercial ရုံးများသို့သွားရောက်ကာ ကနဦးအစမှ လျှောက်ထားသလို အစအဆုံးပြန်လည် လုပ်ဆောင်ရမည်ဖြစ်သည်။ အပြီးပိတ်သိမ်းလိုက်သော ဝန်ဆောင်မှုများကို ပြန်လည် အသုံးပြု၍မရပါ။ အသစ်မှစတင်၍ ပြန်လည် လျှောက်ထားရမည်ဖြစ်သည်။ သို့သော်လည်း သုံးစွဲသူ ယခင် အသုံးပြုခဲ့သော ဖုန်းနံပါတ်ကို ပြန်လည် ရယူနိုင်မည်ကိုမူ အာမခံနိုင်မည်မဟုတ်ပဲ အခြေအနေပေါ်မူတည်၍ ဖုန်းနံပါတ် အသစ် ဖြစ်သွား နိုင်မည် ဖြစ်သည်။

best operator in Myanmar