၁။ ဤ တူတူဆော့မယ် MPTတစ်ဆယ်တစ်ဆယ် Duet Tiktok Dance အစီအစဉ်(“အစီအစဉ်”) တွင် MPT ဝန်ထမ်းများမှအပ မြန်မာနိုင်ငံသားတိုင်း ပါဝင်ဆောင်ရွက်နိုင်ပါသည်။
၂။ ဤအစီအစဉ်၏ သက်တမ်းကာလမှာ ၂၀၂၄ ခုနှစ် ၊ စက်တင်ဘာလ၊ (၆) ရက်နေ့မှ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ၊ (၁၅) ရက်နေ့အထိ (“အစီအစဉ်သက်တမ်းကာလ”) ဖြစ်ပါသည်။
၃။ ဤအစီအစဉ်တွင် ပါဝင်ဆောင်ရွက်နိုင်ရန်အတွက် ပါဝင်ဆောင်ရွက်သူအနေဖြင့် အောက်ပါလိုအပ်ချက်များနှင့်ပြည့်စုံရမည် ဖြစ်သည်။
(က) MPT ၏ တရားဝင် Tiktok Account ကို ဤလင့် (https://www.tiktok.com/@mptofficialpage) တွင် ဝင်ရောက်၍ Follow လုပ်ထားရမည်။
(ခ) မိမိ၏ အကောင့်အား ပရိုဖိုင်အစစ်ဖြစ်အသုံးပြုရမည်ဖြစ်သည်။
(ဂ) ဤအစီအစဉ်အတွက် MPT ၏ တရားဝင် Tiktok Account တွင် Pinned Post ဖြင့် တင်ထားသည့် ဗွီဒီယိုအား Duet ဗွီဒီယိုဖန်တီး၍ မိမိ၏ အကောင့်တွင် Public ဖြင့်တင်ရမည်။
(ဃ) ထိုသို့တင်ရာတွင် @mptofficialpage ကိုရှာဖွေကာ Mention ပြုလုပ်ပြီး၊ #MPT1010Dance နှင့် #FYP တို့ကို ထည့်သွင်းကာ ဖန်တီးထားသောဗွီဒီယိုကို အထက်တွင်ဖော်ပြထားသည့်အတိုင်း တင်ရမည်။
(မှတ်ချက်။ ။ ဤအစီအစဉ်တွင် ပါဝင်ဆောင်ရွက်ရန်အတွက် ဗွီဒီယိုရိုက်ကူးရာတွင် တစ်ဦးတည်းရိုက်၍ဖြစ်စေ၊ အုပ်စုလိုက် ရိုက်၍ဖြစ်စေ ပြုလုပ်နိုင်ပါသည်။)
၄။ ပါဝင်ဆောင်ရွက်သူများအနေဖြင့် ဤအစီအစဉ်အတွက် ကံထူးရှင်များအား ရွေးချယ်ခြင်းမပြုမီ အပိုဒ် (၃) တွင် ဖော်ပြထားသည့် အချက်များအားလုံးကို လုပ်ဆောင်ထားရှိပြီးဖြစ်ရမည်။ အထက်ဖော်ပြပါအချက်များပြည့်စုံနှင့်ကိုက်ညီမှုမရှိပါက ပါဝင်ဆောင်ရွက် သူအား အစီအစဉ်အတွက် ထည့်သွင်းစဥ်းစားသွားမည်မဟုတ်ပါ။ ပါဝင်ဆောင်ရွက်သည့် ဗွီဒီယိုများတွင် အပိုဒ် (၃) ပါ အချက်များနှင့် ကိုက်ညီမှုမရှိသည့် စာသားများထည့်သွင်းခြင်း၊ မသင့်လျော်သောအသုံးအနှုန်းများထည့်သွင်းခြင်းနှင့် လူမှုအသိုက်အဝန်းနှင့် ကိုက်ညီမှုမရှိသည့်စာသားများထည့်သွင်းတို့ ပါရှိပါက အရည်အချင်းပျက်ယွင်းမှုအဖြစ်သတ်မှတ်ပြီး ဤအစီအစဉ်မှ ထုတ်ပယ်သွား မည်ဖြစ်သည်။
၅။ အစီအစဉ်အတွက် ကံထူးရှင်ကို ရွှေတစ်မတ်သား (၀.၂၅ ကျပ်သား)(“ဆု”) အား ဆုအဖြစ် ပေးအပ်သွားမည်ဖြစ်ပါသည်။ အစီအစဉ်သက်တမ်းကာလအတွင်း ပါဝင်ဆောင်ရွက်သူများအနက်မှ ကံထူးရှင်တစ်ဦးကိုသာ အစီအစဉ်သက်တမ်းကာလကုန်ဆုံး ပြီးနောက်တွင် MPT မှ ကျပန်းအနေဖြင့် စိစစ်ရွေးချယ်သွားမည်ဖြစ်ပြီး၊ MPT ၏ Official Tiktok Account မှတဆင့် ကံထူးရှင်၏ Tiktok Account Inbox သို့ အသိပေးအကြောင်းကြားပေးသွားမည်ဖြစ်ပါသည်။ ၎င်းနောက် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ထဲတွင် ဆုချီးမြှင့်ပေးသွားမည်ဖြစ်သည်။
၆။ ကံထူးရှင်အား ၎င်း၏ Inbox မှတဆင့် ဆုလက်ခံရယူနိုင်ရန် MPT မှ အကြောင်းကြားရာတွင် ကံထူးသူအနေဖြင့် MPT မှ သတ်မှတ်ထားသည့် လိုအပ်ချက်များနှင့်အညီ ပြန်လည်ဖြေကြားကာ အတည်ပြုပေးရမည်။ ကံထူးရှင်အနေဖြင့် အထက်တွင် ဆိုခဲ့သည့် MPT မှ ဆက်သွယ်မှုပြုလုပ်ခြင်းအပေါ် ပြန်လည်ဖြေကြားခြင်း (သို့မဟုတ်) တစ်စုံတစ်ရာတုန့်ပြန်မှုပြုလုပ်ခြင်းမရှိပါက အဆိုပါကံထူးရှင်အား အရည်အချင်းပျက်ယွင်းသူအဖြစ်သတ်မှတ်ပြီး အခြားသူတစ်ဦးဦးကို ကံထူးရှင်အဖြစ် ရွေးချယ်သွားမည် ဖြစ်ပါသည်။ အစီအစဉ်နှင့်စပ်လျဥ်း၍ ကံထူးရှင်ရွေးချယ်ရာ၌ MPT ၏ အဆုံးအဖြတ်သည် နောက်ဆုံးပိတ်အတည်ဖြစ်သည်ဟု မှတ်ယူရမည်။
၇။ ကံထူးရှင်အနေဖြင့် MPT မှ သတ်မှတ်အတည်ပြုထားသည့် နေရာ/ဒေသ၌ ဆုအား ကိုယ်တိုင်လာရောက်ထုတ်ယူရမည်။ ကိုယ်စားထုတ်ယူခွင့်မရှိပါ။
၈။ ကံထူးသည့်ဆုအား လာရောက်ထုတ်ယူရန် ကံထူးရှင်ထံ အကြောင်းကြားပြီးနောက် သတ်မှတ်ထားသည့်ကာလအတွင်း စည်းကမ်းချက်များနှင့်အညီ ကိုယ်တိုင်လာရောက်ထုတ်ယူခြင်းမပြုပါက MPT မှ ဆုကို ပြန်လည်ရုပ်သိမ်းပိုင်ခွင့်ရှိမည်ဖြစ်သည်။ ထိုကဲ့သို့ရုပ်သိမ်းသည့်အခါ၌ ကံထူးရှင်အနေဖြင့် ဆုအား ပြန်လည်တောင်းခံနိုင်ခွင့်ရှိတော့မည်မဟုတ်သလို အဆိုပါကံထူးရှင် ကိုလည်း ဆုလက်ခံရရှိရန် အရည်အချင်းပျက်ယွင်းသူအဖြစ် စာရင်းသွင်းသတ်မှတ်သွားမည်ဖြစ်ပါသည်။
၉။ ဤအစီအစဉ်တွင် ပါဝင်ဆောင်ရွက်ခြင်းဖြင့် ဤစည်းကမ်းချက်များနှင့်အညီ တင်ထားသည့် ဗွီဒီယိုများကို MPT ၏ တရားဝင်လူမှုကွန်ရက်များနှင့် ဝက်ဆိုက်များ၌ လိုအပ်သလို အသုံးပြုသွားမည်ဖြစ်သည်ကို နားလည်သိရှိပါသည်။ ၎င်းအပြင် ကံထူးရှင်အနေဖြင့် ဆုအား လက်ခံရယူပြီးနောက် အစီအစဉ်နှင့်စပ်လျဥ်း၍ MPT မှ ပြုလုပ်ကျင်းပသည့်ပွဲများ၌ ပါဝင်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သဘောတူညီပြီး MPT မှ ကံထူးရှင်၏ ဓာတ်ပုံကို ရိုက်ကူးခွင့်ရရှိမည့်အပြင် MPT မှ အဆိုပါဓာတ်ပုံအား လိုအပ်သလို အသုံးပြုခွင့်ရှိသည်ကို ကံထူးရှင်မှ နားလည်သိရှိသဘောတူညီပြီးဖြစ်ပါသည်။
၁၀။ MPT အနေဖြင့် ဤအစီအစဉ်အား မည်သို့သောအကြောင်းကြောင့်မဆို အချိန်မရွေး အသိပေးအကြောင်းကြားခြင်းမပြုဘဲ ရပ်ဆိုင်းခြင်း (သို့မဟုတ်) ဖျက်သိမ်းခြင်း ပြုလုပ်နိုင်ပါသည်။ MPT အနေဖြင့် ဤစည်းကမ်းချက်များအား ကြိုတင်အသိပေး အကြောင်းကြားခြင်းမရှိဘဲ အချိန်မရွေး လိုအပ်သလို ပြောင်းလဲပြင်ဆင်ပိုင်ခွင့်ရှိပါသည်။
၁၁။ ဆုအား သတ်မှတ်ထားသည့်အတိုင်း ထုတ်ယူရမည်ဖြစ်ပြီး ဆုအား သတ်မှတ်ထားသည့်အတိုင်း အသုံးပြုနိုင်ခြင်းမရှိသည့် ကံထူးရှင်အား မည်သို့သောပေးလျော်မှုကိုမျှ ဆောင်ရွက်ပေးသွားမည်မဟုတ်ပါ။ ဆုများအား တစ်ခုခုဖြင့် လဲလှယ်ရယူခွင့် မရှိသလို ငွေသားဖြင့်လည်း လဲလှယ်ထုတ်ယူခွင့်မရှိပါ။
၁၂။ ဤအစီအစဉ်နှင့်စပ်လျဥ်း၍ အငြင်းပွားမှုတစ်စုံတစ်ရာပေါ်ပေါက်ခဲ့ပါက MPT ၏ အဆုံးအဖြတ်သည်သာလျှင် အပြီးအပြတ် အတည်ဖြစ်စေရမည်။ ဤအစီအစဉ်တွင် ပါဝင်ဆောင်ရွက်ခြင်းဖြင့် ပါဝင်သူတို့မှ နစ်နာမှု (သို့မဟုတ်) ဆုံးရှုံးမှုတစ်စုံတစ်ရာရှိခဲ့ပါက အဆိုပါနစ်နာမှု (သို့မဟုတ်) ဆုံးရှုံးမှုတစ်စုံတစ်ရာအတွက် MPT တွင် မည်သို့သောတာဝန်မျှ မတင်ရှိစေရ။
၁၃။ ဤအစီအစဉ်၏ စည်းကမ်းချက်များနှင့်စပ်လျဥ်း၍ အင်္ဂလိပ်ဘာသာပါစာသားများနှင့် မြန်မာဘာသာပါစာသားများအကြား ကွဲလွဲမှုတစ်စုံတစ်ရာရှိပါက မြန်မာဘာသာပါစာသားများကသာလျှင် လွှမ်းမိုးအတည်ဖြစ်စေရမည်။