လစဉ်ငွေတောင်းခံလွှာများကို ဖုန်းငွေဖြည့်ကတ် (သို့) ဖုန်းလက်ကျန်ငွေ မှ တစ်ဆင့် ပေးဆောင်နိုင်ပါပြီ။

ယခု ငွေပေးချေမှုဆိုင်ရာ ဝန်ဆောင်မှုအသစ်သည် လစဉ်ငွေတောင်းခံလွှာများ ရရှိသော Postpaid Service နှင့် FTTH သုံးစွဲသူများအတွက် ပိုမို အဆင်ပြေ လွယ်ကူစွာဖြင့် ငွေပေးချေမှုများအား အချိန်မှီ ပေးသွင်းနိုင်ရန် အတွက် ရည်ရွယ်ပါသည်။ Postpaid service (PSTN, GSM, CDMA, ADSL , IP Star) များအပြင် FTTH သုံးစွဲသူများအားလုံး သည် ဤငွေပေးချေမှု ဝန်ဆောင်မှု အသစ်ဖြင့် ပေးဆောင်နိုင်မည် ဖြစ်ပါသည်။ ငွေပေးချေရန် MPT GSM Prepaid Mobile ဖုန်းအသုံးပြုပြီး ပေးဆောင်ပါက ငွေဖြည့်ကတ် (သို့) Prepaid ဖုန်းလက်ကျန်ငွေ ဖြင့် ပေးဆောင်နိုင်မည်ဖြစ်ပြီး MPT GMS Postpaid Mobile ဖုန်း အသုံးပြုပြီး ပေးဆောင်ပါက ငွေဖြည့်ကတ်ဖြင့်သာ ပေးဆောင်နိုင်မည် ဖြစ်ပါသည်။ ယခု ဝန်ဆောင်မှုအား စတင်မိတ်ဆက်ခြင်း ပရိုမိုးရှင်း အနေဖြင့် ဝန်ဆောင်ခ ပေးရန်မလိုပဲ ကြေငြာချက် ထပ်မံမထုတ်ပြန်ချိန်အထိ သုံးစွဲနိုင်မည် ဖြစ်ပြီး ထို့နောက် ငွေပေးချေမှုအပေါ်တွင် ဝန်ဆောင်ခအား သတ်မှတ် ကောက်ခံသွားမည်ဖြစ်ပါသည်။

Postpaid Service နှင့် FTTH ဝန်ဆောင်မှုအားလုံး၏ နောက်ဆုံးထွက်ရှိထားသော လစဉ်ငွေတောင်းခံလွှာများကို E-invoice ဖြင့် SMS မှ တစ်ဆင့် ရယူလိုပါက *260# သို့ ဖုန်းခေါ်ဆိုကာ ငွေစာရင်းအမှတ် ထည့်သွင်း၍ ရယူနိုင်ပါသည်။ ထပ်ဆောင်းဝန်ဆောင်ခ ပေးဆောင်ရန် မလိုပါ။

မေးလေ့ရှိသောမေးခွန်းများ

၁။ လစဉ်ငွေတောင်းခံလွှာများကို ဖုန်းငွေဖြည့်ကတ် (သို့) ဖုန်းလက်ကျန်ငွေဖြင့် ပေးဆောင်နိုင်တယ် ဆိုတာ ဘာလဲ?

Postpaid လစဉ်ကျသင့်ငွေတောင်းခံလွှာများအား ဖုန်းလက်ကျန်ငွေ မှဖြစ်စေ (Prepaid SIM) (သို့) ဖုန်းငွေဖြည့်ကတ်ဖြင့် ဖြစ်စေ (Prepaid/Postpaid SIM) များဖြင့် MPT GSM မိုလ်ဘိုင်းဖုန်းအား အသုံးပြုပြီး ငွေပေးချေနိုင်သော ဝန်ဆောင်မှု အသစ်ဖြစ်ပါသည်။

၂။ ငွေပေးချေမှု ဝန်ဆောင်မှု အသစ်ဖြင့် မည်သည့် လစဉ်ငွေတောင်းခံလွှာများကို ပေးဆောင်နိုင်ပါသလဲ ?

MPT Postpaid Service (PSTN, ADSL, GSM, CDMA, IPStar) နှင့် FTTH ဝန်ဆောင်မှု အမျိုးအစားအားလုံး ကို ပေးဆောင်နိုင်ပါသည်။

၃။ ယခု ငွေပေးချေမှု ဆိုင်ရာ ဝန်ဆောင်မှု အသစ်ကို အသုံးပြုသည့်အတွက် ဝန်ဆောင်ခရှိပါသလား?

ယခု ဝန်ဆောင်မှုအား စတင်မိတ်ဆက်ခြင်း ပရိုမိုးရှင်း အနေဖြင့် ဝန်ဆောင်ခ ပေးရန်မလိုပဲ ကြေငြာချက် ထပ်မံမထုတ်ပြန်ချိန်အထိ သုံးစွဲနိုင်မည် ဖြစ်ပြီး ထို့နောက် ငွေပေးချေမှုအပေါ်တွင် ဝန်ဆောင်ခအား သတ်မှတ် ကောက်ခံသွားမည်ဖြစ်ပါသည်။

၄။ MPT GSM မိုလ်ဘိုင်းဖုန်းနဲ့ ဘယ်လို ငွေပေးချေရမလဲ?

*258# ကို ဖုန်းခေါ်ဆိုပြီး လမ်းညွှန်မှုအတိုင်း ဆောင်ရွက်ပါ။

၅။ငွေပေးချေရန် အခြား အော်ပရေတာများ၏ GSM မိုလ်ဘိုင်းဖုန်းများကို အသုံးပြုနိုင်ပါသလား?

MPT GSM မိုလ်ဘိုင်းဖုန်းအသုံးပြု၍သာ ပေးဆောင်နိုင်ပါသည်။

၆။ ငွေပေးချေပြီးပါက အောင်မြင်ခြင်း ရှိ မရှိ ဘယ်လိုသိရှိနိုင်မလဲ?

ငွေပေးချေမှု အောင်မြင်ပါက MPT မှ ငွေလက်ခံရရှိကြောင်း SMS ပေးပို့သွားမည်ဖြစ်ပါသည်။

၇။ အကယ်၍ ဆားဗစ်နံပါတ် (သို့) အကောင့်နံပါတ် မှားယွင်းပေးဆောင်မိရင် ဘယ်လိုဆောင်ရွက်ရမလဲ ?

နီးစပ်ရာ MPT ငွေလက်ခံကောင်တာများ (TRA) သို့ သွားရောက်ပြီး မိမိ လက်ခံရရှိသော SMS ကို ပြသပါ။

၈။ ငွေပေးချေပြီးသော်လည်း SMS မရရှိပါက မိမိ ငွေပေးချေမှု အောင်မြင်/မအောင်မြင် ဘယ်လိုသိရှိနိုင်မလဲ ?

Call Center 106 သို့ ဖုန်းခေါ်ဆို၍ လည်းကောင်း၊ နီးစပ်ရာ MPT ၏ ငွေလက်ခံကောင်တာများ TRA တွင် လည်းကောင်း စုံစမ်းမေးမြန်းနိုင်ပါသည်။

၉။ ငွေပေးချေပြီးပါက ငွေပေးချေသည့် ဝန်ဆောင်မှု၏ အသေးစိတ်အချက်အလက်များပါဝင်သော SMS ကို သုံးစွဲသူ၏ မည်သည့် ဖုန်းနံပါတ်မှ လက်ခံရရှိနိုင်ပါသလဲ။

ငွေပေးချေသည့် ဝန်ဆောင်မှု နံပါတ် ၏ E-invoice လျောက်ထားရယူပြီး အတည်ပြုထားသော သုံးစွဲသူ၏ ဖုန်းနံပါတ် များမှ SMS ရရှိနိုင်ပါသည်။

၁၀။ ဆက်သွယ်ရန်နံပါတ် ပြောင်းလဲချင်ပါက ဘယ်လို ဆောင်ရွက်နိုင်မလဲ ?

Call Center 106 သို့ ဖုန်းခေါ်ဆို၍ လည်းကောင်း၊ နီးစပ်ရာ MPT ၏ ငွေလက်ခံကောင်တာများ TRA တွင် လည်းကောင်း စုံစမ်းမေးမြန်းနိုင်ပါသည်။

၁၁။ ကိုယ်စား ငွေပေးချေနိုင်ပါသလား။ ဘာတွေလိုအပ်ပါသလဲ?

ကိုယ်စား ပေးဆောင်နိုင်ပါသည်။ ငွေပေးချေမည့် ဝန်ဆောင်မှု နံပါတ်၏ အချက်အလက်များ ဥပမာ- ငွေတောင်းခံလွှာအမှတ်၊ ငွေစာရင်းအမှတ်၊ ပေးဆောင်မည့် ငွေပမာဏ စသည်တို့ လိုအပ်ပါသည်။

၁၂။ ငွေပေးချေရန် အကြိမ်ရေ ကန့်သတ်ထားခြင်း ရှိပါသလား။

Prepaid ငွေလက်ကျန်ဖြင့် ငွေပေးချေပါက တစ်ရက်လျှင် (၅)ကြိမ် အထိ ပေးချေနိုင်ပါသည်။

ငွေဖြည့်ကတ်ဖြင့် ငွေပေးချေပါက အကြိမ်ရေ ကန့်သတ်ထားခြင်း မရှိပါ။

၁၃။ ငွေပေးချေရန် အချိန် ကန့်သတ်ချက် ရှိပါသလား?

Prepaid ဖုန်း လက်ကျန်ငွေ မှ ဖြစ်စေ(သို့) ဖုန်းငွေဖြည့်ကတ်ဖြင့် ဖြစ်စေ ငွေပေးချေမှုအား အချိန်မရွေ:ပြုလုပ်နိုင်မည်ဖြစ်ပါသည်။ သို့သော်လည်း လူကြီ:မင်းတို့၏ ဝန်ဆောင်မှုလိုင်းများ ပြတ်တောက်ခြင်းမရှိစေရန် ငွေတောင်းခံလွှာ စာရွက်ပေါ်တွင် ဖော်ပြထားသော နောက်ဆုံးရက်မတိုင်မီ ပေးဆောင်ရန်လိုအပ်ပါသည်။

၁၄။ ငွေပေးသွင်းရက် ကျော်လွန် ၍ လိုင်း ဖြတ်တောက်ခံရပါက ငွေသွင်း၍ ပြန်လည်လိုင်းဖွင့်ရာတွင် ပေးသွင်းပြီး အချိန်ဘယ်လောက်ကြာလျင် လိုင်းပြန်ဖွင့်ပါသလဲ?

ပေးရန်ကျန်ရှိသော ကြွေးကျန်များ အားလုံးကို ပေးသွင်းပြီးပါက ၂ရက်မှ ၃ရက် (အလုပ်လုပ်ရက်) အတွင်း ဖြတ်တောက်ထားသော လိုင်းကို ပြန်လည် ဖွင့်ပေးမည် ဖြစ်ပါသည်။

၁၅။ ငွေပေးသွင်းပြီးသော်လည်း လိုင်းပြန် မပွင့်ပါ။ ဘာကြောင့်ပါလဲ?

သင့်ငွေပေးချေမှုကို အပြည့်အ၀ ငွေပေးချေမှု ရှိ မရှိ စစ်ဆေးပါ။ Call Center 106 သို့လည်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။ ငွေတောင်းခံလွှာအတိုင်း အပြည့်အ၀ ပေးချေပြီးနောက် လိုင်းပြန်လည် အသုံးပြုနိုင်ပါလိမ့်မည်။

၁၆။ အကယ်၍ မိမိ ဝန်ဆောင်မှု လိုင်းအား ယာယီပိတ်သိမ်း ထားသော်လည်း ငွေပေးဆောင်ရန် ကျန်ရှိပါက ယခုငွေပေးချေမှု နည်းလမ်းအသစ် ဖြင့် ပေးဆောင်နိုင်ပါသလား?

မည်သည့် အကြောင်းအရာဖြင့်မဆို လိုင်းယာယီပိတ်ထားသော်လည်း ယခု ငွေပေးချေမှုနည်းလမ်း အပါအဝင် ယခင်ချယ်နယ် အားလုံးမှ ငွေပေးချေနိုင်ပါသည်။ ငွေပေးချေမှု ပြီးစီးပါက လိုင်းအလိုအလျောက် ပြန်လည်အသုံးပြုနိုင်မည် ဖြစ်ပြီး ချွင်းချက် အနေဖြင့် မိမိဆန္ဒဖြင့် ယာယီပိတ် လျောက်ထားသော လိုင်းများအနေဖြင့် MPT ကော်မာရှယ် ရုံးများတွင် လိုင်းပြန်လည်ဖွင့်လှစ်ရန် လျောက်ထားရမည် ဖြစ်သည်။

၁၇။ အကယ်၍ လိုင်းအပြီးပိတ်သိမ်းထားသော်လည်း ပေးသွင်းရန် ကျန်ငွေရှိပါက ယခု ငွေပေးချေမှု နည်းလမ်း အသစ်ဖြင့် ပေးချေနိုင်ပါသလား ?

လိုင်းအပြီး ပိတ်သိမ်းထားပါက ယခု ငွေပေးချေမှုနည်းလမ်းဖြင့် ပေးချေမရပါ။ အပြီးပိတ်လိုင်းများအား ပြန်လည် အသုံးပြုလိုပါက MPT ကော်မာရှယ် ရုံးများသို့ သွားရောက်ပြီး ပေးသွင်းရန်ကျန်ငွေများအား ပေးသွင်း၍ လျောက်ထားရန် လိုအပ်ပါသည်။

၁၈။ ငွေတောင်းခံလွှာ ပမာဏထက် ပိုပြီး ငွေပေးချေပါက ဘယ်လိုဖြစ်နိုင်ပါသလဲ?

ငွေတောင်းခံလွှာပမာဏထက် ပိုမိုပေးဆောင်ပါက ပိုနေသော ငွေပမာဏအား သုံးစွဲသူ၏ ငွေစာရင်းအဖြစ် သတ်မှတ်ပေးမည် ဖြစ်သည်။

-သုံးစွဲသူမှ ပေးဆောင်ရန်ကျန်ငွေ မရှိပါက သုံးစွဲသူ၏ အကောင့်တွင် ကြိုတင်ငွေအဖြစ် ထည့်သွင်းပေးသွားပါမည်။

-သုံးစွဲသူမှ အခြားငွေတောင်းခံလွှာများအတွက် ပေးဆောင်ရန်ရှိပါက ပိုနေသော ငွေဖြင့် ပေးချေသွားမည် ဖြစ်ပါသည်။

၁၉။ ငွေတောင်းခံလွှာပမာဏ အောက် လျော့နည်းပြီး ငွေပေးချေပါက ဘယ်လိုဖြစ်နိုင်ပါလဲ?

ငွေတောင်းခံလွှာပမာဏအောက် လျော့နည်းပြီး ငွေပေးချေပါက တစ်စိတ်တစ်ပိုင်းငွေပေးချေမှု အဖြစ် လက်ခံပါမည်။ သင့်အနေဖြင့် ပေးဆောင်ရန်ကျန်ငွေများအား အလုံးစုံ ပေးချေရန် လိုအပ်ပြီး ပေးဆောင်ရန်ကျန်ငွေပမာဏ မည်မျ နည်းသည်ဖြစ်စေ ငွေပေးချေရမည့်ရက် ကျော်လွန်ပါက လိုင်းယာယီဖြတ်တောက်ပါမည်။

၂၀။ ပေးဆောင်ရန်ကျန်ငွေ မရှိဘဲ ငွေပေးချေပါက ဘယ်လို ဖြစ်နိုင်ပါသလဲ?

ပေးသွင်းသောငွေ အားလုံးသည် ကြိုတင်ငွေ အဖြစ် သတ်မှတ်ပေးမည် ဖြစ်သည်။

၂၁။Postpaid Service မှ Prepaid Service သို့ ပြောင်းလဲ ပြီး Postpaid Service Account တွင် ပေးရန်ကျန်ရှိသော ကြွေးကျန် များအား ယခုငွေပေးချေမှု နည်းလမ်းအသစ် မှတစ်ဆင့် ပေးဆောင်နိုင်ပါသလား။

မပေးဆောင်နိုင်ပါ။ Postpaid service မှ Prepaid service သို့ ပြောင်းလဲပြီးပါက Postpaid service တွင် ကျန်ရှိသော ကြိုတင်ငွေ (သို့) ကြွေးကျန်များအား ပြောင်းလဲ အသုံးပြုသော Prepaid Service ၏ ငွေစာရင်းအဖြစ် သတ်မှတ် ပေးသွားမည် ဖြစ်သည့်အတွက် Postpaid စနစ် အသုံးပြုစဉ်ကာလ တွင် ကြွေးကျန် ကျန်ရှိနေသေးပါက Prepaid လက်ကျန်ငွေထဲမှ အလိုအလျှောက် ဖြတ်တောက်သွားမည်။

best operator in Myanmar