Bundle Benefit FAQs
1. ပူးတွဲယူဝန်ဆောင်မှုဆိုတာဘာလဲ။
ပူးတွဲယူဝန်ဆောင်မှုဆိုသည်မှာ MPT ၏ ဒုံးပျံအိမ်သုံးဖိုင်ဘာအင်တာနက် (သို့) ADSL ဝန်ဆောင်မှုကို MPT မိုဘိုင်းလ်ဖုန်းဖြင့် ပူးတွဲ ရယူခြင်းဖြစ်ပါသည်။ ထိုသို့ပူးတွဲရယူခြင်းဖြင့် အကျိုးအမြတ်များရရှိခံစားနိုင်ပါသည်။
သုံးစွဲသူများအနေဖြင့် အိမ်တွင် MPT ၏ ဒုံးပျံအိမ်သုံးဖိုင်ဘာအင်တာနက် နှင့် ADSL ဝန်ဆောင်မှုဖြင့် မြန်နှုန်းမြင့် အင်တာနက်ကို အသုံးပြုပြီး အိမ်အပြင်တွင် MPT မိုဘိုင်းဖြင့် မြန်နှုန်းမြင့် LTE+ ဖြင့် ဒေတာတွေသုံးနိုင်သည့်အပြင် ဖုန်းပြောဖို့ နှင့် စာတိုပို့ဖို့အတွက် အကျိုးအမြတ်တွေလည်း ရရှိနိုင်မှာပါ။
2. ပူးတွဲယူဝန်ဆောင်မှု ရယူခြင်းဖြင့် မည်သည့် အကျိုးကျေးဇူးများ ရနိုင်ပါသလဲ။
MPT ၏ ဒုံးပျံအိမ်သုံးဖိုင်ဘာအင်တာနက် (သို့) ADSL ဝန်ဆောင်မှု ရယူထားသူများသည် ၎င်းဝန်ဆောင်မှုများအောက် တွင် MPT ဖုန်းနံပါတ်ကို မှတ်ပုံတင်နိုင်ပါသည်။
မှတ်ပုံတင်ထားသော ဖုန်းနံပါတ်ထံသို့မိုဘိုင်းလ် ဒေတာ၊ အသံ နှင့် စာတိုဝန်ဆောင်မှုများကို လစဉ် ထည့်သွင်းပေးသွား မှာဖြစ်ပါသည်။ (MPT ၏ ဒုံးပျံအိမ်သုံးဖိုင်ဘာအင်တာနက် (သို့) ADSL ဝန်ဆောင်မှု ရယူထားသူများသာ ရမည်ဖြစ်သဖြင့် ၎င်းဝန်ဆောင်မှုအတွက် လစဉ်ကြေးပုံမှန်ပေးဆောင်မှသာ ရမည်ဖြစ်ပါသည်။)
3. MPT ၏ ဒုံးပျံအိမ်သုံးဖိုင်ဘာအင်တာနက် (သို့) ADSL ဝန်ဆောင်မှု အသုံးပြု သူများ ရရှိမည့် မိုဘိုင်းလ် ပမာဏ အကျိုးအမြတ်များကို ပြောပြပါ။
ရယူထားသည့် MPT ၏ ဒုံးပျံအိမ်သုံးဖိုင်ဘာအင်တာနက် (သို့) ADSL ဝန်ဆောင်မှု အစီအစဉ်ပေါ်မူတည်၍ ရရှိနိုင်မည့် မိုဘိုင်းလ် ပမာဏများမှာ
လစဉ်ကြေး | (ဒုံးပျံဖိုင်ဘာ အင်တာနက် /ADSL) | မိုဘိုင်းလ်ဖုန်းသို့ရရှိမည့်အကျိုးအမြတ်များ | |||
---|---|---|---|---|---|
အသံ | ဒေတာ | စာတိုဝန်ဆောင်မှု | အကျိုးအမြတ်ရရှိမည့်ဖုန်းအရေအတွက် | ||
32,000 Ks | ဒုံးပျံဖိုင်ဘာအင်တာ 15Mbps | 100 မိနစ် | 1GB | အကန့်အသတ်မဲ့ (on-net) | ဖုန်း3လုံး |
43,000 Ks | ဒုံးပျံဖိုင်ဘာအင်တာ 25Mbps | 100 မိနစ် | 1GB | အကန့်အသတ်မဲ့ (on-net) | ဖုန်း5လုံး |
76,000 Ks | ဒုံးပျံဖိုင်ဘာအင်တာ 50Mbps | 100 မိနစ် | 2GB | အကန့်အသတ်မဲ့ (on-net) | ဖုန်း5လုံး |
120,000 Ks | ဒုံးပျံဖိုင်ဘာအင်တာ 100Mbps | 200 မိနစ် | 3GB | အကန့်အသတ်မဲ့ (on-net) | ဖုန်း5လုံး |
22,000 Ks | ADSL 1Mbps | 100 မိနစ် | 1GB | အကန့်အသတ်မဲ့ (on-net) | ဖုန်း1လုံး |
43,000 Ks | ADSL 2Mbps | 100 မိနစ် | 1GB | အကန့်အသတ်မဲ့ (on-net) | ဖုန်း3လုံး |
61,000 Ks | ADSL 3Mbps | 100 မိနစ် | 1GB | အကန့်အသတ်မဲ့ (on-net) | ဖုန်း3လုံး |
4. ပူးတွဲယူ ဝန်ဆောင်မှုအား မှတ်ပုံတင်ပြီး မိုဘိုင်းလ်သို့ အကျိုးအမြတ်များ မည်သည့်အချိန်တွင်ရနိုင်ပါမည်နည်း။
မိုဘိုင်းလ်ဖုန်းအကျိုးအမြတ်များကိုသုံးစွဲသူများ၏MPT SIMများထံသို့လစဉ် (၁၅)ရက်နေ့တိုင်းဖြည့်သွင်းပေးသွားပါမည်။
ဒုံးပျံဖိုင်ဘာအင်တာနက် /ADSL ဘေလ်မပေးဆောင်ရသေးသဖြင့် ACTIVE မဖြစ်ဘဲ suspended (one way block) ဖြစ်နေပါက ဘေလ်ကြွေးကျန်များပေးဆောင်ပြီး ဒုံးပျံဖိုင်ဘာအင်တာနက် /ADSL ဝန်ဆောင်မှု ACTIVE ဖြစ်မှသာ ပူးတွဲယူဝန်ဆောင်မှု၏ အကျိုး အမြတ်များကို ရရှိမည်ဖြစ်ပါသည်။
5. မှတ်ပုံတင်ထားပြီးသောသူများ မိုဘိုင်းလ် အတွက် အသုံးပြုနိုင်မည့် ပမာဏများကို မည်သည့် အချိန်တွင်ရမှာပါလဲ။ ရရှိမည့် ပမာဏများ ၏ သက်တမ်းမှာ မည်မျှနည်း။
6. မိုဘိုင်းလ်ဖုန်းနံပါတ်များကို မည်ကဲ့သို့ စာရင်းပေးသွင်းရမည်နည်း။
သတ်မှတ်ထားသော MPT ဆိုင်များတွင်သွားရောက်၍ ဖြစ်စေ၊ (သို့) Call Center မှ တဆင့်ြ့ဖစ်စေ အဓိက နံပါတ်တစ်ခု ကို စာရင်းပေးသွင်းနိုင်ပါသည်။
Account Code/ DSL number (ဘေလ်ပေါ်တွင်ပါရှိ) နှင့် လျှောက်ထားသူဧ။် မှတ်ပုံတင်နံပါတ် တို့ကို ပေး၍ ADSL/ ဒုံးပျံဖိုင်ဘာအင်တာနက် အသုံးပြုနေသူဖြစ် ကြောင်း အတည်ပြုပြီး ပင်မ/အဓိက MPTဖုန်း နံပါတ်တစ်ခုကို စာရင်းပေးသွင်း နိုင်ပါသည်။
အခြားဖုန်းနံပါတ်များကို ပင်မ/အဓိက နံပါတ်မှတဆင့် USSD (*6767#) ကိုခေါ်ဆိုကာ မိမိကိုယ်တိုင် စာရင်းသွင်း ခြင်းကို ပြုလုပ်နိုင်ပါသည်။
စာရင်းသွင်းထားသော ပင်မ နံပါတ်ကို ပြောင်းလဲလိုပါက USSD မှ ပြောင်းလဲနိုင်မည် မဟုတ်ဘဲ သတ်မှတ်ထားသော MPT ဆိုင်များသို့သွားရောက်ပြီးဖြစ်စေ (သို့) Call Center သို့ဆက်သွယ်၍ ဖြစ်စေ ပြောင်းလဲရမည်ဖြစ်ပါသည်။ (မိမိတို့၏r customer code/ account code/ circuit ID and their existing main mobile number စသည်တို့ကိုပါ ပြောပြရမည်ဖြစ်ပါသည်။ )
7. USSD မှတဆင့် အဓိကနံပါတ်သည် မည်သည်တို့ကို လုပ်ဆောင်နိုင်သနည်း။
8. ၁၅ရက်နေ့ထက် နောက်ကျပြီးမှ ဒုံးပျံဖိုင်ဘာအင်တာနက် /ADSL ဘေလ်ပေးဆောင်ခဲ့လျင် bundle benefit ကို မည်သည့်အချိန်တွင် ရရှိမည်နည်း။
ဒုံးပျံဖိုင်ဘာအင်တာနက် /ADSL လစဉ်ကြေးငွေပေးဆောင်ခြင်းအား ၁၅ရက်နေ့ထက်နောက်ကျခဲ့ပါက မိုဘိုင်းလ်သို့ ရရှိမည့် bundle benefit များ ရရှိမည် မဟုတ်ပါ။
လစဉ်ကြေးငွေ ပေးဆောင်ပြီး နောက်နေ့ မနက် ၂နာရီမှသာ မိုဘိုင်းလ်သို့ရရှိမည့် bundle benefit များအား ရရှိမည်ဖြစ် ပါသည်။
ရရှိမည့် ပမာဏနှင့် ကုန်ဆုံးမည့် နေ့မှာ ပြောင်းလဲမည်မဟုတ်ပါ။
9. ဘယ်အချိန်အထိ benefit များကို ရရှိနိုင်ပါမည်လဲ?
10. အကယ်၍ ဒုံးပျံဖိုင်ဘာအင်တာနက် /ADSL လိုင်းမှာ ခေတ္တလိုင်းပိတ်ထားလျင်သော်လည်းကောင်း၊ လစဉ်ကြေးငွေမပေးဆောင် သောကြောင့် လိုင်းပိတ်ခံထားရသော်လည်းကောင်း benefit ရရှိနိုင်ပါသလား။
မရနိုင်ပါ။
မိုဘိုင်းလ်သို့ benefit များ ထည့်ပေးမည့် လစဉ် ၁၅ရက်နေ့တွင် အသုံးပြုသူ၏ ဒုံးပျံဖိုင်ဘာအင်တာနက် /ADSL လိုင်းသည် ACTIVE ဖြစ်နေရမည် ဖြစ်ပါသည်။
ဒုံးပျံဖိုင်ဘာအင်တာနက်/ADSL လိုင်းခေတ္တပိတ်ထားသူများ၊ လစဉ်ကြေးငွေ မပေးဆောင်သောကြောင့် လိုင်းခေတ္တပိတ်ခံထားရသူများမှာ မိုဘိုင်းလ်သို့ benefit များ မရရှိနိုင်ပါ။