MPT သီးသန့်စည်းကမ်းသတ်မှတ်ချက်များ - ဒေတာအာမခံဝန်ဆောင်မှု

ဤစာမျက်နှာသည် ဒေတာအာမခံဝန်ဆောင် (“ဝန်ဆောင်မှု”) ကို စာရင်းပေးသုံးစွဲရာ၌ လူကြီးမင်းလိုက်နာရန် သဘောတူရမည့် စည်းကမ်းချက်များကို ရှင်းလင်းဖော်ပြထားပါသည်။ လူကြီးမင်းအနေဖြင့် ဤဝန်ဆောင်မှုကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (“MPT”၊ “ကျွန်ုပ်တို့”၊ “ကျွန်ုပ်တို့ကို”၊ “ကျွန်ုပ်တို့၏”) MPT4U အက်ပလီကေးရှင်း (“MPT4U”) မှတဆင့် စာရင်းပေးသုံးစွဲနိုင်ပါသည်။

ဤဝန်ဆောင်ကို စာရင်းပေးသုံးစွဲခြင်းအားဖြင့် လူကြီးမင်းသည် ဤသီးသန့်စည်းကမ်းသတ်မှတ်ချက်များ၊ ကျွန်ုပ်တို့၏ အထွေထွေစည်းကမ်းသတ်မှတ်ချက်များနှင့် ကျွန်ုပ်တို့၏ ပုဂ္ဂိုလ်ရေးဆိုင်ရာသတင်းအချက် အလက် ထိန်းသိမ်းမှုမူဝါဒ (စုပေါင်း၍ “စည်းကမ်းချက်များ” ဟုခေါ်ဆိုရန်) တို့ကို ဖတ်ရှု၊ နားလည်ကြောင်းနှင့် ၎င်းတို့ကို လိုက်နာဆောင်ရွက်ရန် သဘောတူကြောင်း သဘောဆောင်ပါသည်။

စည်းကမ်းချက်များသည် အချိန်အခါမရွေးပြောင်းလဲမှုရှိနိုင်ပါသည်။ ထိုကဲ့သို့သော ပြောင်းလဲမှုတစ်ရပ်ရပ် ပြုလုပ်ပြီး နောက် လူကြီးမင်း၏ ဝန်ဆောင်မှုကို ဆက်လက်အသုံးပြုခြင်းသည် ပြောင်းလဲပြီးဖြစ်သော စည်းကမ်းချက်များကို လူကြီးမင်းအနေဖြင့် လက်ခံခြင်းမြောက်ပါသည်။

၁။ ဝန်ဆောင်မှု

  • ၁.၁ စည်းကမ်းချက်များတွင် လူကြီးမင်းအား အတိအလင်း အပ်နှင်းထားခြင်းမရှိသည့် အခွင့်အရေး အားလုံးကို ကျွန်ုပ်တို့က သို့မဟုတ် ကျွန်ုပ်တို့၏ အသုံးပြုခွင့်ပေးသူများ၊ ထောက်ပံ့သူများ၊ ထုတ်ဝေသူများ၊ အခွင့်အရေး ကိုင်ဆောင်သူများနှင့် အခြားသော အကြောင်းအရာပံ့ပိုးသူများက သီးသန့် ရယူထိန်းသိမ်းထားပါသည်။ လူကြီးမင်းအနေဖြင့် စည်းကမ်းချက်များနှင့် ဥပဒေတွင် ခွင့်ပြုသည့်အတိုင်းသာ ဝန်ဆောင်မှုကို အသုံးပြုနိုင်ပြီး အခြားသောအသုံးပြုခံစားမှုအားလုံးကို တင်းကျပ်စွာ တားမြစ်ထားပါသည်။
    ၁.၂ MPT သည် ကျွန်ုပ်တို့၏ တစ်ဦးတည်းဆုံးဖြတ်ချက်ဖြင့် အကြောင်းပြချက်တစ်ရပ်ရပ် သို့မဟုတ် အကြောင်းပြ ချက် မရှိဘဲ လူကြီးမင်း၏ ဝန်ဆောင်မှုအား ရယူမှု သို့မဟုတ် သုံးစွဲမှုအား အကြောင်းကြားမှုနှင့် တာဝန်မရှိဘဲ အမြဲတမ်းသော်လည်းကောင်း၊ ယာယီသော်လည်းကောင်း ရပ်စဲခြင်း၊ ဆိုင်းငံ့ခြင်း သို့မဟုတ် အခြားနည်းဖြင့် ခွင့်ပြုရန် ငြင်းပယ်ခြင်းများ ပြုလုပ်နိုင်ပါသည်။ ထိုသို့ပြုလုပ်သည့်အခါတွင် စည်းကမ်းချက်များသည် ဤတွင် ဖော်ပြထားသော ဆက်လက်တည်ရှိနေမည့် စည်းကမ်းချက်များကို ဖြည့်ဆည်းရန် လိုအပ်သော အတိုင်းအတာ အထိ လူကြီးမင်းအပေါ် ဆက်လက်စည်းနှောင်မှုရှိရမည်။
    ၁.၃ လူကြီးမင်း၏ ဝန်ဆောင်မှုကို အသုံးပြုခြင်းသည် ကြိုတင်စီစဉ်ထားသောနှင့် ကြိုတင်စီစဉ်ထားခြင်းမရှိသော ဝန်ဆောင်မှု အဆက်ပြတ်ခြင်းများပေါ် မူတည်နိုင်သည်။ ဝန်ဆောင်မှု၏ အဆက်ပြတ်ခြင်း၊ (စီစဉ်ထားသည် ဖြစ်စေ၊ စီစဉ်မထားဘဲဖြစ်စေ) ချို့ယွင်းမှုဖြစ်ပေါ်ခြင်း သို့မဟုတ် မဝင်ရောက်နိုင်ခြင်း တစ်ခုခုအတွက် MPT သည် လူကြီးမင်းအပေါ် သို့မဟုတ် မည်သည့်တတိယပုဂ္ဂိုလ်များအပေါ်မဆို တာဝန်ရှိမည်မဟုတ်သည်ကို လူကြီးမင်း အနေဖြင့် သဘောတူပါသည်။
    ၁.၄ လူကြီးမင်း၏ ဝန်ဆောင်မှုအသုံးပြုမှု သို့မဟုတ် အလွဲသုံးစားပြုမှု၊ လူကြီးမင်း၏ အခြားအသုံးပြုသူများနှင့် မည်သည့်အပြန်အလှန်ဆက်သွယ်ဆောင်ရွက်မှုများအတွက်မဆို သိုမဟုတ် ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ လူကြီးမင်း၏ အခြားဆောင်ရွက်မှု သို့မဟုတ် လိုက်နာရန်ပျက်ကွက်မှု တစ်ရပ်ရပ်အတွက် MPT တွင် တာဝန်မရှိစေရ။

၂။ ကျွန်ုပ်တို့၏ပိုင်ဆိုင်မှုအခွင့်အရေးများ

  • ၂.၁ အခြားတတိယပုဂ္ဂိုလ်တစ်ဦးဦးမှ အခြားနည်းဖြင့် တရားသဖြင့် ပိုင်ဆိုင်ခြင်းမှလွဲ၍ သက်ဆိုင်မှုရှိသည့်အတိုင်း ဤ ဝန်ဆောင်မှုနှင့် စပ်လျဉ်းသော ဆော့ဖ်ဝဲ၊ ရုပ်ပုံများ၊ စာသား၊ ဂရပ်ဖစ်များ၊ သရုပ်ဖော်မှုများ၊ လိုဂိုများ၊ တီထွင်မှု မူပိုင်ခွင့်များ၊ ကုန်အမှတ်တံဆိပ်များ၊ ဝန်ဆောင်မှု အမှတ်တံဆိပ်များ၊ မူပိုင်ခွင့်များ၊ ဓာတ်ပုံများ၊ အသံ၊ ဗီဒီယိုများ၊ ဂီတနှင့် အကြောင်းအရာ အပါအဝင် ၎င်းတို့ချည်းသာ မဟုတ်သော (စုပေါင်း၍ “အကြောင်းအရာ”) MPT ၏ ပိုင်ဆိုင်မှုအချက်အလက် တစ်ခုခုနှင့် ၎င်းတို့နှင့် သက်ဆိုင်သော ဉာဏပစ္စည်း အခွင့်အရေးများအားလုံးသည် MPT နှင့် ၎င်း၏ အသုံးပြုခွင့်ပေးသူများ (Licensors)၊ ထောက်ပံ့သူများ၊ ထုတ်ဝေသူများ၊ မူပိုင်ခွင့်ကိုင်ဆောင်သူများ၏ သီးသန့်ပစ္စည်းဖြစ်သည်။ ဤတွင်အတိအလင်း ဖော်ပြထား သည်မှလွဲ၍ ဤစည်းကမ်းချက်၏ မည်သည့်အရာကမျှ ဉာဏပစ္စည်းဆိုင်ရာအခွင့်အရေးများ တစ်ခုခုတွင် ရှိသော သို့မဟုတ် ထိုအောက်တွင်ရှိသော အသုံးပြုခွင့်တစ်ခု သို့မဟုတ် အခွင့်အရေးတစ်ခု ဖန်တီးသည်ဟု မမှတ်ယူရ။ ဝန်ဆောင်မှုတွင် ဝင်ရောက်အသုံးပြုနိုင်သော အချက်အလက်များတစ်ခုခု သို့မဟုတ် အကြောင်းအရာတစ်ခုခုမှ ဆင့်ပွားရရှိလာသော လက်ရာများကို ရောင်းချခြင်း၊ အသုံးပြုခွင့်ပေးခြင်း၊ ငှားရမ်းခြင်း၊ ပြုပြင်ခြင်း၊ ဖြန့်ချိခြင်း၊ ကူးယူခြင်း၊ ဆင့်ပွားကူးယူခြင်း၊ ထုတ်လွှင့်ခြင်း၊ လူအများမြင်သာစေရန် ပြသခြင်း၊ လူအများမြင်သာစေရန် ဖျော်ဖြေခြင်း၊ ထုတ်ဝေခြင်း၊ သင့်လျော်သလို ပြင်ဆင်အသုံးပြုခြင်း၊ တည်းဖြတ်ခြင်း သို့မဟုတ် ဖန်တီးခြင်းများကို သင့်အနေဖြင့် မပြုလုပ်ရန် သဘောတူပါသည်။ စည်းကမ်းချက် များမှ အတိအလင်း ခွင့်ပြုမထားသော မည်သည့်ရည်ရွယ်ချက်အတွက်မဆို အကြောင်းအရာအား အသုံးပြုခြင်း ကို တင်းကျပ်စွာ တားမြစ်ထားပါသည်။

၃။ ဝန်ဆောင်မှုကာလ

  • ၃.၁ ဤဝန်ဆောင်မှုကို ______ မှစ၍ ထပ်မံမကြေညာမီအချိန်အထိ (“ဝန်ဆောင်မှုကာလ”) ရရှိနိုင်ပါသည်။

၄။ ပါဝင်နိုင်သူများ

  • ၄.၁ ဤဝန်ဆောင်မှုသည် (အသက်ဆယ့်သုံးနှစ် (၁၃) နှစ်ပြည့်ပြီးသော MPT GSM/WCDMA Prepaid (ရွှေ/ရှယ်/ဆွေ) အသုံးပြုသူများကို ရည်ရွယ်ပါသည်။ အကယ်၍သင်သည် အသက်ဆယ့်ရှစ် (၁၈) နှစ်အောက် ဖြစ်ပါက အုပ်ထိန်းမှုအောက်မှကင်းလွှတ်ပြီးကိုယ်ပိုင်ဆုံးဖြတ်ချက်ချနိုင်သူ ဥပဒေအရ မိဘအုပ်ထိန်းမှု သို့မဟုတ် အုပ်ထိန်းသူခွင့်ပြုချက် ရရှိထားပြီး စည်းကမ်းချက်များတွင် ဖော်ပြထားသည့် စည်းကမ်းချက်များ၊ သတ်မှတ်ချက်များ၊ တာဝန်များ၊ ကတိပြုခြင်းများ၊ ကိုယ်စားပြုခြင်းများနှင့် အာမခံခြင်းများကို သဘောတူညီရန်နှင့် စည်းကမ်းချက်များကို လိုက်နာရန် စွမ်းဆောင်ရည်နှင့် အရည်အချင်း အပြည့်အဝရှိမှသာ ဝန်ဆောင်မှုကို စာရင်းပေးသုံးစွဲနိုင်ပါသည်။
    ၄.၂ MPT CDMA၊ Base Tariff၊ Postpaid၊ Service Sim အသုံးပြုသူများနှင့် လက်ရှိသုံးစွဲလျက်မရှိသော အသုံးပြုသူများသည် ဤဝန်ဆောင်မှုကို စာရင်းပေးသုံးစွဲရန် ပါဝင်နိုင်ခြင်းမရှိပါ။

၅။ ဝန်ဆောင်ကို စာရင်းပေးသုံးစွဲနည်း၊ သီးခြားသတ်မှတ်ချက်များ

  • ၅.၁ ဝန်ဆောင်မှုကို စာရင်းပေးသုံးစွဲရန် ပါဝင်နိုင်သည့် MPT အသုံးပြုသူများသည် MPT4U မှတဆင့် ဒေတာအာမခံ Data Pack များ (“Data Pack များ”) အနက်မှ တစ်ခုကို စာရင်းပေးအသုံးပြုနိုင်ပါသည်။
    ၅.၂ ဤဝန်ဆောင်မှုသည် ထိပေါက်ကံစမ်းမဲများ အတွက်ပါဝင်နိုင်ခြင်းမရှိပါ။
    ၅.၃ ဝန်ဆောင်မှုတွင် လက်ဆောင်ပေးသည့်လုပ်ဆောင်မှုမပါဝင်ပါ။
    ၅.၄ တစ်ခုထက်ပိုသော Data Pack များကို တစ်ချိန်တည်းတွင် စာရင်းပေးသုံးစွဲရန် ခွင့်မပြုထားပါ။
    ၅.၅ ဤဝန်ဆောင်မှုကို စာရင်းပေးသုံးစွဲသည့်အခါ လူကြီးမင်းမှ ကျွန်ုပ်တို့ကို အောက်ပါ အချက်အလက်များ ပေးအပ်ရမည်ဖြစ်သည်-
    ၅.၅.၁ အမည်
    ၅.၅.၂ မှတ်ပုံတင်/နိုင်ငံကူးလက်မှတ်အမှတ်
    ၅.၅.၃ မွေးသက္ကရာဇ် အပြည့်အစုံ (ရက်/လ/နှစ်)

၆။ Data Pack များမှ မိုဘိုင်းဒေတာသုံးစွဲခြင်း

  • ၆.၁ Data Pack များရှိ မိုဘိုင်းဒေတာကို ဒေတာဝန်ဆောင်မှုများအားလုံးအတွက် သုံးစွဲနိုင်သည်။
    ၆.၂ အကြောင်းအရာများ ကြည့်ရှုခြင်း (Browsing) နှင့် ဒေါင်းလုပ်ဆွဲခြင်း (Downloading) တို့အတွက် ဒေတာကျသင့်ငွေများ ရှိနိုင်ပါသည်။
    ၆.၃ သင်၏ မိုဘိုင်းအင်တာနက်ကို မျှဝေပေးထားသည့် မည်သည့်တတိယပုဂ္ဂိုလ်မဆို၏ လုပ်ရပ်များအတွက် သင့်တွင် တာဝန်ရှိသည်။ ထိုအထဲတွင် ဤဝန်ဆောင်မှုကိုစာရင်းပေးသုံးစွဲခြင်းအပါအဝင်ဖြစ်ပြီး ယင်းချည်းသာ ဟု ကန့်သတ် မထားပါ။

၇။ Data Pack ၏ သက်တမ်းနှင့် အလိုအလျောက်သက်တမ်းတိုးခြင်

  • ၇.၁ Data Pack များသည် လူကြီးမင်းမှ Data Pack တစ်ခုကို စတင်စာရင်းပေးသုံးစွဲသည့်နေ့ သို့မဟုတ် လူကြီးမင်း၏ Data Pack စာရင်းပေးသုံးစွဲမှု သက်တမ်းတိုးပြီးနောက် ၁၆ ရက်မြောက်နေ့ နံနက် ၂ နာရီ၊ ၅၉ မိနစ်၊ ၅၉ စက္ကန့်အထိ သက်တမ်းရှိသည်။
    ၇.၂ လူကြီးမင်းမှ Data Pack တစ်ခုကို စာရင်းပေးသုံးစွဲသည့်နေ့ သို့မဟုတ် လူကြီးမင်း၏ Data Pack စာရင်းပေး သုံးစွဲမှု သက်တမ်းတိုးပြီးနောက် ၁၆ ရက်မြောက်နေ့၏ နံနက် ၂ နာရီ၊ ၅၉ မိနစ်၊ ၅၉ စက္ကန့်၌ သက်ဆိုင်ရာ Data Pack ဈေးနှုန်းကို လူကြီးမင်း၏ မိုဘိုင်းအကောင့်မှအလိုအလျောက် နုတ်ယူသွားပြီး အလိုအလျောက် သက်တမ်းတိုး သွားမည်ဖြစ်သည်။ ပေးချေမှုကို အောင်မြင်စွာနုတ်ယူပြီးပါက ဝန်ဆောင်မှုကို ငွေပြန်အမ်းခြင်း၊ လဲလှယ်ခြင်း သို့မဟုတ် ပြင်ဆင်ခြင်း မပြုလုပ်နိုင်ကြောင်း သတိပြုစေလိုပါသည်။
    ၇.၃ ၁၆ ရက်မြောက်နေ့ နံနက် ၂ နာရီ၊ ၅၉ မိနစ်၊ ၅၉ စက္ကန့်တွင် လူကြီးမင်း၏ မိုဘိုင်းအကောင့်၌ လူကြီးမင်း ရွေးချယ်ထားသည့် Data Pack အတွက် လက်ကျန်ငွေ အလုံအလောက်မရှိပါက အလိုအလျောက် သက်တမ်းတိုး ခြင်း အောင်မြင်မည်မဟုတ်ဘဲ လူကြီးမင်း၏ စာရင်းပေးသုံးစွဲမှုကို ရပ်စဲသွားမည်ဖြစ်သည်။
    ဥပမာ – လူကြီးမင်းက Data Pack တစ်ခုအား အောက်တိုဘာလ၊ ၁ ရက်နေ့၊ နံနက် ၇ နာရီ၊ ၃၀ မိနစ်တွင် စတင်၍ စာရင်းပေးသုံးစွဲပါက လူကြီးမင်း၏ Data Pack သည် အောက်တိုဘာလ၊ ၁၆ ရက်နေ့၊ နံနက် ၂ နာရီ၊ ၅၉ မိနစ်၊ ၅၉ စက္ကန့်တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်သည်။ ထိုအချိန်၌ ကျွန်ုပ်တို့က လူကြီးမင်း၏ စာရင်းပေးသုံးစွဲမှုကို အလိုအလျောက် သက်တမ်းတိုးရန် ဆောင်ရွက်သွားမည်ဖြစ်ပြီး လူကြီးမင်း၏ မိုဘိုင်း အကောင့်ထဲမှ သက်ဆိုင်ရာ Data Pack ဈေးနှုန်းကို နုတ်ယူသွားမည်ဖြစ်သည်။ အောက်တိုဘာလ၊ ၁၆ ရက်နေ့၊ ၂ နာရီ၊ ၅၉ မိနစ်၊ ၅၉ စက္ကန့်မှစ၍ လူကြီးမင်း၏ မိုဘိုင်း အကောင့်၌ လူကြီးမင်းရွေးချယ်ထားသည့် Data Pack အတွက် လက်ကျန်ငွေ အလုံအလောက် မရှိပါက လူကြီးမင်း၏ Data Pack အား စာရင်းပေး သုံးစွဲမှုသည် ရပ်စဲသွားမည်ဖြစ်သည်။
    ၇.၄ အသုံးမပြုရသေးသော ဒေတာများသည် လူကြီးမင်းမှ Data Pack အား စတင်စာရင်းပေးသုံးစွဲပြီးနောက် သို့မဟုတ် Data Pack ကို သက်တမ်းတိုးပြီးနောက် ၁၆ ရက်မြောက်နေ့ နံနက် ၂ နာရီ၊ ၅၉ မိနစ်၊ ၅၉ စက္ကန့်တွင် သက်တမ်း ကုန်ဆုံးမည်ဖြစ်သည်။ ဤအသုံးမပြုရသေးသောဒေတာများကို နောက်ထပ် Data Pack သက်တမ်းတိုးခြင်း သို့မဟုတ် စာရင်းပေးသုံးစွဲမှု အသစ်ပြုလုပ်ခြင်းများသို့ သယ်ဆောင်သွားနိုင်မည်မဟုတ်ပါ။
    ၇.၅ ပေါ်လစီအရ လူကြီးမင်း၏ သေဆုံးမှုအကျိုးခံစားခွင့်ကို တောင်းခံပြီးစီးပြီဖြစ်ကြောင်း ကျွန်ုပ်တို့အား KBZ MS မှ အကြောင်းကြားလာပါက အလိုအလျောက်သက်တမ်းတိုးခြင်း အောင်မြင်မည်မဟုတ်ဘဲ လူကြီးမင်း၏ စာရင်းပေးသုံးစွဲမှု ရပ်စဲသွားမည်ဖြစ်သည်။

၈။ ကျသင့်ငွေများ၊ ကုန်သွယ်လုပ်ငန်းခွန်

  • ၈.၁ ဝန်ဆောင်မှုကို ဆက်လက်အသုံးပြုရန် လက်ရှိအသက်ဝင်နေ့သည့် စာရင်းပေးသုံးစွဲမှုတစ်ခုလိုအပ်ပါသည်။ လူကြီးမင်းအနေဖြင့် လူကြီးမင်း၏အကောင့်မှ လူကြီးမင်းရွေးချယ်ထားသည့် Data Pack ကိုအခြေခံသည့် သက်ဆိုင်ရာ Data Pack ဈေးနှုန်းကို ဤဝန်ဆောင်မှု စာရင်းပေးသုံးစွဲခြင်းရပ်တန့်သည်အထိ သို့မဟုတ် ဤဝန်ဆောင်မှု ရပ်စဲသည်အထိ အမှန်တကယ်၊ အလိုအလျောက် နုတ်ယူရန် MPT အား တရားဝင်ခွင့်ပြုပါသည်။ လူကြီးမင်း၏ Data Pack ရွေးချယ်မှုအပေါ် အခြေခံသည့် ကျသင့်ငွေများအားလုံးအတွက် လူကြီးမင်း၌သာ တာဝန်ရှိပါသည်။
    ၈.၂ ဝန်ဆောင်မှုအတွက် ကျသင့်ငွေများအားလုံးတွင် ကုန်သွယ်လုပ်ငန်းခွန် တစ်ဆယ့်ငါးရာခိုင်နှုန်း (၁၅%) ပါဝင် ပါသည်။

၉။ ဝန်ဆောင်မှုကို စာရင်းပေးသုံးစွဲခြင်းမှ ရပ်တန့်ခြင်း

  • ၉.၁ အပိုဒ် ၇.၃ အပြင် လူကြီးမင်းအနေဖြင့် ဝန်ဆောင်မှုစာရင်းပေးသုံးစွဲခြင်းမှ ရပ်တန့်ရန် MP4U အက်ပလီကေးရှင်းမှ တဆင့် အောက်ပါအတိုင်း ပြုလုပ်နိုင်ပါသည်-
    ၉.၁.၁ MPT4U အက်ပလီကေးရှင်း၏ “ရယူထားသောဝန်ဆောင်မှုများ ” စာမျက်နှာရှိ သက်ဆိုင်ရာ Data Pack ဘေးရှိ “ပယ်ဖျက်ရန်” ခလုပ်ကို နှိပ်ခြင်း၊ ပြီးနောက်
    ၉.၁.၂ ဝန်ဆောင်မှုကို စာရင်းပေးသုံးစွဲခြင်းရပ်တန့်လိုကြောင်း အတည်ပြုမေးမြန်းလာသည့်အခါ “ပယ်ဖျက်ပါမည်” ခလုပ်ကို ထပ်နှိပ်ခြင်း။
    ၉.၂ စာရင်းပေးသုံးစွဲခြင်းကိုရပ်တန့်သည့်အခါ သို့မဟုတ် ရပ်တန့်ပြီးနောက်-
    ၉.၂.၁ MPT သည်လူကြီးမင်း၏ မိုဘိုင်းအကောင့်ထဲမှ Data Pack အတွက် ကျသင့်ငွေအား ထပ်မံ၍ နုတ်ယူသွားမည်မဟုတ်တော့ပါ။
    ၉.၂.၂ Data Pack များ အလိုအလျောက်သက်တမ်းတိုးသည့် စနစ်လည်းချက်ချင်း ရပ်စဲသွားမည်ဖြစ်သည်။
    ၉.၃ ဝန်ဆောင်မှုကို စာရင်းပေးသုံးစွဲခြင်းမှ ရပ်တန့်သည့်အခါ Data Pack အတွက် ပေးချေရန် အသုံးပြုထားသော Mobile Balance ကို ပြန်အမ်းသွားမည်မဟုတ်ဘဲ ရွေးချယ်ထားသော Data Pack ကို နောက်ဆုံးအကြိမ် စာရင်းပေးသုံးစွဲခြင်းစတင်သည့်နေ့မှစ၍ ၁၆ ရက်မြောက်နေ့ နံနက် ၂ နာရီ၊ ၅၉ မိနစ်၊ ၅၉ စက္ကန့်အထိ ဆက်လက် သုံးစွဲနိုင်မည်ဖြစ်ပြီး ထို့နောက်တွင် လူကြီးမင်း၏ စာရင်းပေးသုံးစွဲမှု ရပ်စဲသွားမည်ဖြစ်သည်။
    ၉.၄ ဤစည်းကမ်းချက်များသည် လူကြီးမင်းက စာရင်းပေးသုံးစွဲမှု ရပ်တန့်သည့်အချိန်အထိ သို့မဟုတ် ဤစည်းကမ်းချက်များနှင့်အညီ စာရင်းပေးသုံးစွဲမှု အလိုအလျောက် ရပ်စဲသည့်အချိန်အထိ အသက်ဝင်မည် ဖြစ်သည်။

၁၀။ စာရင်းပေးသုံးစွဲသူများအား ထုတ်ပယ်ခြင်း

  • ၁၀.၁ MPT သည် ဝန်ဆောင်မှု စာရင်းပေးသုံးစွဲသူ (“စာရင်းပေးသုံးစွဲသူ”) က တရားမဝင်သော နှင့်/သို့မဟုတ် လိမ်လည်မှုသဏ္ဍာန်ဆောင်သော အပြုအမှု အပါအဝင်ပုံမှန်မဟုတ်သော သို့မဟုတ် သံသယဖြစ်ဖွယ် လုပ်ရပ်များ ဆောင်ရွက်နေသည် သို့မဟုတ် ယင်းတို့နှင့် ဆက်စပ်နေသည်ဟု သံသယရှိပါက ကြိုတင် အသိပေးခြင်း သို့မဟုတ် မည်သည့်အကြောင်းရင်း တစ်စုံတစ်ရာမျှ ဖော်ပြချင်းမပြုဘဲ ၎င်းအား ထုတ်ပယ် နိုင်သည်။

၁၁။ ဈေးကွက်ရှာဖွေခြင်းနှင့် အရောင်းမြှင့်တင်ခြင်း

  • ၁၁.၁ MPT အနေဖြင့် ဝန်ဆောင်မှုအတွက် လိုအပ်သော သို့မဟုတ် ၎င်းနှင့် ကျိုးကြောင်းဆီလျော်စွာ ဆက်စပ်သော ကိစ္စရပ်များအတွက်လည်းကောင်း MPT ၏ ကုန်ပစ္စည်းများ သို့မဟုတ် ဝန်ဆောင်မှုများကို ဈေးကွက်ရှာဖွေရန်၊ ကြော်ငြာရန် နှင့်/သို့မဟုတ် အရောင်းမြှင့်တင်ရန် ရည်ရွယ်ချက် များအတွက် စာရင်းပေးသုံးစွဲသူများ၏ ဗီဒီယိုများ နှင့်/သို့မဟုတ် ဓာတ်ပုံများကို ကြော်ငြာရန် ရည်ရွယ်ချက်များအတွက် လူကြီးမင်း၏ ကိုယ်ရေး အချက်အလက်များ ကောက်ခံခြင်း၊ အသုံးပြုခြင်း၊ ဖွင့်ဟထုတ်ဖော်ခြင်းနှင့် ၎င်းတို့အကြားဝေမျှခြင်းတို့ ပြုလုပ်ခြင်းနှင့် MPT ၏ တရားဝင် ခွင့်ပြုထားသော ဝန်ဆောင်မှုပေးသူများနှင့် သက်ဆိုင်ရာ တတိယ ပုဂ္ဂိုလ်များထံ ထိုကဲ့သို့သော ကိုယ်ရေးအချက်အလက်များ ဖွင့်ဟထုတ်ဖော်ခြင်းကို လူကြီးမင်း အနေဖြင့် သဘောတူညီပြီး ခွင့်ပြုပါသည်။

၁၂။ တာဝန်ခံမှုမှကင်းလွတ်စေခြင်း

  • ၁၂.၁ လူကြီးမင်းသည် MPT နှင့် ၎င်း၏ လက်အောက်ခံကုမ္ပဏီများ၊ ပူးတွဲလုပ်ငန်းဆောင်ရွက်သူ၊ အေးဂျင့်များ၊ မန်နေဂျာများနှင့် အခြားဆက်စပ်ကုမ္ပဏီများနှင့် ၎င်းတို့၏ ဝန်ထမ်းများ၊ ကန်ထရိုက်တာများ၊ အေးဂျင့်များ၊ အရာထမ်းများ၊ ဒါရိုက်တာများအား (၁) လူကြီးမင်းက ပေးပို့သော သို့မဟုတ် ရရှိသော ဒေတာ သို့မဟုတ် အကြောင်းအရာ တစ်ခုခုအပါအဝင် လူကြီးမင်း၏ ဝန်ဆောင်မှုအသုံးပြုခြင်းနှင့် ဝင်ရောက်ခြင်း (၂) ဤတွင် ပါဝင်သော ကိုယ်စားပြုတင်ပြခြင်းများနှင့် အာမခံချက်များ တစ်ခုခုကို ချိုးဖောက်ခြင်း အပါအဝင် ယင်းတို့ချည်း သာမဟုတ်သော စည်းကမ်းချက်များ၏ စည်းကမ်းတစ်ခုခုအား ချိုးဖောက်ခြင်း (၃) ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှု အခွင့်အရေးတစ်စုံတစ်ရာ၊ လူတစ်ဦးတစ်ယောက်၏ ကျော်ကြားမှုကိုယ်ပိုင် လက္ခဏာများအား အလွဲသုံးစား ပြုခြင်းကို ကာကွယ်သည့် အခွင့်အရေးများ (Publicity Rights) သို့မဟုတ်၊ ဥာဏပစ္စည်းဆိုင်ရာ အခွင့်အရေးများ အပါအဝင် ၎င်းတို့ချည်းသာမဟုတ်သော တတိယပုဂ္ဂိုလ်အခွင့်အရေး တစ်ခုခုကို လူကြီးမင်းအနေဖြင့် ချိုးဖောက်ခြင်း၊ (၄) လူကြီးမင်း၏ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သို့မဟုတ် အခြားနိုင်ငံတစ်နိုင်ငံ၏ ဥပဒေ၊ နည်းဥပဒေ သို့မဟုတ် စည်းမျဉ်းတစ်ခုခုကို ချိုးဖောက်ခြင်း၊ (၅) ဝန်ဆောင်မှုမှတစ်ဆင့် လူကြီးမင်းတင်ပြသော သို့မဟုတ် ရရှိသော အချက်အလက်တစ်ခုခု၏ ရလဒ်တစ်ခု ကြောင့် တောင်းဆိုမှု သို့မဟုတ် နစ်နာမှုတစ်စုံတစ်ရာဖြစ်ခြင်း သို့မဟုတ် (၆) လူကြီးမင်း၏ ဖုန်းနံပါတ် (စာရင်း သွင်းထားသည်ဖြစ်စေ၊ စာရင်းမသွင်းထားသည်ဖြစ်စေ)၊ ဟန်းဆက် သို့မဟုတ် အခြားသော ကိရိယာမှတဆင့် အခြားပုဂ္ဂိုလ်တစ်ဦးဦး၏ ဝန်ဆောင်မှုသို့ဝင်ရောက်မှုနှင့် အသုံးပြုမှုတို့မှ ပေါ်ပေါက်လာသော တောင်းဆိုမှုများ၊ နစ်နာမှုများ၊ တာဝန်ဝတ္တရားများ၊ ဆုံးရှုံးမှုများ၊ တာဝန်ခံမှုများ၊ ကုန်ကျမှုများ သို့မဟုတ် ကြွေးမြီနှင့် အသုံး စရိတ်များ (ရှေ့နေခများအပါအဝင်ဖြစ်သော်လည်း ယင်းတို့ချည်းသာမက) တစ်ရပ်ရပ်နှင့် အားလုံးထံမှနှင့် ၎င်း တို့ကို ဆန့်ကျင်၍ ကာကွယ်ပေးရန်၊ တာဝန်ခံမှုမှ ကင်းလွတ်စေရန်နှင့် လွှတ်ငြိမ်းစေရန် သဘောတူပါသည်။

၁၃။ အကြောင်းကြားစာများ(Notificaiton) နှင့် အသိပေးစာများ(Alerts)

  • ၁၃.၁ ဝန်ဆောင်မှုကို စာရင်းပေးသုံးစွဲခြင်းအားဖြင့် လူကြီးမင်းသည် MPT နှင့်/သို့မဟုတ် တတိယပုဂ္ဂိုလ်များထံမှ notification အချို့ကို လက်ခံရရှိရန် သဘောတူပါသည်။ လက်ခံလိုခြင်းမရှိပါက အောက်ပါအတိုင်း ပြုလုပ်နိုင်ပါသည် –
    ၁၃.၁.၁ SMS Notification များ – 9800 သို့ OFF ဟု စာတိုပေးပိုခြင်းအားဖြင့်နုက်ထွက်နိုင်ပြီး၊ ပြန်လည်ရရှိလိုပါက 9800 သို့ ON ဟု စတိုပေးပို့၍ ပြန်လည်ရရှိနိုင်ပါသည်၊
    ၁၃.၁.၂ Push Notification များ – MPT4U အက်ပလီကေးရှင်း၏ Setting Menu တွင် push notification ခလုပ်ကို ပိတ်၍၊ နှင့်
    ၁၃.၁.၃ Pop-up Notification များ – လူကြီးမင်း၏ Operation System (iOS/Android) setting ၌ ပိတ်နိုင်ပါသည်။အောက်ပါလင့်များတွင်ပါဝင်သည့်လမ်းညွှန်ချက်များအတိုင်း ဆောင်ရွက်နိုင်ပါသည်-

iPhone အတွက်-
https://support.apple.com/guide/iphone/change-notification-settings-iph7c3d96bab/ios

Android အတွက်-

https://support.google.com/android/answer/9079661?hl=en

 

၁၄။ KBZ MS General Insurance Company Limited (“KBZ MS”) က ပေးအပ်သော အာမခံအကာအကွယ်

  • ၁၄.၁ ဤဝန်ဆောင်မှုကို စာရင်းပေးသုံးစွဲသည့်အခါ လူကြီးမင်းအနေဖြင့် KBZ MS ကပေးအပ်သည့် အသေးစား ကျန်းမာရေးအာမခံပေါ်လစီ (“ပေါ်လစီ”) တွင် အခမဲ့ အကာအကွယ်ရရှိရန် အခွင့်အရေးရှိမည်ဖြစ်သည်။ သို့ရာတွင် ပေါ်လစီဖြင့် အကာအကွယ် ကြိမ်းသေပေါက် ရရှိမည်ဟု ဆိုလိုခြင်းမဟုတ်ပါ။ လူကြီးမင်း၏ ပါဝင်ရန် အရည်အချင်းပြည့်မီမှုကို KBZ MS က ၎င်းတို့၏ စည်းကမ်းသတ်မှတ်ချက်များကို အခြေခံ၍ သီးခြား စိစစ် သွားမည်ဖြစ်သည်။ ထိုကြောင့် လူကြီးမင်းအနေဖြင့် Data Pack ကို စာရင်းပေးသုံးစွဲနိုင်သော်လည်း KBZ MS က ငြင်းပယ်ပါက ပေါ်လစီဖြင့် အကာအကွယ်ရရှိနိုင်မည် မဟုတ်ပါ။ ပေါ်လစီ သို့မဟုတ် ပေါ်လစီအရ အကာအကွယ်ပေးနိုင်ရန် စိစစ်မှုတို့နှင့် စပ်လျဉ်းသည့် တောင်းဆိုမှုများ၊ အငြင်းပွားမှုများ သို့မဟုတ် ကန့်ကွက်ချက်များကို KBZ MS သို့သာ ပေးပို့ပြုလုပ်သွားရမည်ဖြစ်သည်။
    ၁၄.၂ အသေးစားကျန်းမာရေးအာမခံပေါ်လစီသည် KBZ MS မှ တိုက်ရိုက်ပေးအပ်သော သီးခြားဝန်ဆောင်မှုဖြစ်ပြီး MPT က ပေးအပ်သည့် ဝန်ဆောင်မှုမဟုတ်ပါ။ MPT သည် ပေါ်လစီ ပေးအပ်ရာတွင်ပါဝင်ခြင်းမရှိသည့်အပြင် MPT သည် KBZ MS ၏ အာမခံကြားနေ/ကိုယ်စားလှယ်/အေးဂျင့်တစ်ဦးမဟုတ်ပါ။
    ၁၄.၃ ပေါ်လစီအရ ပြုလုပ်သော အာမခံတောင်းဆိုမှုများအတွက် KBZ MS တစ်ဦးတည်း၌သာတာဝန်ရှိမည်ဖြစ်ပြီး မည်သည့်အခြေအနေတွင်မဆို ပေါ်လစီနှင့်ဆက်စပ်သည့် မည်သည့်တောင်းဆိုမှုအတွက်ကိုမဆို MPT ၌တာဝန် ရှိမည်ဟုတ်ပါ။
    ၁၄.၄ လူကြီးမင်းအနေဖြင့် အောက်ဖော်ပြပါ အပိုဒ် ၁၅ အပြင် အောက်ပါ ကိုယ်ရေးကိုယ်တာအချက်အလက်များကို KBZ MS သို့ ဝေမျှသွားပေးရန် ကျွန်ုပ်တို့အား ခွင့်ပြုပါသည် –
    ၁၄.၄.၁ အမည်
    ၁၄.၄.၂ မှတ်ပုံတင်/နိုင်ငံကူးလက်မှတ်အမှတ်
    ၁၄.၄.၃ ဤ MPT4U အကောင့်နှင့် ချိတ်ဆက်ထားသော မိုဘိုင်းဖုန်းနံပါတ်
    ၁၄.၄.၄ မွေးနေ့
    ၁၄.၄.၅ KBZ MS ၏ အသေးစားကျန်းမာရေးအာမခံပေါ်လစီ၏ စည်းကမ်းသတ်မှတ်ချက်များကို လိုက်နာရန် သင်၏ သဘောတူညီချက်
    ၁၄.၄.၆ လူကြီးမင်း၏ Data Pack စာရင်းပေးသုံးစွဲမှုနှင့် သက်ဆိုင်သည့် အချက်အလက်များ – (က) အမျိုး အစား၊ (ခ) အခြေအနေ၊ (ဂ) စာရင်းပေးသုံးစွဲမှု စတင်သည့်နေ့နှင့်အချိန် နှင့် ကုန်ဆုံးသည့်နေ့ နှင့် အချိန်
    အထက်ပါ အချက်အလက်များကို အသုံးပြု၍ KBZMS က လူကြီးမင်းအနေဖြင့် ပေါ်လစီတွင် အကာအကွယ် ရနိုင်ခြင်းရှိ/မရှိကို စိစစ်သွားမည်ဖြစ်သည်။
    ၁၄.၅ ပေါ်လစီနှင့် သက်ဆိုင်သည့် တောင်းဆိုမှုများ၊ မေးခွန်းများနှင့် အငြင်းပွားမှုများအားလုံးကို အောက်ပါအတိုင်း KBZ MS သို့ တိုက်ရိုက်ဆက်သွယ်ပြုလုပ်သွားရမည်ဖြစ်သည် –
    ၁၄.၅.၁ ၎င်းတို့၏ hotline နံပါတ် ၀၁-၂၃၀၇၀၀၀၀ သို့ ခေါ်ဆိုခြင်း
    ၁၄.၅.၂ ၎င်းတို့၏ ဝက်ဘ်ဆိုက်လိပ်စာ https://kbzms.com/ သို့ သွားရောက်ခြင်း

၁၅။ ကိုယ်ရေးကိုယ်တာအချက်အလက်များ

  • ၁၅.၁ လူကြီးမင်းအားဝန်ဆောင်မှုပေးအပ်ရန် လူကြီးမင်း၏ ကိုယ်ရေးကိုယ်တာအချက်အလက်များကို ကောက်ခံ ခြင်း၊ အသုံးပြုခြင်းနှင့် အချို့ကိစ္စများတွင် ဝေမျှပေးခြင်းတို့ ပြုလုပ်ရန် လိုအပ်ပါသည်။ လူကြီးမင်းမှ အောက်ပါတို့ ပြုလုပ်သည့်အခါ ကျွန်ုပ်တို့က လူကြီးမင်းထံမှ ကိုယ်ရေးကိုယ်တာအချက်အလက်များကို ကောက်ခံနိုင်ပါသည် –
    ၁၅.၁.၁ ဝန်ဆောင်မှုအတွက်မှတ်ပုံတင်ခြင်း၊
    ၁၅.၁.၂ ဝန်ဆောင်မှုအသုံးပြုခြင်း၊
    ၁၅.၁.၃ ကျွန်ုပ်တို့နှင့်ဆက်သွယ်ခြင်း၊
    ၁၅.၁.၄ ကျွန်တို့၏ ဝန်ဆောင်မှု သို့မဟုတ် အက်ပလီကေးရှင်တစ်ခုခု အသုံးပြုရန် စာရင်းသွင်း၍ လူကြီးမင်း၏ အသေးစိတ်အချက်အလက်များ ပေးအပ်ခြင်း၊
    ၁၅.၁.၅ ကျွန်ုပ်တို့၏ စစ်တမ်းကောက်ယူမှုတစ်ခုခုတွင်ပါဝင်ခြင်း၊ နှင့်
    ၁၅.၁.၆ ကျွန်ုပ်တို့၏ ဝက်ဘ်ဆိုက်တစ်ခုခု သို့မဟုတ် ဝန်ဆောင်မှုနှင့် ဆက်စပ်သည့် စားသုံးသူ အသုံးပြုသည့် နေရာ (Customer Portal) သို့ဝင်ရောက်ခြင်း။
    ထို့အပြင်၊ လူကြီးမင်းမှ အချက်အလက်ကို ကျွန်ုပ်တို့နှင့်ဝေမျှရန် သဘောတူထားသည့်အခါ နှင့်/သို့မဟုတ် ဥပဒေအရ အခြားနည်း ခွင့်ပြုထားသည့်အခါ ကျွန်ုပ်တို့က လူကြီးမင်း၏ ကိုယ်ရေးကိုယ်တာ အချက်အလက် များကို တတိယပုဂ္ဂိုလ်များထံမှ ရယူနိုင်ပါသည်။
    ၁၅.၂ လူကြီးမင်းထံမှ ကောက်ခံရယူနိုင်သော အချက်အလက်များတွင် အောက်ပါတို့ပါဝင်နိုင်ပါသည် –
    ၁၅.၂.၁ အမည်
    ၁၅.၂.၂ မှတ်ပုံတင်အမှတ်
    ၁၅.၂.၃ မိုဘိုင်းဖုန်းနံပါတ်
    ၂၅.၂.၄ အသက်
    ၁၅.၂.၅ ကျား/မ
    ၁၅.၂.၆ လိပ်စာ
    ၁၅.၂.၇ အလုပ်အကိုင်
    ၁၅.၂.၈ အိမ်ထောင်စုအချက်အလက် (ဥပမာ – သားသမီးအရေအတွက်)
    ၁၅.၂.၉ ဝင်ငွေ
    ၁၅.၂.၁၀ အင်တာနက်အသုံးပြုသည့်ပုံစံ
    ၁၅.၂.၁၁ မိုဘိုင်းအက်ပလီကေးရှင်းအသုံးပြုမှု
    ၁၅.၂.၁၂ ဝယ်ယူသုံးစွဲမှုမှတ်တမ်း
    ၁၅.၂.၁၃ တည်နေရာမှတ်တမ်း
    ၁၅.၂.၁၄ ဆက်သွယ်ရေးဝန်ဆောင်မှုသုံးစွဲမှုသမိုင်းမှတ်တမ်း
    ၁၅.၂.၁၅ အမျိုးမျိုးသောပုဂ္ဂလိကကြိုက်နှစ်သက်မှု
    ၁၅.၃ လူကြီးမင်း၏ကိုယ်ရေးကိုယ်တာအချက်အလက်များကို အောက်ပါတို့တွင် အသုံးပြုနိုင်ပါသည်-
    ၁၅.၃.၁ လူကြီးမင်းအားဝန်ဆောင်မှုပေးရန်၊
    ၁၅.၃.၂ ကျွန်ုပ်တို့၏ဝန်ဆောင်မှုအား စိစစ်၊ အဆင့်မြှင့်တင်ရန်၊
    ၁၅.၃.၃ လူကြီးမင်းအား notification များပေးပို့ခြင်းအပါအဝင် လူကြီးမင်းနှင့် ဆက်သွယ်ရန်၊
    ၁၅.၃.၄ လူကြီးမင်းမည်သူမည်ဝါဖြစ်ကြောင်း သို့မဟုတ် ငွေပေးချေလုပ်ဆောင်ချက်တစ်ခုကို အတည်ပြုရန်၊
    ၁၅.၃.၅ ကျွန်ုပ်တို့ဝန်ဆောင်မှုများနှင့် အကြောင်းအရာများအား လူကြီးမင်းအတွက်ပိုမိုဆွဲဆောင်မှုရှိစေရန် အတွက် မွမ်းမံပြင်ဆင်ရန်၊
    ၁၅.၃.၆ ကျွန်ုပ်တို့ကြော်ငြာများ၏ အကျိုးသက်ရောက်မှုများကို လေ့လာသုံးသပ်ရန်နှင့် လူကြီးမင်းနှင့်ကိုက်ညီသော သက်ဆိုင်ရာ ကြော်ငြာများအား ဦးတည်ပေးပို့ရန်၊
    ၁၅.၃.၇ သုံးစွဲမှုပုံစံများနှင့် ကြွေးမြီအဆင့်အတန်းသုံးသပ်ရန်၊
    ၁၅.၃.၈ ထုတ်ကုန်နှင့် ဝန်ဆောင်မှုအသစ်များအတွက် ပါဝင်နိုင်မှုကိုဆုံးဖြတ်ရန်၊
    ၁၅.၃.၉ လူကြီးမင်းစိတ်ဝင်စားနိုင်မည့် ထုတ်ကုန်နှင့်ဝန်ဆောင်မှုများ အားပေးတိုက်တွန်းရန်နှင့် အရောင်းမြှင့်တင်ရန်၊ ဤတွင် ကျွန်ုပ်တို့ သို့မဟုတ် တတိယပုဂ္ဂိုလ်များ၏ ဆက်သွယ်ရေးနှင့် မသက်ဆိုင်သော ထုတ်ကုန်နှင့်ဝန်ဆောင်မှုများ ပါဝင်ပါသည်၊
    ၁၅.၃.၁၀ ကျွန်ုပ်တို့၏ ဥပဒေနှင့် စည်းကမ်းထိန်းသိမ်းရေးဆိုင်ရာ တာဝန်ဝတ္တရားများကို လိုက်နာရန်၊
    ၁၅.၃.၁၁ ကျွန်ုပ်တို့အပေါ်ပြုလုပ်သော တောင်းဆိုချက်များ သို့မဟုတ် ဖြစ်လာနိုင်သည့် တောင်းဆိုချက်များအား စုံစမ်းစစ်ဆေးရန်၊ တုံ့ပြန်ရန် သို့မဟုတ် ကာကွယ်ရန်၊
    ၁၅.၃.၁၂ လူကြီးမင်းမည်သူမည်ဝါဖြစ်သည်ဟု ဖော်ပြခြင်းမရှိသည့် ပုံစံဖြင့် ထားရှိသော သို့မဟုတ် စုစည်းထားသော အချက်အလက်များ၊ အစီရင်ခံစာများနှင့် စာရင်းအင်းများ ပြုလုပ်ရန်၊ နှင့်
    ၁၅.၃.၁၃ ဥပဒေ၊ စည်းမျဉ်း၊ အမိန့်ကြော်ငြာစာ၊ နှင့်/သို့မဟုတ် သက်ဆိုင်ရာ စည်းကမ်းထိန်းသိမ်းရေး အာဏာပိုင်က သတ်မှတ်ထားသည့် သို့မဟုတ် ခွင့်ပြုထားသည့် အခြားမည်သည့် လုပ်ရပ်ကိုမဆို ဆောင်ရွက်ရန်။
    ၁၅.၄ ဝန်ဆောင်မှုပေးအပ်ရန်၊ စီမံခန့်ခွဲရန်နှင့် လုပ်ငန်းလည်ပတ်ရန်အတွက် လူကြီးမင်း၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များကို အောက်ပါအတိုင်း ဝေမျှသွားနိုင်မည်ဖြစ်ပါသည် –
    ၁၅.၄.၁ ကျွန်ုပ်တို့၏ဆက်စပ်အဖွဲ့အစည်းများ၊ မိတ်ဖက်ကုန်သည်များ၊ ဖောက်သည်များ သို့မဟုတ် ကျွန်ုပ်တို့ကိုယ်စား အချက်အလက်ကို စိစစ်ဖတ်ရှုရန် ကျွန်ုပ်တို့က ခန့်အပ်ထားသော အခြား တတိယပုဂ္ဂိုလ်ကုမ္ပဏီများနှင့် ဝန်ဆောင်မှုပေးသူများ၊
    ၁၅.၄.၂ လူကြီးမင်းအား ဝန်ဆောင်မှုပေးအပ်ရန် သို့မဟုတ် အခြားဆက်သွယ်ရေးဆိုင်ရာ ရည်ရွယ်ချက်များ တွင် ကျွန်ုပ်တို့အား အကူအညီပေးရန်၊
    ၁၅.၄.၃ ဥပဒေ သို့မဟုတ် သက်ဆိုင်ရာ အာဏာပိုင်က ခွင့်ပြုထားသည့် သို့မဟုတ် သတ်မှတ်ထားသည့် အတိုင်း၊ နှင့်/သို့မဟုတ်
    ၁၅.၄.၄ လူကြီးမင်းမှ ခွင့်ပြုပါက တတိယပုဂ္ဂိုလ်များနှင့် ဝေမျှခြင်း။
    ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများကို အဆင့်မြှင့်တင်ရန်နှင့် လူကြီးမင်းအတွက် ပိုမိုအသုံးဝင်သော ထုတ်ကုန် အသစ်များ ပေးအပ်နိုင်ရန် ကျွန်ုပ်တို့၏ သုံးစွဲသူများအား သုတသနပြုခြင်းနှင့် ခွဲခြမ်းစိတ်ဖြာ လေ့လာခြင်း တို့အပါအဝင် ရည်ရွယ်ချက်အသီးသီးအတွက် လူကြီးမင်း၏ ကိုယ်ရေးကိုယ်တာအချက်အလက် ကို အခြားသော အသုံးပြုသူများ၏ ကိုယ်ရေးကိုယ်တာအချက်အလက်များနှင့် အခါအားလျော်စွာ စုစည်း နိုင်ပါသည်။ ထိုကဲ့သို့ ကိုယ်ရေးကိုယ်တာအချက်အလက်စုစည်းမှုကို သာမန်အားဖြင့် လူကြီးမင်း အကြောင်း အချက်အလက်ကို အသုံးပြု၍ မည်သူမည်ဝါဖြစ်ကြောင်း ဖော်ထုတ်နိုင်မည်မဟုတ်သည့် အမည်မဖော်ပြသည့် စနစ်ဖြင့် ပြုလုပ်သွားမည်ဖြစ်ပြီး ထိုသို့သော အမည်မဖော်ပြထားထားသည့် အချက် အလက်ကို အခြားသူများထံသို့ ရည်ရွယ်ချက်အမျိုးမျိုးဖြင့် ပေးအပ်နိုင်သည်။ ကျွန်ုပ်တို့က ကုမ္ပဏီပေါင်းစည်းခြင်း၊ ဝယ်ယူခြင်း သို့မဟုတ် ရောင်းချခြင်း၊ ကော်ပိုရိတ်အဖြစ် သို့မဟုတ် အများနှင့် မသက်ဆိုင်သော ကုမ္ပဏီအဖြစ်ဖွဲ့စည်းခြင်းတို့ ပြုလုပ်ပါက ထိုလုပ်ဆောင်ချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် ကိုယ်ရေးကိုယ်တာ အချက်အလက်များကို လွှဲပြောင်းနိုင်သည်။

၁၆။ အာမခံချက်များ၏ မသက်ဆိုင်ကြောင်းရှင်းလင်းချက်များနှင့် တာဝန်ခံမှုကန့်သတ်ချက်

  • ၁၆.၁ ဝန်ဆောင်မှုတွင်ပါဝင်သော သို့မဟုတ် ယင်းမှတဆင့် အခြားနည်းဖြင့် လူကြီးမင်းအသုံးပြုနိုင်ရန် ပြုလုပ်ထား သော သတင်းအချက်အလက်၊ အကြောင်းအရာ၊ အချက်အလက်များ၊ ထုတ်ကုန်များ (ဆော့ဖ်ဝဲ အပါအဝင်) နှင့် အခြားသောပူးတွဲဝန်ဆောင်မှုများကို ဤနေရာ၌ “ရှိသည့်အတိုင်း” နှင့် “ရှိနိုင်မည့်အတိုင်း” ရနိုင်သော စနစ်ဖြင့် ပံ့ပိုးခြင်းဖြစ်သည်။ MPT သည် ဝန်ဆောင်မှုလည်ပတ်ခြင်း သို့မဟုတ် ဝန်ဆောင်မှုတွင် ပါဝင်သော သို့မဟုတ် ဝန်ဆောင်မှုမှတဆင့် အခြားနည်းဖြင့် လူကြီးမင်းအသုံးပြုနိုင်ရန်ပြုလုပ်ထားသော ၎င်း၏ တိကျမှုအပါအဝင် သတင်းအချက်အလက်၊ အကြောင်း အရာ၊ အချက်အလက်များ၊ ထုတ်ကုန်များ (ဆော့ဖ်ဝဲ အပါအဝင်) သို့မဟုတ် အခြားသောဝန်ဆောင်မှုများကို မည်သည့်အမျိုးအစားမဆိုဖြစ်သော အတိအလင်း ဖြစ်စေ၊ တိုက်ရိုက်မဟုတ်သည်ဖြစ်စေ ကိုယ်စားပြုတင်ပြခြင်းများ သို့မဟုတ် အာမခံချက်များမပြုလုပ်ပါ။ လူကြီးမင်း ၏ ဝန်ဆောင်မှုအသုံးပြုခြင်းသည် ဖြစ်ပေါ်လာနိုင်ချေရှိသော အန္တရာယ်ကို မိမိဘာသာတာဝန်ယူ သည်ဟု လူကြီးမင်းက အတိအလင်းသဘောတူပါသည်။
    ၁၆.၂ MPT သည် လူကြီးမင်း၏ ဝန်ဆောင်မှုအသုံးပြုခြင်း သို့မဟုတ် ဝန်ဆောင်မှုတွင်ပါဝင်သော ဝန်ဆောင်မှုမှတဆင့် အခြားနည်းဖြင့် လူကြီးမင်းအသုံးပြုနိုင်ရန် ပြုလုပ်ထားသော သတင်းအချက်အလက်၊ အကြောင်းအရာ၊ အချက်အလက်များ၊ ထုတ်ကုန်များ (ဆော့ဖ်ဝဲအပါအဝင်) သို့မဟုတ် အခြားသော ပူးတွဲဝန်ဆောင်မှုများမှ ပေါ်ပေါက်လာသော မည်သည့်အမျိုးအစားမဆိုဖြစ်သည့် တိုက်ရိုက်ဖြစ်သော၊ တိုက်ရိုက်မဟုတ်သော၊ ဆက်စပ်၍ဖြစ်သော၊ ပြစ်ဒဏ်အရဖြစ်သော နှင့်/သို့မဟုတ် အကျိုးဆက်အားဖြင့်ဖြစ်သော နစ်နာမှုများ အပါအဝင်ဖြစ်သော်လည်း ယင်းတို့ချည်းသာဟု ကန့်သတ်မထားသော နစ်နာမှုတစ်စုံတစ်ရာအတွက် တာဝန်ရှိမည် မဟုတ်ပါ။
    ၁၆.၃ လူကြီးမင်းမှ ဝန်ဆောင်မှုကို စာရင်းပေးသုံးစွဲခြင်းအားဖြင့် မည်သည့်အကြောင်းရင်းကြောင့်ဖြစ်စေ၊ ဝန်ဆောင်မှုနှင့် ဆက်စပ်၍ တိုက်ရိုက်ဖြစ်စေ၊ အကျိုးဆက်အရဖြစ်စေ ဖြစ်ပေါ်လာသော မည်သည့် သဘော သဘာဝ သို့မဟုတ် အမျိုးအစားမဆိုရှိသည့် ဆုံးရှုံးမှု၊ ထိခိုက်အနာတရဖြစ်မှု၊ ထိခိုက်မှု သို့မဟုတ် ပေးရန်တာဝန်ရှိမှုနှင့် အကျိုးဆက်များတစ်ခုခုနှင့် အားလုံးမှသော်လည်းကောင်း၊ MPT ကို ထိုသို့ဖြစ်နိုင်ချေ အား အသိပေးပြီးသည့်တိုင် ပြိုင်ပွဲတွင်ပါဝင်စဉ်အတွင်း သို့မဟုတ် Pack/ဒေတာများ အသုံးပြုခြင်းမှ ပေါ်ပေါက် လာသော သို့မဟုတ် ၎င်းနှင့်ဆက်စပ်သော မည်သည့်ပုဂ္ဂိုလ်များအပေါ်မဆို ထိခိုက်အနာတရဖြစ်မှု တစ်ရပ်ရပ် သိုမ့ဟုတ် ပိုင်ဆိုင်မှုတစ်ရပ်ရပ်အပေါ် ဖြစ်ပေါ်လာသည့်ထိခိုက်မှုတစ်ရပ်ရပ် အပါအဝင်ဖြစ်သော်လည်း ယင်းတို့ချည်းသာဟု ကန့်သတ်မထားဘဲ ၎င်းတို့မှပေါ်ပေါက်လာသောနှင့် ၎င်းတို့ကို အကြောင်းပြုသော တောင်းခံမှုများ၊ တောင်းဆိုမှုများ၊ အခွင့်အရေးများ၊ တရားစွဲဆိုရန် အကြောင်းတို့မှ MPT အား ကင်းလွတ်စေရန် နှင့် ရာသက်ပန် လွတ်ငြိမ်းစေရန် သဘောတူညီပါသည်။
    ၁၆.၄ သက်ဆိုင်ရာဥပဒေများမှ ခွင့်ပြုနိုင်သည့် အများဆုံးအတိုင်းအတာအလျောက် MPT သည် ရည်ရွယ်ချက်တစ်ခု အတွက် ကုန်သွယ်မှုနှင့် ရောင်းချနိုင်စွမ်း၏ တိုက်ရိုက်မဟုတ်သော အာမခံချက်များ အပါအဝင်ဖြစ်သော်လည်း ယင်းတို့ချည်းသာဟု ကန့်သတ်မထားသော အတိအလင်းဖော်ပြထားသည့် သို့မဟုတ် တိုက်ရိုက်မဟုတ်သည့် အာမခံချက်များအားလုံးကို မသက်ဆိုင်ကြောင်း ငြင်းဆိုပါသည်။
    ၁၆.၅ ဝန်ဆောင်မှုတွင်ပါဝင်သော သို့မဟုတ် ယင်းမှတဆင့် အခြားနည်းဖြင့် လူကြီးမင်းအသုံးပြုနိုင်ရန် ပြုလုပ် ထားသော သတင်းအချက်အလက်၊ အကြောင်းအရာ၊ အချက်အလက်များ၊ ထုတ်ကုန်များ (ဆော့ဖ်ဝဲ အပါအဝင်) သို့မဟုတ် အခြားသော ပူးတွဲဝန်ဆောင်မှုများ၊ MPT ဆာဗာများ သို့မဟုတ် MPT မှ ပို့သော အီလက်ထရောနစ် ဆက်သွယ်မှုများသည် ဗိုင်းရပ်စ်များ သို့မဟုတ် အခြားသော အန္တရာယ်ရှိသည့် အစိတ်အပိုင်းများမှ ကင်းလွတ်ပါသည်ဟု MPT က အာမခံခြင်း မပြုပါ။

၁၇။ တတိယပုဂ္ဂိုလ်အကြောင်းအရာ

  • ၁၇.၁ ဝန်ဆောင်မှုတွင် တတိယပုဂ္ဂိုလ်များမှ ရရှိသော သို့မဟုတ် ၎င်းတို့က ပံ့ပိုးပေးထားသော အကြောင်းအရာ (“တတိယပုဂ္ဂိုလ်၏အကြောင်းအရာ”) တို့ပါဝင်နိုင်ပါသည်။ သို့ဖြစ်ပါ၍ အဆိုပါတတိယပုဂ္ဂိုလ်၏ အကြောင်း အရာ သို့မဟုတ် တတိယပုဂ္ဂိုလ်၏ အကြောင်းအရာနှင့်ဆက်စပ်သည့် ချိတ်ဆက်ထားသော ဝက်ဘ်ဆိုက်ဒ် တစ်ခုခုအတွက် MPT တွင် တာဝန်ရှိမည်မဟုတ်ပါ။ တတိယပုဂ္ဂိုလ်များ၏ သတင်းအချက် အလက်၊ ထုတ်ကုန် များ သို့မဟုတ် ဝန်ဆောင်မှုများတစ်ခုခုအား ရည်ညွှန်းချက်သည် MPT က ထောက်ခံမှု၊ ကမကထပြုမှု သို့မဟုတ် အကြံပြုမှု မဟုတ်ပါ သို့မဟုတ် ထိုသို့သွယ်ဝိုက်ဆိုလိုခြင်း မဟုတ်ပါ။

၁၈။ အထွေထွေ

  • ၁၈.၁ ဤသီးသန့်စည်းကမ်းသတ်မှတ်ချက်များသည် MPT ၏ နောက်ဆုံးထုတ်ပြန်ထားသောအထွေထွေစည်းကမ်းသတ်မှတ်ချက်များ (“GTC”) နှင့် အညီ ဖြစ်ရပါမည်။လက်ရှိနောက်ဆုံးထုတ်ပြန်ထားသော အထွေထွေစည်းကမ်းသတ်မှတ်ချက်များ အား https://www.mpt.com.mm/en/terms-conditions-ver-2/ ၌ ကြည့်ရှုနိုင်ပါသည်။ ဤစည်းကမ်းချက်များ ပါ စကားရပ်များနှင့် GTC အကြား ကွဲလွဲမှုတစ်ရပ်ရပ် ရှိပါက ဤသီးသန့် စည်းကမ်းချက်များကသာလျှင် လွှမ်းမိုးရမည်။
    ၁၈.၂ စည်းကမ်းချက်များသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ဥပဒေများနှင့် တရားရုံး သို့မဟုတ် စီရင်ပိုင်ခွင့်ရှိသော အဖွဲ့တစ်ခုခုမှ ထုတ်ပြန်ထားသည့် စည်းမျဉ်းများ၊ အမိန့်ကြော်ငြာစာများ၊ ညွှန်ကြားချက်များ သို့မဟုတ် လမ်းညွှန်ချက်များ အရသာဖြစ်ရပါမည်။
    ၁၈.၃ အကယ်၍ စည်းကမ်းချက်များ သို့မဟုတ် ၎င်းအကျုံးဝင်မှု၏ စည်းကမ်းများ ပဋိညာဉ်ပြုချက်၊ ပြဋ္ဌာန်းချက် တစ်ခုခုအား တရားရုံးတစ်ခုခု သို့မဟုတ် စီရင်ပိုင်ခွင့်ရှိသော အဖွဲ့တစ်ခုခု သို့မဟုတ် ထိုအကြောင်းအရာနှင့် စပ်လျဉ်း၍ ဥပဒေတစ်ရပ်ရပ်မှ ဥပဒေနှင့် မကိုက်ညီခြင်း၊ တရားမဝင်ဖြစ်ခြင်း သို့မဟုတ် အာဏာမသက်ရောက် နိုင်ခြင်းအဖြစ် သတ်မှတ်ခဲ့ပါက စည်းကမ်းချက်များ၏ ကျန်ရှိသောအပိုင်း သို့မဟုတ် အဆိုပါစည်းကမ်းများ၊ ပဋိညာဉ်ပြုချက် သို့မဟုတ် ပြဋ္ဌာန်းချက်၏ (တရားမဝင်ဖြစ်ကြောင်း သို့မဟုတ် အာဏာသက်ရောက်မှု မရှိကြောင်း သတ်မှတ်ထားသည့် ပုဂ္ဂိုလ်များမှအပ) ပုဂ္ဂိုလ်တစ်ဦးဦးနှင့် သက်ဆိုင်မှုအပေါ် သက်ရောက်မှု မရှိစေရဘဲ စည်းကမ်းချက်များ၏ ပြဋ္ဌာန်းချက်တစ်ရပ်စီသည် ဥပဒေအရခွင့်ပြုထားသော အများဆုံး အတိုင်းအတာအထိ တရားဝင်ဖြစ်ပြီး အာဏာသက်ရောက်မှု ဆက်လက်ရှိရမည်။
    ၁၈.၄ ဤစည်းကမ်းချက်များအား အင်္ဂလိပ်ဘာသာ၊ မြန်မာဘာသာ နှစ်ဘာသာဖြင့် ရေးသားထားပါသည်။ အကယ်၍ ဤစည်းကမ်းချက်များ၏ မြန်မာဘာသာစာသားများနှင့် အင်္ဂလိပ်ဘာသာစာသားများအကြား နားလည်မှုအရ ဖြစ်စေ၊ အဓိပ္ပာယ်ဖွင့်ဆိုချက် (သို့မဟုတ်) အနက်အဓိပ္ပာယ်ကောက်ယူချက်အရဖြစ်စေ ကွဲပြားခြားနားမှု တစ်စုံ တစ်ရာရှိပါက အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသည့်စာသားများကသာလျှင် လွှမ်းမိုးအတည်ဖြစ်ရမည်။
best operator in Myanmar