Dome Pyan Home Fiber Phone FAQs

1. MPT ရဲ့ ဒုံးပျံအိမ်သုံးဖိုင်ဘာဖုန်း ဝန်ဆောင်မှု ဆိုတာဘာလဲ?

MPT ရဲ့ ဒုံးပျံအိမ်သုံးဖိုင်ဘာဖုန်း ဝန်ဆောင်မှုဆိုသည်မှာ ဒုံးပျံအိမ်သုံးဖိုင်ဘာအင်တာနက်ကို အသုံးပြု၍ ဖုန်းခေါ် ဆိုနိုင်သော ဝန်ဆောင်မှုဖြစ်ပါသည်။

2. MPT ရဲ့ ဒုံးပျံအိမ်သုံးဖိုင်ဘာဖုန်း ဝန်ဆောင်မှုကိုဘယ်မှာ လျှောက်ထားရယူနိုင်မှာပါလဲ။

ဒုံးပျံအိမ်သုံးဖိုင်ဘာအင်တာနက် နှင့် voice ဝန်ဆောင်မှုအား ယခုမှ စတင် သုံးစွဲမည့်သူများအနေဖြင့် MPT ၏ Own Shop များ၊ Franchise Shopများ၊ MPT၏ တရားဝင် Website နှင့် MPT၏ တရားဝင် Door to Door အရောင်းဝန်ထမ်းများမှ တဆင့်လျှောက်ထားရယူနိုင်ပါသည်။ ဒုံးပျံအိမ်သုံးဖိုင်ဘာအင်တာနက် ဝန်ဆောင်မှုအား လက်ရှိသုံးစွဲနေသူများကိုမူ MPTမှ တစ်ဆင့် ဖုန်း‌ခေါ်ဆိုအသိပေးသွားမည်ဖြစ်ပါသည်။

3. မည်သည့်မြို့နယ်များတွင် ဒုံးပျံအိမ်သုံးဖိုင်ဘာဖုန်း ဝန်ဆောင်မှုအား ရယူနိုင်သလဲ?

အောက်ဖော်ပြပါမြို့နယ်များတွင် ရယူအသုံးပြုနိုင်ပါသည်။

Sr.RegionTownshipnew Voice Service +
new FTTH Service
new Voice Service +
existing FTTH Service
1AyeyarwadyPatheinYes
2KachinMyitkyinaYes
3KayahLoikawYes
4KayinHpa-AnYes
5MyawaddyYes
6MonMawlamyineYes
7NaypyitawZabuthiriYes
8RakhineSittweYes
9Sagaing MonywaYes
10Shan NorthLashioYes
11TanintharyiDaweiYes
12YangonSanchaungYesYes
13LathaYesYes
14PabedanYesYes
15KyauktadaYesYes
16BotahtaungYesYes
17LanmadawYesYes
18PazundaungYesYes
19Mingalar Taung NyuntYesYes
20AhloneYesYes
21KyeemyindaingYesYes
22HlaingYesYes
23KamaryutYesYes
24DagonYesYes
25TamweYesYes
26YankinYesYes
27MayangoneYesYes
28BahanYesYes
29ThingangyunYesYes
30South OkkalapaYesYes
31North OkkalapaYesYes
32Dagon Myothit (North)YesYes
33Dagon Myothit (South)YesYes
34HlaingtharyarYesYes
35Dagon Myothit (East)Yes
36HleguYesYes
37InseinYesYes
38MingaladonYesYes
39ShwepyitharYesYes

4. ယခုလက်ရှိ ဒုံးပျံအိမ်သုံးဖိုင်ဘာအင်တာနက်အား အသုံးပြုလျက်ရှိပြီး ဒုံးပျံအိမ်သုံးဖိုင်ဘာဖုန်း ဝန်ဆောင်မှုအားထပ်တိုး ရယူ လျှောက်ထားရယူလိုပါက ဘယ်လိုလုပ်ဆောင်ရမလဲ။

ဒုံးပျံ အိမ်သုံးဖိုင်ဘာအင်တာနက်အား ယခုလက်ရှိ ရယူအသုံးပြုနေသူများအနေဖြင့် ဒုံးပျံအိမ်သုံးဖိုင်ဘာဖုန်း ဝန်ဆောင်မှုအား ရယူလိုပါက FTTH Circuit ID ၊ သုံးစွဲသူ၏ နိုင်ငံသားမှတ်ပုံတင် မိတ္တူ နှင့် ဒုံးပျံ အိမ်သုံးဖိုင်ဘာအင်တာနက် Account Code(လစဉ်ပေးဆောင်ရသော ငွေပေး ဘောင်ချာတွင် ဖော်ပြထားသည်) တို့ လိုအပ်ပြီး ဒုံးပျံအိမ်သုံးဖိုင်ဘာဖုန်း ဝန်ဆောင်မှု သဘောတူညီမှု စာချုပ်အား လက်မှတ်ထိုး၍ လျှောက်ထားရယူနိုင်ပါသည်။

5. ဒုံးပျံအိမ်သုံးဖိုင်ဘာဖုန်း ဝန်ဆောင်မှု သည် ကြိုတင်ငွေပေးချေမှု လား၊ သို့မဟုတ် အသုံးပြု ပြီးမှ ငွေပေးချေမှုလား? အခြား ဝန်ဆောင်မှု စရိတ်များ နှင့် ဖုန်းခေါ်ဆိုခ များက ဘယ်လောက်လဲ? ဘေစာရွက် ကိုမည်ကဲ့သို့ ရရှိနိုင်မည်နည်း?

ဒုံးပျံအိမ်သုံးဖိုင်ဘာဖုန်း ဝန်ဆောင်မှု သည် ကြိုတင်ငွေပေးချေမှု ဖြစ်သည်။
လစဉ် 5,000Ks ဖြင့် MPT အချင်းချင်း အကန့်အသတ်မရှိ ဖုန်းခေါ်ဆိုနိုင်မည်ဖြစ်ပြီး ယင်းဘေလ်အား ဒုံးပျံ အိမ်သုံးဖိုင်ဘာအင်တာနက်နှင့်အတူ ပေးချေရမည် ဖြစ်သည်။
အခြား Operatorများသို့ဖုန်းခေါ်ဆိုခြင်း (သို့) နိုင်ငံတကာဖုန်းခေါ်ဆိုခြင်းများအတွက်မူ သုံးစွဲသူမှ MPT Top up Card ဖြင့် ဖုန်းငွေဖြည့်ရန်လိုအပ်ပါသည်။

6. လစဉ်ကြေး 5000Ks ဆိုတာ ဘာအတွက်လဲ?

လစဉ်ကြေး 5000Ks ပေးသွင်းပြီး MPT ဒုံးပျံအိမ်သုံးဖိုင်ဘာဖုန်း အချင်းချင်း၊ MPT ဒုံးပျံအိမ်သုံးဖိုင်ဘာဖုန်း မှ MPT မိုဘိုင်းဖုန်း၊ MPT ကြိုးဖုန်းများသို့ အကန့်အသတ်မရှိဖုန်းပြောဆိုခြင်းအား အသုံးပြုနိုင်မည်ဖြစ်သည်။
ထို့အတူ အခြား VAS ၀န်ဆောင်မှုဖြစ်သော 3 Way Calling/Call Line Identification/Call Forwarding / Fax Phone ၀န်‌ဆောင်မှု ၄ မျိုး လည်း ယခု လစဉ်ကြေးတွင် ပါ၀င်ပြီးဖြစ်ပါသည်။

7. ဒုံးပျံအိမ်သုံးဖိုင်ဘာဖုန်း ဝန်ဆောင်မှု တစ်ခုတည်းအား သီးသန့် ရယူ နိုင်မည်လား?

မရယူနိုင်ပါ။ သုံးစွဲသူများအနေဖြင့် ဒုံးပျံ အိမ်သုံးဖိုင်ဘာအင်တာနက်ဝန်ဆောင်မှုနှင့်အတူသာ လျောက်ထားရယူ နိုင်ပါသည်။

8. ဒုံးပျံအိမ်သုံးဖိုင်ဘာဖုန်း ဝန်ဆောင်မှုအတွက် တယ်လီဖုန်း ဟန်းဆက် ကို MPT မှ ပေးပါသလား?

မပေးပါ။ သုံးစွဲသူအနေဖြင့် ဒုံးပျံအိမ်သုံးဖိုင်ဘာဖုန်း ဝန်ဆောင်မှုအတွက် အထိုင်ဖုန်း(Key Phone နှင့် RJ-11 connector အပါအဝင်) ကိုယ်ပိုင်အစီအစဉ်ဖြင့် ဝယ်ယူရမည်ဖြစ်သည်။

9. ဒုံးပျံအိမ်သုံးဖိုင်ဘာဖုန်း ဝန်ဆောင်မှုအတွက် ဘယ်လို တယ်လီဖုန်း ဟန်းဆက်ကို ဝယ်ယူရမလဲ?

သုံးစွဲသူမှ FTTH + Voice ဝန်ဆောင်မှုအား တပ်ဆင်ခြင်း၊ စတင်အသုံးပြုခြင်းအတွက် အထိုင်ဖုန်း(Key Phone နှင့် RJ-11 connector အပါအဝင်) ဝယ်ယူရန်လိုအပ်ပြီး ကိုယ်တိုင်တပ်ဆင်အသုံးပြုရမည်ဖြစ်သည်။ ယင်း အား MPT မှ ထောက်ပံ့ပေးမည် မဟုတ်ပါ။

10. ဒုံးပျံအိမ်သုံးဖိုင်ဘာဖုန်း ဝန်ဆောင်မှု ၏ အားသာချက်တွေက ဘာလဲ?

ဒုံးပျံအိမ်သုံးဖိုင်ဘာဖုန်း ဝန်ဆောင်မှုအား လစဉ်ကြေး ငွေ ၅၀၀၀ ကျပ် (အခွန်ပါဝင်ပြီး) ပေးဆောင်ခြင်းဖြင့် MPT ဒုံးပျံအိမ်သုံးဖိုင်ဘာဖုန်း ဖုန်းအချင်းချင်း၊ MPT ဒုံးပျံအိမ်သုံးဖိုင်ဘာဖုန်း ဖုန်းမှ MPT မိုဘိုင်းဖုန်း၊ MPT ကြိုးဖုန်းများသို အကန့်အသတ်မရှိ ဖုန်းပြောဆိုနိုင်ခြင်း၊ VAS ဝန်ဆောင်မှု ၄ မျိုး (3 Way Calling/Call Line Identification/Call Forwarding / Fax Phone) အား အသုံးပြုနိုင်မည်ဖြစ်သည်။
ထို့အပြင် သုံးစွဲသူများအနေဖြင့် နိုင်ငံခြားဖုန်းခေါ်ဆိုင်ခြင်းဝန်ဆောင်မှု ကိုလည်း MPT မိုဘိုင်းများ၏ နှုန်းထားများအတိုင်း အဆင်ပြေစွာ သုံးစွဲ နိုင်မည် ဖြစ်သည်။.

11. 3 Way Calling/Call Line Identification/Call Forwarding / Fax Phone များအပြင် အခြား VAS ဝန်ဆောင်မှုများ ကို ရယူနိုင်ပါ သလား?

မရနိုင်သေးပါ။ 3 Way Calling/Call Line Identification/Call Forwarding / Fax Phone ဝန်ဆောင်မှုများကို သာ ဝန်ဆောင်မှု ပေးပါမည်။
အကယ်၍ အခြား VAS ဝန်ဆောင်မှုများ အသုံးပြုလိုပါက PSTN ဝန်ဆောင်မှု ကို အသုံးပြုပါ။

12. ဒုံးပျံအိမ်သုံးဖိုင်ဘာဖုန်း ဝန်ဆောင်မှု ဖြင့် Auto Fax ဝန်ဆောင်မှု ကို အသုံးပြုနိုင်မလား?

အသုံးပြုနိုင်ပါသည်။ သုံးစွဲသူအနေဖြင့် Auto Fax ဝန်ဆောင်မှု အား အသုံးပြုနိုင်ရန် Fax device ကို သုံးစွဲသူမှ ဝယ်ယူအသုံးပြုနိုင်ပါသည်။

13. ဒုံးပျံအိမ်သုံးဖိုင်ဘာဖုန်း ဝန်ဆောင်မှု တွင် ဖုန်းနံပါတ် အလှများ ရွေးချယ်နိုင်မလား?

မရွေးချယ်နိုင်ပါ။ သုံးစွဲသူများအနေဖြင့် နံပါတ်အလှ များကို B2C service ဖြစ်သော ဒုံးပျံအိမ်သုံးဖိုင်ဘာဖုန်း ဝန်ဆောင်မှု တွင် မရွေးချယ်နိုင်ပါ။

14. ယခုလက်ရှိအသုံးပြုနေသော PSTN နံပါတ် အတိုင်း ဒုံးပျံအိမ်သုံးဖိုင်ဘာဖုန်း ဝန်ဆောင်မှုတွင်လည်း တူညီသော ဖုန်းနံပါတ်ကို အသုံးပြုနိုင်မလား။

မရနိုင်သေးပါ။

15. ဒုံးပျံအိမ်သုံးဖိုင်ဘာဖုန်း ဝန်ဆောင်မှု အသုံးပြုရန် သဘောတူညီမှု စာချုပ်လိုအပ်ပါသလား?

ဒုံးပျံအိမ်သုံးဖိုင်ဘာဖုန်း ဝန်ဆောင်မှု အတွက် သီးသန့် သဘောတူညီမှု မရှိပါ။ ဒုံးပျံ အိမ်သုံးဖိုင်ဘာအင်တာနက်၏ ပူးတွဲ ၀န်ဆောင်မှုဖြစ်သည့်အတွက် ‌အောက်ဖော်ပြပါ ဒုံးပျံ အိမ်သုံးဖိုင်ဘာအင်တာနက် သဘောတူညီမှုတွင် အကျုံး၀င်မည်ဖြစ်သည်။

(Eng)

https://mpt-aws-wp-bucket.s3.ap-southeast-1.amazonaws.com/wp-content/uploads/2023/09/11143927/FIBER_TO_THE_HOME_-_TC-_ENG.pdf

(MM)

https://mpt-aws-wp-bucket.s3.ap-southeast-1.amazonaws.com/wp-content/uploads/2023/09/11144211/FIBER_TO_THE_HOME_-_TC-_MM.pdf

16. အခြား အော်ပရေတာများ၏ မိုဘိုင်းဖုန်း/ကြိုးဖုန်းများနှင့် IDD(နိုင်ငံခြား) ခေါ်ဆိုမှု များ အတွက် ဘယ်လို ငွေဖြည့်ရမလဲ?

MPT Mobile ၏လုပ်ငန်းစဉ်အတိုင်းဖြစ်ပြီး အောက်ဖော်ပြပါအသုံးပြုနည်းအတိုင်းလိုက်နာဆောင်ရွက်ပေးပါ။

(Eng)

IDD – MPT

 

(Myan)

IDD-mm – MPT

17. အခြား အော်ပရေတာများ၏ မိုဘိုင်းဖုန်း/ကြိုးဖုန်းများ သို့ ဘယ်လို ဖုန်းခေါ်ဆိုရမလဲ? ဖုန်းခေါ်ဆိုခ အတွက်ဘယ်လောက်လဲ?

အသုံးပြုသူများအနေဖြင့် အခြား အော်ပရေတာများ၏ မိုဘိုင်းဖုန်း/ကြိုးဖုန်းများ သို့ ဖုန်းခေါ်ဆိုနိုင်ရန် ဒုံးပျံအိမ်သုံးဖိုင်ဘာဖုန်း နံပါတ်အား ငွေဖြည့်သွင်းရပါမည် ဖြစ်ပြီး (28ks/min) (အခွန်ပါဝင်ပြီး) နှုန်းထားဖြင့် လက်ကျန်ငွေမှ ဖြတ်တောက်မည် ဖြစ်ပါသည်။.

18. လျှစ်စစ်ပြတ်တောက်မှု အခြေအနေများတွင် ဒုံးပျံအိမ်သုံးဖိုင်ဘာဖုန်း ဝန်ဆောင်မှု ကို အသုံးပြုနိုင်မလား?

လျှစ်စစ်ပြတ်တောက်မှု အခြေအနေများတွင် အသုံးမပြုနိုင်ပါ။ ယင်းအခြေအနေတွင် အသုံးပြုလိုပါက အသုံးပြုသူအနေဖြင့် အရန် Power Source ဆောင်ထားရန်လိုအပ်ပါသည်။

19. ဒုံးပျံအိမ်သုံးဖိုင်ဘာဖုန်း ဝန်ဆောင်မှုအား ယာယီရပ်ဆိုင်းခြင်းနှင့် အပြီးပိတ်သိမ်းခြင်း မူဝါဒဆိုတာဘာလဲ? ဒုံးပျံအိမ်သုံးဖိုင်ဘာဖုန်း ဝန်ဆောင်မှု ကိုအနည်းဆုံး ဘယ်နှစ်လ သုံးရမယ်ဆိုတာရှိလား?

FTTH သုံးစွဲသူများသာ ဒုံးပျံအိမ်သုံးဖိုင်ဘာဖုန်း ဝန်ဆောင်မှုကို လျှောက်နိုင်ပြီး FTTH ဝန်ဆောင်မှုကို ရပ်ဆိုင်းခြင်း၊ အပြီးတိုင် ပိတ်သိမ်းခြင်း များပြုလုပ်ပါက Voice ဝန်ဆောင်မှု ကိုလည်း ဆက်လက်အသုံးပြုနိုင်မည် မဟုတ်ပါ။ ဒုံးပျံအိမ်သုံးဖိုင်ဘာဖုန်း ဝန်ဆောင်မှုတစ်ခုတည်း ယာယီလိုင်းပိတ်သိမ်းခြင်းအား MPT မှခွင့်ပြုမည်မဟုတ်ပါ။
ဒုံးပျံအိမ်သုံးဖိုင်ဘာဖုန်း ဝန်ဆောင်မှုကိုလိုင်းအပီး ပိတ်သိမ်းနိုင်ပြီး လိုင်းအပြီးပိတ်သိမ်းခြင်း တောင်းဆိုချက် ဖောင်အား MPT သို့နောက်တစ်လ မတိုင်ခင် နောက်ဆုံးရုံးဖွင့်ရက်(၅) ရက်ကြိုတင်ကာ တောင်းဆိုပေးရမည်ဖြစ်သည်။ သုံးစွဲသူမှကြွေးကျန်ရှိနေပါက လက်ကျန်ကြွေးကျန်များကို လိုင်းအပြီးပိတ်သိမ်းခြင်း တောင်းဆိုချက်ဖောင်မတင်မီ ကြိုတင်ရှင်းလင်းပေးရမည်ဖြစ်ပါသည်။ အကယ်၍ အသုံးပြုသူမှ ဒုံးပျံအိမ်သုံးဖိုင်ဘာဖုန်း ဝန်ဆောင်မှုကို ဖျက်သိမ်းပါက ကျန်ရှိနေသောခဲခြစ်ဖြည့် တင်းထားသည့် ငွေပြန်လည်ရရှိမည်မဟုတ်ပါ။ ဒုံးပျံအိမ်သုံးဖိုင်ဘာဖုန်း ဝန်ဆောင်မှု အားပြန်လည်ရယူလိုပါက ယခင် ဘေလ်နှင့် သက်ဆိုင်သော ကိစ္စများအား ပြေလည်အောင်ဖြေရှင်းပြီးမှသာလျှင် ရယူနိုင်မည်ဖြစ်ပါသည်။
ထို့အတူ ယခင်အသုံးပြုခဲ့သော ဖုန်းနံပါတ်အား ပြန်လည်ရယူနိုင်မည် မဟုတ်ပါ။

20. ဒုံးပျံအိမ်သုံးဖိုင်ဘာဖုန်း ဝန်ဆောင်မှုတွင် SLA ကဲ့သို့သော သဘောတူညီချက်ရှိလား? MPT မှငွေပြန်ထုတ်ပေးပါသလား?

မရှိပါ။ ဒုံးပျံအိမ်သုံးဖိုင်ဘာဖုန်း ဝန်ဆောင်မှုအား MPT မှ အကောင်းဆုံးဝန်ဆောင်မှု ပေးထားခြင်းဖြစ်ပါသည်။ ရံဖန်ရံခါ လိုင်းကြပ်ခြင်းများ ဖြစ်ပေါ်နိုင်ပါသည်။ အကြောင်းအမျိုးမျိုးကြောင့် FTTH လိုင်းပြတ်တောက်သွားပါက အသုံးပြုသူ၏ ဖုန်းအဝင်/အထွက်ခေါ်ဆိုမှု  နှစ်မျိုးလုံး ရပ်ဆိုင်းသွားမည်ဖြစ်ပြီး ခဲခြစ်ငွေရှိနေသည့်တိုင် အသုံးပြု၍ မရနိုင်သေးပါ။ FTTH ဝန်ဆောင်မှု ပြန်လည်အသက်ဝင်မှသာလျှင် ဒုံးပျံအိမ်သုံးဖိုင်ဘာဖုန်း အားပြန်လည် အသုံးပြု နိုင်မည်ဖြစ်ပါသည်။ ပြုပြင်ပေးချိန်သည် မနက် ၉နာရီမှ ညနေ ၄နာရီခွဲအထိဖြစ်ပြီး နိုင်ငံတော်မှ သတ်မှတ်ထားသော ရုံးပိတ်ချိန်များမှလွဲ၍ နေ့စဉ် တနင်္လာနေ့မှ စနေနေ့အထိဖြစ်ပါသည်။

21. အသုံးပြုသူမှ ဒုံးပျံအိမ်သုံးဖိုင်ဘာဖုန်း ဝန်ဆောင်မှုကို အပြီးပိတ်သိမ်းပြီး ပြန်လည်ရယူလိုပါက ယခင်အသုံးပြုခဲ့သော ဖုန်းနံပါတ် ပြန်လည်ရရှိမှာလား?

မရနိုင်ပါ။ MPT မှ နံပါတ်အသစ်ပေးပါမည်။ ယခင်ဖုန်းနံပါတ် အဟောင်း၌ ကျန်ရှိနေသော ခဲခြစ်ဖြည့်တင်း ငွေအားလည်း ပြန်လည်ထုတ်ပေးမည်မဟုတ်ပါ။

22. အသုံးပြုသူမှ ဖြည့်တင်းထားသော ခဲခြစ်ငွေအား နောက်လများတွင်အသုံးပြု၍ ရနိုင်ပါသလား?

ရနိုင်ပါသည်။ သို့သော် ဒုံးပျံအိမ်သုံးဖိုင်ဘာဖုန်း ဝန်ဆောင်မှု အား အပြီးပိတ်သိမ်းပါက ခဲခြစ်ဖြည့်တင်းငွေအား အသုံးပြုနိုင်မည်မဟုတ်ပါ။

23. အသုံးပြုသူမှ မိမိ ဒုံးပျံအိမ်သုံးဖိုင်ဘာဖုန်း ဖုန်းနံပါတ်အား မိမိနှစ်သက်ရာနေရာသို့ ရွှေ့ပြောင်းနိုင်ပါသလား?

FTTH နှင့် ဒုံးပျံအိမ်သုံးဖိုင်ဘာဖုန်း ပူးတွဲ မရနိုင်သော နေရာများသို့ ရွှေ့ပြောင်း၍ မရနိုင်ပါ။
FTTH နှင့် ဒုံးပျံအိမ်သုံးဖိုင်ဘာဖုန်း ပူးတွဲ ရနိုင်ပြီး တူညီသောအိတ်ချိန်း ဧရိယာ ဖြစ်မှသာ လျှင် ရွှေ့ပြောင်းနိုင်ပါမည်။
FTTH နှင့် ဒုံးပျံအိမ်သုံးဖိုင်ဘာဖုန်း ပူးတွဲ ရနိုင်သော်လည်း တူညီသောအိတ်ချိန်း ဧရိယာ မဟုတ်ပါက ရွှေ့ပြောင်း၍ မရပါ။
အသုံးပြုသူမှ FTTH နှင့် ဒုံးပျံအိမ်သုံးဖိုင်ဘာဖုန်း အား အပြီးပိတ်သိမ်းနိင်ပါသည်။ သို့သော် အသုံးပြုသူသည် FTTH အသုံးပြုချိန် ၆လ မပြည့်သေးပါက စာချုပ်ပါစည်းကမ်းအတိုင်း ၁၀၀,၀၀၀ ကျပ်ပေးဆောင်ရမည် ဖြစ်ပါသည်။

24. FTTH နှင့် ဒုံးပျံအိမ်သုံးဖိုင်ဘာဖုန်း ဝန်ဆောင်မှုများအတွက် ငွေသွင်းရန် ရက်ကျော်လွန်သွားပါက ဘာဖြစ်မှာလဲ?

အသုံးပြုသူ၏ FTTH ဝန်ဆောင်မှု နှင့် ဒုံးပျံအိမ်သုံးဖိုင်ဘာဖုန်း ၏ ဖုန်းအဝင်/အထွက်ခေါ်ဆိုမှု နှစ်မျိုးလုံး ရပ်ဆိုင်းသွားမည်ဖြစ်ပြီး ခဲခြစ်ငွေရှိနေပါကလည်း ခေတ္တအသုံးပြု၍ မရနိုင်သေးပါ။ ဘေလ်ပေးဆောင်ပြီးမှသာလျှင် ဝန်ဆောင်မှုများအား ပုံမှန်အတိုင်း ဆက်လက် အသုံးပြုနိုင်မည်ဖြစ်ပါသည်.

25. ဒုံးပျံအိမ်သုံးဖိုင်ဘာဖုန်း အတွက် ဖြည့်တင်းထားသည့် အကောင့်တွင်းမှကျန်ရှိခဲခြစ်ငွေအား MPTမှ ပြန်ထုတ်ပေးမှာလား?

MPT မှ ပြန်လည်ထုတ်ပေးမည်မဟုတ်ပါ။

26. အသုံးပြုသူ၏ ဒုံးပျံအိမ်သုံးဖိုင်ဘာဖုန်း ဖုန်းနံပါတ်တွင် ခဲခြစ်ဖြည့်တင်းထားသည့် ငွေကုန်ဆုံးသွားပါက ဘာဖြစ်မှာလဲ?

MPT အချင်းချင်း အကန့်အသတ်မရှိ ဖုန်းခေါ်ဆိုခြင်း မှလွဲ၍ အခြားအော်ပရေတာဖုန်းများ (သို့) နိုင်ငံခြားဖုန်းခေါ်ဆိုမှုများအား ခေါ်ဆို၍ မရနိုင်တော့ပါ။

27. အသုံးပြုသူမှ မသမာမှုဖြင့်လိမ်လည်အသုံးပြုသော ခေါ်ဆိုခြင်းများအား MPT မှ သိရှိပါက ဘာဖြစ်မှာလဲ?

“ဝန်ဆောင်မှုစတင်သောနေ့” မှ ချိုးဖောက်မှု၊ လိမ်လည်အသုံးပြုမှု (သို့) ဖောက်ဖျက်မှုတို့ကို MPT မှ တွေ့ရှိသောနေ့အထိ မိုဘိုင်းဖုန်းများနှင့် ကြိုးဖုန်းများ (on-net နှင့် off-net ၊ IDD) အပေါ် ပမာဏသတ်မှတ်ထားသည့် ထိခိုက်နစ်နာမှုများကို MPT ၏ တည်ဆဲ PAYG (Pay as You Go) နှုန်းနှင့်အညီ “သုံးစွဲသူ” က MPT အားပေးဆောင်ရမည်ဖြစ်ပါသည်။

best operator in Myanmar