Dome Pyan Home Fiber Phone User Manual
VOIP အသုံးပြုနည်း
၁။ ဘာသာစကားဘယ်လိုရွေးချယ်မလဲ။
၂။ ငွေဘယ်လိုဖြည့်သွင်းမလဲ။
– ဦးစွာ ၁၂၃၄ ကိုနှိပ်ပါ။ ပြီးလျှင်ဘာသာရပ်ရွေးချယ်ရန် ၁ သို့မဟုတ် ၂ ကိုနှိပ်ပါ။ ထို့နောက် ငွေဖြည့်သွင်းရန်အတွက် ၁ ကိုထပ်မံနှိပ်ပါ။
– “1#”အား တိုက်ရိုက်နှိပ်၍ လည်းငွေဖြည့်သွင်းနိုင်ပါသည်။
– ဦးစွာ “1#”အား နှိပ်ပါ။ ပြီးလျှင် ခဲခြစ်နံပါတ်အား ရိုက်ထည့်ပြီး အဆုံးတွင်“#”ကိုနှိပ်ပါ။
– ငွေဖြည့်သွင်းပြီးပါပြီ။ လူကြီးမင်း၏လက်ကျန်ငွေမှာ ။
မှတ်ချက်။ ယခုလောလောဆယ် e top up စနစ်ဖြင့် ငွေဖြည့်သွင်း၍မရနိုင်သေးပါ။
၃။ လက်ကျန်ငွေဘယ်လိုစစ်မလဲ။
၄။ အ၀င်ဖုန်းခေါ်ဆိုမှုအား ဘယ်လိုလွှဲပြောင်းမလဲ (call forwarding)။
၁ – မည်သည့်အခြေအနေမဆိုလွှဲပြောင်းခြင်း
– (*57*လွှဲပြောင်းလိုသူ၏ဖုန်းနံပါတ်#) ဟုနှိပ်၍ စာရင်းပေးသွင်းပါ။
– ပယ်ဖျက်ရန်အတွက် (#57#)ဟုနှိပ်ပါ။
၂ – ဖုန်းလိုင်းမအားနေချိန်တွင် လွှဲပြောင်းခြင်း
– (*40* လွှဲပြောင်းလိုသူ၏ဖုန်းနံပါတ် #) ဟုနှိပ်၍ စာရင်းပေးသွင်းပါ။
– ပယ်ဖျက်ရန်အတွက် (#40#)ဟုနှိပ်ပါ။
၃ – မည်သူမျှ ဖြေကြားခြင်းမရှိချိန်တွင် လွှဲပြောင်းခြင်း
– (*41* လွှဲပြောင်းလိုသူ၏ဖုန်းနံပါတ် #) ဟုနှိပ်၍ စာရင်းပေးသွင်းပါ။
– ပယ်ဖျက်ရန်အတွက် (#41#)ဟုနှိပ်ပါ။
မှတ်ချက်။ ၁ – MPT ၏နည်းဥပဒေအရ အခြား MPT မဟုတ်သော ဆင်းကဒ်များသို့ လွှဲပြောင်း၍ မရနိုင်ပါ။
၂ – အခြားနိုင်ငံမှ ဖုန်းနံပါတ်များသို့လည်း လွှဲပြောင်း၍ မရနိုင်ပါ။
၅။ (၃)ဦးတပြိုင်တည်းခေါ်ဆိုမှုဘယ်လိုလုပ်မလဲ။
လူ(၃)ဦး A,B,C ။ မိမိသည် “A“ ဟုယူဆပါ။
ပထမ မိတ်ဆွေ B အား ဖုန်းခေါ်ဆိုပါ။ မိတ်ဆွေ B မှ ဖုန်းကိုင်လျှင် အထိုင်လက်ကိုင်ဖုန်းအောက်မှ ဘုလေး (Hook) အား လျင်မြန်စွာနှိပ်၍ မိတ်ဆွေ C ၏ ဖုန်းနံပါတ်အားခေါ်ဆိုပါ။ မိတ်ဆွေ C ဖုန်းကိုင်ချိန်တွင် မိတ်ဆွေ B ဖက်မှ တီးလုံး သံလေးဖြင့် စောင့်ဆိုင်းနေပါမည်။ ဘုလေး(Hook)အား လျင်မြန်စွာထပ်မံနှိပ်၍ 3 အား နှိပ်ပါ။ ယခုအခါ A,B,C သုံးဦးဖုန်းခေါ်ဆိုမှု စတင်ဆောင်ရွက်နိုင်ပြီ ဖြစ်ပါတယ်။
အကယ်၍ မိတ်ဆွေ C တစ်ဦးတည်းအား ခေါ်ဆိုလိုပါက“Hook ” ကိုလျင်မြန်စွာနှိပ်၍ 2ကိုထပ်မံနှိပ်ပါ။ (Bစောင့်ဆိုင်း)
အကယ်၍ မိတ်ဆွေ B တစ်ဦးတည်းအား ခေါ်ဆိုလိုပါက“Hook ” ကိုလျင်မြန်စွာနှိပ်၍ 1ကိုထပ်မံနှိပ်ပါ။ (C လိုင်းကျ)
အကယ်၍ C အားပြန်လည်ခေါ်ဆိုလိုပါက“Hook ”ကိုလျင်မြန်စွာနှိပ်၍ C ၏ဖုန်းနံပါတ်အားထပ်မံနှိပ်ပါ။(Bစောင့်ဆိုင်း)
မှတ်ချက်။ မိတ်ဆွေ B နှင့် C သည် MPT မှ ကြိုးဖုန်းနှင့် မိုဘိုင်းဖုန်းသာ ဖြစ်ရပါမည်။
(MPT မဟုတ်သော နံပါတ်များနှင့် နိုင်ငံတကာမှ ဖုန်းများ ဆောင်ရွက်၍ မရနိုင်ပါ။)