MPT ရွှေအိပ်မက် အစီအစဉ်
“Dream Come True – ရွှေအိမ်မက်” ကံစမ်းမဲ အစီအစဉ်ဆိုတာ MPT က ပြုလုပ်ပေးတဲ့ မြန်မာနိုင်ငံမှာ နေထိုင်ပြီး MPT အသုံးပြုနေတဲ့ ပြည်သူတွေရဲ့ အိပ်မက်တွေကို တဖက်တလမ်းကနေ ဖော်ဆောင်ပေးနိုင်ဖို့ ကူညီပေးတဲ့ ကံစမ်းမဲ အစီအစဉ်တစ်ခုဖြစ်ပါတယ်။
ကံထူးနိုင်မည့် တန်ဖိုးကြီးဆုများ
မိမိတို့ရဲ့စိတ်ကူးအိပ်မက်များကို MPT ကဖော်ဆောင်ပေးသွားမှာဖြစ်ပါတယ်။
ရွေးချယ်ခဲ့သော MPT “ရွှေအိပ်မက်” ကံထူးရှင် ၇ ဦး
စဉ် | အမျိုးအစား | ကံထူး နံပါတ် | အမည် | လိပ်စာ | ဖုန်းနံပါတ် |
---|---|---|---|---|---|
၁ | မိသားစု | ၁၆၉၄ | ဦးအာကာမြင့်အောင် | စမ်းချောင်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး | ၀၉-၄၅၃၉၁၀xxx |
၂ | ၀၇၉၆ | ဦးစိုင်းအောင်လှိုင်မင်း | ပုသိမ်ကြီးမြို့နယ်၊ မန္တလေးတိုင်းဒေသကြီး | ၀၉-၂၆၁၂၅၉xxx | |
၃ | လုပ်ငန်းအသစ်အတွက် ထောက်ပံ့ခြင်း (မိမိကိုယ်တိုင်အတွက်) | ၅၈၄၇ | ဦးကျော်ရဲအောင် | အောင်မြေသာဇံမြို့နယ်၊ မန္တလေးတိုင်းဒေသကြီး | ၀၉-၄၀၂၆၇၁xxx |
၄ | ၆၃၆၂ | ဦးဆန်းလင်းအောင် | မင်းလှမြို့နယ်၊ ပဲခူးတိုင်းဒေသကြီး | ၀၉-၄၂၁၈၉၁xxx | |
၅ | ရပ်ရွာအဖွဲ့အစည်းများအတွက် ကူညီထောက်ပံ့ခြင်း | ၇၀၅၃ | ဒေါ်နိုင်းစိမ်း | မင်းတပ်မြို့၊ ချင်းပြည်နယ် | ၀၉-၂၆၈၂၄၇xxx |
၆ | ၇၂၃၀ | ဦးသန်းဇော်ဦး | ဝေါမြို့နယ်၊ ပဲခူးတိုင်းဒေသကြီး။ | ၀၉-၄၂၉၁၁၄xxx | |
၇ | သတ်မှတ်ချက်အားလုံး ပြည့်မီသောအိပ်မက်အမျိုးအစား | ၆၀၂၈ | ဒေါ်သန်းသန်းချစ် | ဟဲဟိုးမြို့၊ ရှမ်းပြည်နယ် | ၀၉-၄၂၈၃၈၄xxx |
MPT က “ရွှေအိပ်မက်” အစီအစဉ်၏ ကံထူးရှင်များထဲမှပထမတစ်ဦးကို “Brand New MG 5” မော်တော်ကားကို လွှဲပြောင်းပေးအပ်ခြင်း

“ရွှေအိပ်မက်” အစီအစဉ်၏ ကံထူးရှင်ထံသို့ ကံထူးလက်ဆောင် လွှဲပြောင်း ပေးအပ်ပွဲ အခမ်းအနားကို ၂၀၂၂ ခုနှစ် ဧပြီလ ၃ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ ဆရာစံလမ်းရှိ MG Myanmar Car Showroom ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် “ရွှေအိပ်မက်” အစီအစဉ်၏ ပထမဆုံးသော ကံထူးရှင်ဖြစ်သူ “ဦးအာကာမြင့်အောင် (Lucky Number 1694)” အား မိသားစုကဏ္ဍအောက်တွင် ၎င်း၏ အိပ်မက်ကို အကောင်အထည်ဖော်ရန်အတွက် MPT က “Brand New MG 5” မော်တော်ကားကို လွှဲပြောင်း ပေးအပ်ခဲ့ပါသည်။
MPT ရွှေအိပ်မက် အစီအစဉ်၏ ကံထူးရှင်တစ်ဦးဖြစ်သူ ဦးအာကာမြင့်အောင် က လည်း “ဒီနေ့ကတော့ ကျွန်တော့်ရဲ့ အိပ်မက်အမှန်တကယ် ဖြစ်လာတဲ့နေ့တစ်နေ့ပါပဲ။ MPT “ရွှေအိပ်မက်” အစီအစဉ်ကတစ်ဆင့် ကံထူးခဲ့တဲ့ အတွက်ကြောင့် ကျွန်တော့်မိသားစုအတွက် လိုအပ်နေတဲ့ ကိုယ်ပိုင်ကားလေးတစ်စီး ရရှိခဲ့ပြီ ဖြစ်ပါတယ်။ ကျွန်တော်ရဲ့ မိသားစုအတွက် ဖြည့်ဆည်းပေးချင်တဲ့ စိတ်ကူးအိပ်မက်ကို အကောင်အထည်ဖော်ခွင့်ရတဲ့အတွက် အတိုင်းမသိ ဝမ်းသာကြည်နူးမိပါတယ်။ လက်ခံရရှိတဲ့ဆုဟာ ကျွန်တော်နဲ့ ကျွန်တော့် မိသားစုအတွက် တကယ်ကို အသုံးဝင်တဲ့အတွက်လည်း MPT ကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်” ဟုပြောကြားခဲ့သည်။
MPT က “ရွှေအိပ်မက်” အစီအစဉ်၏ ဒုတိယကံမြောက်ထူးရှင်ကို “စာကြည့်တိုက်” လွှဲပြောင်းပေးအပ်ခြင်း

ဒုတိယမြောက်ကံထူးရှင် ဦးသန်းဇော်ဦး ( Lucky Number-7230 ) ကို သူ့ရဲ့အိမ်မက်အတိုင်း နောင်ပတ္တရာ ကျေးရွာ အဖွဲ့ အစည်းအတွက် “စာကြည့်တိုက်” တစ်ခု MPT မှ ကူညီထောက်ပံ့နိုင်ခဲ့တဲ့အတွက် အထူး၀မ်းမြောက်ပါကြောင်း အသိပေးကြေငြာလိုက်ပါတယ်။
ကံထူးရှင်ဦးသန်းဇော်ဦးကတော့ MPT ကိုအခုလိုပဲပြောကြားလာပါတယ်။
“MPT ရွှေအိပ်မက်မှာ ကံထူးရှင်ဖြစ်ခွင့်ရတဲ့အတွက်ရော ကျွန်တော့်ရွာလေးအတွက် အမှန်တကယ် လိုအပ်နေတဲ့စာကြည့်တိုက်ကို MPT မှအကောင်အထည်ဖော်ပေးတဲ့အတွက်ရော ကျေးဇူးအထူးတင်ရှိပါတယ်ဗျာ။ အခုလိုကျွန်တော်ရဲ့အိပ်မက်လေး အမှန်တကယ်ဖြစ်ခွင့်ရတဲ့အတွက် MPT လည်းဒီထက်မကအောင်မြင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးပါတယ်”
MPT က “ရွှေအိပ်မက်” အစီအစဉ်၏ တတိယမြောက်ကံထူးရှင်ကို “ကိုယ်ပိုင်စက်ချုပ် သင်တန်း” လွှဲပြောင်းပေးအပ်ခြင်း

တတိယမြောက်ကံထူးရှင် ဒေါ်သန်းသန်းချစ် ( Lucky Number-6028 ) ရဲ့ “စက်ချုပ်သင်တန်း” ဖွင့်ချင်တဲ့အိပ်မက်လေးကို (14.06.2022 ) နေ့မှာ ရှမ်းပြည်နယ် (တောင်ပိုင်း) ဟဲဟိုးမြို့နယ်သို့ MPT မှ သွားရောက်အကောင်အထည် ဖော်ပေးခဲ့ပြီပဲဖြစ်ပါတယ်။
ကံထူ:ရှင် မသန်းသန်းချစ် ရဲ့ ပျော်ရွှင်နေတဲ့ စကားသံလေးတွေကို MPT မှပြန်လည်ေ၀မျှလိုက်ပါတယ်နော်။
“ ကျွန်မရဲ့အိမ်မက်တွေ အမှန်တကယ်ဖြစ်လာတဲ့နေ့တနေ့လေးရောက်ရှိလာတာပေါနော်။ ကျွန်မရဲ့အိမ်မက်ဖြစ်တဲ့ စက်ချုပ်သင်တန်းကို ဖြစ်တည်ခွင့်ရအောင် MPT မှ ကူညီပံပိုးပေးခဲ့လို့ MPT နဲ့ ကျေးဇူးတင်ထိုက်သူအားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်ရှင့်။အရမ်းအရမ်းကိုဝမ်းသာပီတိဖြစ်ပြီးတော့ကျေးဇူးလဲအထူးတင်ပါတယ်။”
MPT က “ရွှေအိပ်မက်” အစီအစဉ်၏ စတုတ္ထမြောက်ကံထူးရှင်ကို “ကိုယ်ပိုင်ကုန်စုံဆိုင်” လွှဲပြောင်းပေးအပ်ခြင်း

စတုတ္ထမြောက်ကံထူးရှင် ဦးဆန်းလင်းအောင် ( Lucky Number-6362 ) ရဲ့ “ကုန်စုံဆိုင်” ဖွင့်ချင်တဲ့အိပ်မက်လေးကို ၂၀၂၂၊ ဇွန်လ (၂၂) ရက်နေ့မှာ မင်းလှမြို့နယ်၊ ပဲခူးတိုင်းဒေသကြီး သို့ MPT မှ သွားရောက်အကောင်အထည် ဖော်ပေးခဲ့ပြီပဲဖြစ်ပါတယ်။
ကံထူ:ရှင် ဦးဆန်းလင်းအောင်ရဲ့ ပျော်ရွှင်နေတဲ့ စကားသံလေးတွေကို MPT မှပြန်လည်ေ၀မျှလိုက်ပါတယ်နော်။
“MPT မှ ရွှေအိပ်မက် အစီစဉ်ကိုပြုလုပ်ပေးသော လူကြီးမင်းများကို ကျွန်တော်ကျေးဇူးတင်ပါတယ် ခင်ဗျာ။ ရွှေအိပ်မက် အစီစဉ်မှာ ကံထူးရှင်ဖြစ်ခွင့်ရတာကိုလဲ ဂုဏ်ယူ ဝမ်းမြောက်မိပါတယ် ခင်ဗျာ။ ကျွန်တော်ဖြစ်ချင်ခဲ့တဲ့ ကုန်စုံဆိုင်အိပ်မက်လေးကို လက်တွေ့အကောင်ထည်ဖော်ခွင့်ရတဲ့အတွက် MPT နှင့်တကွ ဝိုင်းဝန်းကူညီပေးကြ သူအားလုံးကိုအထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။ MPTရဲ့ နောက်လုပ်မဲ့ကံစမ်းမဲအစီစဉ်တွေမှာ ကျွန်တော်လို ကံထူးရှင် ဖြစ်နိုင်တာမို့ MPTကို သုံးစွဲကြပါလို့ တိုက်တွန်းချင်းပါတယ်။ ကျေးဇူးတင်ထိုက်သူအားလုံးကို အထူးပင်းကျေးဇူးတင်ရှိပါတယ် ခင်ဗျာ။”
MPT က “ရွှေအိပ်မက်” အစီအစဉ်၏ ပဉ္စမမြောက်ကံထူးရှင်ကို “မိသားစုအိမ်” လွှဲပြောင်း ပေးအပ်ခြင်း

ပဉ္စမမြောက်ကံထူးရှင် ကိုဦးစိုင်းအောင်လှိုင်မင်း ( Lucky Number-0796 ) ရဲ့ “မိသားစုအိမ်” ပိုင်ဆိုင်ချင်တဲ့အိပ်မက်လေးကို ၂၀၂၂၊ သြဂုတ်လ (၁၀) ရက် နေ့မှာ ပုသိမ်ကြီးမြို့နယ်၊ မန္တလေးတိုင်းဒေသကြီး သို့ MPT မှ သွားရောက်အကောင်အထည် ဖော်ပေးခဲ့ပြီပဲဖြစ်ပါတယ်။
ကံထူ:ရှင် ဦးစိုင်းအောင်လှိုင်မင်းရဲ့ စကားသံလေးတွေကို MPT မှပြန်လည်ေ၀မျှလိုက်ပါတယ်နော်။
“MPT ရွှေအိပ်မက်အစီအစဉ်မှာ ကံထူးရှင်ဖြစ်ခွင့်ရတဲ့အတွက် မိသားစုနဲ့အတူ အတိုင်းမသိ ပျော်ရွှင်ရပါတယ်။ ကျွန်တော်ရဲ့ အိပ်မက်ဖြစ်တဲ့ မိသားစုအိမ်လေး ပိုင်ဆိုင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ပေးတဲ့ MPT နှင့်တကွ ဝိုင်းဝန်းကူညီပေးကြတဲ့သူအားလုံးကို ကျွန်တော့်မိသားစုက အထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျာ ဒီထက်မက ပိုမိုကောင်းမွန်တဲ့ အစီအစဉ်တွေနဲ့ သုံးစွဲသူတွေကို အကျိူးပြုနိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေး လိုက်ပါတယ်ခင်ဗျာ”
MPT က “ရွှေအိပ်မက်” အစီအစဉ်၏ ဆဋ္ဌမမြောက်ကံထူးရှင်ကို “Life Blogger” အဖြစ် အကောင်အထည်ဖော်ပေးခြင်း

ဆဋ္ဌမမြောက်ကံထူးရှင် ဦးကျော်ရဲအောင် ( Lucky Number-5847 ) ရဲ့ “Life Blogger” ဖြစ်ချင်တဲ့အိပ်မက်လေးကို ၂၀၂၂၊ သြဂုတ်လ (၁၁) ရက် နေ့မှာ အောင်မြေသာဇံမြို့နယ်၊ မန္တလေးတိုင်းဒေသကြီး သို့ MPT မှ သွားရောက်အကောင်အထည် ဖော်ပေးခဲ့ပြီပဲဖြစ်ပါတယ်။
ကံထူ:ရှင် ကို ဦးကျော်ရဲအောင်ရဲ့ စကားသံလေးတွေကို MPT မှပြန်လည်ေ၀မျှလိုက်ပါတယ်နော်။
“မထင်မှတ်ဘဲ MPT ရွှေအိမ်မက်အစီအစဉ်မှာ ကံထူးရှင် ဖြစ်ခွင့်ရတဲ့အတွက် အတိုင်းမသိဝမ်းသာမိပါတယ်။ အစီအစဉ် ဖြစ်မြောက်အောင် အစစအရာရာ ကူညီလုပ်ဆောင်ပေးတဲ့ MPT နှင့် ကူညီလုပ်ဆောင်ပေးသော လူကြီးမင်းများကို အထူးပင်ကျေးဇူးတင်အပ်ပါသည်။ MPT အနေနဲ့ရှေ့လျှောက် ဒီထက်မက ဆထက်တံပိုး အောင်မြင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာ။”
MPT သည် ကျန်ရှိသော ကံထူးရှင်၏ ဆုများကို အမြန်ဆုံး လွှဲပြောင်းပေးအပ်ရန်နှင့် ၎င်းတို့၏ အိပ်မက်များကို အမြန်ဆုံးအကောင်အထည် ဖော်နိုင်ရန် ဆက်လက်ဆောင်ရွက်လျှက်ရှိပါသည်။
ရွှေအိပ်မက်” အစီအစဉ်မှ နောက်ဆုံးကျန်ရှိသော ကံထူးရှင်၏ အိပ်မက်ကို MPT မှ အကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့

MPT “ရွှေအိပ်မက်” အစီအစဉ်က နောက်ဆုံးကျန်ရှိနေတဲ့ ကံထူးရှင် ဒေါ်နိုင်းစိမ်း ( Lucky Number- 7053) ရဲ့ ဘိုးဘွားရိပ်သာမှာလှူဒါန်းလိုတဲ့အိပ်မက်လေးကို ဖြည့်ဆည်းပေးတဲ့ အနေနဲ့ ကံထူးရှင်ဖြစ်သူ ဒေါ်နိုင်းစိမ်းကိုယ်စား ရန်ကုန်မြို့က“ကက်သလစ်သီလရှင်များဘိုးဘွားရိပ်သာ” ကို မတ်လ(၁၉)ရက်နေ့ကသွားရောက် လှူဒါန်းခဲ့ပြီးဖြစ်ပါတယ်။
ကံထူ:ရှင် ဒေါ်နိုင်းစိမ်းရဲ့ စကားသံလေးတွေကို MPT မှပြန်လည်ဝေမျှလိုက်ပါတယ်နော်။
“သက်ကြီးရွယ်အိုတွေအတွက် အာဟာရပြည့်ဝတဲ့အစားအစာ နဲ့ ဖြည့်စွက်စာတွေကို လှူဒါန်းချင်တဲ့ ကျွန်မရဲ့ စိတ်ကူးအိပ်မက်ကို အကောင်အထည်ဖော်နိုင်အောင် ဖြည့်ဆည်းပေးခဲ့တဲ့အတွက် MPT နဲ့ “ ရွှေအိမ်မက်” အစီအစဉ်ကို ကျေးဇူးအထူးတင်ရှိပါတယ်။ ကျွန်မရဲ့စိတ်ကူးအိပ်မက်ကို အကောင်အထည်ဖော်ခွင့်ရတဲ့အတွက် အတိုင်းမသိဝမ်းသာပီတိဖြစ်ရသလို MPT လည်း ဒီထက်မကအောင်မြင်ပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။”
စည်းကမ်းသတ်မှတ်ချက်များ
၁။ DREAM COME TRUE ကံစမ်းမဲအစီအစဉ်အား MPT မှ အဓိက ကြီးမှူးကျင်းပထားပါသည်။ ကံစမ်းမဲအစီအစဉ်အား စည်းကမ်းသတ်မှတ်ချက်များဖြင့်သာမက ပြင်ဆင်ချက်များပါ ထည့်သွင်းထားပါသည်။
၂။ ကံစမ်းမဲ အစီအစဉ်တွင် ပါဝင်ကံစမ်းသူအားလုံးသည် စည်းကမ်းသတ်မှတ်ချက်များအား လိုက်နာရမည်ဖြစ်သည်။
၃။ MPT ဆင်းမ်ကဒ် အသုံးပြုသူ ပါဝင်ကံစမ်းသူများသည်
(က) မြန်မာနိုင်ငံတွင်နေထိုင်သူဖြစ်ရမည်။
(ခ) အသက် (၁၈) နှစ် ပြည့်ရမည်။
(ဂ) သက်တမ်းရှိသော မြန်မာနိုင်ငံသားမှတ်ပုံတင်ကိုင်ဆောင်ထားသူဖြစ်ရမည်။
(ဃ) အသုံးပြုနိုင်သော MPT (GSM/WCDMA) ကိုင်ဆောင်ထားသူဖြစ်ရမည်။
၄။ ဤအစီအစဉ်တွင် ပရိုမိုးရှင်းပြုလုပ်သော အဖွဲ့အစည်းမှဝန်ထမ်းများ (MPT)
ဤပရိုမိုးရှင်းပြုလုပ်ပေးသော အခြားသက်ဆိုင်ရာ အကျိုးဆောင် လုပ်ငန်းများမှဝန်ထမ်းများ နှင့်
သက်ဆိုင်ရာမိသားစုဝင်များ ပါဝင်ခွင့်မရှိပါ။
၅။ အထူးကံစမ်းမဲ အစီအစဉ်အတွက် သီးသန့် ပြင်ဆင်ထားသော https://www.facebook.com/mptGoldendream Facebook Page တစ်ခုတည်းဖြင့်သာ ပါဝင်နိုင်မည်ဖြစ်သည်။
၆။ ကံစမ်းမဲကာလမှာ စက်တင်ဘာလ (၁၇) ရက်နေ့မှ အောက်တိုဘာလ (၇) ရက်နေ့အထိဖြစ်သည်။ ကံစမ်းမဲကာလ အပြောင်းအလဲ ရှိပါက MPT ၏ ဆုံးဖြတ်ချက်ပင် ဖြစ်သည်။
၇။ ကံစမ်းမဲကာလ မတိုင်ခင် နှင့် ကံစမ်းမဲကာလ ကျော်လွန်မှ ပေးသော မဲများသည် အကျုံးဝင်မည်မဟုတ်ပါ။
၈။ ကံစမ်းမဲအတွက် သီးသန့်ပြုလုပ်ထားသော https://www.facebook.com/mptGoldendream မဟုတ်ဘဲ တခြားသော Facebook Page တများမှ ပါဝင်၍မရပါ။
၉။ ပါဝင်သော ပြိုင်ပွဲဝင်များ၏ ရွှေအိမ်မက်များသည် နိုင်ငံရေးနှင့် တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်သော နည်းလမ်းဖြင့် ဖြစ်စေ ဆက်နွယ်နေခြင်းမရှိရပါ။ ထိုကဲ့သို့အိမ်မက်များကိုလဲ ထည့်သွင်းစဥ်းစားသွားမည် မဟုတ်ပါ။
ကံစမ်းမဲတွင် အသုံးပြုမည့်ပစ္စည်းများ
၁။ ယခု ကံစမ်းမဲ အစီအစဉ်တွင် ပါဝင်ကံစမ်းနိုင်ရန်အတွက် MPT (GSM/WCDMA) Prepaid ကဒ်သုံးစွဲသူများသည် ကံစမ်းမဲအစီအစဥ်အား ပါဝင်မည်ဆိုပါက စနစ်တကျ မှတ်ပုံတင်ထားရသော SIM Card များ ဖြစ်ရမည်ဖြစ်သည်။
၂။ ကံထူးသူအား ရွေးချယ်ရာတွင် မည်ကဲ့သို့ နည်းလမ်းဖြင့် ရွေးချယ်မည်ကို MPT မှ ဆုံးဖြတ်မည်ဖြစ်သည်။ ကံထူးသူများအား MPT မှ ဖုန်းဖြင့်ဆက်သွယ်မှာဖြစ်ပါသည်။ ကံထူးရှင်စာရင်းအား MPT Official Facebook Page နှင့် Website တို့တွင် ကံစမ်းမဲအစီအစဉ်ပြီးဆုံးပြီးနောက် (၁၄)ရက် အတွင်း ကြေငြာပေးသွားမှာ ဖြစ်ပါသည်။
၃။ ဆုမဲများနှင့် ပတ်သက်သော ကိစ္စအဝကို ပရိုမိုးရှင်းပြုလုပ်သောအဖွဲ့အစည်း (MPT) မှ ကြိုတင်အသိပေးခြင်း မရှိဘဲ ပြောင်းလဲနိုင်ခွင့်ရှိသည်။
၄။ ဤအစီအစဉ်တွင်ပါဝင်ခြင်းဖြင့် ကံစမ်းမဲပေါက်သူသည် မိမိ၏အမည်၊ ဓါတ်ပုံနှင့် အခြားသော အချက်အလက်များကို လူမှုကွန်ယက်တွင်းအသုံးပြုခွင့်ကို ခွင့်ပြုပေးရမည်ဖြစ်သည်။ ထို့အပြင်ပြိုင်ပွဲ၏အနိုင်ရရှိသော ပြိုင်ပွဲ ဝင်သည်လည်း အလားတူ MPT မှ ပြုလုပ်သော လူမှုကွန်ယက်တွင် ကြေငြာခြင်းအတွက် ခွင့်ပြုပေးရမည်ဖြစ်သည်။
၅။ ပါဝင်ကံစမ်းသူများသည် ကိုယ့်သဘောဆန္ဒအလျောက်ပါဝင် ကံစမ်းခြင်းဖြစ်သည်ကို နားလည်၍ သဘောတူပြီး ဖြစ်ရမည်။ MPT မှ ပါဝင်ကံစမ်းသူတို့၏ တရားရေးရာကိစ္စများ၊ စာချုပ်စာတန်းကိစ္စများ ဥပဒေနှင့် ငြိစွန်းသော ကိစ္စများကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်သော နည်းဖြင့် ဖြစ်စေ၊ မတော်တဆဖြစ်စေ ရည်ရွယ်ချက်ဖြင့် ဖြစ်စေ ကုန်ကျစရိတ်နှင့် ထိခိုက်မှုများအား သက်ဆိုင်မည်မဟုတ်ပါ။
၆။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) အနေဖြင့် (အောက်ပါတို့နှင့်ပတ်သက်၍) မည်သည့်အခါမှ တာဝန်ခံမှုသော် လည်းကောင်း၊ ကိုယ်စားပြုမှုသော်လည်းကောင်း ရှိလိမ့်မည်မဟုတ်ပါ။
– ပြိုင်ပွဲတစ်လျှောက်လုံး မည်သည့်အနှောက်အယှက်မျှ မရှိသော၊ အမှားအယွင်းကင်သော လုပ်ဆောင်မှု။
– ပြိုင်ပွဲနှင့်ပတ်သက်သော စာမျက်နှာတွင် ပါရှိသော အချက်အလက်များနှင့် ဖော်ပြထားမှုများ တိကျမှန်ကုန်မှု။
– ကွန်ပြူတာ ဗိုင်းရက်စ် တစ်ခုခု သို့မဟုတ် အခြားသော ထိခိုက်မှု ရှိနိုင်သော ပစ္စည်းများ၏ အန္တရယ်မှ လွန်ကင်းနိုင်မှု၊ လုံခြုံစိတ်ချရမှု။
၇။ ပြိုင်ပွဲဝင်များ အနေဖြင့် ဥပဒေတွင် ပြဌာန်းသက်မှတ်ထားသော အကျိုးခံစားခွင့် အရပ်ရပ်မှလွဲ၍ ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခြင်းမှ ပေါ်ပေါက်လာသည့် ထိခိုက်မှုများ၊ ဆုံးရှုံးမှုများ၊ ကုန်ကျစရိတ်များ၊ သို့မဟုတ် အသုံးစရိတ် များအတွက် တောင်းဆိုလာမှု တစ်စုံတစ်ရာအပေါ်တွင် တာဝန်ရှိမှုအားလုံးတို့အား MPT ထံသို့ သက်ဆိုင်တောင်းခံပိုင်ခွင့် မရှိစေရ။ MPT နှင့် မသက်ဆိုင်စေရ။
၈။ MPT အနေဖြင့် စည်းကမ်းချက်များကို ပြင်ဆင်နိုင်ခွင့် ရှိစေရမည် သို့မဟုတ် အဆိုပါ ပြင်ဆင်မှုတစ်စုံတစ်ရာကို မပြင်ဆင်မီ(၇)ရက်ကြိုတင်၍ ပြိုင်ပွဲနှင့် ပတ်သက်သော စာမျက်နှာတွင် ပြင်ဆင်မှုများကို ထုတ်ပြန်ကြေငြာခြင်းအားဖြင့် ပြိုင်ပွဲနှင့် ပတ်သက်သော အစီအစဉ်များကို ပြင်ဆင်နိုင်ခွင့်ရှိစေရမည်။
၉။ ကံစမ်းမဲပြိုင်ပွဲအား ပါဝင်ယှဉ်ပြိုင်ခြင်းအားဖြင့် ပါဝင်ကံစမ်းသူများသည် မိမိတို့၏ ကိုယ်ပိုင်အချက်အလက်များကို MPT မှ ပြိုင်ပွဲနှင့်သက်ဆိုင်သော မည်သည့်ရည်ရွယ်ချက်အတွက်မဆို အသုံးပြုခွင့်ပြုရမည်ဖြစ်သည်။
၁၀။ ကံစမ်းမဲပြိုင်ပွဲနှင့် ပတ်သက်၍ ထုတ်ပြန်ထားသော အထက်ပါ စည်းမျဉ်းစည်းကမ်းများအား ဖတ်ရှုနားလည်ပြီး လိုက်နာပါမည်။
မေးလေ့ရှိသောမေးခွန်းများ
(၁) “Dream Come True - ရွှေအိမ်မက်” ကံစမ်းမဲ အစီအစဥ်ဆိုတာ ဘာလဲ
(၂) ဘယ်သူတွေပါဝင်လို့ရပါသလဲ
(၄) ဘယ်လိုပါဝင်ကံစမ်းရမလဲ
MPT က သတ်မှတ်ထားတဲ့ Facebook Page ဖြစ်တဲ့ https://www.facebook.com/mptGoldendream မှာ လူကြီးမင်းတို့ ဖော်ဆောင်ချင်တဲ့ အိမ်မက်တွေကို စာရင်းပေးသွင်းပြီးတော့ ပါဝင်ကံစမ်းရမှာ ဖြစ်ပါတယ်။