GG Fest 2023

GG Fest 2023 သည် ဂိမ်းအားကစား၊ ဖျော်ဖြေရေးနှင့် နည်းပညာဗဟုသုတတို့တွင် တစ်ကြိမ်မှမရှိခဲ့ဖူးသေးသော အတွေ့အကြုံကိုပေးရန်အတွက် နှစ်ရက်တာ စည်ကားသိုက်မြိုက်စွာကျင်းပမည့် ပွဲတော်ဖြစ်ပါသည်။ ဧည့်သည်များသည် GG Fest ၏ ဂိမ်းနှင့်အိုင်တီ ဆက်စပ်ပစ္စည်းဆိုင်တန်းများတွင် ဂိမ်းနယ်ပယ်၏ နောက်ဆုံးပေါ် ခေတ်ရေစီးကြောင်းနှင့် ဆန်းသစ်တီထွင်မှုများကို စူးစမ်းလေ့လာနိုင်ပါမည်။ ထို့အပြင် ခမ်းနားသော Gaming Video Creator ဆုပေးပွဲကြီးတွင်လည်း ဂိမ်း content ဖန်တီးသူများကို ဂုဏ်ပြုနိုင်မည်ဖြစ်သည့်အပြင် ပျော်ရွှင်ဖွယ် cosplay ပွဲအစီအစဉ်များကို စောင့်မျှော်အားပေးရင်း လူငယ်များ၏ ဝါသနာနှင့် တီထွင်ဖန်တီးနိုင်စွမ်း ကို မြင်တွေ့နိုင်မည် ဖြစ်ပါသည်။ ယှဉ်ပြိုင်မှုစိတ်ဓာတ် ပြင်းထန်သူများအနေဖြင့် စိတ်လှုပ်ရှားဖွယ် ဂိမ်းပြိုင်ပွဲများတွင် ပါဝင်ယှဥ်ပြိုင်နိုင်မည့်အပြင် သီးသန့်ဂိမ်းကစားကွင်းများတွင်လည်း ဆော့ကစားနိုင်မည် ဖြစ်ပါသည်။ တစ်ချိန်တည်းတွင်ပင် Creators Hub တွင်လည်း အနုပညာနှင့် အခြားနယ်ပယ်များနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ခင်းကျင်းပြသထားမည် ဖြစ်ပြီး ဗဟုသုတရနိုင်စရာ ဆွေးနွေးဟောပြောပွဲများတွင် ဝင်ရောက်နားထောင်နိုင်မည့်အပြင် အလုပ်ရုံဆွေးနွေးပွဲများမှတစ်ဆင့် အဖိုးတန်သော အသက်မွေးဝမ်းကြောင်း အခွင့်အလမ်းများကို ရှာဖွေတွေ့ရှိနိုင်မည့် အခွင့်အရေးများကိုလည်း ရရှိမည် ဖြစ်ပါသည်။ GG Fest သည် ဂိမ်းကစားခြင်း၏ ရသများ၊ ဖျော်ဖြေရေးအနုပညာနှင့် နည်းပညာလေ့လာလိုက်စားမှုတို့ကို ချီးမြှောက်သည့် အားလုံးပါဝင်ဆင်နွှဲနိုင်သော အတွေ့အကြုံကောင်းတစ်ခု ဖြစ်လာပါမည်။

ယနေ့ခေတ်မှာ ဂိမ်းကစားခြင်းက အလွန်ရေပန်းစားလာတာကြောင့် ဒီပူးပေါင်းမှုကတစ်ဆင့် မြန်မာနိုင်ငံရှိ လူငယ်တွေအတွက် အထောက်အကူ ဖြစ်စေပြီး Esports ကဏ္ဍကိုလည်း မြှင့်တင်ပေးနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။

GG Fest 2023 သည် ဂိမ်းကစားသူများကို ၎င်းတို့၏ ကျွမ်းကျင်မှုနှင့် အားကစားစွမ်းရည်ကို ပြသရန် အကောင်းဆုံး ပလက်ဖောင်းတစ်ခုအဖြစ် ပံ့ပိုးပေးမည့် အွန်လိုင်းနှင့် အော့ဖ်လိုင်း (Offline) ပြိုင်ပွဲများ ရောနှောထားသော စိတ်လှုပ်ရှားဖွယ်ရာ ပြိုင်ပွဲတစ်ခုဖြစ်သည်။ အဆိုပါပွဲကို စက်တင်ဘာလ (၁) ရက်မှ နိုဝင်ဘာလ (၅) ရက်အထိ ကျင်းပမည် ဖြစ်ပြီး ဝါသနာရှင်များအတွက် စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းပြိုင်ပွဲမျိုးစုံကို ပြသသွားမည် ဖြစ်ပါသည်။ GG Fest 2023 တွင် ထည့်သွင်းထားသည့် ဂိမ်းများမှာ Mobile Legends: Bang Bang (MLBB), PlayerUnknown’s Battlegrounds Mobile (PUBG-M), Dota 2, FIFA, Valor ant, Honor of Kings, MLBB Female Tournaments, League of Legends: Wild Rift.

E-Sports ဂိမ်းဝါသနာရှင်များအတွက် MPT ရဲ့ အတန်ဆုံး Gaming Package တွေကို အခုပဲ ရွေးချယ်ဝယ်ယူလိုက်ကြရအောင်။

စက်တင်ဘာ ၈ ရက်နေ့ ကနေ အောက်တိုဘာ ၂၇ ရက်နေ့အတွင်းမှာ Gaming Package တွေ ဝယ်ယူရင်း Realme ဖုန်း နှင့် Data Pack များကို လက်ဆောင်ရယူဖို့ ကံစမ်းလိုက်ပါ။

SMS Voting GG Awards banner

MPT က Main Sponsor အဖြစ်ပါဝင်ပံ့ပိုးကူညီထားတဲ့ GG Fest 2023 မှာ GG Awards ဆိုတဲ့ဆုတွေကို ကိုယ်ကြိုက်နှစ်သက်ပြီး အားပေးရတဲ့ အသင်း (သို့) ကစားသမား (သို့) Caster တွေ ရရှိနိုင်ဖို့ SMS Voting ပေးပြီး အားပေးလို့ရနေပါပြီ…
SMS Voting ကလဲ အကြိမ်အရေအတွက် အကန့်အသတ်မဲ့ဆိုတော့ အခုပဲ သက်ဆိုင်ရာ ဆုခေါင်းစဥ်အတွက် ကိုယ်အနှစ်သက်ဆုံး အားပေးရတဲ့သူတွေကို Voting ပေးလိုက်ကြရအောင် !!

Esports Awards

GG Team of the Year

GG Player of the Year

GG Caster & Panelist of the Year

GG Coach of the Year

Creator Awards

Entertainment

Honorable

Variety Streamers

Female Personality

Multi-Talented

မေးလေ့ရှိသော မေးခွန်းမျာ:

GG Awards SMS Voting Lucky Draw က ဘယ်အချိန်စတင်မှာလဲ?

စက်တင်ဘာလ (၂၆) ရက်နေ့ မနက် (၉) နာရီ အချိန်မှ စတင်ပြီး အောက်တိုဘာလ (၂၇) ရက်နေ့ နေ့လည် (၁၂) နာရီ အထိ Voting ပေးလို့ရပါပြီ။

Voting ကို ဘယ်လိုနည်းလမ်းနဲ့ ပေးရမှာပါလဲ?

SMS ကနေတဆင့် Voting ပေးလို့ရပါတယ်။

SMS Voting ကို ဘယ်လိုပေးရမှာပါလဲ?

သက်ဆိုင်ရာ ဆုခေါင်းစဥ်ရဲ့ SMS Center ကို ကြိုက်နှစ်သက်ရာ ကစားသမား (သို့) အသင်း (သို့) Caster ရဲ့ နံပါတ်ကို ပေးပို့ပြီး ပါဝင်ရမှာဖြစ်ပါတယ်။

ဥပမာ – Team of the Year မှ AI ESports ကို Vote ပေးချင်ပါက SMS Center – 3030 ကို GG01 ဟု ပေးပို့ပါ။

သက်ဆိုင်ရာ ဆုခေါင်းစဥ်ရဲ့ SMS Center ကို ဘယ်လိုသိနိုင်မလဲ?

MPT Official Facebook Page, MPT Website နဲ့ GG Fest Facebook Page တွေမှာ အသေးစိတ် သိရှိနိုင်ပါတယ်။

SMS Voting ကို ဘယ်နှကြိမ်ပေးလို့ရပါသလဲ

အကြိမ်အရေအတွက် အကန့်အသတ်မရှိပါဘူး

Voting တစ်ကြိမ်ပေးရင် ဘယ်လောက်ကျသင့်မှာပါလဲ?

Voting တစ်ကြိမ်ကို ၃၅ ကျပ်ကျသင့်မှာ ဖြစ်ပါတယ်။

Voting အကြိမ်အများကြီးကို တခါထဲ ပေးလို့ရပါသလား?

မရပါဘူး။

Voting အတွက် ကျသင့်ငွေကို ဘယ်လိုဖြတ်တောက်မှာပါလဲ?

ကျသင့်ငွေကို Main balance ထဲက ဖြတ်တောက်မှာဖြစ်ပါတယ်။

ဘယ်လိုဖုန်းတွေနဲ့ Voting ပေးရမှာပါလဲ?

MPT SIM ကဒ် ထည့်သွင်းထားတဲ့ GSM/ WCDMA prepaid ဖုန်းတွေနဲ့ပဲ SMS ကို အသုံးပြုပြီး Vote ပေးရမှာ ဖြစ်ပါတယ်

လက်ကျန်ငွေ မလုံလောက်ပါက ဘယ်လို ပေးလို့ရပါသလဲ?

ယူထားဝန်ဆောင်မှုကို ယူပြီး ပေးလို့ရနိုင်ပါတယ်။

Voting ပေးတဲ့သူတွေအတွက် ဘယ်လိုကံစမ်းခွင့်တွေ ရှိမလဲ?

စက်တင်ဘာလ (၂၆) ရက်နေ့မှ အောက်တိုဘာလ (၂၇) ရက်နေ့အထိ SMS Voting ပေးတဲ့သူတွေကို တပတ်လျှင်တစ်ကြိမ် (၅) ပတ် ဆက်တိုက် ကျပန်းရွေးချယ်ပြီး Realme 11 pro Handset, GG Fest Tickets နဲ့ 5 GB Data များကို ကံစမ်းနိုင်ပါတယ်။

ကံထူးသူတွေကို ဘယ်လို သိရှိနိုင်ပါသလဲ?

MPT Official Facebook Page နဲ့ MPT Website တို့မှာ ကံထူးသူစာရင်းကို အပတ်စဥ်ကြေငြာပေးသွားမှာဖြစ်ပါတယ်။

MPT SIM မဟုတ်တဲ့ တခြား Operator SIM တွေနဲ့ရော ပါဝင်လို့ရပါသလား?

မရပါဘူး။

အစီအစဉ် အသစ်များကို မကြာမီ ဖော်ပြပေးသွားပါမည်။

IPTV Application အား Download ရယူရန်

googleplay
app store mpt4u
lotaya
7373
best operator in Myanmar