MPT IPTV ဒေတာပက်ကေ့ချ်များကို
ရပ်ဆိုင်းသွားမည် ဖြစ်ကြောင်း ကြေညာခြင်း
(ရန်ကုန်၊ ၂၀၂၄ ခုနှစ်၊ ဧပြီလ ၁ ရက်)
MPT က MPT IPTV ဒေတာပက်ကေ့ချ်များကို ၂၀၂၄ ခုနှစ်၊ ဧပြီလ (၂၉) ရက်မှ စတင်၍ ယာယီ ရပ်ဆိုင်းသွားမည် ဖြစ်ကြောင်း အသိပေးကြေညာလိုက်ပါသည်။ ထို့ကြောင့် ၂၀၂၄ ခုနှစ်၊ ဧပြီလ (၃) ရက်မှစ၍ MPT သုံးစွဲသူများသည် MPT IPTV ဒေတာပက်ကေ့ချ်များကို MPT4U အက်ပလီကေးရှင်း၊ စာတို (SMS)၊ အခြားသောနည်းလမ်းများ (Alternative channels) နှင့် တူတူချက်တို့မှတစ်ဆင့် ဝယ်ယူ ရရှိနိုင်တော့မည် မဟုတ်ကြောင်း သတင်းထုတ်ပြန်ကြေညာလိုက်ပါသည်။
MPT အနေဖြင့် သုံးစွဲသူများအား ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုများ ကို ပေးအပ်ရန် ကြိုးစားဆောင်ရွက်လျက်ရှိပါသည်။ သုံးစွဲသူများ၏ နားလည်ပေးမှုနှင့် စဉ်ဆက်မပြတ် အသုံးပြုမှုအတွက် ကျေးဇူး အထူးတင်ရှိပါသည်။
စုံစမ်းမေးမြန်းလိုသည်များရှိပါက MPT ၏ တရားဝင် ဆက်သွယ်ရေးနည်းလမ်းများမှတစ်ဆင့် ဆက်သွယ်ဆောင်ရွက်နိုင်ပါသည်။
Live Chat
x
© 2026 MPT Myanmar.
© 2026 MPT Myanmar.



