သုံးစွဲသူများအနေဖြင့် မိမိတို့ မအား၍ဖြစ်စေ၊ အကြောင်းတစ်ခုခုကြောင့်ဖြစ်စေ၊ ဖုန်းလက်မခံနိုင်သည့် အချိန်တွင် လက်ခံရရှိထားသော အဝင်ခေါ်ဆိုမှုများ (Missed calls) ကို SMS မက်ဆေ့ချ်ဖြင့် ပြသပေးသည့် ၀န်ဆောင်မှုဖြစ်ပါသည်။
Missed Call Alert ဆိုတာဘာလဲ?
ဘယ်လိုအလုပ်လုပ်လဲ?
ဖုန်းပိတ်ထားတဲ့အချိန်တွေမှာ လက်ခံရရှိထားသော Missed Call များကို SMS ဖြင့် သတိပေးပါတယ်။ Missed Call Alert SMS တွေဟာ အခမဲ့ဖြစ်ပါတယ်။

အစည်းအဝေးမှာပဲ ဖြစ်ဖြစ် ခရီးသွားနေရင်ပဲဖြစ်ဖြစ် ကျွန်တော့် ဖုန်းကို ပိတ်ထားလေ့ရှိပါတယ် ။
ဒါပေမယ့် ကျွန်တော့်အတွက် အရေးကြီးတဲ့ ဖုန်းတွေကို မလွတ်သွားချင်ဘူးလေ ။
Missed Call Alert ကြောင့် ဖုန်းပိတ်ထားချိန်မှာ ကျွန်တော့်ဆီဝင်လာသမျှ ဖုန်းတိုင်းကို ကျွန်တော်သိခွင့်ရခဲ့တယ် ။