Note4U ဝန်ဆောင်မှုဆိုသည်မှာ သင့်အားဖုန်းခေါ်သူများထံ ဖုန်းဖြေကြားရန်မလိုပဲ သင်စိတ်ကြိုက်သတ်မှတ်ထားသော အကြောင်းအရာ စာတိုကို အလိုအလျှောက်ပေးပို့အကြောင်းကြားနိုင်သောဝန်ဆောင်မှုဖြစ်သည်။
Note4U - ဝန်ဆောင်မှု နှုန်းထားများ
-
(၁) ရက်စာ အတွက်
စျေးနှုန်း : ၉၉ ကျပ်
သက်တမ်း : ၁ ရက်
USSD: *7878#
SMS: 7878 သို့ OND ဟု ပေးပို့ ပါ
ဝယ်ယူရန် -
(၇) ရက်စာ အတွက်
စျေးနှုန်း : ၄၉၉ ကျပ်
သက်တမ်း : ၇ ရက်
USSD: *7878#
SMS: 7878 သို့ ONW ဟု ပေးပို့ ပါ
ဝယ်ယူရန် -
(၁) လစာ အတွက်
စျေးနှုန်း : ၁,၉၉၉ ကျပ်
သက်တမ်း : ၃၀ ရက်
USSD: *7878#
SMS: 7878 သို့ ONM ဟု ပေးပို့ ပါ
ဝယ်ယူရန်
ဆင်နွှဲပျော်ရွှင် 10 GB Data ကံစမ်းမဲအစီအစဥ်
Q. Win 10GB data campaign” ဆိုတာဘာလဲ။
A. MPT Ringtune နဲ့ Note4U အသုံးပြုသူများကို ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ ကြိုက်နှစ်သက်ရာ Ringtune သို့မဟုတ် Note4U package ဝယ်ယူအသုံးပြုတဲ့သူတိုင်း 10 GB data ကံစမ်းနိုင်မှာြဖစ်ပါတယ်။
Q. Win 10 GB data Campaign ထဲ ဘယ်လိုပါဝင်ရမလဲ။
A. ကြိုက်နှစ်သက်ရာ Ringtune သို့မဟုတ် Note4U ပက်ကေ့ချ်ကို ကြိုက်နှစ်သက်ရာ channel မှာ ဝယ်ယူအသုံးပြုရုံနဲ့ Win 10 GB data campaign ထဲပါဝင်ပြီးသားဖြစ်ပါတယ်။
(မှတ်ချက်။ ။campaign period ပြီးတဲ့ ၃၁ရက် ဇူလိုင်လ၊ ၂၀၂၆ အထိ ဝယ်ယူအသုံးပြုသော user များသာ)
Q.Campaign period ကဘယ် အချိန်ထိလဲ။
A. Campaign period က ၁ရက် ဇွန်လ၊ ၂၀၂၆ ကနေ ၃၁ရက် ဇူလိုင်လ၊ ၂၀၂၆ အထိ ၂ လ ကြာမြင့်မှာဖြစ်ပါတယ်။ ကံထူးရှင်များကိုတော့ လစဥ်ရွေးချယ်ပေးမှာဖြစ်ပါတယ်။
Q. ကံထူးရှင်ဘယ်နှစ်ယောက်ရွေးချယ်မှာလဲ။
A. လစဉ် Ringtune အသုံးပြုသူများထဲမှ ကံထူးရှင်၃ယောက် နှင့် Note4U အသုံးပြုသူများထဲမှ ကံထူးရှင်၃ယောက် ၊ စုစုပေါင်း ကံထူးရှင် ၆ ယောက် လစဥ်ရွေးချယ်မှာဖြစ်ပါတယ်။
Q.10 GB data ကို ကံထူးရှင်ဖက်မှမည်သို့ထုတ်ယူရမည်နည်း။
A.လစဉ် Ringtune ဝန်ဆောင်မှုမှကံထူးရှင်များကို 7979 နံပါတ်မှလည်းကောင်း၊ Note4Uဝန်ဆောင်မှုမှကံထူးရှင်များကို 7878 နံပါတ်မှလည်းကောင်း MPT 10 GB data ကံထူးသည့်အကြောင်း SMS စာတိုဖြင့်အကြောင်းကြားပေးပါမည်။ SMS ပို့ပြီး ၂၄နာရီအတွင်း MPT ဖက်မှ ကံထူးရှင်ရဲ့ ဖုန်းနံပါတ်ထဲသို့ 10 GB dataကို ဖြည့်သွင်းပေးသွားပါမည်။
Q. 10 GB ဒေတာ၏ သုံးစွဲခွင့်သက်တမ်းမှာ ဘယ်လောက်ကြာပါသလဲ?
A. MPT ဖက်မှ 10 GB data ကို ဖြည့်သွင်းပေးပြီးပါက ဖြည့်ပေးသည့်လ၏ လကုန်ရက်တွင်သက်တမ်းကုန်ဆုံးပါမည်။
မေးလေ့ရှိသောမေးခွန်းများ
၁။ Note4U ဝန်ဆောင်မှုဆိုတာ ဘာလဲ။
Note4U ဝန်ဆောင်မှုဆိုသည်မှာ သင့်အားဖုန်းခေါ်သူများထံ ဖုန်းဖြေကြားရန်မလိုပဲ သင်စိတ်ကြိုက်သတ်မှတ်ထားသော အကြောင်းအရာ စာတိုကို အလိုအလျှောက်ပေးပို့အကြောင်းကြားနိုင်သောဝန်ဆောင်မှုဖြစ်သည်။
၂။ Note4U ဝန်ဆောင်မှုကို ဘယ်လိုရယူနိုင်ပါသလဲ။
Note4U ဝန်ဆောင်မှုကို အောက်ပါနည်းလမ်းများအတိုင်း ရယူနိုင်ပါသည်။
- လစဉ်ဝန်ဆောင်မှုအတွက် 7878 သို့ ONM ဟုပေးပို့ခြင်း၊
- အပတ်စဉ်ဝန်ဆောင်မှုအတွက် 7878 သို့ ONW ဟုပေးပို့ခြင်း၊
- နေ့စဉ်ဝန်ဆောင်မှုအတွက် 7878 သို့ OND ဟုပေးပို့ခြင်း တို့ဖြင့်ဝန်ဆောင်မှုကို ရယူအသုံးပြုနိုင်ပါသည်။
- *7878# သို့ ဖုန်းခေါ်ဆို၍ ကြိုက်နှစ်သက်သော စာတိုများအား သတ်မှတ်ကာ ဝန်ဆောင်မှုကို ရယူအသုံးပြုနိုင်ပါသည်။
၃။ Note4U ဝန်ဆောင်ခအတွက် မည်သို့ကျသင့်မည်နည်း။
- လစဉ်ပေး ဝန်ဆောင်မှု အတွက် တစ်လ (ရက် ၃၀)စာအတွက် (အခွန်ပါဝင်ပြီးစျေးနှုန်း) ၁၉၉၉ ကျပ် ကျသင့်ပါမည်။
- အပတ်စဉ်ပေး ဝန်ဆောင်မှု အတွက် တစ်ပတ် (၇ ရက်)စာအတွက် (အခွန်ပါဝင်ပြီးစျေးနှုန်း) ၄၉၉ ကျပ် ကျသင့်ပါမည်။
- နေ့စဉ်ပေး ဝန်ဆောင်မှု အတွက် တစ်ရက်စာအတွက် (အခွန်ပါဝင်ပြီးစျေးနှုန်း) ၉၉ ကျပ် ကျသင့်ပါမည်။
၄။ သတ်မှတ်လိုသည့် စာတိုကို မည်ကဲ့သို့ ပြောင်းလဲနိုင်ပါသလဲ။
- သတ်မှတ်လိုသည့် အကြောင်းအရာစာတိုကို 7878 သို့အခမဲ့ပေးပို့ပြီး လွယ်ကူစွာ အကန့်အသတ်မဲ့ပြောင်းလဲသတ်မှတ်နိုင်ပါသည်။
- မြန်မာဘာသာနှင့် အင်္ဂလိပ်ဘာသာ စာလုံးအရေအတွက် (၇၀) ထားရှိနိုင်ပြီး အီမိုဂျီအိုင်ကွန်များအတွက်စာလုံးရေ (၃၅) လုံးအထိ ထားရှိနိုင်ပါသည်။
- Note4U စာတို မက်ဆေ့ချ်သည် Xiao Miအုပ်စုမှထုတ်လုပ်သောဖုန်း ဗားရှင်း အမျိုးအစားဖြစ်သော China ROM နှင့် Android ဗားရှင်း 13 ထက်နိမ့်သည့် Global ROM တို့တွင့် စာလုံးအရေအတွက် (၄၃) လုံးသာ မြင်နိုင်သည်။
- ဖုန်း ဗားရှင်း အမျိုးအစား မော်ဒယ်လ်အရ၊ စာတို မက်ဆေ့ချ်ကို SMS 7878 မှာသာ ပြောင်းလဲသတ်မှတ်နိုင်ပါသည်။ *7878# မှ စာတို မက်ဆေ့ချ်ကို ပြောင်းလဲသတ်မှတ်စဉ်တွင် အမှားအယွင်းရှိနိုင်ပါသည်။
၅။ Note4U ဝန်ဆောင်မှုကို ဘယ်လို ပယ်ဖျက်နိုင်ပါသလဲ။
- 7878 သို့ OFF ဟုပေးပို့၍ ဝန်ဆောင်မှုကို ပယ်ဖျက်နိုင်ပါသည်။
၆။ Note4U ဝန်ဆောင်မှု ရယူထားပါက မည်ကဲ့သို့ မြင်ရမည်နည်။
- Note4U ဝန်ဆောင်မှုရယူထားသူထံသို့ MPT အသုံးပြုသူဖုန်းခေါ်ဆိုပါက ခေါ်ဆိုသူသည် သတ်မှတ်ထားသော အကြောင်းအရာစာတိုကို ရရှိမည်ဖြစ်သည်။
၇။ Note4U ဝန်ဆောင်မှုကို မည်သူများ အသုံးပြုနိုင်ပါသလဲ။
- GSM ဆင်းမ်ကဒ် အသုံးပြုသူများသာလျှင် Note4U ဝန်ဆောင်မှုကို ရယူအသုံးပြုနိုင်ပါသည်။
- CDMA ဆင်းမ်ကဒ်များ အသုံးပြု၍မရနိုင်ပါ။ (ဥပမာ Yangon CDMA 450 MHz နှင့် 800 MHz, Mandalay CDMA 450 MHz)
၈။ အကယ်၍ CRBT ဝန်ဆောင်မှုကို ရယူထားပါက Note4U ဝန်ဆောင်မှုကို အသုံးပြု၍ ရနိုင်ပါသလား။
- CRBT ဝန်ဆောင်မှုကို ရယူသူများထံသို့ ဖုန်းခေါ်ဆိုသူများသည် ပုံမှန်အတိုင်း သတ်မှတ်ထားသောသီချင်းကို နားဆင်နိုင်မည်ဖြစ်ပြီး Note4U ဝန်ဆောင်မှု၏ Flash စာတိုကိုလည်း ရရှိမည်ဖြစ်သည်။
၉။ Note4U ဝန်ဆောင်မှုအသုံးပြုရာတွင် သတိထားရမည့်အချက်များ (or) Note4U ဝန်ဆောင်မှုအသုံးပြုရာတွင် တားမြစ်ထားသော စာသားအသုံးအနှုံးများရှိပါသလား ။
Note4U ဝန်ဆောင်မှု အသုံးပြုရာတွင် ရိုင်းစိုင်း/ဆဲဆို/ညစ်ညမ်းသော စာသားများဖြင့် အသုံးပြုသူများကို ဝန်ဆောင်မှုအား ရပ်ဆိုင်းသွားမည်ဖြစ်ပါသည်။ အဆိုပါ စာသားများအသုံးပြုသူများအနေဖြင့် လက်ခံရရှိသူများထံမှ ဥပဒေကြောင်းအရ အရေးယူဆောင်ရွက်မှုများရှိလာနိုင်ကြောင်း အသိပေးအပ်ပါသည်။



