“MPT နှင့်အတူနွှဲပျော် တန်ဆောင်တိုင် မီးထွန်းပွဲတော်” ဓာတ်ပုံပြိုင်ပွဲ မှ ကံထူးရှင်များ

“MPT နှင့်အတူနွှဲပျော် တန်ဆောင်တိုင် မီးထွန်းပွဲတော်” ဓာတ်ပုံပြိုင်ပွဲ နှင့် လှူဒါန်းမှုအစီအစဉ်

MPT အနေဖြင့် မြန်မာလူမျိုးများအတွက် တန်ဖိုးထားရသော ပွဲတော်တစ်ခုဖြစ်သည့် တန်ဆောင်တိုင်ပွဲတော်ကာလအတွင်းတွင် နိုင်ငံတစ်ဝန်းရှိ မြန်မာပြည်သူပြည်သားများအားလုံး ပါဝင်ဆင်နွှဲနိုင်ရန်၊ အမှတ်တရများ ဖန်တီးနိုင်ရန်၊ အိမ်မှာနေရင်း အလှူဒါနပြုနိုင်ရန် နှင့် တန်ဆောင်တိုင် အမှတ်တရ ဆုလက်ဆောင်များရယူနိုင်ရန် “MPT နှင့်အတူနွှဲပျော် တန်ဆောင်တိုင် မီးထွန်းပွဲတော်” ဓာတ်ပုံပြိုင်ပွဲ ကို စီစဉ်ဆောင်ရွက်ထားခြင်း ဖြစ်ပါသည်။

“MPT နှင့်အတူနွှဲပျော် တန်ဆောင်တိုင် မီးထွန်းပွဲတော် ဓာတ်ပုံပြိုင်ပွဲကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၂၅) ရက်မှ (၂၇) ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံတစ်ဝန်းရှိ လူမှုကွန်ရက်မီဒီယာ မိုဘိုင်းဖုန်း သုံးစွဲသူများအားလုံး ပါဝင်ဆင်နွှဲနိုင်ပါသည်။

စမတ်ဖုန်းအသစ်များ အပါအဝင် တန်ဆောင်တိုင် အမှတ်တရလက်ဆောင်ပေါင်း (၁၉၀)ကို ဝင်ရောက်ကံစမ်းနိုင်မည့်အပြင် လူမှုအသိုင်းအဝန်းကို အထောက်အပံ့ဖြစ်စေမည့် အလှူတစ်ခုအဖြစ် ပြိုင်ပွဲဝင်ဓါတ်ပုံတစ်ပုံလျှင် (၅၀၀) ကျပ် သတ်မှတ်ထားပြီး ဓာတ်ပုံပြိုင်ပွဲတွင် ပါဝင်မည့် အရေအတွက်အပေါ် မူတည်၍ မေရီချက်(ပ်)မင်း နားမကြားကလေးများကျောင်းသို့ MPT မှ ပြိုင်ပွဲဝင်သူများအားလုံးကိုယ်စား  လှူဒါန်းသွားမည် ဖြစ်ပါသည်။

ပါဝင်လိုသူများအနေဖြင့် တန်ဆောင်တိုင် မီးထွန်းပွဲတော် အင်္ဂါရပ်များဖြစ်သည့် ဘုရားရှင်အား ဆီမီးထွန်းညှိ ပူဇော်ခြင်း၊ ကထိန်သင်္ကန်းများဆက်ကပ်လှူဒါန်းခြင်း၊ သံဃာတော်များက တရားဓမ္မများ ဟောကြားခြင်းစသည့် ပွဲတော်ကာလနှင့် ကိုက်ညီသော ဓာတ်ပုံများကို အသုံးပြု၍ ပါဝင်ယှဉ်ပြိုင် နိုင်ပါသည်။

ပါဝင်ယှဉ်ပြိုင်ရာတွင် လိုက်နာရမည့် အဆင့်များမှာ-

အဆင့် ၁

ပါဝင်သူတိုင်းသည် တန်ဆောင်တိုင်မီးထွန်းပွဲတော်နှင့်သက်ဆိုင်သည့် ဓာတ်ပုံရိုက်၍ “MPT နှင့်အတူနွှဲပျော် တန်ဆောင်တိုင် မီးထွန်းပွဲတော် ဓာတ်ပုံပြိုင်ပွဲအစီအစဉ် ပို့စ်အောက်တွင် မှတ်ချက်ပြု(Comment) လာမန့်ပေးရပါမည်။

အဆင့် ၂

“MPT နှင့်အတူနွှဲပျော် တန်ဆောင်တိုင် မီးထွန်းပွဲတော်” ဓာတ်ပုံပြိုင်ပွဲ ပို့စ်ကို hashtag များဖြစ်သည့် #MPTTazaungdaingLightingFestival နှင့် #TogetherwithMyanmarPeople နှင့်အတူ public setting ဖြင့် share ရပါမည်။

မှတ်ချက်များ (Comment) ကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၂၇) ရက် ည ၂၃:၅၉ နာရီထက် နောက်မကျဘဲ comment လာမန့်ရမည် ဖြစ်ပါသည်။

တန်ဆောင်တိုင် အမှတ်တရ လက်ဆောင်ရရှိသူများကို ရွေးချယ်ရာတွင် ကျပန်းရွေးချယ်မည် ဖြစ်ပြီး ဆုရရှိသူများကို MPT Facebook Page နှင့် Viber တို့တွင် ကြေငြာပေးမည် ဖြစ်ပါသည်။

တန်ဆောင်တိုင် အမှတ်တရ ဆုလက်ဆောင်များ

“MPT နှင့်အတူနွှဲပျော် တန်ဆောင်တိုင် မီးထွန်းပွဲတော်” ဓာတ်ပုံပြိုင်ပွဲတွင် စည်းမျဉ်းစည်းကမ်းများနှင့် ကိုက်ညီသည့် ပါဝင်ယှဉ်ပြိုင်သူများသို့ တန်ဆောင်တိုင် အမှတ်တရ ဆုလက်ဆောင် (၁၉၀) ခု ကို ဆုရရှိသူ (၁၉၀) ဉီးထံပေးအပ်သွားမည် ဖြစ်ပါသည်။ ပေးအပ်သွားမည့် တန်ဆောင်တိုင် အမှတ်တရ ဆုလက်ဆောင်များမှာ-

စဉ်ဆုများအရေအတွက်
realme C53 စမတ်ဖုန်း၃ ဆု
mi Smart Watch၃ ဆု
Wireless Earbuds၄ ဆု
reamle Gift Sets၃၀ ဆု
MPT ဖုန်းဘေလ် (၅၀,၀၀၀) ဆု ၁၀ ဆု
MPT ဖုန်းဘေလ် (၃၀,၀၀၀) ဆု၁၀ ဆု
MPT ဖုန်းဘေလ် (၁၀,၀၀၀) ဆု၃၀ ဆု
MPT Club ပွိုင့် (၁,၅၀၀) ပွိုင့်၁၀၀ ဆု
စုစုပေါင်း၁၉၀ ဆု

စည်းကမ်းသတ်မှတ်ချက်များ

“MPT နှင့်အတူနွှဲပျော် တန်ဆောင်တိုင် မီးထွန်းပွဲတော်” ဓာတ်ပုံပြိုင်ပွဲနှင့် ပတ်သက်သော အမေးများသည့် မေးခွန်းနှင့်အဖြေများ

မေး (၁)။ ။ “MPT နှင့်အတူနွှဲပျော် တန်ဆောင်တိုင် မီးထွန်းပွဲတော်” ဓာတ်ပုံပြိုင်ပွဲကို ဘာကြောင့် ကျင်းပတာလဲ။

ဖြေ (၁)။ ။ MPT အနေဖြင့် ပြည်တွင်းဆက်သွယ်ရေးအော်ပရေတာတစ်ခု ဖြစ်သည်နှင့်အညီ မြန်မာလူမျိုးတို့၏ ယဉ်ကျေးမှုဓလေ့ထုံးတမ်းများကို လေးစားမှုပြုကာ ယခုလိုထူးမြတ်လှသည့် တန်ဆောင်တိုင်မီးထွန်းပွဲတော် ကာလအတွင်း အများပြည်သူတို့ကိုယ်တိုင် ပါဝင်နိုင်မည့် ဆီမီးအလှူကို ဆောင်ရွက်နိုင်ရန်တိုက်တွန်းနှိုးဆော် ခြင်းနှင့်အတူ လူမှုအသိုင်းအဝန်းတွင်လည်း ဒါနကုသိုလ်ရယူနိုင်ရန် ယခုလိုဆောင်ရွက်ရခြင်းဖြစ်ပါသည်။

မေး (၂) ။ ။ “MPT နှင့်အတူနွှဲပျော် တန်ဆောင်တိုင် မီးထွန်းပွဲတော်” ဓာတ်ပုံပြိုင်ပွဲ ဆိုတာဘာလဲ။

ဖြေ (၂)။ ။ MPT အနေဖြင့် မြန်မာလူမျိုးများအတွက် တန်ဖိုးထားရသော ပွဲတော်တစ်ခုဖြစ်သည့် တန်ဆောင်တိုင်ပွဲတော်ကာလအတွင်းတွင် MPT နှင့်အတူနွှဲပျော် တန်ဆောင်တိုင် မီးထွန်းပွဲတော်” ဓာတ်ပုံပြိုင်ပွဲ ကို နိုင်ငံတစ်ဝန်းရှိ မြန်မာပြည်သူပြည်သားများအားလုံး ပါဝင်ဆင်နွှဲနိုင်ရန်၊ အမှတ်တရများ ဖန်တီးနိုင်ရန်၊ အိမ်မှာနေရင်း အလှူဒါနပြုနိုင်ရန် နှင့် တန်ဆောင်တိုင်အမှတ်တရ ဆုလက်ဆောင်များရယူနိုင်ရန် စီစဉ်ဆောင်ရွက်ထားခြင်း ဖြစ်ပါသည်။

မေး (၃)။ ။ “MPT နှင့်အတူနွှဲပျော် တန်ဆောင်တိုင် မီးထွန်းပွဲတော်” ဓာတ်ပုံပြိုင်ပွဲပါဝင်ဖို့အတွက် ဘယ်လိုတွေဆောင်ရွက်ရမှာလဲ။

ဖြေ (၃)။ ။ ပါဝင်ယှဉ်ပြိုင်သူများအနေဖြင့်
အဆင့် ၁။ ။ တန်ဆောင်တိုင်မီးထွန်းပွဲတော်နှင့်သက်ဆိုင်သည့် ဓာတ်ပုံ (ဘုရားရှင်အား ဆီမီးထွန်းညှိ ပူဇော်ခြင်း၊ ကထိန်သင်္ကန်းများဆက်ကပ်လှူဒါန်းခြင်၊ သံဃာတော်များက တရားဓမ္မများ ဟောကြားခြင်း စသည့် ပွဲတော်ကာလနှင့် ကိုက်ညီသော ဓာတ်ပုံများ) ရိုက်၍ “MPT နှင့်အတူနွှဲပျော် တန်ဆောင်တိုင် မီးထွန်းပွဲတော်” ဓာတ်ပုံပြိုင်ပွဲအစီအစဉ် ပို့စ်အောက်တွင် မှတ်ချက်ပြု(Comment) လာမန့်ပေးရပါမည်။
အဆင့် ၂။ ။ “MPT နှင့်အတူနွှဲပျော် တန်ဆောင်တိုင် မီးထွန်းပွဲတော်” ဓာတ်ပုံပြိုင်ပွဲ ပို့စ်ကို hashtag များဖြစ်သည့် #MPTTazaungdaingLightingFestival နှင့် #TogetherwithMyanmarPeople နှင့်အတူ public setting ဖြင့် share ရပါမည်။

မေး (၄)။ ။ မှတ်ချက်များ (Comment) ကို ဘယ်အချိန်မှာ နောက်ဆုံးထား မန့်ရမလဲ။

ဖြေ (၄)။ ။ မှတ်ချက်များ (Comment) ကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၂၇) ရက် ည ၂၃:၅၉ နာရီထက် နောက်မကျဘဲ comment လာမန့်ရမည် ဖြစ်ပါသည်။

မေး (၅)။ ။ “MPT နှင့်အတူနွှဲပျော် တန်ဆောင်တိုင် မီးထွန်းပွဲတော်” ဓာတ်ပုံပြိုင်ပွဲမှာ ဘယ်သူတွေ ပါဝင်ယှဉ်ပြိုင်နိုင်ပါသလဲ။

ဖြေ (၅)။ ။ မြန်မာနိုင်ငံတစ်ဝန်းရှိ လူမှုကွန်ရက်မီဒီယာ သုံးစွဲသူ မိုဘိုင်းဖုန်းအသုံးပြုသူများအားလုံး ပါဝင် ယှဉ်ပြိုင်နိုင်ပါသည်။

မေး (၆)။ ။ “MPT နှင့်အတူနွှဲပျော် တန်ဆောင်တိုင် မီးထွန်းပွဲတော်” ဓာတ်ပုံပြိုင်ပွဲကို ဘယ်ရက်တွေမှာ ဆောင်ရွက်သွားမှာပါလဲ။

ဖြေ (၆)။ ။ နိုဝင်ဘာလ ၂၅ ရက်မှ နိုဝင်ဘာလ ၂၇ ရက် အထိ ဆောင်ရွက်သွားမည် ဖြစ်ပြီး မှတ်ချက်များ (Comment) ကို နိုဝင်ဘာလ ၂၇ ရက်နေ့ည ၂၃:၅၉ နာရီအထိ လက်ခံသွားမည် ဖြစ်ပါသည်။

မေး (၇)။ ။ “MPT နှင့်အတူနွှဲပျော် တန်ဆောင်တိုင် မီးထွန်းပွဲတော်” ဓာတ်ပုံပြိုင်ပွဲမှာ ဘာဆုတွေပေးမှာပါလဲ။

ဖြေ (၇)။           ။ ပေးအပ်သွားမည့် တန်ဆောင်တိုင် အမှတ်တရလက်ဆောင်များမှာ

စဉ် ဆုများ အရေအတွက်
realme C53 စမတ်ဖုန်း ၃ ဆု
mi Smart Watch ၃ ဆု
Wireless Earbuds ၄ ဆု
reamle Gift Sets ၃၀ ဆု
MPT ဖုန်းဘေလ် (၅၀,၀၀၀) ဆု ၁၀ ဆု
MPT ဖုန်းဘေလ် (၃၀,၀၀၀) ဆု ၁၀ ဆု
MPT ဖုန်းဘေလ် (၁၀,၀၀၀) ဆု ၃၀ ဆု
MPT Club ပွိုင့် (၁,၅၀၀) ပွိုင့် ၁၀၀ ဆု
စုစုပေါင်း ၁၉၀ ဆု

မေး (၈) ။ ။ “MPT နှင့်အတူနွှဲပျော် တန်ဆောင်တိုင် မီးထွန်းပွဲတော်” ဓာတ်ပုံပြိုင်ပွဲမှာ ကံထူးရှင်များကို မည်ကဲ့သို့ရွေးချယ်သွားမည်နည်း။

ဖြေ (၈) ။ ။ ယှဉ်ပြိုင်သူများအနက်မှ သတ်မှတ်ထားသောစည်းမျဉ်းစည်းကမ်းနှင့် ကိုက်ညီသည့် ကံထူးရှင် (၁၉၀) ဦးကို ကျပန်းစနစ်ဖြင့် ရွေးချယ်သွားမည် ဖြစ်ပါသည်။

မေး (၉) ။ ။ ကံထူးရှင်ဖြစ်ကြောင်း ဘယ်လိုသိနိုင်မှာလဲ။

ဖြေ (၉) ။ ။ MPT ၏ တရားဝင် Facebook Page နှင့် Viber က တစ်ဆင့် ကြေညာပေးသွားမည် ဖြစ်ပါသည်။

မေး (၁၁)။ ။ အမှတ်တရဆုလက်ဆောင်ထုတ်ယူဖို့ သတ်မှတ်ရက်အတွင်း ပြန်လည်မဖြေကြားနိုင်ခဲ့ပါက ဘယ်လိုဆောင်ရွက်သွားမှာလဲ။

ဖြေ (၁၁) ။ ။ ရွေးချယ်ခံရသူများအနေဖြင့် (၁) ရက်အတွင်း ဆက်သွယ်ရန်အချက်အလက်များကို လာရောက်ပြောကြားခြင်းမရှိပါက အမှတ်တရ ဆုလက်ဆောင်စာရင်းမှ အလိုအလျောက် ပယ်ထုတ်သွား မည်ဖြစ်သည်။

မေး (၁၀) ။ ။ အခြားအော်ပရေတာ အသုံးပြုသူဖြစ်ပါက တယ်လီကွန်းဆုလက်ဆောင်များကို ဘယ်လိုရရှိနိုင်မည်လဲ။

ဖြေ (၁၀) ။ ။ တယ်လီကွန်းဆုလက်ဆောင်ကို မိမိ ပေးအပ်ချင်သည့် မိသားစု၏ ဖုန်းနံပါတ် (MPT ဆင်းမ်ကတ်) သို့ ထည့်ပေးနိုင်ပါသည်။ ထို့ကြောင့် MPT သို့ ဆက်သွယ်သည့်အခါ မိမိထည့်ပေးချင်သည့် ဖုန်းနံပါတ်ကို တစ်ခါတည်းပြောပေးရမည် ဖြစ်ပါသည်။

မေး (၁၂)။ ။ အမှတ်တရဆုလက်ဆောင်တွေကို ဘယ်မှာ ထုတ်ယူနိုင်မည်လဲ။

ဖြေ (၁၂)။ ။ အမှတ်တရဆက်လက်ဆောင်များကို ဒီဇင်ဘာလအတွင်း ပေးအပ်သွားမည် ဖြစ်ပါသည်။ တယ်လီကွန်းဆုလက်ဆောင်များကို MPT ဖုန်းနံပါတ်သို့ ထည့်သွင်းပေးသွားမည် ဖြစ်ပြီး ဖုန်းဘေလ်နှင့် MPT Club ပွိုင့်မဟုတ်သည့် ဆုများကို ရန်ကုန်တိုင်းဒေသကြီးအတွက် MPT ဗိုလ်အောင်ကျော်ရုံးချုပ်နှင့် အခြားသော တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွက် သက်ဆိုင်ရာ တိုင်းဒေသကြီး နှင့် ပြည်နယ်ရုံးမှတစ်ဆင့် တစ်ဦးချင်းသို့ ပေးအပ်သွားမည် ဖြစ်ပါသည်။

“MPT နှင့်အတူနွှဲပျော် တန်ဆောင်တိုင် မီးထွန်းပွဲတော်” နှင့် ပတ်သက်သည့် အမေးများသည့် မေးခွန်းနှင့်အဖြေများ

မေး (၁) ။ ။ “MPT နှင့်အတူနွှဲပျော် တန်ဆောင်တိုင် မီးထွန်းပွဲတော် ” ဆိုတာဘာလဲ။

ဖြေ (၁) ။ ။ MPT အနေဖြင့် ပြည်တွင်းဆက်သွယ်ရေးအော်ပရေတာတစ်ခု ဖြစ်သည်နှင့်အညီ မြန်မာလူမျိုးတို့၏ ယဉ်ကျေးမှုဓလေ့ထုံးတမ်းများကို လေးစားမှုပြုကာ ယခုလိုထူးမြတ်လှသည့် တန်ဆောင်တိုင်မီးထွန်းပွဲတော် ကာလအတွင်း စေတီပုထိုးများတွင် ဆီမီးခွက်/ ဖယောင်းတိုင်များနှင့် MPT အမှတ်တံဆိပ် ပုံဖော်ကာ ဆီမီးထွန်းညှိ ပူဇော်ခြင်းဖြစ်ပါသည်။

မေး (၂) ။ ။ “MPT နှင့်အတူနွှဲပျော် တန်ဆောင်တိုင် မီးထွန်းပွဲတော်” ကို ဘယ်နေရာတွေမှာ ဆောင်ရွက်သွားမှာလဲ။

ဖြေ (၂) ။ ။ရန်ကုန်တိုင်းဒေသကြီးရှိ ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေ‌တီတော်၊ သီရိမင်္ဂလာ ကမ္ဘာအေးဘုရား နှင့် ဆူးလေဘုရားတို့တွင် ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

မေး (၄)။ ။ “MPT နှင့်အတူနွှဲပျော် တန်ဆောင်တိုင် မီးထွန်းပွဲတော်”အပြင် အခြား ဘာတွေကိုဆောင်ရွက်ထားပါသလဲ။

ဖြေ (၄)။ ။ “MPT နှင့်အတူနွှဲပျော် တန်ဆောင်တိုင် မီးထွန်းပွဲတော်” ဓာတ်ပုံပြိုင်ပွဲတွင် ပါဝင်သည့် အရေအတွက်အပေါ် မူတည်ကာ (ဓါတ်ပုံ ၁ပုံလျှင် ၅၀၀ ကျပ်နှုန်းသတ်မှတ်၍) တန်ဆောင်တိုင် အထိမ်းအမှတ် လူမှုအကျိုးပြုလုပ်ငန်းအလှူ တစ်ခုအဖြစ် မေရီချက်(ပ်)မင်း နားမကြားကလေးများ ကျောင်းမှ ကလေးငယ်များ၏ ပညာရေးနှင့် ကျန်းမာရေးအတွက် လည်း အများပြည်သူတို့၏ အားပေးပါဝင်မှုဖြင့် MPT က လှူဒါန်းမှုလုပ်ဆောင်သွားမည် ဖြစ်ပါသည်။

မေး (၃) ။ ။ “MPT နှင့်အတူနွှဲပျော် တန်ဆောင်တိုင် မီးထွန်းပွဲတော်” ကို ဘယ်နေ့ ဘယ်အချိန်မှာ ဆောင်ရွက်သွားမှာလဲ။

ဖြေ (၃) ။ ။ နိုဝင်ဘာလ ၂၇ ရက် (တန်ဆောင်မုန်းလပြည့်နေ့) မှာ ညနေ (၅) နာရီမှ (၇) နာရီအထိ ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

best operator in Myanmar