MPT ၏ ပိုမိုမြန်ဆန်သော အရည်အသွေးမြင့် LTE+ ကွန်ရက်ကိုအသုံးပြုပြီး ထူးခြားမှုကိုခံစားကြည့်လိုက်ပါ။ 3G ကွန်ရက်ထက်ပိုမြန်ပေမယ့် ဝန်ဆောင်ခပိုပေးစရာမလိုပါ။ Website တွေဝင်ကြည့်တဲ့အခါ ယခင်ကထက်ပိုမြန်ပြီး High Definition ဗီဒီယိုတွေကြည့်တာ၊ video ဖုန်းခေါ်တာ၊ အွန်လိုင်းဂိမ်းကစားတာ၊ download ဆွဲတာ နဲ့ ဓာတ်ပုံတင်တာတွေကို လိုင်းအပြတ်အတောက်မရှိ၊ ရပ်တန့်သွားတာမျိုး မကြုံရဘဲ အဆင်ပြေပြေဆောင်ရွက်နိုင်ပါလိမ့်မည်။
အထူးအမြန်နှုန်းရဲ့ခံစားချက်

Online Gaming

Video Calling

Video calling

Downloading
MPT LTE+ ကိုအသုံးပြုရန်
(MPT LTE+ ကွန်ရက်ကိုအသုံးပြုရန်အတွက် MPT SIM card ကို slot 1 မှာထည့်သွင်းအသုံးပြုရန်နှင့် Swe Thahar အစီအစဉ်များကို ဝင်ထားရန်လိုအပ်ပါသည်။)

LTE+SIM (USIM)

LTE+ Compatible Headset

LTE+ Coverage
သင်၏ SIM card နှင့် ဟန်းဆက်ကို LTE+ အသုံးပြု၍ ရမရစစ်ရန်

*106*5# ကိုဖုန်းခေါ်ဆိုပြီး သင်၏ SIM card LTE+ SIM (USIM) ဖြစ်မဖြစ်ကို စစ်ကြည့်ပါ။
သင်၏ SIM card USIM မဖြစ်သေးပါက သင့်ကဒ်အဟောင်းကို နီးစပ်ရာ MPT ဆိုင်များတွင် အခမဲ့လဲလှယ်နိုင်ပါပြီ။ SIM card လဲနိုင်သော MPT ဆိုင်များကို ဤလင့်တွင်(http://bit.ly/2juQZ3O) ကြည့်ရှုနိုင်ပါသည်။


သင်၏လက်ကိုင်ဖုန်း "LTE+ စနစ်သုံးဟန်းဆက်" ဟုတ်မဟုတ်စစ်ကြည့်ပါ။
သင့်လက်ကိုင်ဖုန်း Settings မှ More Network> Mobile Network> Network Mode သို့ဝင်၍ LTE (သို့) 4G ကို ရွေးချယ်ပါ။ LTE (သို့) 4G ဟုရွေးချယ်ရန်ပါရှိလျှင် LTE+ စနစ်သုံးဟန်းဆက်ဖြစ်ပါသည်။
(* ဖုန်းSettingသည် လက်ကိုင်ဖုန်းအမျိုးအစားပေါ်မူတည်ပြီး အပြောင်းအလဲရှိနိုင်ပါသည်။)
MPT LTE+ ဝန်ဆောင်မှုရရှိနိုင်သောနေရာများ
MPT ၏ LTE+ ဝန်ဆောင်မှုကို ပြည်နယ်နှင့်တိုင်းဒေသအသီးသီးရှိ မြို့ကြီးများတွင် အသုံးပြုနိုင်ပါပြီ။ လက်ရှိတွင်နိုင်ငံတစ်ဝန်းရှိ မြို့ကြီး (၃၂)မြို့နယ်၊ မြို့နယ်ပေါင်း (၈၂)မြို့နယ်တွင MPT ၏ LTE+ ကွန်ရက် ကိုချိတ်ဆက်ပြီး မြန်မာနိုင်ငံ၏ အမြင့်ဆုံးအမြန်နှုန်းဖြင့် အင်တာနက်ကိုအသုံးပြုနိုင်ပါပြီ။ ၂၀၁၈ ခုနှစ်အတွင်း ထပ်မံတိုးချဲ့သွားမည့် မြို့နယ်များကိုလည်း ဆက်လက်ကြေငြာပေးသွားမှာဖြစ်လို့ စောင့်မျှော်ပေးပါဦး။


MPT ၏ ဈေးနှုန်းချိုသာသော ပထမဆုံး LTE+ Device
please find detailed information here – http://mpt.com.mm/mm/m50a-4g-5-quad-core-sim-mm/
MPT LTE+ User Guide
လူကြီးမင်းတို့ရဲ့ MPT ဆင်းမ်ကတ် က LTE+ အသုံးပြုလို့ရတယ်ဆိုရင် LTE+ ကို ဖုန်းထဲက Setting ထဲမှာ ဘယ်လိုစစ်ဆေးရယူကြမလဲ? တကယ်လို့ သူငယ်ချင်းတို့ရဲ့ MPT ဆင်းမ်ကတ် က LTE+ သုံးလို့မရဘူးဆိုရင် LTE+ သုံးလို့ရတဲ့ ဆင်းမ်ကတ်ကို ဘယ်မှာလဲယူနိုင်မလဲ? ဒီအချက်လေးတွေကို သိချင်တယ်ဆိုရင်တော့ Video လေးမှာ ၀င်ရောက်ကြည့်ရှုနိုင်ပါတယ်။ ပြီးရင် မြန်ဆန်မှုများထဲက ပိုမိုအလျင်မြန်ဆုံး LTE+ နဲ့ ချိတ်ဆက်ဖို့ကိုလည်း မမေ့ကြနဲ့နော်။
မေးလေ့ရှိသောမေးခွန်းများ
1. LTE+ ဆိုတာဘာပါလဲ။
2. MPT ၏ LTE+ က ဘာတွေအားသာချက်ရှိပါသလဲ။
LTE+ က လက်ရှိ 3G ထက် အလွန်မြန်ဆန်သည့်အတွက် သုံးစွဲသူတွေ မိုဘိုင်းဖုန်းမှတဆင့် ဝက်ဘ်ဆိုဒ်တွေ ဝင်ရောက်ကြည့်ရှုသည့်အခါ၊ video ဖုန်းခေါ်ဆိုသည့်အခါ၊ အရည်အသွေးမြင့် မိုဘိုင်းတီဗွီ၊ video နှင့် youtube များကြည့်သည့်အခါ၊ အွန်လိုင်းဂိမ်းအကြီး စားများဆော့ကစားသည့်အခါ၊ နှင့် အခြားအခြားသော အွန်လိုင်းမှ ဝန်ဆောင်မှုတွေရ ယူတဲ့အခါမှာ အထစ်အငေါ့မရှိ၊ အပြတ်အတောက်မရှိ ချောမွေ့သောအွန်လိုင်းအတွေ့အကြုံကိုခံစားနိုင်ပါလိမ့်မည်။
3.LTE+(4G) ကိုဖွင့်ထားပြီး LTE+အသုံးပြု၍မရသောနေရာများသို့သွားလျှင် ဒေတာအသုံးပြုရန်အတွက် 3G ပြန်ဖွင့်ရန်လိုပါသလား။
4. LTE+ကိုဘယ်လိုအသုံးပြုရပါ့မလဲ။
- LTE+ အသုံးပြုရန် ဆွေသဟာအစီအစဉ်ကိုရယူထားဖို့ လိုအပ်ပါသည်။
- သင်၏ လက်ကိုင်ဖုန်းမှာ LTE(4G) အသုံးပြု၍ရသည့်ဖုန်းဖြစ်ရန်လိုအပ်ပြီး လှိုင်းနှုန်းစဉ် ၁၈၀၀ MHz အသုံးပြု၍ ရသော ဖုန်းဖြစ်ရပါမည်။
- သင်၏ SIM card သည်လည်း USIM ဖြစ်ရန်လိုပါသည်။ သင်၏ SIM card USIM ဖြစ်မဖြစ်ကိုသိရှိရန် *106*5# သို့ဖုန်းခေါ်ဆိုပြီးစစ်ဆေးကြည့်ပါ။
5. Base-tariff အသုံးပြုသူများ LTE+ ဝန်ဆောင်မှုကို အသုံးပြုနိုင်ပါသလား။
Base-tariff အသုံးပြုသူများသည် LTE+ ဝန်ဆောင်မှုကို အသုံးပြု၍ မရပါ။ base-tariff ၏ ဒေတာအား 256kbps (4ks/min) 128kbps (2ks/min) ဟု အမြန်နှုန်းအား ကန့်သတ် သတ်မှတ်ထားသည်ဖြစ်၍ LTE+ ဝန်ဆောင်မှုအားအသုံးပြု၍မရနိုင်ပါ။ MPT ၏ မြန်နှုန်းမြင့် LTE+ ဝန်ဆောင်မှုကို အသုံးပြုနိုင်ရန်အတွက် ဆွေသဟာ (dial *234*2#) အစီအစဉ်ကိုရယူရမှာဖြစ်ပါသည်
6. ယခုအသုံးပြုနေသော SIM က USIM ဟုတ်မဟုတ်ကို ဘယ်လိုသိနိုင်မလဲ။
7. LTE+ အားမိမိဟန်းဆက်တွင် ဘယ်လိုဖွင့်ပြီးသုံးရပါ့မလဲ။
[For iPhone:]
Settings သို့သွားပါ။ cellular ကိုရွေးပါ။ ပြီးလျှင် cellular data options သို့သွား၍ “voice & data” ကိုရွေးပြီး LTE (4G), 3G, 2G ကိုရွေးချယ်နိုင်ပါသည်။
[For Samsung:]
Settings သို့သွားပါ။ mobile network ကိုရွေးပါ။ ပြီးလျှင် network mode သို့သွား၍ LTE/3G/2G ကိုရွေးချယ်နိုင်ပါသည်။
[For Huawei: ]
Settings သို့သွားပါ။ ပြီးလျှင် more သို့သွားပါ။ ထိုနေရာတွင် 4G ကိုရွေးချယ်နိုင်မည်ဖြစ်ပါ သည်။
[For Vivo: ]
Settings သို့သွားပါ။ Mobile Network ကိုရွေးပါ။ ပြီးလျှင် Network mode သို့သွား၍ 4G/3G/2G ကိုရွေးချယ်နိုင်ပါမည်။
[For other handsets: ]
Settings သို့သွားပါ။ tethering & networks သို့ဝင်ပါ။ ထို့နောက် mobile network သို့သွားပါ။ ပြီးလျှင် Network mode သို့သွား၍ 4G/3G/2G ကိုရွေးချယ်နိုင်ပါမည်။
How can I check my handset is 4G/LTE compatible?
Go to settings and Under Cellular Data Options or Mobile network, if there is 4G/LTE, the handset is 4G compatible. Please note that settings vary depending on the type of handset.